Choose Fonts Here

Monday, March 21, 2016

စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေးတရားတော်(ဒု)အကြိမ် pdf

                                              စိတ်ဓာတ်၏ စွမ်းအင်
                                             ☆☆☆☆☆☆☆☆☆☆☆
" စိတ္တေန နီယတိ လောကော၊ စိတ္တေန ပရိကဿတိ။
စိတ္တဿ ဧကဓမ္မဿ၊ သဗ္ဗေ၀ ၀သမနွဂူ။"

စိတ်သည် လောကကို ဆောင်အပ်၏။ စိတ်သည် လောကကို ဆွဲငင်အပ်၏။ စိတ်၏ အလို
နိုင်ငံသို့ လိုက်ပါနေကြသော သတ္တ၀ါအားလုံးတို့သည်ပင် စိတ်ဟုဆိုအပ်သော တစ်ခုသောတရား၏
အလိုသို့ အစဉ်လိုက်ပါကြရကုန်၏။

လောကီကုသိုလ်စေတနာ အကုသိုလ်စေတနာတို့နှင့် ယှဉ်တွဲလျက်ရှိသော ကုသိုလ်ဝိညာဏ်
အကုသိုလ်ဝိညာဏ်ကို ဘ၀သစ်ကို တည်ထောင်ဖန်တီးပေးနိုင်သည့် စွမ်းအင်ရှိခြင်းကြောင့်
အဘိသင်္ခါရ၀ိညာဏ်ဟု ခေါ်ဆို၏။ ထိုအဘိသင်္ခါရ၀ိညာဏ်ဟု ခေါ်ဆိုအပ်သော စိတ်သည်
သတ္တလောကဟု ခေါ်ဆိုအပ်သည့် သတ္တ၀ါအပေါင်းကို ထိုထိုဘုံဘ၀သို့ ရောက်အောင်လည်း
ဆွဲဆောင်သွားနိုင်သည့် စွမ်းအား ရှိ၏၊ ထိုထိုဘုံဘ၀မှ မလွတ်အောင်လည်း ဆွဲငင်ထားနိုင်သည့်
စွမ်းအား ရှိ၏။

ဤကျမ်းစာငယ်ကို ဖတ်ရှုရသူ သူတော်ကောင်း အပေါင်းတို့သည်လည်း ညစ်နွမ်းနေသော
မိမိတို့၏ စိတ်ဓာတ်များကို ဖြူစင်အောင် ပြုပြင်ပြောင်းလဲနိုင်ကြပါစေဟု ဆန္ဒပြုအပ်ပါသတည်း။


ဖားအောက်တောရဆရာတော်
စိတ္တလတောင်ကျောင်း၊
ဖားအောက်တောရစင်္ကြံကျောင်းတိုက်၊
မော်လမြိုင်မြို့နယ်။

ဒီမှာဒေါင်းပါ



size(1.57Mb)

"ဖားအောက်တောရဆရာတော်"

www.bhikkhudhamma.blogspot.com

No comments:

Post a Comment