Choose Fonts Here

Monday, March 21, 2016

နိဗ္ဗာန်သို့သွားရာတစ်ကြောင်းတည်းသောလမ်း(ဒု) pdf

ဘုရားရှင်သည် ဤမဟာသတိပဋ္ဌာနသုတ္တန်နိဒါန်းဝယ် နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်းမှာ
သတိပဋ္ဌာန်တရား လေးပါးတည်းဟူသော ကျင့်စဉ်ပင် ဖြစ်ကြောင်းကို ကြေညာထားတော်မူခဲ့၏။

ဤကြေညာချက်အရနိဗ္ဗာန်သို့သွားရာလမ်းမှာ တစ်ကြောင်းတည်းသော လမ်းသာ ရှိ၏၊ နှစ်လမ်း သုံးလမ်း စသည် မရှိ၊ ကျင့်စဉ်နည်းလမ်းအမျိုးမျိုး မရှိဟု သဘောပေါက်ပါ။ သို့သော် ထိုကဲ့သို့သော တစ်ကြောင်းတည်းသော လမ်းကို လျှောက်သွားရာ၌မိမိလျှောက်သွားနေသော လမ်းသည် ဘုရားရှင် ညွှန်ကြားထားတော်မူသည့် မှန်ကန်တိကျသည့် သတိပဋ္ဌာန်လမ်းစဉ်
ဖြစ်ဖို့ကား အထူးလိုအပ်လှပေသည်။ အကယ်၍ မိမိလျှောက်သွားနေသော လမ်းမှာ ဘုရားရှင် ညွှန်ကြားထားတော်မူသည့် မှန်ကန်တိကျသည့် သတိပဋ္ဌာန်လမ်းစဉ် မဟုတ်ခဲ့ပါမူကား မိမိမျှော်မှန်းထားသည့် နိဗ္ဗာန်ဟူသည့် ပန်းတိုင်သို့ဆိုက်ရောက်နိုင်မည်ကား မဟုတ်ပေ။

 ဂဏကမောဂ္ဂလ္လာနသုတ္တန်တွင် လာရှိသော အောက်ပါ ဂဏကမောဂ္ဂလ္လာန်
ပုဏ္ဏားကြီး၏ မေးမြန်းလျှောက်ထားချက်ကို ပြန်လည်ဖြေကြားထားတော်မူသည့် ဘုရားရှင်၏ မိန့်ကြားတော်မူချက်များကို ဆက်လက် ဖတ်ရှုကြည့်ပါ ..။

" သံသရာတစ်ခွင်မှ ကျွတ်လွတ်ထွက်မြောက်လိုကြသည့် ယောဂီသူတော်စင်အားလုံးတို့သည်အပါယ်ဘေးဆိုး
ကြီးမှ လွတ်မြောက်ရာ, အိုဘေးဆိုးကြီးမှ လွတ်မြောက်ရာ,နာဘေးဆိုးကြီးမှလွတ်မြောက်ရာ,သေဘေးဆိုးကြီးမှ
လွတ်မြောက်ရာ ဧကန်အစစ် အဖြစ်ကြီးဖြစ်ပေသော မဟာအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကိုရည်မျှော်လျက် ..

၁။ မဖြစ်ပေါ်ကြသေးကုန်သော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန်,
၂။ ဖြစ်ပေါ်ကြပြီးကုန်သော အကုသိုလ်တရားတို့ကို ပယ်ရှားနိုင်ရန်,
၃။ မဖြစ်ပေါ်ကြသေးကုန်သော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်လာစေရန် 
(= အရိယသစ္စာလေးရပ် တရားမြတ်တို့ကို
ထိုးထွင်း မသိမမြင်သေးပါက အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ထိုးထွင်းသိမြင်တတ်သည့် ၀ိပဿနာသမ္မာဒိဋ္ဌိ အရိယမဂ္ဂသမ္မာဒိဋ္ဌိ ကုသိုလ်တရားတို့ ထင်ရှားဖြစ်ပေါ်လာစေရန်),
၎။ ဖြစ်ပေါ်ကြပြီးကုန်သော ကုသိုလ်တရားတို့ကို တိုင်းထက်အလွန် တိုးပွားရန် 
(သောတာပတ္တိမဂ်ကုသိုလ်ကဲ့သို့သောအရိယမဂ္ဂသမ္မာဒိဋ္ဌိဖြင့် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ထိုးထွင်းသိမြင်ပြီးပါက ရှေးသို့ အဆင့်ဆင့်တိုးတက်ကာ အရဟတ္တမဂ်ကုသိုလ်တိုင်အောင်သော အရိယမဂ္ဂသမ္မာဒိဋ္ဌိဖြင့် သစ္စာလေးရပ် တရားမြတ်တို့ကိုထိုးထွင်းသိမြင်နိုင်ရန်) ----- 
လွန်ကဲမြင့်မြတ်သော အလိုဆန္ဒဖြင့် ..

၁။ ရှေးဦးအစ လုံ့လကြိုးကုတ်အားထုတ်ခြင်း အာရမ္ဘ၀ီရိယ,
၂။ ကိလေသာတို့ကို အဆင့်ဆင့် နှိပ်ကွပ်နိုင်ရန် အပြင်းအထန် ကြိုးစားအားထုတ်ခြင်း ပရက္ကမ၀ီရိယ,
၃။ ကိလေသာတို့မှ လွတ်မြောက်သွားအောင် မဆုတ်မနစ် ကြိုးစားအားထုတ်ခြင်း 
နိက္ကမ၀ီရိယ -----ဟူသည့် ဤ၀ီရိယတို့ ခြံရံကာ ..
သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အသုဘ အခြင်းအရာကို အဖန်ဖန် အထပ်ထပ် အောက်မေ့မှုသတိ,
သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အသုဘ အခြင်းအရာကို ကောင်းစွာ ကွဲကွဲပြားပြား သိတတ်သော
သမ္ပဇဉ်ဉာဏ်တို့နှင့် ပြည့်စုံအောင် ..

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့စွာဖြင့် သမထ ၀ိပဿနာ ဘာဝနာတို့ကို အပြင်းအထန် ကျင့်ကြံကြိုးကုတ်
ပွားများအားထုတ်နိုင်ကြပါစေသောဝ် ................. "

ဒီမှာဒေါင်းပါ


size(4.83Mb)



                                         www.bhikkhudhamma.blogspot.com

No comments:

Post a Comment