Choose Fonts Here

Tuesday, March 22, 2016

နူပဝဒေယျ ကဉ္စိ = မည်သူ့ကိုမျှ မစွပ်စွဲရာ



အခြားမည်သည့်ပုဂ္ဂိုလ်ကိုမဆို သီလ၀ိပတ္တိ = သီလပျက်စီးခြင်းဖြင့်
လည်းကောင်း, အာစာရ၀ိပတ္တိ = ကျင့်ဝတ် အာစာရ၏ ပျက်စီးခြင်းဖြင့်
လည်းကောင်း, မိမိကိုယ်ကို ချီးမြှောက်လိုခြင်းဖြင့်လည်းကောင်း, သူတစ်ပါးကို
ကဲ့ရဲ့ရှုတ်ချလိုခြင်းဖြင့်လည်းကောင်း မစွပ်စွဲရာ။

အကယ်စင်စစ်အားဖြင့် မိမိ၏ သန္တာန်၌ ငါးမျိုးသော တရားတို့ကို ရှေးရှုတည်စေပြီးမှ --
၁။ ကာလေန ၀က္ခာမိ = ပြောသင့်သော အချိန်အခါ၌သာ ပြောဆိုအံ့၊
နော အကာလေန = မပြောသင့်သောအချိန်အခါ၌ မပြောဆိုအံ့၊
၂။ ဘူတေန ၀က္ခာမိ = အမှန်စကားဖြင့်သာ ပြောဆိုအံ့၊
နော အဘူတေန = မမှန်စကားဖြင့် မပြောဆိုအံ့၊
၃။ သဏှေန ၀က္ခာမိ = သိမ်မွေ့သော စကားဖြင့် ပြောဆိုအံ့၊
နော ဖရုသေန = ကြမ်းတမ်းသော စကားဖြင့် မပြောဆိုအံ့၊
၎။ အတ္ထ သံဟိတေန၀က္ခာမိ = အကျိုး စီးပွားနှင့်ယှဉ်သည့် စကားဖြင့်
ပြောဆိုအံ့၊
နော အနတ္ထသံဟိတေန = အကျိုးစီးပွားနှင့် မယှဉ်သည့် စကားဖြင့်
မပြောဆိုအံ့၊
၅။ မေတ္တစိတ္တောဝက္ခာမိ = မေတ္တာစိတ်ရှိလျက် ပြောဆိုအံ့၊
နော ဒေါသန္တ္တရော = ဒေါသစိတ်ဖြင့် မပြောဆိုအံ့ --
ဤသို့လျှင် ထိုမှာဘက်ကမ်းသို့ ရောက်အောင် ပို့ဆောင်တတ်သော
ဖောင်နှင့် သဘာဝချင်း တူညီသော သဘောတရား၌ ရပ်တည်နေသော
စိတ်ဓာတ်ဖြင့်သာလျှင် သာသနာတော်၌ နေထိုင်ပါ။ (သံ၊ဋ္ဌ၊၃၊၇၃-၇၄။)

"ဖားအောက်တောရဆရာတော်"
www.bhikkhudhamma.blogspot.com

No comments:

Post a Comment