Choose Fonts Here

Thursday, March 31, 2016

တတိယဈာန်သို့



ယင်း ရရှိပြီးသော ဒုတိယဈာန်ကိုလည်း ၀သီဘော် (၅)တန် နိုင်နင်း
အောင် လေ့ကျင့်ပါ။ ဤသို့သော ဘာဝနာအစဉ်ဖြင့် ဒုတိယဈာန်ကိုလည်း
ရအပ်ပြီးသည်ရှိသော် ယင်းဒုတိယဈာန်ကို ၀သီဘော် (၅)တန်တို့ဖြင့် နိုင်နိုင်
နင်းနင်း လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ၀သီဘော် (၅)တန်တို့ဖြင့်
အ၀ါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးရာ ဒုတိယဈာန်မှ ထ၍ ---
၁။ ဤ ဒုတိယဈာန်သမာပတ်သည် နီးကပ်သော ၀ိတက် ၀ိစာရဟူသော
ရန်သူရှိ၏။

၂။ ထိုဒုတိယဈာန်သမာပတ်၌ စိတ်၏ လောက်လက်ပေါ်သည်၏အဖြစ်
ဟူသော ပေါ်လွင်သော အခြင်းအရာဖြင့်ဖြစ်သော အကြင် ပီတိသည်
ရှိ၏။ ယင်း ပီတိကြောင့်ပင်လျှင် ဤဒုတိယဈာန်ကို ရုန့်ရင်းကြမ်းတမ်း-
၏ဟူ၍ ဆိုအပ်၏။ (ဒီ၊၁၊၃၄။) ဤသို့ ဟောတော်မူအပ်သော ပီတိ၏
ရုန့်ရင်းသည့်အတွက်ကြောင့် အားနည်းသော ဈာန်အင်္ဂါ ရှိ၏။
ဤသို့လျှင် ထို ဒုတိယဈာန်သမာပတ်၌ အပြစ်ဒေါသကို မြင်အောင်
ရှု၍ ---
၃။ တတိယဈာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍၊
၎။ ဒုတိယဈာန်၌ လိုချင်ငဲ့ကွက် တသက်သက်ရှိခြင်း နိကန္တိကို ကုန်စေ၍
တတိယဈာန်ကို ရရှိခြင်းငှာ အာနာပါနဿတိ သမာဓိဘာဝနာ၌ အား
ထုတ်ခြင်းကို ပြုအပ်၏။ အာနာပါနပဋိဘာဂနိမိတ်၏ အာရုံကိုပင်
«အထက်ပါ ဦးတည်ချက် (၄)မျိုးဖြင့် စူးစူးစိုက်စိုက် ရှုအပ်၏။
(၀ိသုဒ္ဓိ၊၁၊၁၅၃-၁၅၄။)



ထိုသို့ ကြိုးစားအားထုတ်လတ်သော် ထို ယောဂါဝစရပုဂ္ဂိုလ်အား
အကြင်အခါ၌ ဒုတိယဈာန်မှ ထ၍ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင်
သိမ်းဆည်းတတ် အမှတ်ရတတ်သော သတိနှင့် ပြည့်စုံသည်ဖြစ်၍ အာနာပါန
ပဋိဘာဂနိမိတ်အာရုံကိုပင် ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်
တတ်သော သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ဈာန်အင်္ဂါတို့ကို ရှေးရှု
ဉာဏ်သက်ဝင်၍ ဆင်ခြင်စဉ် ပီတိသည် ရုန့်ရင်းသောအားဖြင့် ထင်လာ၏။

သုခသည်လည်းကောင်း ၊ ဧကဂ္ဂတာသည်လည်းကောင်း ငြိမ်သက်သော
အားဖြင့် ထင်လာ၏။ ထိုအခါ၌ ရုန့်ရင်းသော ဈာန်အင်္ဂါကို ပယ်ခြင်းငှာ
လည်းကောင်း၊ ငြိမ်သက်သော ဈာန်အင်္ဂါကို ရရှိခြင်းငှာလည်းကောင်း ထို
အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင်လျှင် အဖန်ဖန် အထပ်ထပ် နှလုံးသွင်း
နေပါ။ စူးစူးစိုက်စိုက် ရှုနေပါ။ ထိုသို့ နှလုံးသွင်းရှုပွားနေသော ယောဂါဝစရ
ပုဂ္ဂိုလ်၏ သန္တာန်၌ သုခ ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါ နှစ်ပါးရှိသော
တတိယဈာန်သည် ဖြစ်ပေါ်လာပေလတ္တံ့။ (၀ိသုဒ္ဓိ၊၁၊၁၅၄။)
ဤတတိယဈာန်၌ တတြမဇ္ဈတ္တတာ စေတသိက်ဟူသော တတြမဇ္ဈတ္တုပေက္ခာ
သည် ၀ိတက်-၀ိစာရ-ပီတိတို့ မရှိခြင်းကြောင့် အလွန်ပေါ်လွင်
ထင်ရှားနေ၏။ တတိယဈာန်ချမ်းသာကိုပင် အညီအမျှ လျစ်လျူရှုနိုင်သူ သတိ
ရှိသူ ချမ်းသာစွာနေလေ့ရှိသူဟု ဘုရားအစရှိသော အရိယာသူတော်ကောင်း
တို့က ယင်းတတိယဈာန်နှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို ချီးမွမ်းမြှောက်စားတော်မူ
ကြ၏။ ဤဈာန်၌ တတြမဇ္ဈတ္တတာ၏စွမ်းအား သတိ၏စွမ်းအား သုခ၏
စွမ်းအားတို့ကာ လွန်ပေါ်လွင်ထင်ရှာလျက် ရှိကြ၏။
လောကီသုခတို့တွင် ဤတတိယဈာန်သုခကား အမြင့်မားဆုံးဖြစ်၏။ အထက်
အထက် ဈာန်တို့၌ သုခဝေဒနာမယှဉ်ဘဲ ဥပေက္ခာဝေဒနာသာ ယှဉ်သောကြောင့်ဖြစ်၏။
ယင်းတတိယဈာန်ကိုလည်း ၀သီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။

 "ဖားအောက်တောရဆရာတော်"
www.bhikkhudhamma.blogspot.com

No comments:

Post a Comment