Choose Fonts Here

Thursday, March 31, 2016

ဓာတ်ကမ္မဋ္ဌာန်း Mp3







                                                      ဒီနေရာမှာဒေါင်းပါ

                                                     Download Mp3 file



"ဖားအောက်တောရဆရာတော်"
www.bhikkhudhamma.blogspot.com

အာနာပါနလမ်းညွှန်နိဒါန်း Mp3






                                                      ဒီနေရာမှာဒေါင်းပါ
  
                                                   Download Mp3 file
                                                   


"ဖားအောက်တောရဆရာတော်"
www.bhikkhudhamma.blogspot.com

အာနာပါနကမ္မဋ္ဌာန်း Mp3




                                                             ဒီနေရာမှာဒေါင်းပါ
   
                                                      အာနာပါနကမ္မဋ္ဌာန်း(၁)Mp3
 
                                                      အာနာပါနကမ္မဋ္ဌာန်း(၂)Mp3


"ဖားအောက်တောရဆရာတော်"
www.bhikkhudhamma.blogspot.com

ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း Mp3


           

                          


                                           ဒီနေရာမှာဒေါင်းပါ

                                          Download Mp3 file


"ဖားအောက်တောရဆရာတော်"
www.bhikkhudhamma.blogspot.com

အရိုးစု ပဋိကူလမနသိကာရ( ရွံရှာစက်ဆုပ်ဖွယ်)



အဇ္ဈတ္တ ဗဟိဒ္ဓ ကောဋ္ဌာသနှစ်မျိုးတို့တွင် မိမိ၏ အသက်ရှင်နေဆဲဖြစ်
သော ခန္ဓာကိုယ်အတွင်း၌ တည်ရှိသော (၃၂)ကောဋ္ဌာသတို့ဝယ် ကောဋ္ဌာသ
တစ်ခုစီ၌ဖြစ်စေ၊ ကောဋ္ဌာသအများစု၌ဖြစ်စေ ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ်
ဟု ပရိကမ်ကိုပြုသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အပ္ပနာဈာန်သည်
လည်းကောင်း၊ ဥပစာရဈာန်သည်လည်းကောင်း နှစ်မျိုးလုံး ဖြစ်နိုင်၏။ ဗဟိဒ္ဓ
သူတစ်ပါး၏ အသက်ရှင်နေဆဲဖြစ်သော ခန္ဓာကိုယ် အတွင်း၌ တည်ရှိသော
ကောဋ္ဌာသ၌ ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ်ဟု နှလုံးသွင်းသော ပုဂ္ဂိုလ်၏
သန္တာန်၌ကား အပ္ပနာဈာန်သည်လည်း မဖြစ်နိုင်၊ ဥပစာရဈာန်သည်လည်း
မဖြစ်နိုင်။ (အဘိ၊ဋ္ဌ၊၂၊၂၄၈။)

အမေး --- (၁၀)မျိုးကုန်သော အသုဘ အလောင်းကို အာရုံယူ ၍ူ ပွား
ရသော အသုဘကမ္မဋ္ဌာန်းတို့၌ ဤ အပ္ပနာဈာန် ဥပစာရဈာန် နှစ်မျိုးလုံးပင်
ဖြစ်နိုင်သည် မဟုတ်လော --- ဤကား အမေးတည်း။

အဖြေ --- အိမ်း..ဖြစ်နိုင် ၏။ မှန် ပေသည် ထို (၁၀)မျိုး သော အသုဘ
အလောင်းကောင်တို့သည်ကား အနုပါဒိန္နကပက္ခ = သက်မဲ့ အဖို့အစု၌ တည်
နေကြကုန်၏။ ထိုကြောင့် ထို (၁၀)မျိုးကုန်သော အသုဘအလောင်းကောင်
တို့ကို အာရုံယူ၍ ရှုပွားရသော အသုဘကမ္မဋ္ဌာန်းတို့၌ အပ္ပနာဈာန်သည်
လည်းကောင်း၊ ဥပစာရဈာန်သည်လည်းကောင်း ဖြစ်နိုင်၏။
(အဘိ၊ဋ္ဌ၊၂၊၂၄၈။)

တစ်ဖန် ဤဗဟိဒ္ဓဖြစ်သော သူတစ်ပါး၏ သန္တာန်၌ တည်ရှိသော (၃၂)
ကောဋ္ဌာသသည်ကား ဥပါဒိန္နကပက္ခ = သက်ရှိ အဖို့အစု၌ တည်နေ၏။
(သက်ရှိသတ္တ၀ါတို့၏ (၃၂)ကောဋ္ဌာသကို အာရုံယူ၍ ပဋိကူလအားဖြင့် ရှုပွား
ရ၏။) ထိုကြောင့် ဤသက်ရှိ ဗဟိဒ္ဓ သူတစ်ပါး၏ကိုယ်၌ တည်ရှိသော (၃၂)
ကောဋ္ဌာသ၌ ဤအပ္ပနာဈာန် ဥပစာရဈာန် နှစ်မျိုးလုံးသည်လည်း မဖြစ်နိုင်။
သို့သော် အသုဘာနုပဿနာဟု ဆိုအပ်သော ၀ိပဿနာဘာဝနာသည်ကား
ဖြစ်နိုင်၏ ဟုသိရှိပါလေ။

(၀ဇိယသုတ္တံစသည်တို့၌ လာရှိသော သ၀ိညာဏ
ကအသုဘာနုပဿနာဘာဝနာတည်း။ ၀ိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့။)
(အဘိ၊ဋ္ဌ၊၂၊၂၄၈။)

"ဖားအောက်တောရဆရာတော်"
www.bhikkhudhamma.blogspot.com

လမ်း (၃) သွယ်



ကောဋ္ဌာသာနံ ပဂုဏကာလတော ပဋ္ဌာယ တီသု မုခေသု ဧကေန
မုခေန ၀ိမုစ္စ္စိဿတိ၊၊ ကမ္မဋ္ဌာနံ ၀ဏ္ဏ္ဏတော ဝါ ပဋိကူလတော ဝါ သုညတော
ဝါ ဥပဋ္ဌာတိ။ ပ ။ အာကင်္ခင်္မာနဿ ၀ဏ္ဏ္ဏတော အာကင်္ခင်္မာနဿ ပဋိကူလတော
အာကင်္ခင်္မာနဿ သုညတော ကမ္မဋ္ဌာနံ ဥပဋ္ဌဟိဿတိယေ၀။
(အဘိ၊ဋ္ဌ၊၂၊၂၄၂-၂၄၃။)

ယင်း (၃၂)ကောဋ္ဌာသတို့ကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ အ၀ါးဝစွာ
နိုင်နိုင်နင်းနင်း လေ့လာပြီးရာ အချိန်အခါမှစ၍ နိဗ္ဗာန်သို့ဝင်ရာ မုခ်ဦးကြီး
သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော မုခ်ဦးဝဖြင့် ၀င်ရောက်သွားခဲ့သော် ကိလေသာ
တို့မှ မချွတ်ဧကန် လွတ်မြောက်လိမ့်မည်သာ ဖြစ်သည်။ ကမ္မဋ္ဌာန်းသည်--
၁။ ၀ဏ္ဏ = အရောင်အဆင်း = ၀ဏ္ဏကသိုဏ်းအားဖြင့်သော်လည်းကောင်း၊
၂။ ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ် = ပဋိကူလအားဖြင့်သော်လည်းကောင်း၊
၃။ သုညတ = အတ္တမှ ဆိတ်သုဉ်းသော သုညတဓာတ်သဘောအားဖြင့်
သော်လည်းကောင်း ထင်လာနိုင်၏။ ပ ။

၁။ အလိုရှိသသူအား ၀ဏ္ဏကသိုဏ်းအားဖြင့်၊
၂။ အလိုရှိသသူအား ပဋိကူလအားဖြင့်၊
၃။ အလိုရှိသသူအား သုညတဓာတ်သဘောအားဖြင့် ကမ္မဋ္ဌာန်းသည်
ထင်ရှားလာမည်သာ ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၂၄၃။)

ဤ အဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့်အညီ အသင်သူတော်ကောင်းသည်
(၃၂)ကောဋ္ဌာသတို့ကို နိုင်နိုင်နင်းနင်း အ၀ါးဝစွာ လေ့လာပြီးသောအခါ
အထက်ပါ လမ်းသုံးသွယ်တို့တွင် မိမိကြိုက်နှစ်သက်ရာလမ်းကို ရွေးချယ်၍
ရှုနိုင်သည်သာ ဖြစ်ပေသည်။

"ဖားအောက်တောရဆရာတော်"
www.bhikkhudhamma.blogspot.com

လမ်းကြီးနှစ်သွယ်



ပထမလမ်းသွယ်အနေဖြင့်-
  စတုတ္ထဈာန်သမာဓိကိုလည်းဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။ လင်းရောင်ခြည်စွမ်းအင်များ
ပရိေိေိယောဒါတ = ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသည့်တိုင်အောင်
လေ့ကျင့်ပါ။ ထိုအခါဝယ် ၀ိပဿနာသို့ ကူးလိုက ကူးလိုကကူးနိုင်ပေပြီ။ ဝိပဿနာ၏ အခြေပါဒကဖြစ်သော
ရုပ် နာမ် အကြောင်းအကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် တို့အားကျေပွန်စွာ ကျင့်ကြံသင့်ပါတယ် ။

ဒုတိယလမ်းသွယ်ကတော-
ကောဋ္ဌာသ များမှတဆင့် အရောင်းကသိုဏ်း ပွားများကာ ရူပ အရူပဈာန်တို့ အဆင့်ဆင့်တက် ကာ
ဝိပဿနာသို့ကူးသော နည်းဖြစ်ပါတယ် ။ ယခုဆက်လက်တင်ပြမှာကတော့ ဒုတိယလမ်းသွယ် ကနေအဆင့်
ဆင့် ပြပေးပါမယ် ။

(၃၂) ကောဋ္ဌာသ ရှုကွက်
******************
လင်းရောင်ခြည်စွမ်းအင်များ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက်
တောက်ပလာသည့်တိုင်အောင် အာနာပါနစတုတ္ထဈာန်သမာဓိသို့တိုင်အောင်
သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အလွန်
အားကောင်းလာသောအခါ ယင်း လင်းရောင်ခြည်စွမ်းအင်၏ အကူအညီဖြင့်
အောက်ပါ (၃၂)ကောဋ္ဌာသတို့ကို ရှုကြည့်ပါ။

 ထိုသို့ ရှုရာ၌ ပထ၀ီကောဋ္ဌာသ
(၂၀)တို့ကို (၅)ခုစီ (၅)ခုစီ ပိုင်း၍ အာပေါကောဋ္ဌာသ (၁၂)မျိုးတို့ကို (၆)ခုစီ
(၆)ခုစီ ပိုင်း၍ ရှုကြည့်ပါ။ အစဉ်အတိုင်း ကောဋ္ဌာသ တစ်ခုပြီးတစ်ခု ရှုပါ။
ကြည်လင်သော မှန်အတွင်းသို့ ကြည့်လိုက်သောအခါ မိမိ၏ မျက်နှာရိပ်ကို
ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်တွေ့ရသကဲ့သို့ (၃၂)ကောဋ္ဌာသတို့
ကိုလည်း ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်အောင်ရှုပါ။

 ထိုသို့ ရှုရာ၌
လင်းရောင်ခြည်စွမ်းအင်များ မှိန်သွား၍ ကောဋ္ဌာသတို့ကို ကြည့်ရာ၌ ၀ိုးတိုး
ဝါးတား မထင်မရှား ဖြစ်လာပါက အာနာပါနစတုတ္ထဈာန် သမာဓိကို တစ်ဖန်
ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ
ကောဋ္ဌာသတို့ကို တစ်ဖန်ပြန်၍ ရှုပါ။ လင်းရောင်ခြည် မှိန်သွားတိုင်း ဤနည်း
ကို အသုံးပြုပါ။

(ကျက်မှတ်ရန်)
ပထ၀ီဓာတ်လွန်ကဲသော ပထ၀ီကောဋ္ဌာသ (၂၀)
၁။ ကေသာ = ဆံပင်
၂။ လောမာ = မွေးညင်း
၃။ နခါ = ခြေသည်း လက်သည်း 
၎။ ဒန္တာ = သွား 
၅။ တစော = အရေ (အရေထူ အရေပါး) 
၆။ မံသံ = အသား
၇။ နှာရု = အကြော 
၈။ အဋ္ဌိ = အရိုး ၄၄။
၉။ အဋ္ဌိမိဉ္ဇ = ရိုးတွင်းခြင်ဆ
၁၀။ ၀က္ကံ = အညှို့ = ကျောက်ကပ်
၁၁။ ဟဒယံ = နှလုံး 
၁၂။ ယကနံ = အသည်း 
၁၃။ ကိလောမကံ = အမြှေး 
၁၄။ ပိဟကံ = အဖျဉ်း = သရက်ရွက် 
၁၅။ ပပ္ဖါသံ = အဆုတ်
၁၆။ အန္တံ = အူမ
၁၇။ အန္တဂုဏံ = အူသိမ် (အူထုံး-အူချည်ကြိုး)
၁၈။ ဥဒရိယံ = အစာသစ် (ဥတုဇရုပ်)
၁၉။ ကရီသံ = အစာဟောင်း (ဥတုဇရုပ်)
၂၀။ မတ္ထလုင်္ဂံ = ဦးနှောက်

အာပေါဓာတ်လွန်ကဲသော အာပေါကောဋ္ဌာသ (၁၂) မျိုး
၁။ ပိတ္တံ = သည်းခြေ (အိမ်သည်းခြေ+အရည်သည်းခြေ)
၂။ သေမှံ = သလိပ် 
၃။ ပုဗ္ဗော = ပြည် (ဥတုဇရုပ်) 
၎။ လောဟိတံ = သွေး (အိုင်နေသောသွေး မေဒဆက္က+အကြောတွင်းရှိသွေး)
၅။ သေဒေါ = ချွေး (စိတ္တဇ+ဥတုဇ)
၆။ မေဒေါ = အဆီခဲ 
၇။ အဿု = မျက်ရည် (စိတ္တဇ+ဥတုဇ) 
၈။ ၀သာ = ဆီကြည် 
၉။ ခေဠော = တံတွေး (စိတ္တဇ+ဥတုဇ)
၁၀။ သိင်္ဃာနိကာ = နှပ် (စိတ္တဇ+ဥတုဇ) 
၁၁။ လသိကာ = အစေး
၁၂။ မုတံ္တ = ကျင်ငယ် (ဥတုဇ) 

အသင်သူတော်ကောင်းသည် ဤ (၃၂)ကောဋ္ဌာသတို့ကို အာနာပါန
စတုတ္ထဈာန်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်စွမ်းအင်၏ အကူအညီကို
ယူပါ ။ ဆံပင်ကို လင်းရောင်ခြည်စွမ်းအင်ဖြင့် အရင်းမှအဖျားတိုင်အောင်
ဉာဏ်၌ထင်ထင်ရှားရှားသိမြင်အောင်ရှုပါ ။ ထင်ထင်ရှားရှား သိမြင်ပါက
မွေးညင်းကို ရှုပါ ။ထိုနောက် ကျင်ငယ်ထိတိုင်အောင် ရှုပါ ။

ဉာဏ်အရောင်အလင်းများအကြောင်း



အထက်တွင် ဉာဏ်အရောင်အလင်းများ၏ အကြောင်းကို အလျဉ်း
သင့်သလို ရေးသားတင်ပြခဲ့၏။ အထူးသဖြင့် စတုတ္ထဈာန်သမာဓိသို့ ဆိုက်
သောအခါ ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော အလင်းရောင်
များသည် ထွက်ပေါ်လာကြကြောင်းကို ရေးသားတင်ပြခဲ့၏။ ဤအဆိုနှင့်
ပတ်သက်၍ သံသယကင်းရှင်းသွားရန်အလို့ငှာ ပညာအရောင် ဉာဏ်အရေ
ာင်များအကြောင်းကို ရေးသားတင်ပြပေအံ့။

အာလောကသုတ္တန်
ဘုရားရှင်သည် အင်္ဂုတ္တိုရ်ပါဠိတော် စတုက္ကနိပါတ် အာလောကသုတ္တန်
(အံ၊၁၊၄၅၆။) စသည်တို့၌ (၁) လရောင်၊ (၂) နေရောင်၊ (၃) မီးရောင်၊ (၄)
ပညာရောင်ဟု အရောင်အလင်း (၄)မျိုး ရှိကြောင်းကို ဟောကြားထားတော်
မူခဲ့၏။ ထို လေးမျိုးတို့တွင် ပညာရောင် ဉာဏ်ရောင် (၄)မျိုးရှိကြောင်းကို
အင်္ဂုတ္တရဋီကာ (အံ၊ဋီ၊၃၊၁၇၇-၁၇၈။) ပစလာယမာနသုတ္တန်တွင် ရှင်းပြထား၏။
ယင်းအဖွင့်တို့ကို ပိုမို၍ သဘောပေါက်စေရန် မူရင်း ပါဠိတော် အဋ္ဌကထာ
အဖွင့်တို့နှင့် ဆက်စပ်လျက် ရေးသားတင်ပြအပ်ပါသည်။

ဉာဏ်အရောင်အလင်းဖြင့် ထိနမိဒ္ဓကို ပါယ်ဖျောက်ပုံ
...............................................................
ပစလာယမာနသုတ္တန် ကောက်နုတ်ချက်
သဟောဘာသန္တိ သဉာဏောဘာသံ။ ထိနမိဒ္ဓ၀ိနောဒနအာလောကောပိ
ဝါ ဟောတု ကသိဏာလောကောပိ ၀ါ ပရိကမ္မာလောကောပိ ၀ါ၊
ဥပက္ကိလေသာလောကော ၀ိယိယ သဗ္ဗေ္ဗာယံ အာလောကော ဉာဏသမုဋ္ဌာနောဝါတိ။
(အံ၊ဋီ၊၃၊၁၇၇-၁၇၈။)

ချစ်သားမောဂ္ဂလ္လာန် ...ဤသို့ နေရာမှထပြီးလျှင် ရေဖြင့် မျက်စိတို့
ကို ပွတ်သပ်၍ အရပ်မျက်နှာတို့ကိုကြည့်သော နက္ခတ်တာရာတို့ကိုကြည့်
သော သင့်အား ထိုမိဒ္ဓတရားသည် အကယ်၍ မကင်းပျောက်ခဲ့မူ ချစ်သား
မောဂ္ဂလ္လာန် ...ထိုသို့ မကင်းပျောက်နိုင်ခြင်းကြောင့် သင်ချစ်သားသည်
မိဒ္ဓတရားကို ပယ်ဖျောက်ကြောင်းဖြစ်သော အာလောကသညာ (= အလင်း
ရောင်ဟူသော အမှတ်သညာ)ကို (ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ရှေးရှု
ဆောင်ယူအပ်သော အာလောကသညာကို) နှလုံးသွင်းလေလော့။

 နေ့ဟူသော အမှတ်သညာကို ဆောက်တည်လေလော့ (အဓိဋ္ဌာန်လေလော့)။ နေ့အခါ၌
အာလောကသညာ (= အလင်းရောင်ဟူသော အမှတ်သညာ)ကို ဆောက်
တည်ထားသကဲ့သို့ (အဓိဋ္ဌာန်ပြုထားသကဲ့သို့) ထို့အတူ ညဥ့်အခါ၌လည်း
အာလောကသညာ (= အလင်းရောင်ဟူသော အမှတ်သညာ)ကို ဆောက်
တည်လေလော့ (အဓိဋ္ဌာန်လေလော့)။ သင်ချစ်သားသည် ညဥ့်အခါ၌လည်း
အာလောကသညာ (= အလင်းရောင်ဟူသော အမှတ်သညာ)ကို ဆောက်
တည်ထားသကဲ့သို့ (အဓိဋ္ဌာန်ထားသကဲ့သို့) ထို့အတူ နေ့အခါ၌လည်း ယင်း
အာလောကသညာ (= အလင်းရောင်ဟူသော အမှတ်သညာ)ကို ဆောက်
တည်လေလော့ (အဓိဋ္ဌာန်လေလော့)။

 ဤသို့ မိဒ္ဓကင်းစင်၍ ထက်ဝန်းကျင်
မြှေးယှက်ခြင်းမရှိသော စိတ်ဖြင့် ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ရှေးရှုဆောင်
ယူအပ်သော ဉာဏ်အရောင်အလင်းနှင့်တကွဖြစ်သော စိတ်ကို ပွားများလေလော့။
ဤသို့ ပွားများ၍နေသော သင်ချစ်သား၏ သန္တာန်၌ မိဒ္ဓတရား၏
ကင်းပျောက်ကြောင်းသည် ရှိသည်သာလျှင်တည်း။ (အံ၊၂၊၄၆၃။)

ဆိုလိုရင်းမှာ ဤသို့ဖြစ်၏ --- အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်
ကြီးသည် သောတာပန် ဖြစ်တော်မူပြီး ဧဟိ-ဘိက္ခုရဟန်းလည်း ဖြစ်တော်မူ
ပြီးနောက် မဂဓတိုင်း ကလ္လ၀ါဠပုတ္တရွာကို ဆွမ်းခံရွာအဖြစ် အမှီပြု၍ တောအုပ်တစ်ခု
အတွင်း၌ ရဟန်းတရားများကို (၇)ရက်ပတ်လုံး မအိပ်မနေ အပြင်း
အထန် ကြိုးစားအားထုတ်တော်မူရာ ပင်ပန်းတော်မူရှာသဖြင့် ခုနစ်ရက်
မြောက်သောနေ့၌ ငိုက်မျဉ်းလျက် ထိုင်နေတော်မူ၏။ ထိုအခါ ဘုရားရှင်သည်
ကြွလာတော်မူ၍ ပစလာယမာနသုတ္တန်ကို ဟောကြားပေးတော်မူ၏။

 ထိုတွင် အထက်ပါတရားတော်မှာ အမှတ် (၆) မိဒ္ဓပယ်ဖျောက်ကြောင်းတရား ဖြစ်၏။
ထိုအမှတ် (၆) ညွှန်ကြားချက်၌ သပ္ပဘာသံ စိတ္တံ = အရောင်အလင်း
နှင့်တကွဖြစ်သော စိတ်ကို ပွားများရန် ဘုရားရှင်က ညွှန်ကြားထားတော်မူ၏။
အဋ္ဌကထာ ဋီကာများကလည်း ယင်းစိတ်ကို ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ
ရှေးရှုဆောင်ယူအပ်သော ဉာဏ်အရောင်အလင်းနှင့် တကွဖြစ်သော စိတ်ဟု
ရှင်းပြထားတော်မူကြ၏။ ထိနမိဒ္ဓကို ပယ်ဖျောက်ကြောင်း အလင်းရောင်
လည်း ဖြစ်၏။ ယင်းအလင်းရောင်မှာ အာလောကကသိုဏ်းကြောင့် ဖြစ်ပေါ်
လာသော အရောင်အလင်းလည်း ရှိ၏။

 ကြွင်းသော ကသိုဏ်းတို့ကို ပွားများခြင်းကြောင့် အထူးသဖြင့် တေဇောကသိုဏ်းနှင့် သြဒါတကသိုဏ်းတို့ကို ပွားများခြင်းကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းလည်း ရှိ၏။ ယင်း
အာလောကကသိုဏ်း၊ တေဇောကသိုဏ်း၊ သြဒါတကသိုဏ်းတို့ကြောင့် ဖြစ်
ပေါ်လာသော အရောင်အလင်းမှာ ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိဖို့ရန်အတွက်
အခြေခံအကြောင်းရင်း အရောင်အလင်းပင် ဖြစ်သည်။
(၀ိသုဒ္ဓိ၊၂၊၅၈ - ကြည့်ပါ။)

ယင်း အရောင်အလင်းများကို နေ့နှင့်ည တူညီနေအောင် တစ်နေ့လုံး
တစ်ညလုံး လင်းနေအောင် အဓိဋ္ဌာန်ပြုရန် ဘုရားရှင်က ညွှန်ကြားနေတော်
မူခြင်း ဖြစ်၏။ ဤအရာ၌ အထက်တွင် တင်ပြထားသော အင်္ဂုတ္တရဋီကာ
ဆရာတော်က ဉာဏ်အရောင်အလင်း (၄) မျိုး ရှိကြောင်းကို ဖွင့်ဆိုထားတော်
မူ၏။
"ဖားအောက်တောရဆရာတော်"
 www.bhikkhudhamma.blogspot.com

စတုတ္ထဈာန်၌ အသက်မရှူ



စတုတုတုတ္ထဇဇ္ဈာနသမာပန္န္နာနံ။ံ။ (၀ိသုဒ္ဓိ၊၁၊၂၇၅။)
စတုတ္ထဈာန်သမာပတ်ကို ၀င်စားနေသော ပုဂ္ဂိုလ်တို့၏ သန္တာန်၌ အဿာသ
ပဿာသတို့ မရှိကြောင်းကိုလည်း အထက်ပါ အဋ္ဌကထာက ဖွင့်ဆို
ထား၏။ သို့သော် ဤအရာ၌ အသင်သူတော်ကောင်းအနေဖြင့် အထူး
သတိပြုသင့်သော အချက်တစ်ရပ် ရှိနေပေ၏။

 အသင်သူတော်ကောင်း ကိုယ်
တိုင် စတုတ္ထဈာန်သို့ ငါဆိုက်ရောက်လေပြီဟု မိမိကိုယ်ကို မိမိ ယုံကြည်
ယူဆသောအခါ ငါသည် အသက်ရှူလေသလော မရှူလေသလောဟု ခဏ
ခဏ မဆန်းစစ်ပါနှင့်။ သမာဓိလည်း ပျက်ပြားတတ်၍ ရရှိပြီးဈာန်မှလည်း
လျှောကျတတ်သည်။ စတုတ္ထဈာန်သမာပတ်ကိုသာ (မှန်သည်ဟု ယူဆလျှင်)
များများ ၀င်စားနေပါဦး။

စတုတ္ထဈာန်သမာပတ်အခိုက်၌ အသက်မရှူသော်
လည်း တစ်နည်း စတုတ္ထဈာန်သမာပတ်သည် အဿာသပဿာသကို မဖြစ်
စေသော်လည်း ဈာန်အင်္ဂါကို ပြန်လည်ဆင်ခြင်သော မနောဒွါရပစ္စဝေက္ခဏာ
ဇောဝီထိ၊ အသက်ရှူ-မရှူကို ပြန်လည်ဆင်ခြင်နေသော ကာမဇောမနော
ဒွါရ၀ီထိတို့မှာ အဿာသ ပဿာသကို ဖြစ်စေနိုင်သော ဇောဝီထိစိတ်အစဉ်တို့
ဖြစ်ကြ၏။

ထိုကြောင့် အသက်ရှူ-မရှူကို ပြန်လည်ဆန်းစစ်နေသောအခါ
ယင်းဆန်းစစ်နေသော ကာမဇောမနောဒွါရ၀ီထိတို့ကြောင့် ဖြစ်ပေါ်လာသော
အလွန်သိမ်မွေ့နူးညံ့သော အဿာသပဿာသကို = အသက်ငွေ့ငွေ့ကလေး
ရှူနေသည်ကို အချို့ ယောဂီများသည် သတိပြုနေမိတတ်၏။ စတုတ္ထဈာန်
သမာပတ်အခိုက်၌ အသက်မရှူသော်လည်း အသက်ရှူ-မရှူကို ပြန်လည်
ဆန်းစစ်သောအခိုက်၌ ရှူနေခြင်းသာ ဖြစ်၏။

 ထို့ကြောင့် အစပိုင်းတွင် အသက်
ရှူ-မရှူကို ဆန်းစစ်မှု မပြုသေးဘဲ စတုတ္ထဈာန်ကို ၀င်စားမှုကိုသာ
များများ ပြုလုပ်ပါ။ ကျေနပ်မှုရရှိသောအခါမှ အသက်ရှူ-မရှူကို ပြန်လည်
ဆန်းစစ်ပါ။ ဥပေက္ခာ ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါ နှစ်ပါးတို့မှာလည်း စတုတ္ထဈာန်၏
ဥပစာရသမာဓိ အခိုက်၌လည်း ထင်ရှားနေတတ်ရကား စတုတ္ထ
ဈာန်၏ ဥပစာရသမာဓိအခိုက်၌ ဖြစ်ပေါ်နေသော ဥပေက္ခာ ဧကဂ္ဂတာနှင့်
စတုတ္ထဈာန်အခိုက်၌ ဖြစ်ပေါ်နေသော ဥပေက္ခာ ဧကဂ္ဂတာဟူသော ဈာန်
အင်္ဂါတို့သည် အနည်းငယ် ရောထွေးတတ်သည်။ ဥပစာရသမာဓိအခိုက်၌
အသက်ရှူမှု ရှိ၏။

 စတုတ္ထဈာန်သမာပတ်အခိုက်၌ အသက်မရှူပေ။ သတိ
ရှိစေ။အသင်သူတော်ကောင်းသည် ယင်း စတုတ္ထဈာန်သမာဓိကိုလည်း
ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။ လင်းရောင်ခြည်စွမ်းအင်များ
ပရိေိေိယောဒါတ = ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသည့်တိုင်အောင်
လေ့ကျင့်ပါ။ ထိုအခါဝယ် ၀ိပဿနာသို့ ကူးလိုက ကူးနိုင်ပေပြီ။

"ဖားအောက်တောရဆရာတော်"
www.bhikkhudhamma.blogspot.com

စတုတ္ထဈာန်၏ ထူးခြားသော မှတ်ကျောက်



စတုတ္ထဇ္ဈာနေ အတိသုခမော အပ္ပ၀တ္တိမေ၀ ပါပုဏာတီတိ။
(၀ိသုဒ္ဓိ၊၁၊၂၆၇။)(မဟာဋီ၊၁၊၃၂၃။)

စတုတ္ထဈာန်၌ ၀င်သက်လေ ထွက်သက်လေသည် = အဿာသ ပဿာသ
ကာယသင်္ခါရသည် သိမ်မွေ့နူးညံ့ခြင်းကို လွန်သွား၏။ မဖြစ်ခြင်းသို့
သာလျှင် ရောက်ရှိသွား၏ဟု မှတ်ပါ။ (၀ိသုဒ္ဓိ၊၁၊၂၆၇။)

အတိသုခုမ = အလွန် သိမ်မွေ့နူးညံ့၏။ လွန်သော သိမ်မွေ့နူးညံ့ခြင်း
ရှိ၏ဟူသည် ပထမဈာန် ဒုတိယဈာန် တတိယဈာန်ဟူသော အခြား အခြား
သော ဈာန်တို့၌ ရအပ်သော အဿာသပဿာသ ကာယသင်္ခါရသည် စတုတ္ထ
ဈာန်၌ သိမ်မွေ့နူးညံ့မှုကို ကျော်လွန်သွား၏။ ထို အဿာသပဿာသ ကာယ
သင်္ခါရ၏ ထို စတုတ္ထဈာန်၌ သိမ်မွေ့နူးညံ့သည်၏ အဖြစ်သော်လည်း မရှိ
ဖြစ်တုံသေး၏။ ရုန့်ရင်းသည်၏ အဖြစ်ကား အဘယ်မှာလျှင် ဖြစ်နိုင်တော့
အံ့နည်း။ ထိုကြောင့် အပ္ပ၀တ္တိမေ၀ ပါပုဏာတိ = မဖြစ်ခြင်းသို့သာလျှင်
ရောက်ရှိသွား၏ဟု အဋ္ဌကထာဆရာတော်တို့က မိန့်ဆိုတော်မူခြင်း ဖြစ်၏။
(မဟာဋီ၊၁၊၃၂၃။)

ဒီဃဘာဏက မဇ္ဈိမဘာဏက သံယုတ္တဘာဏကဟူသော ထိုဘာဏကမထေရ်မြတ်တို့၏
အလိုအတိုင်း အဋ္ဌကထာက ဖွင့်ဆိုတော်မူခြင်း ဖြစ်၏။
(၀ိသုဒ္ဓိ၊၁၊၂၆၇ - ကြည့်ပါ။)


"ဖားအောက်တောရဆရာတော်"
www.bhikkhudhamma.blogspot.com

စတုတ္ထဈာန်သို့



ဤသို့သော ဘာဝနာအစဉ်ဖြင့် ထိုတတိယဈာန်ကိုလည်း ရရှိအပ်ပြီး
သည်ရှိသော် ဆိုအပ်ခဲ့ပြီးသည့် နည်းအတိုင်းပင်လျှင် ယင်း တတိယဈာန်ကိုလည်း
ဝသီဘော် (၅)တန်တို့ဖြင့် နိုင်နိုင်နင်းနင်း လေ့ကျင့်အပ်ပြီးသော ယော-
ဂါဝစရပုဂ္ဂိုလ်သည် ၀သီဘော် (၅)တန်တို့ဖြင့် အ၀ါးဝစွာ နိုင်နိုင်နင်းနင်း
လေ့ကျင့်ပြီးရာ တတိယဈာန်မှ ထ၍ ---
၁။ ဤ တတိယဈာန်သမာပတ်သည် ပီတိဟူသော နီးကပ်သော ရန်သူ ရှိ၏။

၂။ အကြင် ဈာန်အင်္ဂါကို သုခဟူ၍ စိတ်၏ နှလုံးသွင်းခြင်းသည် ရှိ၏။
ဤသုခကြောင့်ပင်လျှင် ထိုတတိယဈာန်ကို ရုန့်ရင်း၏ဟူ၍ ဆိုအပ်၏။
(ဒီ၊၁၊၃၄။) ဤသို့ ဟောတော်မူအပ်သော သုခ၏ ရုန့်ရင်းသည်၏
အဖြစ်ကြောင့် အားနည်းသော ဈာန်အင်္ဂါ ရှိ၏။
ဤသို့လျှင် ထို တတိယဈာန်သမာပတ်၌ အပြစ်ဒေါသကို မြင်အောင်
ရှု၍ ---
၃။ စတုတ္ထဈာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍၊
၎။ တတယိ ဈာန၌် လိုခြင်ငဲ့ကွက် တသက်သက်ရှိခြင်း နိကန္တိကို ကုန်စေ၍
စတုတ္ထဈာန်ကို ရရှိခြင်းငှာ ---
အာနာပါနဿတိသမာဓိဘာဝနာ၌ အားထုတ်ခြင်းကို ပြုအပ်၏။

အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင်လျှင် အထက်ပါ ဦးတည်ချက်တို့ဖြင့်
စူးစူးစိုက်စိုက် ရှုအပ်၏။ (၀ိသုဒ္ဓိ၊၁၊၁၅၉။)

တတိယဈာန်သို့



ယင်း ရရှိပြီးသော ဒုတိယဈာန်ကိုလည်း ၀သီဘော် (၅)တန် နိုင်နင်း
အောင် လေ့ကျင့်ပါ။ ဤသို့သော ဘာဝနာအစဉ်ဖြင့် ဒုတိယဈာန်ကိုလည်း
ရအပ်ပြီးသည်ရှိသော် ယင်းဒုတိယဈာန်ကို ၀သီဘော် (၅)တန်တို့ဖြင့် နိုင်နိုင်
နင်းနင်း လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ၀သီဘော် (၅)တန်တို့ဖြင့်
အ၀ါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးရာ ဒုတိယဈာန်မှ ထ၍ ---
၁။ ဤ ဒုတိယဈာန်သမာပတ်သည် နီးကပ်သော ၀ိတက် ၀ိစာရဟူသော
ရန်သူရှိ၏။

၂။ ထိုဒုတိယဈာန်သမာပတ်၌ စိတ်၏ လောက်လက်ပေါ်သည်၏အဖြစ်
ဟူသော ပေါ်လွင်သော အခြင်းအရာဖြင့်ဖြစ်သော အကြင် ပီတိသည်
ရှိ၏။ ယင်း ပီတိကြောင့်ပင်လျှင် ဤဒုတိယဈာန်ကို ရုန့်ရင်းကြမ်းတမ်း-
၏ဟူ၍ ဆိုအပ်၏။ (ဒီ၊၁၊၃၄။) ဤသို့ ဟောတော်မူအပ်သော ပီတိ၏
ရုန့်ရင်းသည့်အတွက်ကြောင့် အားနည်းသော ဈာန်အင်္ဂါ ရှိ၏။
ဤသို့လျှင် ထို ဒုတိယဈာန်သမာပတ်၌ အပြစ်ဒေါသကို မြင်အောင်
ရှု၍ ---
၃။ တတိယဈာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍၊
၎။ ဒုတိယဈာန်၌ လိုချင်ငဲ့ကွက် တသက်သက်ရှိခြင်း နိကန္တိကို ကုန်စေ၍
တတိယဈာန်ကို ရရှိခြင်းငှာ အာနာပါနဿတိ သမာဓိဘာဝနာ၌ အား
ထုတ်ခြင်းကို ပြုအပ်၏။ အာနာပါနပဋိဘာဂနိမိတ်၏ အာရုံကိုပင်
«အထက်ပါ ဦးတည်ချက် (၄)မျိုးဖြင့် စူးစူးစိုက်စိုက် ရှုအပ်၏။
(၀ိသုဒ္ဓိ၊၁၊၁၅၃-၁၅၄။)

အလင်းကမ္ဘာထဲကသူ



လ မသာ၍ မှောင်မိုက်နေချိန်တွင် တောလမ်းတစ်နေရာသို့ လျောက်လှမ်းနေသောသူဖို့ မီးအိမ်တည်းဟူသောအလင်းလိုအပ်ပါတယ် ။ မီးအိမ်၏ လမ်းပြမှု အကူအညီဖြင့် လမ်းကိုခလုပ်မထိ ဆူးမညှိဘဲ သွားလာနိုင်သလို ၊ထိုအတူ သမာဓိတည်းဟူသော ဉာဏ်အလင်းရှိသောသူသည် ဝိပဿနာ၏အရှုခံတရား တည်းဟူသော ရုပ်ဓမ္မ ၊နာမ်ဓမ္မ ၊အကြောင်း အကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်တရားတို့၏ပရမတ္တတရားအား ဟုတ်တိုင်းမှန်စွာ
ရှင်းရှင်းလင်းလင်း သိမြင်၏ ။

သမာဓိနိမိတ်တည်းဟူသော ဉာဏ်အလင်းသည် မီးအိမ်ကဲ့သို့သော ပရမတ်တရား
တို့အားသိမြင်ကာ နိဗ္ဗာန်သို့တိုင်အောင်သိမြင်နိုင်ပေ၏။  သမာဓိနိမိတ်တည်းဟူသော ဉာဏ်အလင်းမရှိသော သူသည် မီးအိမ်မရှိဘဲ တောလမ်းကိုသွားသော သူကဲ့သို့ မည်သည်ကိုမှ မသိမြင်နိုင်ပေ။ ထို့ကြောင့် အာနာပါနစသော သမာနိမိတ်တစ်ခုခုအား ရအောင်ကြိုးစားအားထုတ်သင့်ပါတယ်။ ရရှိပြီးသော ယောဂီအနေဖြင့်
"ငါသည် အလင်းကမ္ဘာ လျောက်လှမ်းနေသောသူ"ဟူ၍ ဝမ်းမြောက်ဝမ်းသာဖြင့် ဆက်လက်၍ မြင့်သထက်
မြင့်အောင် ကြိုးစားသင့်သလို၊ မရသေးသော ယောဂီအနေနှင့် ကိလေသာတည်းဟူသော အမှောင်ကမ္ဘာမှ
လွတ်မြောက်ရန်အလို့ငှာ အာနာပါနစသော သမာနိမိတ်တစ်ခုခုအား ရအောင်ကြိုးစားသင့်သလို ၊
ရနိုင်ပါစေလို့ ဆုတောင်းပေးရင်း ။ကြိုးစားကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ် ။

www.bhikkhudhamma.blogspot.com

Sunday, March 27, 2016

စတုက္ကနည်းနှင့်ပဉ္စက္ကနည်း ကွဲပြားပုံ



ပထမဈာန်မှ ဒုတိယဈာန်သို့တက်လာ၌ ယောဂီ၏ ဉာဏ်အနုအရင့်ပေါ်မူတည်၍
စတုက္ကနည်းနှင့်ပဉ္စက္ကနည်း ကွဲပြားပါတယ် ။ ဒုတိယဈာန်ကူးရာ၌ ဉာဏ်နုံ့နှေးသောယောဂီများအတွက်
ပဉ္စက္ကနည်းဖြင့်ရှုစေပါတယ် ။ ပထမဈာန် ၊ဒုတိယဈာန် ၊ တတိယဈာန် ၊ စတုတ္ထဈာန် ၊ ပဉ္စမဈာန်
ဟူ၍ ငါးပါးပြားပါတယ် ။ ပထမဈာန်မှ ဒုတိယဈာန်သို့ ကူးရာ၌ ဝိတက်တစ်လုံးသာဖြုတ်၍
ဝိစာရ ၊ပီတိ ၊ သုခ ၊ဧကဂ္ဂတာ လေးပါးသော ဒုတိယဈာန်။ ပီတိ ၊သုခ ၊ ဧကဂ္ဂတာ နှင့်ပြည့်စုံသော
တတိယဈာန်။ သုခ ၊ ဧကဂ္ဂတာ နှင့်ပြည့်စုံသော စတုတ္ထဈာန် ။ ဥပေက္ခာ ၊ ဧကဂ္ဂတာ နှင့်ပြည့်စုံသော
ပဉ္စမဈာန် ဟူ၍ငါးပါးပြားပါတယ်။ ဉာဏ်ရင့်ကျက်သော ယောဂီအတွက်  ပထမဈာန် မှ ဒုတိယဈာန်သို့
ကူးရာ၌ ဝိတက် ၊ ဝိစာရ နှစ်လုံးကိုယ် ပါယ်၍ ပီတိ ၊သုခ ၊ဧက​ဂ္ဂတာ နှင့် ဒုတိယဈာန် ။ သုခ၊ ဧက​ဂ္ဂတာ
နှင့် တတိယဈာန် ။  ဥပေက္ခာ ၊ ဧကဂ္ဂတာ နှင့်ပြည့်စုံသော စတုတ္ထဈာန်ဈာန် ဟူ၍ လေးပါးသာဖြစ်ပါတယ် ။ယခုပြသော နည်းများသည် စတုက္ကနည်းသာဖြစ်ပါတယ် ။ ယောဂီအနေဖြင့် မိမိ၏ ဉာဏ်ကိုချိန်ဆကာ
လေ့ကျင့်သင့်ပါတယ်။

အလင်းကမ္ဘာထဲကသူ
------------------------
လ မသာ၍ မှောင်မိုက်နေချိန်တွင် တောလမ်းတစ်နေရာသို့ လျောက်လှမ်းနေသောသူဖို့ မီးအိမ်တည်းဟူသောအလင်းလိုအပ်ပါတယ် ။ မီးအိမ်၏ လမ်းပြမှု အကူအညီဖြင့် လမ်းကိုခလုပ်မထိ ဆူးမညှိဘဲ သွားလာနိုင်သလို ၊ထိုအတူ သမာဓိတည်းဟူသော ဉာဏ်အလင်းရှိသောသူသည် ဝိပဿနာ၏အရှုခံတရား တည်းဟူသော ရုပ်ဓမ္မ ၊နာမ်ဓမ္မ ၊အကြောင်း အကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်တရားတို့၏ပရမတ္တတရားအား ဟုတ်တိုင်းမှန်စွာ ရှင်းရှင်းလင်းလင်း သိမြင်၏ ။

သမာဓိနိမိတ်တည်းဟူသော ဉာဏ်အလင်းသည် မီးအိမ်ကဲ့သို့သော ပရမတ်တရား
တို့အားသိမြင်ကာ နိဗ္ဗာန်သို့တိုင်အောင်သိမြင်နိုင်ပေ၏။  သမာဓိနိမိတ်တည်းဟူသော ဉာဏ်အလင်းမရှိသောသူသည် မီးအိမ်မရှိဘဲ တောလမ်းကိုသွားသော သူကဲ့သို့ မည်သည်ကိုမှ မသိမြင်နိုင်ပေ။ ထို့ကြောင့် အာနာပါနစသော သမာနိမိတ်တစ်ခုခုအား ရအောင်ကြိုးစားအားထုတ်သင့်ပါတယ်။ ရရှိပြီးသော ယောဂီအနေဖြင့်
"ငါသည် အလင်းကမ္ဘာ လျောက်လှမ်းနေသောသူ"ဟူ၍ ဝမ်းမြောက်ဝမ်းသာဖြင့် ဆက်လက်၍ မြင့်သထက်
မြင့်အောင် ကြိုးစားသင့်သလို၊ မရသေးသော ယောဂီအနေနှင့် ကိလေသာတည်းဟူသော အမှောင်ကမ္ဘာမှ  လွတ်မြောက်ရန်အလို့ငှာ အာနာပါနစသော သမာနိမိတ်တစ်ခုခုအား ရအောင်ကြိုးစားသင့်သလို ၊
ရနိုင်ပါစေလို့ ဆုတောင်းပေးရင်း ။ကြိုးစားကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ် ။

"ဖားအောက်တောရဆရာတော်"
Bhikkhu's Dhamma
http://bhikkhudhamma.blogspot.com/

မိမိကိုယ်ကို ကျွန်ပြုနေသူများ



ကာမဂုဏ်ချမ်းသာကို ရရှိဖို့ လုပ်ချင်သည်ကို လုပ်ကြ၏။ ထိုသို့
လုပ်ချင်သည်ကို လုပ်ခြင်းသည် ကိလေသာကြောင့်ဟု ဆိုရ၏။
စိတ်၏ အလိုအတိုင်း မိမိ ဖြစ်ခြင်း ဖြစ်သည်။

ကာမဂုဏ်မှ လွတ်မြောက်ကြောင်း အကျင့်ကို ကျင့်လိုကြ၏။
သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ကို ကျင့်လိုခြင်း
ဖြစ်၏။ ထိုသို့ ကျင့်ခြင်းသည် ဈာန်ချမ်းသာ, ၀ိပဿနာချမ်းသာ,
မဂ်ချမ်းသာ, ဖိုလ်ချမ်းသာ, နိဗ္ဗာန်ချမ်းသာဟု ဆိုအပ်သော ချမ်းသာ
တို့ကို ရရှိခံစားလိုသည့် ဆန္ဒကြောင့်ပင် ဖြစ်ပေ၏။ ဖြစ်ချင်သည့်
အရာအတွက် လုပ်သင့်သည်ကို လုပ်ခြင်းဟု ဆိုနိုင်၏။ ထိုချမ်းသာ
တို့ကို ရရှိခြင်းငှာ လုပ်သင့်သည်ကို လုပ်ခြင်းသည် ဉာဏ်ကြောင့်ဟု
ဆိုရ၏။ စိတ်ကို မိမိ အလိုအတိုင်း ဖြစ်စေခြင်းဟု ဆိုနိုင်၏။

ကာမဂုဏ်၌ သာယာဖွယ်ကို ရှာဖွေနေသူတို့၏ 'အလို'သည်
ကိလေသာ၏ 'အလို'သာ ဖြစ်၏။ သာယာဖွယ် အသာဒအတွက်
ဘ၀ဆက်နေရသူဟူက ကိလေသာအတွက် ဘ၀ဆက်နေရသူသာ
ဖြစ်၏။ သာယာဖွယ် အသာဒအတွက် ပင်ပန်းနေရခြင်းဟူက
ကိလေသာအတွက် ပင်ပန်းနေရခြင်းသာ ဖြစ်၏။ မိမိဘ၀ကို ကိလေသာဖြင့်
တည်ဆောက်နေခြင်း ဖြစ်သည်။ ကိလေသာကို အရှင်ပြုလျက်
မိမိကိုယ်ကို ကျွန်ပြုခြင်း ဖြစ်၏။

ကာမဂုဏ်၌ သာယာဖွယ်ကို လိုက်ရှာနေသမျှ ငါ လုပ်ချင်တာဟု
ဆို၍ မရ။ ကိလေသာ လုပ်ချင်တာကို လိုက်လုပ်ပေးနေရခြင်းဟုသာ ဆို၍ ရ၏။

" အရှင်ရေဝတ(ဖားအောက်တောရ)"
Bhikkhu's Dhamma
http://bhikkhudhamma.blogspot.com/

မှန်ဖို့သာ ပဓာန



မြင်စရာလောက်သာ မြင်တတ်၍ ကြားစရာလောက်သာ ကြား
တတ်သူဖြစ်က မမြင်ရ မကြားရသည့် အနာဂတ်ဘ၀အတွက် ဆောင်
စရာ ရှောင်စရာကို ဆောင်ဖို့ ရှောင်ဖို့ မလွယ်လှ။ လောကလူသားတို့
အနေဖြင့် မမြင်ရသည်ကို ကြည့်တတ်ဖို့ မကြားရသည်ကို အဓိပ္ပါယ်
ဖော်တတ်ဖို့ လို၏။ အမှန်ကို သိနိုင်ဖို့ဟူသည် မြင်စရာနှင့် ကြားစရာနောက်ရ
ှိ မမြင် မကြားရသည့် အပိုင်းထိ မြင်တတ် ကြည့်တတ်
အဓိပ္ပါယ်ဖော်တတ်မှ ရ၏။ မြင်စရာနှင့် ကြားစရာ၌ သောင်တင်
မနေဖို့ လို၏။

မြင်စရာနှင့် ကြားစရာအတွက် အလှဆင်ဖို့ ကံကို မျက်ကွယ်
ပြု၍ ရသည် မဟုတ်။ အလှကို မြင်စရာ ကြားစရာတို့ဖြင့် ပြဖို့လောက်သာ
သိသော အမိုက်ဉာဏ်ဖြင့် ဘ၀ကို တန်ဖိုးတက်အောင်
လုပ်နိုင်သည် မဟုတ်။ အမြင်ကောင်းရုံ အကြားကောင်းရုံဖြင့် ကံတို့
ငြိမ်းသွားကြမည်လည်း မဟုတ်။ မြင်စရာနှင့် ကြားစရာနောက် လိုက်နေသည့်
လောကကြီး၏ အထင်ကြီးမှု လက်ခံမှုအတွက် အသက်ရှင်ဖို့
ဘ၀ရလာသည် မဟုတ်။ လောကကြီး၏ အထင်ကြီးမှု လက်ခံမှုက
ပဓာန မကျ၊ မှန်ဖို့သာ ပဓာနကျ၏။

" အရှင်ရေဝတ(ဖားအောက်တောရ)"
Bhikkhu's Dhamma
http://bhikkhudhamma.blogspot.com/

ဒုတိယဈာန်သို့



ဤ၀သီဘော် (၅)တန်တို့၌ ၀သီမြောက်အောင် နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီး
သော ယောဂါဝစရပုဂ္ဂိုလ်သည် အ၀ါးဝစွာ လေ့လာထားအပ်ပြီးသော
ပထမဈာန်မှ ထ၍ ---
၁။ ဤ ပထမဈာန်သမာပတ်သည် (နီဝရဏကို ပယ်ခွာရာဝယ် ပထမ
ဦးဆုံး ဖြစ်ခြင်းကြောင့်) နီးကပ်သော နီဝရဏရန်သူ ရှိ၏။
၂။ ၀ိတက် ၀ိစာရတို့၏ ရုန့်ရင်းသည်၏အဖြစ်ကြောင့် (ကျိုးပျက်လွယ်
သော သဘောရှိရကား) အားနည်းသော ဈာန်အင်္ဂါ ရှိ၏။
ဤသို့လျှင် ပထမဈာန်၌ အပြစ်ကို မြင်အောင်ရှု၍ ---
၃။ ဒုတိယဈာန်ကို ငြိမ်သက်သောတရားဟု နှလုံးသွင်း၍
၎။ ပထမဈာန်၌ လိုချင်ငဲ့ကွက် တသက်သက်ရှိခြင်း နိကန္တိကို ကုန်စေ၍
ဒုတိယဈာန်ကို ရရှိခြင်းငှာ ---
အာနာပါနဿတိသမာဓိဘာဝနာ၌ အားထုတ်ခြင်းကို ပြုအပ်၏။
အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် အထက်ပါ ဦးတည်ချက် (၄)မျိုးဖြင့်
စူးစူးစိုက်စိုက် ရှုအပ်၏။

ဤအဆင့်၌ အာနာပါနပဋိဘာဂနိမိတ်အာရုံကို မမှတ်ပါနှင့်၊ စိုက်သာ
ကြညေ့် နပါ၊ ရှု နေပါ။ ၀င် လေထွက်လေ လဟု မှတ်နေခဲ့သော်
 "ဝိတက္ကယိစာရာ ဝစီသင်္ခါရော"
 (မ၊၁၊၃၇၅။) ဟူသည်နှင့်အညီ ၀င်လေ-ထွက်လေဟူသော
မှတ်နေမှု ရွတ်ဆိုနေမှု ၀စီသင်္ခါရကို ၀ိတက် ၀ိစာရတို့က ပြုပြင်ပေးနေသဖြင့်
ဝိတက် ၀ိစာရ မပြုတ်နိုင် ရှိတတ်၏။ ပြုတ်သွားသော်လည်း ပြန်ပြန်ဝင်နေ
တတ်၏။ ထိုကြောင့် ဤဒုတိယဈာန်သို့ ကူးသည့်အပိုင်းမှစ၍ အထက်ပိုင်း
ဈာန်တို့၌ မမှတ်ပါနှင့်။ အာနာပါနပဋိဘာဂနိမိတ်ကိုသာ စိုက်ကြည့်နေပါ၊
ရှုနေပါ။ (၀ိသုဒ္ဓိ၊၁၊၁၅၀။)

ထိုသို့ ကြိုးစားအားထုတ်လတ်သော် ထို ယောဂါဝစရပုဂ္ဂိုလ်အား အ
ကြင်အခါ၌ ပထမဈာန်မှ ထ၍ အာနာပါနပဋိဘာဂနိမိတ်ကိုပင် သိမ်းဆည်း
တတ် အမှတ်ရတတ်သော သတိနှင့် ပြည့်စုံသည်ဖြစ်၍ အာနာပါနပဋိဘာဂ
နိမိတ်အာရုံကိုပင် ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်တတ်သော
သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ဈာန်အင်္ဂါတို့ကို ရှေးရှု ဉာဏ်ဖြင့် သက်
ဝင်၍ ဆင်ခြင်စဉ် ၀ိတက် ၀ိစာရတို့သည် ရုန့်ရင်းသောအားဖြင့် ထင်လာ
ကုန်၏။ ပီတိ သုခသည်လည်းကောင်း စိတ္တေကဂ္ဂတာ (ဧကဂ္ဂတာ)သည်
လည်းကောင်း ငြိမ်သက်သောအားဖြင့် ထင်လာ၏။

 ထိုအခါ၌ ရုန့်ရင်းသော ဈာန်အင်္ဂါကို ပယ်ခြင်းငှာလည်းကောင်း ငြိမ်သက်သော ဈာန်အင်္ဂါကို ရရှိ
ခြင်းငှာလည်းကောင်း ထိုအာနာပါနပဋိဘာဂနိမိတ်ကိုပင် အဖန်ဖန် အထပ်ထပ်
နှလုံးသွင်းနေပါ၊ စူးစူးစိုက်စိုက် ရှုနေပါ။ ထိုသို့ နှလုံးသွင်း ရှုပွားလျက်
ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ပီတိ သုခ ဧကဂ္ဂတာ ဟူသော
ဈာန်အင်္ဂါ သုံးပါးရှိသော ဒုတိယဈာန်သည် ဖြစ်ပေါ်လာပေလတ္တံ့။
(၀ိသုဒ္ဓိ၊၁၊၁၅၀။)

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

ဝိစာရမှ အထက်ထက်သို့လေ့ကျင့်ပါ



ဝိတက်ကို အဝါးဝစွာလေ့ကျင့်ထားသော သူတော်ကောင်းသည် ၊ ဝိစာရကိုလည်း လေ့ကျင့်ပါ။
 ၀ိစာရ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထပ်ကာ ထပ်ကာ သုံးသပ် ဆင်ခြင်ခြင်းသဘော။
ကိုဉာဏ်၌အထင်အရှားသိစေကာ ရှေးကဝိတက်ကျင့်သကဲ့သို့ ကြိမ်ဖန်များစွာလေ့ကျင့်ပါ။
ထိုနောက်ပီတိကိုလေ့ကျင့်ပါ  ပီတိ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို နှစ်သက်ခြင်းသဘော
ကို ဉာဏ်၌သိပါစေ ။ သုခကိုလေ့ကျင့်ပါ ။သုခ = အာနာပါနပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော။ ဧကဂ္ဂတာ  လည်းလေ့ကျင့်ပါဧကဂ္ဂတာ = အာနာပါနပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်းပေါ်သို့ စိတ် ကျရောက် တည်ငြိမ်နေခြင်းသဘော။ ဉာဏ်ဖြင့်သိကာရှုပါ ။

တစ်လုံးစီလေ့ကျင့်လို့အောင်မြင်ပြီဆိုပါက - ထိုနောက် အာနာပါနပဋိဘာဂနိမိတ်အား ၄၅မိနစ်ခန့်
ဝင်စားကာ ဝိတက် ဝိစာရ ကို နှစ်လုံးတွဲရှုပါ ၊ ထိုနောက် ပီတိတွဲ၍ သုံးလုံးတွဲရှုပါ ၊ သုခတွဲ၍ လေးလုံး၊
ဧကဂ္ဂတာ တွဲ၍ ငါးလုံး ကိုပြိုင်တူရှုနိုင်ပါစေ။ ဝင်စားမှုများပါစေ စင်ခြင်မှုနည်းပါစေ ဆိုသည့်အတိုင်း
အာနာပါနပဋိဘာဂနိမိတ်အာ သုံးနာရီခန့်မျှ ငြိမ်သက်ကာဝင်စားနိုင်အောင်လေ့ကျင့်ပါ ။ ထိုနောက်
ဈာန်အင်္ဂါငါးပါးအား နှစ်စက္ကန့် သုံးစက္ကန့်မျှ ဆင်ခြင်ပါ ။ ထိုသို့ အဝါးဝစွာ ဝင်စားနိုင်ပါစေ ။

ဝသီဘော် (၅) တန်
...............................
၁။ အာဝဇ္ဇန၀သီ = ဈာန်ဝင်စား၍ ဈာန်အင်္ဂါများကို အလိုရှိတိုင်း
ဆင်ခြင်နိုင်စွမ်းရှိခြင်း။
၂။ သမာပဇ္ဇန၀သီ = ဈာန်ကို အလိုရှိသလို အလိုရှိတိုင်း ၀င်စားနိုင်စွမ်းရှိခြင်း။
၃။ အဓိဋ္ဌာန၀သီ = ဈာန်ကို (၁-နာရီ ၂-နာရီ စသည်ဖြင့်) အလို
ရှိသလောက် အချိန်ကာလကို ပိုင်းခြား၍ အဓိ-
ဋ္ဌာန်၍ ၀င်စားနိုင်စွမ်းရှိခြင်း။
၎။ ၀ုဋ္ဌာန၀သီ = ပိုင်းခြားထားသော အချိန်ကာလ စေ့သော်
ဈာန်မှ ထနိုင်စွမ်းရှိခြင်း။
သမထကမ္မဋ္ဌာန်းပိုင်း (က) ] ၁၁၅
၅။ ပစ္စဝေက္ခဏာဝသီ = ဈာန်အင်္ဂါတို့ကို အလိုရှိသလို ဆင်ခြင်နိုင်စွမ်း
ရှိခြင်း။
ဈာန်အင်္ဂါကို အမြန်ဆုံး ဆင်ခြင်နိုင်သော မနောဒွါရာဝဇ္ဇန်း၏ သတ္တိကို
အာဝဇ္ဇန၀သီဟု ခေါ်ဆို၍ ဈာန်အင်္ဂါကိုပင် အမြန်ဆုံး ဆင်ခြင်နိုင်သော
ပစ္စဝေက္ခဏာဇော၏ သတ္တိကို ပစ္စဝေက္ခဏာဝသီဟု ခေါ်ဆိုသည်။ မနောဒွါ
ရာဝဇ္ဇန်းနှင့် ပစ္စဝေက္ခဏာဇောတို့ကား မနောဒွါရ၀ီထိ တစ်ဝီထိ၏ အတွင်း၌
စိတ္တက္ခဏ တစ်ခုပြီးတစ်ခု ဖြစ်နိုင်သော တရားဓမ္မတို့သာ ဖြစ်ကြသည်။
ဆိုလိုသည်မှာ ဇောဝီထိစဉ် တစ်ခုအတွင်း၌ မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်၊
ပစ္စဝေက္ခဏာဇော ငါးကြိမ် သို့မဟုတ် ခုနစ်ကြိမ် စောတတ်၏။
(အကျယ်ကို ၀ိသုဒ္ဓိ၊၁၊၁၄၉-၁၅၀။ မဟာဋီ၊၁၊၁၇၈-၁၈၀ - ကြည့်ပါ၊၊)

အသင်သူတော်ကောင်းသည် ယင်း ဈာန်အင်္ဂါများကို ကျေပွန်စွာ နှုတ်
တက်ရအောင် လေ့ကျင့်ပါ။ ထိုနောင် အထက်တွင် ရှင်းလင်းတင်ပြထားသည့်
အတိုင်း ဈာန်အင်္ဂါတို့ကို ဆင်ခြင်ကြည့်ပါ။ ဈာန်ကို ၀င်စားလိုက်ပါ၊ ထိုနောင်
ဈာန်မှထကာ ဈာန်အင်္ဂါ တစ်ခုကို သိမ်းဆည်းပါ။ တစ်ဖန် ဈာန်ကို ပြန်ဝင်စား
ပါ။ အခြား ဈာန်အင်္ဂါတစ်ခုကို ထပ်ပြီး သိမ်းဆည်းပါ။

ဤသို့လျှင် ဈာန်အင်္ဂါတစ်လုံးစီကို ပိုင်ပိုင်နိုင်နိုင် သိမ်းဆည်းနိုင်ပါက ဈာန်အင်္ဂါငါးပါးလုံးကို ဈာန်မှ
ထတိုင်း သိမ်းဆည်းကြည့်ပါ၊ ပြိုင်တူမြင်အောင် လေ့ကျင့်ပါ။ ပထမဈာန်၏
ဈာန်အင်္ဂါ (၅)ပါးတို့သည် အထက်တွင် ရှင်းပြထားသည့်အတိုင်း ထင်ရှား
လာသောအခါ ယင်း ပထမဈာန်ကို အထက်ပါအတိုင်း ၀သီဘော် (၅)တန်
နိုင်နင်းအောင် လေ့ကျင့်ပါ။

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

ဝင်စားမှု များပါစေ - ဆင်ခြင်မှု နည်းပါစေ



ထိုအာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ရောက်အပ် ရအပ်သော ပထမ
ဈာန်ရှိသော ပထမဈာန်ကို ရသစ်စဖြစ်သော အာဒိကမ္မိကပုဂ္ဂိုလ်သည် ဈာန်
ဝင်စားမှု များပါစေ၊ ဈာန်အင်္ဂါကို ဆင်ခြင်မှု မများပါစေနှင့်။ အပြစ်ကား--
ဈာန်အင်္ဂါကို ဆင်ခြင်ခြင်းများသောသူအား ဈာန်အင်္ဂါတို့သည် ရုန့်ရင်းကုန်
သည်ဖြစ်၍ ထင်လာတတ်ကုန်၏။ ဈာန်အင်္ဂါကို ဆင်ခြင်ခြင်းများသဖြင့်
ဈာန်အင်္ဂါတို့၏ ထင်ထင်ရှားရှား ဖြစ်ပေါ်လာသောကြောင့် ဖြစ်၏။

ပထမဈာန်ကို နိုင်နိုင်နင်းနင်း အ၀ါးဝစွာ ၀င်စားနိုင်မှု စွမ်းအားရှိသည်၏ အဖြစ်သို့
မရောက်စေအပ်သည်၏ အဖြစ်ကြောင့် ဈာန်အင်္ဂါတို့သည် အားမရှိကုန်သည်
ဖြစ်၍ ထင်လာကုန်၏။ ထိုသို့ ထင်လာလတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား
ထိုဈာန်အင်္ဂါတို့သည် ရုန့်ရင်းအားနည်းသောအားဖြင့် ထင်လာသည်၏ အဖြစ်
ကြောင့် အာနာပါနဿတိသမာဓိဘာဝနာဖြင့် အထက်ဒုတိယဈာန်သို့ တက်ခြင်း
ငှာ အကြောင်းတရား၏အဖြစ်သို့ မရောက်နိုင်ကုန်။

ထို ယောဂါဝစရပုဂ္ဂိုလ်သည် ပထမဈာန်ကို ၀င်စားမှုများခြင်းဖြင့် နိုင်နိုင်နင်းနင်း အ၀ါးဝစွာ
မပွားစေအပ် မလေ့လာအပ်သည်ရှိသော် အထက်ဒုတိယဈာန်ကို ရစိမ့်သော
ငှာ အားထုတ်ပါသော်လည်း ရောက်အပ် ရအပ်ပြီးသော ပထမဈာန်မှလည်း
ဆုတ်ယုတ်တတ်၏ လျှောကျတတ်၏။

ဒုတိယဈာန်သို့လည်း ရောက်ရှိခြင်းငှာ မစွမ်းနိုင် ရှိတတ်၏။ (၀ိသုဒ္ဓိ၊၁၊၁၄၈။ မဟာဋီ၊၁၊၁၇၈။)
(ထိုကြောင့် နှစ်စက္ကန့် သုံးစက္ကန့်မျှသာ ဆင်ခြင်စေခြင်းဖြစ်သည်။)

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

ဈာန်အင်္ဂါ (၅) ပါး/ဝိတက်မှစတင်လေ့ကျင့်ပါ



၁။ ၀ိတက် = အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှု
တင်ပေးခြင်းသဘော။
၂။ ၀ိစာရ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထပ်ကာ ထပ်ကာ
သုံးသပ် ဆင်ခြင်ခြင်းသဘော။
၃။ ပီတိ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို နှစ်သက်ခြင်းသဘော။
၎။ သုခ = အာနာပါနပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ချမ်းချမ်း
သာသာ ခံစားခြင်းသဘော။
၅။ ဧကဂ္ဂတာ = အာနာပါနပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်းပေါ်သို့ စိတ်
ကျရောက် တည်ငြိမ်နေခြင်းသဘော။

ဝိတက်မှစတင်လေ့ကျင့်ပါ
.................................
အာနာပါနပဋိဘာဂနိမိတ်အား တစ်နာရီ နှစ်နာရီမျှ ရှုပွာနိုင်သောယောဂီသည် ၊ ရှေးဦးစွာ ဝိတက်မှစတင်၍လေ့ကျင့်ပါ ။ စတင်လေ့ကျင့်ရန် ပထမ အာနာပါနပဋိဘာဂနိမိတ်အား ၄၅ မိနစ်ခန့် ဝင်စားပါ ။ ရှေးကပြခဲ့သလိုဘဝင်လည်း ရှုတတ်ပြီဆိုပါက ဘဝင်အား နှစ်စက္ကန့် သုံးစက္ကန့် မျှရှုပါ ။ဘဝင်မနောအကြည်၏ တည်ရာ နှလုံးအိမ်အတွင်းဟဒယဝတ္ထုကိုမှီဖြစ်နေသော ဝိတက်စိတ်သည်အကြိမ်ဖန်များစာဖြစ်ပေါ်နေ၏ ။ ၀ိတက် = အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှု တင်ပေးခြင်းသဘော။ ဟုနှလုံးသွင်းကာ ဝိတက်ဟုရှုပါ ။ ဝိတက်တစ်လုံးတည်း ပထမနှစ်စက္ကန့် သုံးစက္ကန့်မျှ ဆင်ခြင်မှုကို လေ့ကျင့်ပါ ။ နောက် ၄၅မိနစ်ခန့် ဝင်စားပါပါ ။နှစ်စက္ကန့် သုံးစက္ကန့်မျှ ပြန်ရှုပါ ။ ထိုသို့အကြိမ်ဖန်များစွာဆင်ခြင်မှုကို လေ့ကျင့်ပါ ။

ထိုအာနာပါနပဋိဘာဂ နိမိတ်ဖြင့် ဈာန်အဆင့်ဆင့်လေ့ကျင့်မှုသည် နောက် ကသိုဏ်းစသောလေ့ကျင့်မှု တူညီရကားအာရုံယူမှုတို့သာကွဲပြားလေရာ ယခုတည်းကအဝါးဝစွာ လေ့ကျင့်ထားပါကနောက်နောက်ဈာန်တို့၌ ခက်ခဲမှု မရှိနိုင်တော့ပေ။

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

စိတ်ဓာတ်အား မြင့်မားအောင်မွေးမြူပါ


အာနာပါနအားအဝါးဝစွာ ရှုပွါးရာတွင်တစ်ခါတစ်ရံ ပို၍လိုခြင်သော စိတ်များဖြစ်ပေါ်တတ်ပါတယ် ။
မရပါကလည်းအလိုမကျမှုလေးများ ဖြစ်ပေါ်တတ်ပါတယ် ။ ထိုသို့စိတ်များဖြစ်ပေါ်လာပါက နိမိတ်၏
စွမ်းရည်များသိသိသာ ကျဆင်းလာတတ်ပါတယ် ။ အာနာပါနဘာဝနာသည် ကုသိုလ်စိတ်တို့အစဉ်တန်းနေရာ ထိုသို့ လိုခြင်မှုလောဘ အလိုမကျမှု ဒေါသ ဆိုသောအကုသိုလ်တို့ကြောင့်ဖြစ်တတ်၏ ။ ယောဂီသည်ထိုထိုသောအရာတို့ စိတ်ကိုညီညွတ်စွာ ထားကာရှုပွားတတ်ဖို့လိုအပ်ပါသည် ။ ပိုးချည်ထုတ်ရန် ပိုးအိမ်မှ ပိုငယ်ကို စောင့်ရှောက်သကဲ့သို့ စိတ်ကိုညီညွတ်စွာစောင့်ရှောက်တတ်ရမည် ။ လူတိုင်းရဖို့ခဲရင်းလှသော ထိုတရားတို့အား ရရှိရန်လမ်းကြောင်းပေါ်သို့ငါသည် ရောက်ရှိနေပြီဟု နှလုံးပိုက်ကာ ကြိုးစားသင့်ပါတယ်။

တစ်ချို့သော ယောဂီတို့တွင် အားထုတ်ရတာကြာလှပြီ ၊ နိမိတ်လည်းမရသေးဘူး ။ ဒီတရားသည် ဒီဘဝတော့မရတော့ပါဘူးဟူ၍ စိတ်ဓာတ်ကျဆင်းကာ ဆက်မလုပ်ဘဲ အားလျော့တတ်ပါတယ်။ ထိုသို့မဖြစ်ပေါ်စေရန်စိတ်ကိုမကြာခဏ မြင့်တင်ပေးပါ။ ကမ္ဘာတစ်ခု အလုံးဆုံးပြတ်သုံးချိန်၌ ကမ္ဘာပေါ်ရှိ သတ္တဝါတို့သည် ကြောက်လန့်ကာ မိမိတို့ချမ်းသာခြင်း အလို့ငှာ ၊ ဘာဝနာတစ်ခုခုအား ပွားများအားထုတ်၍ ဈာန်တစ်ခုခုရကာ ဗြဟ္မပြည်၌ တည်ကြရ၏။ ဗြဟ္မပြည်မရောက်ဖူးသောသတ္တဝါဟူ၍ ရှိလိမ့်မထင်၊ မိမိသည်လည်းရောက်ဖူးပေလိမ့်မည်။ထိုကြောင့်ဒီတရားတို့သည် အားထုတ်လျှင်ရရှိနိုင်သည်ဟု စိတ်ကိုမွေးမြူကာအားထုတ်သင့်ပါတယ်။ အကယ်၍မရခဲ့သည့်တိုင်အောင် နောက်နောင်သောဘဝအတွက် အထောက်အပံ့ပါရမီကောင်းဖြစ်နိုင်သည်ဟု နှလုံးပိုက်ထားပါ။

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

ပထမဈာန်သို့



အသင်သူတော်ကောင်းသည် အလွန်ကြည်လင် တောက်ပနေသော
အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်
ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်နေအောင် သမာဓိကို ထူထောင်နိုင်သောအခါ
ယင်း အာနာပါနပဋိဘာဂနိမိတ်သည်လည်း အထူးကြည်လင် တောက်ပလာ
သောအခါ ဘ၀င်မနောအကြည်၏ တည်ရာ နှလုံးအိမ်အတွင်း ဟဒယ၀တ္ထု
ရှိရာ ဘက်သို့ လှမ်းအာရုံယူကြည့်ပါ။

 ကြိမ်ဖန်များစွာ လေ့ကျင့်ပါက ဟဒ၀တ္ထုကို မှီဖြစ်နေသော ဘ၀င်မနောအကြည် = မနောဒွါရကိုလည်းကောင်း၊ယင်းမနောဒွါရတွင် ထင်နေသော အာနာပါနပဋိဘာဂနိမိတ်ကိုလည်းကောင်း
လွယ်ကူစွာ သိမ်းဆည်းနိုင်မည် ဖြစ်ပေသည်။

 ထိုနောင် သမာဓိကို အရှိန်မြင့်မားသည်ထက် မြင့်မားအောင် ထူထောင်၍ ယင်း ဘ၀င်မနောဒွါရနှင့်
ယင်း အာနာပါနပဋိဘာဂနိမိတ်ကို ပူးတွဲ သိမ်းဆည်းလျက် ဈာန်အင်္ဂါတို့ကို
ဆင်ခြင်ကြည့်ပါ။ ယင်း ဘ၀င်မနောဒွါရတွင် ယင်းအာနာပါနပဋိဘာဂနိမိတ်
အာရုံက ရှေးရှု ထင်ခြင်းသို့ ရောက်သောအခါ = ရှေးရှု ကျရောက်လာသော
အခါ ယင်း အာနာပါနပဋိဘာဂနိမိတ်အာရုံကို အာရုံပြုနေသော အာရုံမူ
နေသော ဈာန်အင်္ဂါတို့ကို ကြိမ်ဖန်များစွာ ဆင်ခြင်လိုက်ပါက တဖြည်းဖြည်း
လွယ်ကူစွာပင် သိမ်းဆည်းနိုင်ပေလိမ့်မည်။ ဝိတက်၊ဝိစာရ ၊ပီတိ ၊သုခ ၊ဧကဂ္ဂတာ
ဟုခေါ်သော ဈာန်အင်္ဂါငါးပါး ကို တစ်လုံးခြင်း ကျေညက်အောင်သိမ်းဆည်းပါ။

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

ဘဝမနောအကြည်ကို စတင်ရှုပါ



ယောဂီသည် အာနာပါနိမိတ်အား နှာသီးဖျား (သို့) အထက်နှုပ်ခမ်း တစ်နေရာ၌ငြိမ်သက်စွာ
၁နာရီ ၂နာရီ ခန့် တည်နေလျှင်(ဝါ) ရှုပွါးနိုင်လျှင် (ထိုအချိန်တွင် လေကိုရှုစရာမလိုပေ ။နိမိတ်
ကိုသာငြိမ်သက်စွာရှုပွားပါ။နှလုံးသွင်းနေပါ၊ လေကိုရှုလိုက် အလင်းကိုရှုလိုက်မလုပ်ရပါ။ )
နိမိတ်ကိုသာ နိမတ်ဟုနှလုံးသွင်းရှုပွါးနေပါ ။ ထိုသို့အဝါးဝစါာလေ့ကျင့်ရှုပွား နိုင်သောယောဂီသည်
ဘဝမနောအကြည်ကို စတင်သိမ်းဆည်းဖို့လေ့ကျင့်ရပါမယ် ။ ပဌမဦးစွာ လေကိုပုံမှန်ရှုပွါးကာ
နိမိတ်ကို ၄၅မိနစ်ခန့် ငြိမ်သက်စွာရှုပွါးပါ ။ ထိုနောက်နှလုံးအိမ်၏ တစ်နေရာသို့ အာရုံပြု၍ သိမ်းဆည်း
ကြည့်ပါ ။

ဈာန်သို့ ကူးလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း ဘ၀င်မနော
အကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းတတ်ဖို့ သိမ်းဆည်းထားပြီးဖြစ်ဖို့
ဉာဏ်ဖြင့် ပိုင်းခြားယူပြီးဖြစ်ဖို့ လိုအပ်ပေသည်။ အနုပဒသုတ္တန်(မ၊၃၊၇၅-၇၉၊၊)
၌ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် ဈာန်အင်္ဂါတို့နှင့်တကွသော
ဈာနဓမ္မ အမည်ရသော ဈာန်နာမ်တရားစုတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့်
ပိုင်းခြားယူနိုင်ကြောင်းကိုလည်းကောင်း၊ ထင်ထင်ရှားရှား သိတော်မူကြောင်း
ကိုလည်းကောင်း၊ ယင်းတရားတို့၏ ဖြစ်မှု တည်မှု ပျက်မှုကို ထင်ထင်ရှားရှား
သိလျက် ၀ိပဿနာ ရှုပွားသုံးသပ်နိုင်ကြောင်းကိုလည်းကောင်း ဘုရားရှင်
ကိုယ်တော်တိုင်က ၀န်ခံလျက် ဟောကြားထားတော်မူ၏။ ထိုကဲ့သို့ ရှုနိုင်ရခြင်း
၏ အကြောင်း ကလို ည်း အဋ္ဌကထာဆရာတောက် ၀တ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ။
(မ၊ဋ္ဌ၊၄၊၆၀။) --- ၀တ္ထု (= ဒွါ ရ) နှင့် အာရုံကို ပူးတွဲသိမ်းဆည်းလျက်
ယင်းဈာန်နာမ်တရားတို့ကို ၀ိပဿနာ ရှုပွားခြင်းကြောင့် ထိုကဲ့သို့ ရှုနိုင်
ကြောင်းကို ရှင်းပြထား၏။

ပညာအရာတွင် ထိပ်တန်းဧတဒဂ် ဘွဲ့ထူးကြီးကို ဆင်မြန်းသွားတော်
မူသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကိုယ်တိုင် ရိုသေစွာ ဦးထိပ်
ရွက် ပန်ဆင်လျက် လိုက်နာ ပြုကျင့်သွားတော်မူသော ဤ ရှေးထုံးဟောင်း
ဥပဒေသကြီးကား ဈာန်အင်္ဂါတို့ကိုလည်းကောင်း၊ ဈာန်အင်္ဂါနှင့်တကွသော
ဈာန်နာမ်တရားစုတို့ကိုလည်းကောင်း သိမ်းဆည်းလိုသော = ဉာဏ်ဖြင့် ပိုင်း
ခြားယူလိုသော ၀ိပဿနာလည်း ရှုပွားသုံးသပ်လိုသော အသင်သူတော်ကောင်း
အတွက် တန်ဖိုး မဖြတ်နိုင်သော ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်၍
လိုက်နာ ပြုကျင့်သင့် ပြုကျင့်ထိုက်သော ရှေးထုံးဟောင်းကြီး တစ်ခုပင် ဖြစ်ပေသည်။

ကြိမ်ဖန်များစွာ လေ့ကျင့်ပါက ဟဒယ၀တ္ထုကို မှီဖြစ်နေသော ဘ၀င်မနောအကြည် = မနောဒွါရကိုလည်းကောင်း၊ယင်းမနောဒွါရတွင် ထင်နေသော အာနာပါနပဋိဘာဂနိမိတ်ကိုလည်းကောင်း လွယ်ကူစွာ သိမ်းဆည်းနိုင်မည် ဖြစ်ပေသည်။

(သတိပြုရန်= ထိုသို့ရှုပွါးရာ၌ နိမိတ်အား ၄၅မိနစ်ခန့် ရှုပွါး၍ ၂စက္ကန့် ၃စက္ကန့် မျှသာ ဟဒယ၀တ္ထုကို မှီဖြစ်နေသော ဘ၀င်မနောအကြည်ကိုသိမ်းဆည်းရပါမည်။ မတွေ့သေးပါက နိမိတ်ကို ၄၅မိနစ်ခန့်ပြန်ရှုနေပါ ပြီးမှ ၂စက္ကန့် ၃စက္ကန့် မျှပြန်ရှုကြည့်ပါ ။မကြာမှီတွေ့လာပါလိမ့်မည်။ အတင်းထိုးစိုက်ပြီးလည်းမရှုရပါ ။ နှလုံးအိမ်၌အောက်လာတတ်ပါတယ် ။)

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

ဗောဇ္ဈင် (၇) ပါး ညီမျှအောင် ကျင့်ပုံ



၁။ အာနာပါနပဋိဘာဂနိမိတ်အာရုံကို အောက်မေ့အမှတ်ရနေသော အဖန်ဖန်
အထပ်ထပ် သိမ်းဆည်းနေသော သတိကား သတိသမ္ဗောဇ္ဈင်၊
၂။ အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထိုးထွင်းသိနေသော ပညာကား
ဓမ္မ၀ိစယသမ္ဗောဇ္ဈင်၊
၃။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဗောဇ္ဈင်(၇)ပါးတို့ စုံစုံညီညီ ညီညီ
မျှမျှ ဖြစ်အောင် ကြိုးစားအားထုတ်ခြင်း အထူးသဖြင့် ဓမ္မ၀ိစယ
သမ္ဗောဇ္ဈင် ၀ီရိယသမ္ဗောဇ္ဈင်တို့ဖြစ်အောင် ကြိုးစားအားထုတ်ခြင်း
ဝီရိယကား ၀ီရိယသမ္ဗောဇ္ဈင်၊
၎။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ကြည်ရွှင်ဝမ်းမြောက်ခြင်းပီတိကား
ပီတိသမ္ဗောဇ္ဈင်
၅။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ် စေတသိက်တို့၏ ငြိမ်း
အေးနေခြင်း ပဿဒ္ဓိကား ပဿဒ္ဓိသမ္ဗောဇ္ဈင်၊
၆။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍
တည်နေခြင်း သမာဓိကား သမာဓိသမ္ဗောဇ္ဈင်၊
၇။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို --- "တက်ကြွခြင်း
တွန့်ဆုတ်ခြင်း"ဘက်သို့ မရောက်အောင် အညီအမျှထားခြင်း တတြမဇ္ဈတ္တတာကား
ဥပေက္ခာသမ္ဗောဇ္ဈင်၊

ဤ ဗောဇ္ဈင်မြတ်တရား (၇)ပါးကိုလည်း အသင်သူတော်ကောင်းသည်
ညီမျှအောင် ပွားရမည် ဖြစ်သည်။ အလွန့်အလွန် လုံ့လ၀ီရိယ လျော့နည်း
နေခြင်း စသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် အာနာပါန
ပဋိဘာဂနိမိတ်တည်းဟူသော ကမ္မဋ္ဌာန်းအာရုံမှ တွန့်ဆုတ်နေ၏။

စိတ်ဓာတ်ကျဆင်းနေ၏။ ထိုအခါ၌ ပဿဒ္ဓိသမ္ဗောဇ္ဈင် သမာဓိသမ္ဗောဇ္ဈင် ဥပေက္ခာသမ္ဗောဇ္ဈင်ဟ
ူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကို မပွားများပါနှင့်။ ဓမ္မ၀ိစယ
သမ္ဗောဇ္ဈင် ၀ီရိယသမ္ဗောဇ္ဈင် ပီတိသမ္ဗောဇ္ဈင်တည်းဟူသော ဗောဇ္ဈင်မြတ်
တရား သုံးပါးတို့ကို ပွားပေးပါ။ ဤသို့ ပွားသော် စိတ်ဓာတ်ကို ချီးမြှောက်ပေး
သည် မည်၏။ ကျဆင်းနေသော စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်းတည်း။

အပြင်းအထန် ကြိုးစားအားထုတ်ခြင်း = ၀ီရိယလွန်ကဲခြင်း စသော
အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် တက်ကြွတုန်လှုပ်လျက် ရှိ၏။
ပျံ့လွင့်လျက် ရှိ၏။ ထိုအခါမျိုး၌ ဓမ္မ၀ိစယ ၀ီရိယ ပီတိဟူသော ဗောဇ္ဈင်မြတ်တရား
သုံးပါးတို့ကို မပွားပါနှင့်။ ပဿဒ္ဓိ သမာဓိ ဥပေက္ခာဟူသော
ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကိုသာ ပွားပေးပါ။

 တက်ကြွတုန်လှုပ်နေသော စိတ်ဓာတ် ပျံ့လွင့်နေသော စိတ်ဓာတ်ကို နှိပ်ကွပ်ပေးခြင်းတည်း။
ဗောဓိခေါ်သော အရိယမဂ်ဉာဏ်ကို ရရှိဖို့ရန် အကြောင်းအင်္ဂါရပ်များ
ဖြစ်သောကြောင့် ဤတရား (၇)ပါးတို့ကို ဗောဇ္ဈင်ဟု ခေါ်ဆိုသည်။ ဤကား
ဣနြေ္ဒ (၅)ပါး ဗောဇ္ဈင် (၇)ပါးတို့ကို ညီမျှအောင်ကျင့်ပုံ အကျဉ်းတည်း။

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

ဣနြေ္ဒ (၅) ပါး ညီမျှအောင်မှ ဘာဝနာစွမ်းအားကြီးမည်



သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာဟု ဣနြေ္ဒ (၅)ပါး ရှိ၏။ ယောဂါဝ-
စရပုဂ္ဂိုလ်၏ စိတ်အစဉ်ကို နိဗ္ဗာန်သို့သွားရာ သမထဘာဝနာ လမ်းကြောင်း
ဝိပဿနာဘာဝနာ လမ်းကြောင်းမှ တိမ်းစောင်း၍ ဘေးသို့ ကျမသွားအောင်
ထိန်းချုပ်ထားနိုင်သော စွမ်းအားကြီး ငါးရပ်ပင် ဖြစ်၏။

 ထိုတွင် သဒ္ဓါဟူသည်မှာ ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည့် ယုံကြည်သင့် ယုံကြည်
ထိုက်သော သဒ္ဓေယျဝတ္ထုတို့၌ ယုံကြည်မှုတည်း။ ဘုရားရှင်၏ ဗောဓိဉာဏ်တော်မြတ်အပေါ်
၌ ယုံကြည်ဖို့လည်း အထူးလိုအပ်၏။ ဘုရားရှင်၏ အပေါ်၌
ထိုထို ဤဤ ကြံစည်လျက် မယုံကြည်မှုတွေ များပြားနေပါက အသင်သူတော်ကောင်း၏
ဘာဝနာလုပ်ငန်းခွင်သည် နောက်သို့ ဆုတ်သွားမည် ဖြစ်၏။

ဘုရားရှင်၏ မဂ် (၄)ပါး ဖိုလ် (၄)ပါး နိဗ္ဗာန် ပရိယတ်တည်းဟူသော (၁၀)
တန်သော တရားတော်မြတ်အပေါ်၌လည်း ယုံကြည်မှု အပြည့်အ၀ရှိဖို့ကား
အထူးလိုအပ်လျက် ရှိ၏။ ဘုရားရှင် ဟောကြားထားတော်မူအပ်သော ပရိ
ယတ် တရားတော်တို့ကား ဘာဝနာလုပ်ငန်းခွင်ကို လမ်းညွှန်ပေးနေသော
တရားတော်တို့သာ ဖြစ်ကြ၏။ ယင်း တရားတော်တို့အပေါ်၌ ယုံကြည်ချက်
သဒ္ဓါတရား အပြည့်အ၀ရှိဖို့ကား ဤအပိုင်းတွင် အထူးလိုအပ်ပေသည်။

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

သတိထားရမည့် အရေးကြီးဆုံးသော အချက်



ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ်ဟူသော နှစ်ဆင့်လုံး၌
နိမိတ် နှစ်မျိုးလုံးတို့သည် ခိုင်ခံ့လာသဖြင့် လေနှင့်နိမိတ်တို့သည် တစ်သား
တည်း ဖြစ်လာ၍ ထိုနိမိတ်တို့၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်၍ တည်နေ
အောင် ကြိုးစားအားထုတ်သည့်အပိုင်းဝယ် နိမိတ်ကို ကြည့်လိုက်၊ ၀င်သက်
လေ-ထွက်သက်လေကို ကြည့်လိုက် --- ဤသို့ မပြုလုပ်ပါနှင့်။

ဝင်သက်လေ
ထွက်သက်လေကို လုံးဝ မကြည့်တော့ဘဲ အာနာပါနနိမိတ်၌သာ ဘာဝနာ
စိတ်ကို တစ်ဖက်သတ် စိုက်ရှုနေပါ။ အကယ်၍ နိမိတ်က ပျောက်ပျက်သွား
ခဲ့သော် ထိုအခါတွင် ၀င်သက်လေ-ထွက်သက်လေကို တစ်ဖန် ပြန်ရှုပါ။ တစ်ဖန်
နိမိတ်ပြန်ပေါ်လာ၍ နိမိတ်က ခိုင်ခံ့လာသောအခါ နိမိတ်ကိုသာ တစ်ဖန်
ပြန်၍ ရှုနေပါ။ ဤနည်းအတိုင်း လေ့ကျင့်ခဲ့သော် နိမိတ်လည်း ခိုင်လာ၍
တဖြည်းဖြည်း ဥပစာရသမာဓိသို့လည်း ဆိုက်လာမည် ဖြစ်သည်။

လေနှင့်နိမိတ် နှစ်မျိုးလုံးကို ဂရုစိုက်နေပါက ကြည့်နေပါက သမာဓိမှာ မစူးရှဘဲ
သော်လည်း ရှိတတ်၏၊ လျှော၍သော်လည်း ကျသွားတတ်၏။ သတိရှိပါစေ၊၊
ဥပမာ -စင်စစ်သော်ကား ခတ္တိယမဟေသီ မိဖုရားခေါင်ကြီးသည် စကြ၀တေး
မင်းလောင်းကိုယ်ဝန်ကို (ဖန်ပေါင်းချောင် အတွင်း၌ တည်နေသကဲ့သို့ မြင်တွေ့နေရ
သဖြင့် မပျက်စီးအောင်) စောင့်ရှောက်အပ်သကဲ့သို့လည်းကောင်း၊
လယ်သမားသည် သလေးမုယောစပါးဖုံးကို စောင့်ရှောက်အပ်သကဲ့သို့လည်း
ကောင်း ထို အာနာပါနပဋိဘာဂနိမိတ်ကို စောင့်ရှောက်ပါ။

 ယင်း ပဋိဘာဂနိမိတ်ကိုပင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ နှလုံးသွင်းပါ။ ယင်းသို့ နှလုံး-
သွင်းခြင်းဖြင့် ယင်းဥပစာရသမာဓိကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်
ပါ။ ၀ိရိယနှင့်သမာဓိ၊ သဒ္ဓါနှင့်ပညာတို့ကို ညီမျှအောင် သတိဖြင့် ထိန်းကွပ်လျက်
ဣနြေ္ဒ (၅)ပါး ညီမျှအောင် ကြိုးစားပါ။ ယင်းသို့ ကြိုးစားအားထုတ်
ခဲ့သော် ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စတုက္ကဈာန် ပဉ္စကဈာန်တို့သည်
ဖြစ်ပေါ်လာကြကုန်၏။ (၀ိသုဒ္ဓိ၊၁၊၂၇၈။)

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

နိမိတ်တွင်း၌သာ ဘာဝနာစိတ် နစ်မြုပ်ပါစေ



နိမိတ်တို့ ပေါ်လာရာ၌ ဆင်စွယ်ကဲ့သို့သော ပုံသဏ္ဌာန်ဖြင့် နှာသီးဝ
မှစ၍ အပြင်ဘက်သို့ အတန်းလိုက်ပေါ်လာရာ၌ကား ယင်း နိမိတ်နောက်သို့
စိတ်ကို မလိုက်ဘဲ နှာသီးဝနှင့် အနီးကပ်ဆုံးနေရာ၌ တည်ရှိနေသည့် နိမိတ်
အတွင်း၌သာ ဘာဝနာစိတ်ကို သွတ်သွင်းထားပါ။ စိုက်ကြည့်နေပါ။ အတွင်း
ဘက်သို့ အချောင်းလိုက် တည်ရှိရာ၌လည်း အတွင်းဘက်သို့ လိုက်မကြည့်ဘဲ
နှာသီးဝနှင့် အနီးကပ်ဆုံးနေရာ၌ တည်ရှိသည့် နိမိတ်၌သာ စိတ်ကပ်ထားပါ။

ထိုနိမိတ်အားလုံးကို သိတန်သလောက် သိမှုကား ရှိကောင်းရှိနိုင်၏။ သို့သော်
နှာသီးဝတွင် ကပ်နေသော နိမိတ်အတွင်း၌သာ ဘာဝနာစိတ် နစ်မြုပ်နေဖို့သာ
လိုရင်း ဖြစ်ပေသည်။ ထို နိမိတ်၏ အတွင်း၌ ဘာဝနာစိတ်သည် တစ်နာရီ
နှစ်နာရီ စသည်ဖြင့် ထိုင်တိုင်းလိုလို ငြိမ်ဝပ်စွာ ကပ်၍ တည်လာပါက ထိုနိမိတ်
မှာလည်း တစ်စ တစ်စ တဖြည်းဖြည်း ကြည်လင်သည်ထက် ကြည်လင်
တောက်ပသည်ထက် တောက်ပလာပေလိမ့်မည်။ အထူး ကြည်လင်တောက်ပလာသော
ထိုနိမိတ်ကား ပဋိဘာဂနိမိတ်တည်း။

ဤသို့ ပဋိဘာဂနိမိတ် ထင်သည့်အခါမှစ၍ ထို ယောဂါဝစရပုဂ္ဂိုလ်၏
သန္တာန်၌ နီဝရဏ ကိလေသာအညစ်အကြေးတို့သည် ခွာအပ်ပြီးသာလျှင်
ဖြစ်ကုန်၏။ နီဝရဏမှ ကြွင်းသော ကိလေသာတို့သည်လည်း အနည်ထိုင်သွား
ကြကုန်သည်သာ ဖြစ်ကုန်၏။ အာနာပါနဿတိသည်လည်း ယင်း အာနာပါန
ပဋိဘာဂနိမိတ်အာရုံ၌ ရှေးရှု တည်နေသည်သာလျှင် ကပ်၍ တည်နေသည်
သာလျှင် ဖြစ်၏။ ဘာဝနာစိတ်သည် ဥပစာရသမာဓိဖြင့် အာနာပါနပဋိဘာဂ-
နိမိတ် အာရုံ၌ ကောင်းစွာတည်နေသည်သာလျှင် ဖြစ်၏။ (၀ိသုဒ္ဓိ၊၁၊၂၇၈၊၊)

ထိုအခါ၌ ဤယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာနာပါနနိမိတ်ကို ၀ါ-
ဂွမ်းစိုင် သောက်ရှူးကြယ် စသည်တို့၌ကဲ့သို့ ထင်လာသော အဖြူရောင်
စသော အရောင်အဆင်းအားဖြင့်လည်း နှလုံးမသွင်းပါနှင့်၊ သဘာဝလက္ခဏာ
သာမညလက္ခဏာအားဖြင့်လည်း နှလုံးမသွင်းပါနှင့်။ (၀ိသုဒ္ဓိ၊၁၊၂၇၈။)။
ဒါသည်အရေးကြီးဆုံးသော စည်းကမ်းတည်း ။

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်



ယေဘုယျအားဖြင့် ၀ါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေသောနိမိတ်မှာ
ဥဂ္ဂဟနိမိတ် ဖြစ်၏။ ဥဂ္ဂဟနိမိတ်ကား မကြည်ပေ။ ဆွတ်ဆွတ်ဖြူရာမှ
သောက်ရှူးကြယ်ကဲ့သို့ တောက်ပနေသော ဖန်တုံးမှန်တုံးကဲ့သို့ အလွန်ကြည်
လင် တောက်ပနေသော နိမိတ်ကား ပဋိဘာဂနိမိတ်တည်း။ ပတ္တမြားလုံးကဲ့သို့
ထင်လာရာ၌ မကြည်သော ပတ္တမြားလုံးကဲ့သို့သော နိမိတ်ကား ဥဂ္ဂဟနိမိတ်
တည်း၊ ကြည်လင်တောက်ပနေသော ပတ္တမြားလုံးကဲ့သို့သော နိမိတ်ကား
ပဋိဘာဂနိမိတ်တည်း။ ကြွင်းကျန်သော အရောင်တို့၌လည်း နည်းတူ သဘော
ပေါက်ပါ။

အထက်တွင် ဖော်ပြထားသော နိမိတ်အမျိုးမျိုးတို့တွင် အမှတ် (၁၁)
အဖြစ် ဖော်ပြထားသော နိမိတ်မှာ မီးခိုးညွန့်ကဲ့သို့သော နိမိတ်ဖြစ်၏။ ယင်း
နိမိတ်၌ ညစ်ထပ်ထပ် မီးခိုးရောင်နိမိတ်ကား ပရိကမ္မနိမိတ်တည်း။ ၀ါဂွမ်းစိုင်
ကဲ့သို့ ဆွတ်ဆွတ်ဖြူသော မီးခိုးညွန့်ရောင်နိမိတ်ကား ဥဂ္ဂဟနိမိတ်တည်း။
ကြည်လင်တောက်ပလာသော မီးခိုးညွန့်ရောင်နိမိတ်ကား ပဋိဘာဂနိမိတ်
တည်း။

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

နိမိတ်များသည် တစ်ဦးနှင့်တစ်ဦး မတူရသလဲ ?



သညာနာနတာယာတိ နိမိတ္တုပဋ္ဌာနတော ပုဗ္ဗေ၀ ပ၀တ္တသညာနံ
နာနာဝိဓိဓဘာဝတော။ (မဟာဋီ၊၁၊၃၃၅။)

တစ်ခုတည်းသာလျှင် ဖြစ်သော တစ်မျိုးတည်းသာလျှင် ဖြစ်သော ဤ
အာနာပါနကမ္မဋ္ဌာန်းသည် နိမိတ်မထင်မီ နိမိတ်ထင်သည်မှ ရှေးမဆွက
ဖြစ်ကုန်သော သညာတို့၏ အထူးထူးသော သဘောရှိသည်၏ အဖြစ်ကြောင့်
= တစ်ဦးနှင့်တစ်ဦး တစ်ချိန်နှင့်တစ်ချိန် မတူညီဘဲ သညာတို့၏ ထူးထွေကွဲပြား
မှု ရှိသည်၏ အဖြစ်ကြောင့် နိမိတ်အမျိုးမျိုး ထင်လာခြင်း ဖြစ်၏။

မှန်ပေသည် ဤအာနာပါနနိမိတ်သည် အာနာပါနဿတိသမာဓိ ဘာဝနာ
သညာကြောင့် ဖြစ်ပေါ်လာရ၏။ (ဘာဝနာသညာဖြင့် မှတ်အပ် ကြံဆအပ်
ကာမျှ ဖြစ်၏။) ဘာဝနာသညာဟူသော အကြောင်းရင်းရှိ၏။ ဘာဝနာသညာ
ဟူသော အမွန်အစ ရှိ၏။ ထိုကြောင့် ဘာဝနာသညာ ထူးထွေ ကွဲပြားမှု
ရှိသောကြောင့် နိမိတ်အမျိုးမျိုး ထင်လာရခြင်း ဖြစ်ပေသည်။
(၀ိသုဒ္ဓိ၊၁၊၂၇၇။ မဟာဋီ၊၁၊၃၃၅။)

အာနာပါနဿတိသမာဓိဘာဝနာသည် ရင့်ကျက်လာသောအခါ
နိမိတ်မပေါ်မီ ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် နိမိတ်နှင့် ပတ်သက်၍
တစ်ဆင့်ကြားဖူး၍ ဖြစ်စေ၊စာပေကိုဖတ်ဖူး၍ ဖြစ်စေ "ဤသို့သော နိမိတ်ဤသို့သော
နိမိတ်" စသည်ဖြင့် နိမိတ်နှင့်ပတ်သက်သော အယူအဆ အတွေး
အခေါ်များ အမှတ်သညာများသည် ရံခါ ကြိုးကြားကြိုးကြား ဖြစ်ပေါ်တတ်
၏။ ယင်း အမှတ်သညာတို့၏ ထူးထွေကွဲပြားမှုကြောင့် နိမိတ်အမျိုးမျိုး ပုံသဏ္ဌာန်
အမျိုးမျိုး အရောင်အမျိုးမျိုး ဖြစ်ပေါ်လာရခြင်း ဖြစ်၏။

နိမိတ်ပေါ် လာပြီး နောက်ပိုင်း၌လည်း ဘာဝနာသညာက ထပ်မံ၍ ကွဲပြားနေပြန်လျှင်
လည်း နိမိတ်မှာ ပုံသဏ္ဌာန်အမျိုးမျိုး အရောင်အမျိုးမျိုး ပြောင်းလဲနေတတ်
ပေသည်။ ထိုကဲ့သို့ အပြောင်းအလဲများနေပါက ဈာန်သမာဓိသို့ ရောက်ရှိဖို့ရန်
များစွာ အခက်အခဲ ရှိနိုင်ပေသည်။ထို့ကြောင့် အသင်သူတော်ကောင်းသည် နိမိတ်နှင့် ပတ်သက်သည့်
သညာများကို နည်းနိုင်သမျှနည်းအောင် ကြိုးစားပါ။ နှာသီးဖျား သို့မဟုတ်
အထက်နှုတ်ခမ်းတွင် ကပ်၍ပေါ်နေသော နိမိတ်၌သာ ဘာဝနာစိတ်ကို ငြိမ်
ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားပါ။

 ရေပြည့်နေသော ဖန်ခွက် တစ်ခု
အတွင်းသို့ ပတ္တမြားတစ်လုံးကို သို့မဟုတ် ပုလဲတစ်လုံးကို နှစ်ထားသကဲ့သို့
နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတွင် ကပ်၍ တည်နေသော နိမိတ်
အတွင်း၌သာ ဘာဝနာစိတ်ကို နှစ်ထားပါ။ ယင်း နိမိတ်ကိုသာ စူးစူးစိုက်စိုက်
မြဲမြဲမြံမြံ ရှုနေပါ။ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေ
အောင် ကြိုးစားအားထုတ်ပါ။

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

သမာဓိနိမိတ် စတင်ရစ



လေသိမ်မွေ့ခြင်းကို လွန်မြောက်ကာ လေပြန်တွေ့သည်နှင့် ရှေးမနှောင်းမှီပင် အလင်းစတင်တွေ့ရှိတတ်ပါတယ် ။
မျက်စိမှိတ်ထားသော်လည်း အလင်းမှုံကလေးများ မြင်ရသကဲ့သို့လည်းကောင်း ၊ တစ်ခါတစ်ရံ အားကြီးလာကာ မျက်နှာပြင်၌ တည်နေ၍သော်လည်းကောင်း  စသည်တို့တွေ့ရှိနေတတ်၏ ။ ထိုအခါယောဂီသည် ထိုအရာတို့အားမရှုဘဲ (ဝါ)နှလုံးမသွင်းဘဲ လေကိုသာရှု နေပါ ။

လေကိုမှတ်အားကောင်းကောင်းနှင့် ရှုမှုကြောင့်ထိုထိုသော အလင်းတို့
တွေ့ရှိရခြင်းဖြစ်သဖြင့် လေကိုလွတ်လိုက်ပါက ထိုအလင်းများပျောက်သွားတတ်၏ ။ ထိုအခါယောဂီသည် စိုးးရိမ်စိတ်ဝင်ကာအလင်းကိုလိုက်ရှာခြင်းကြောင့် ကမ္မဋ္ဌာန်းဆုတ်ယုတ်တော့၏။ ထို့ကြောင့်မည်သို့ဘဲ လာနေပါစေ ဒီအချိန်သည်လေကိုသာသတိဖြင့်မှတ်ရမည့်အချိန်ဟု နှလုံးပိုက်ကာ မိမိရှုနေသော ဝင်သက်လေ ထွက်သက်လေကိုသာ ရှုနေပါ ။ ထိုနောက် မိမိရှုနေသော နှာသီးဖျား (သို့)အထက်နှုတ်ခမ်း၌ လေနဲ့နိမိတ်တို့ ရောယှက်လာကာ  တစ်ဖြည်းဖြည်းခြင်း
တစ်သားတည်းဖြစ်လာပေမည် ။

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

အဿာသပဿာသ မရှိသော ပုဂ္ဂိုလ်များ



၁။ အမိဝမ်းတွင်း၌ တည်နေသော သတ္တ၀ါ
၂။ ရေထဲ၌ နစ်မြုပ်နေသော သတ္တ၀ါ
[ဤပုဂ္ဂိုလ်နှစ်ဦးတို့ကား အဿာသ-ပဿာသ ဖြစ်ရာဌာန မဟုတ်သောကြောင့် အဿာသ-ပဿာသ
မရှိခြင်း ဖြစ်သည်။]
၃။ တွေဝေမိန့်မောနေသော (မေ့မြောနေသော) သတ္တ၀ါ၊ တစ်နည်း အသညသတ်ဘုံ၌ ဖြစ်ကုန်သော သတ္တ၀ါ
၎။ သေနေကုန်သောသတ္တ၀ါ (အလောင်းကောင်ကို ဆိုလိုသည်)
၅။ နိရောဓသမာပတ် ၀င်စားနေသော အနာဂါမ် ရဟန္တာ
[ဤ ၃-၄-၅ အမှတ်ပြ ပုဂ္ဂိုလ်တို့၏ သန္တာန်၌ကား အဿာသ-ပဿာသကို ဖြစ်စေတတ်သော စိတ်၏
မရှိခြင်းကြောင့် အဿာသ-ပဿာသ မရှိခြင်း ဖြစ်သည်။]

၆။ စတုတ္ထဈာန်သမာပတ်ကို ၀င်စားနေသောပုဂ္ဂိုလ်
[ဤပုဂ္ဂိုလ်၏ သန္တာန်၌ ဓမ္မတာအားဖြင့် အဿာသ-ပဿာသတို့၏ မဖြစ်ခြင်းပင်တည်း။]
၇။ ရူပဘ၀ အရူပဘ၀နှင့် ပြည့်စုံသော ဗြဟ္မာပုဂ္ဂိုလ် (ဓမ္မတာပင်တည်း) ----
ဤကား အဿာသ-ပဿာသ မရှိသောပုဂ္ဂိုလ်များတည်း။ ထိုပုဂ္ဂိုလ်များစာရင်းတွင် မိမိ မပါဝင်သည်ကို
မိမိကိုယ်ကို မိမိကိုယ်တိုင် စောဒနာ၍ ---

"သူတော်ကောင်း ဤဆိုခဲ့ပြီးသော ခုနစ်ဌာနတို့မှလွတ်သော အဿာသ-ပဿာသတို့၏ မဖြစ်ရာ ဌာန၏
မရှိခြင်းကြောင့် သင်၏သန္တာန်၌ အဿာသ-ပဿာသတို့သည် ရှိသည်သာလျှင်တည်း၊ ထိုသို့ပင် ရှိပါသော်လည်းပညာနုံ့သည့်အတွက် အားနည်းသည့်အတွက်ကြောင့် အဿာသ-ပဿာသကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းငှာသိမ်းဆည်းခြင်းငှာ မစွမ်းနိုင်ခြင်း ဖြစ်၏ " ဟု ဤသို့ တစ်ဖန်ပြန်၍ မိမိကိုယ်ကို မိမိ စောဒနာပါ။

ထိုနောင် ဤယောဂါဝစရ ရဟန်းတော်သည် ပကတိအားဖြင့် ၀င်သက်လေ ထွက်သက်လေတို့၏ ထိမှု
ထင်ရှားရာဌာန၌သာလျှင် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထား၍ ၀င်သက်လေ ထွက်သက်လေကို နှလုံးသွင်းမှုကို ဖြစ်စေပါ။ ဤ ၀င်သက်လေ ထွက်သက်လေတို့သည် နှာခေါင်းရှည်သောသူအား နှာခေါင်းဖုကို ထိခိုက်ကုန်လျက် ဖြစ်ပေါ်ကြကုန်၏၊ နှာခေါင်းတိုသောသူအား အထက်နှုတ်ခမ်းကို ထိခိုက်ကုန်လျက် ဖြစ်ပေါ်လာကြကုန်၏။ ထိုကြောင့် ဤ၀င်သက်လေ ထွက်သက်လေ မထင်ရှားသော ယောဂါဝစရ ရဟန်းတော်သည် (ထင်ရှားအောင် သက်သက်ပြုပြင်၍ အသက်ရှူ မှု ၊ကြမ်းကြမ်းရှူ မှုကို မပြုဘဲ) ဤမည်သောနေရာကို ၀င်သက်လေထွက်သက်လေတို့သည် ထိခိုက်ကုန်၏ဟု နှလုံးပိုက်၍ အဿာသ-ပဿာသကို ရှုပွားနေသော ဘာဝနာစိတ်ကိုဖွဲ့ချည်ရာ ဖွဲ့ချည်ကြောင်းဖြစ်သော နိမိတ်ဟူသော နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်း၌သာ၍ မြဲမြံသော
အမှတ်သညာကို ဖြစ်စေအပ်၏။

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

လေသိမ်မွေ့နေခဲ့သော်



လေသိမ်မွေ့ခြင်းသည် အာနာပါနစတင်အားထုသော ယောဂီတိုင်းနီးနီး ဖြတ်ကျော်ရမည့် အချက်ပင်ဖြစ်သည် ။

အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်စဉ် ဘာဝနာသမာဓိ စွမ်းအားရှိန်စော် အာနုဘော်ကြောင့် ၀င်သက်လေ
ထွက်သက်လေတို့သည် အဆင့်ဆင့်သိမ်မွေ့ရာမှ ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ မထင်လာ မမြင်လာသဖြင့်နေရာမှ ထ၍ သွားခဲ့သော် ကမ္မဋ္ဌာန်းအသစ်အသစ် ဖြစ်ရခြင်းမှာ ဤသို့ ဖြစ်၏ --- နောက်ထပ်တစ်ဖန် ပြန်၍အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်ပြန်လျှင်လည်း ထိုသို့ပင် ၀င်သက်လေ ထွက်သက်လေတို့သည် မထင်မရှားတစ်ဖန်ပြန်၍ ဖြစ်လာကြဦးမည်သာ ဖြစ်သည်။ မထင်ရှားတိုင်း ထ၍ ထ၍သာ သွားနေပါက တစ်ဖန်ပြန်၍တရားထိုင်တိုင်း ထိုင်တိုင်း မထင်မရှားသာ ပြန်၍ ဖြစ်နေဦးမည် ဖြစ်သည်။ သို့အတွက် ကမ္မဋ္ဌာန်း အသစ်အသစ်သာ ဖြစ်နေမည်ဟု မိန့်ဆိုခြင်း ဖြစ်ပေသည်။

ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ၀င်သက်လေ ထွက်သက်လေသည် မထင်မရှား ဖြစ်လတ်သော် ရှေးက
မိမိ မှတ်ယူဖူးသော ပကတိသော ၀င်သက်လေ ထွက်သက်လေ၏ ထိရာ အရပ်ဒေသဌာနမှ ၀င်သက်လေ
ထွက်သက်လေကို ဉာဏ်ဖြင့် မြင်အောင် ဆောင်ယူရမည် ဖြစ်သည်။ ဆောင်ယူပုံ အကြောင်းဥပါယ်ကား ဤသို့တည်း။ ထိုယောဂါဝစရ ရဟန်းတော်သည် ၀င်သက်လေ-ထွက်သက်လေဟူသော ကမ္မဋ္ဌာန်း၏ ဉာဏ်ဝ၌ မထင်ရှားသည်၏ အဖြစ်ကို သိသည်ရှိသော် ဤသို့ အဖန်တလဲလဲ စူးစမ်းဆင်ခြင်အပ်၏ --- ဤ၀င်သက်လေ ထွက်သက်လေတို့ မည်ကုန်သည် အဘယ်အရပ်၌ ရှိကုန်သနည်း၊ အဘယ်အရပ်၌ မရှိကုန်သနည်း၊ အဘယ်ပုဂ္ဂိုလ်၏သန္တာန်၌မူလည်း ရှိကုန်သနည်း၊ အဘယ်ပုဂ္ဂိုလ်၏ သန္တာန်၌မူလည်း မရှိကုန်သနည်း - ဤသို့ အဖန်တလဲလဲစူးစမ်း ဆင်ခြင်အပ်၏။ မိမိနောက်ဆုံးလေ၏ထိမှုကို သိခဲ့သော နေရာမှာပင် စောင့်၍ ကြည့်နေပါ မကြာမီပင် ပြန်ပေါ်လာပါလိမ့်မည် ။

"ဖားအောက်တောရဆရာတော်"
 http://bhikkhudhamma.blogspot.com/

Saturday, March 26, 2016

နိမိတ်အမျိုးမျိုး



အာနာပါနနိမိတ်သည် အရောင်ကိုနှလုံးမသွင်းရပါ၊ သို့သော် နိမိတ်အမျိုးမျိုးရှိသည်ကိုသိရှိရန်တင်ပြလိုက်ပါတယ် ။

ဤအာနာပါနနိမိတ်သည်ကား ခပ်သိမ်းကုန်သောသူတို့အား တစ်ချက်
တည်း ထပ်တူသည် မဖြစ်ပေ၊ အမျိုး မျိုး ပေါ်တတ၏် ။ အချို့ သော ယောဂါ ၀စရပုဂ္ဂိုလ်အား
 ချမ်းသာသောအတွေ့ကို  ဖြစ်စေလျက် ---
၁။ လဲဝါဂွမ်းကဲ့သို့ (ဥဂ္ဂဟနိမိတ်)
၂။ ဗိုင်းဝါဂွမ်းကဲ့သို့ (ဥဂ္ဂဟနိမိတ်)
၃။ လေအလျဉ်ကဲ့သို့ (ဥဂ္ဂဟနိမိတ်)
၎။ သောက်ရှူးကြယ်ရောင်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၅။ ပတ္တမြားလုံးကဲ့သို့ (ပဋိဘာဂနိမိတ်)
၆။ ပုလဲလုံးကဲ့သို့ (ပဋိဘာဂနိမိတ်) ထင်လာတတ်၏။
အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ကျန်းသောအတွေ့ ရှိသည်ဖြစ်၍်
၇။ ၀ါရိုးကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၈။ သစ်သားနှစ်တံကျင်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်) ထင်လာ တတ်၏။
အချို့သောယောဂါဝစရပုဂ္ဂိုလ်အား ---
၉။ ရှည်စွာသော ဆောက်လုံးကြိုးမျှင်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၁၀။ ပန်းဆိုင်းကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၁၁။ မီးခိုးညွန့်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၁၂။ ကျယ်ပြန့်သော ပင့်ကူချည်မျှင်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၁၃။ တိမ်တိုက်လွှာကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၁၄။ ပဒုမ္မာကြာပွင့်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၁၅။ ရထားဘီးစက်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၁၆။ လ၀န်းကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၁၇။ နေ၀န်းကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်) ထင်လာတတ်၏။
(၀ိသုဒ္ဓိ၊၁၊၂၇၇။ မဟာဋီ၊၁၊၃၃၅။)

"ဖားအောက်တောရဆရာတော်"
www.bhikkhudhamma.blogspot.com

နိမိတ်ကို မကစားပါနှင့်



တေသု ဟိ အာနာပါနနိမိတ္တံ တာဝ ၀ဍ္ဎယတော ၀ါတရာသိယေဝ
ဝဍ္ဎတိ၊ သြကာသေန စ ပရိ စ္ဆိန္နံ္နံ၊ ဣတိ သာဒီန၀တ္တာ သြကာသေန စ
ပရိစ္ဆိန္နတ္တာ န ၀ဍ္ဎေတဗ္ဗံ။ (၀ိသုဒ္ဓိ၊၁၊၁၀၉။)

 ထိုကမ္မဋ္ဌာန်းတို့တွင် အာနာပါနနိမိတ်ကို တိုးပွားအောင် ပြုလုပ်ခဲ့သော်
လေအစုအပုံသည်သာလျှင် တိုးပွားလာ၏။ အာနာပါနကမ္မဋ္ဌာန်းကို ၀င်လေထွက်လေ
ထိမှုထင်ရှားရာ နေရာ၌ သတိကိုထား၍ ပွားများရမည်ဟု ယင်း
အာနာပါနကမ္မဋ္ဌာန်းကို နေရာဖြင့်လည်း ပိုင်းခြားထား၏။ ဤသို့လျှင်
လေအစုအပုံ တိုးပွားခြင်းဟူသော အပြစ်ရှိသည့် အတွက်ကြောင့်လည်း-
ကောင်း၊ ထိမှုထင်ရှားရာ နေရာဖြင့် ပိုင်းခြားသတ်မှတ်ထားသည့်အတွက်ကြောင့်လည်း
ကောင်း အာနာပါနနိမိတ်ကို တိုးပွားအောင် မပြုလုပ်ပါနှင့်။(၀ိသုဒ္ဓိ၊၁၊၁၀၉။)

ဤ စည်းမျဉ်းဥပဒေသမှာလည်း ရိုသေစွာ ဦးထိပ်ရွက်ပန်ဆင်၍ လိုက်
နာရမည့် စည်းမျဉ်းဥပဒေသ တစ်ခုပင် ဖြစ်သည်။ ထိုကြောင့် အသင်သူတော်ကောင်း
သည် ယင်း အာနာပါနနိမိတ်ကို ကြီးအောင် သေးအောင် ရှည်
အောင် တိုအောင် ဝေးအောင် နီးအောင် ဖြူအောင် ၀ါအောင် နီအောင်
ပြာအောင် ဤသို့စသည်ဖြင့် မကြိုးစားပါနှင့်။ ယင်းသို့ ကြိုးစားနေခဲ့သော်
အသင်သူတော်ကောင်း အလိုရှိနေသော အာနာပါနဈာန်သို့ကား မရောက်ရှိ
နိုင်တော့ပေ။ မယုံကြည်လျှင် လက်တွေ့စမ်းသပ်ကြည့်ပါ။ကိုယ်တိုင် သိရှိနိုင်ပေလိမ့်မည်။

"ဖားအောက်တောရဆရာတော်"
www.bhikkhudhamma.blogspot.com

အာနာပါနနိမိတ် ပေါ်စ အခက်အခဲများ



အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၌ လေနှင့်နိမိတ်မှာ တစ်သားတည်း
မဖြစ်ဘဲ ၀င်လေ-ထွက်လေက တခြား နိမိတ်က တခြား ဖြစ်နေတတ်၏။
နိမိတ်မှာ နှာသီးဖျားမှ တစ်ထွာခန့် တစ်ပေခန့်တွင်လည်း ပေါ်နေတတ်၏။
လက်တစ်လုံးခန့် လက်နှစ်လုံးခန့်တွင်လည်း ပေါ်နေတတ်၏။ နဖူးပေါ်
တွင်လည်း ပေါ်နေတတ်၏။ အကွာအဝေးအမျိုးမျိုး၌ ပုံသဏ္ဌာန်အမျိုးမျိုး
အရောင်အမျိုးမျိုးသော နိမိတ်များ ပေါ်နေတတ်၏။ အထက်တွင် ရှင်းပြခဲ့
သည့် ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ အဆိုကို မမေ့ပါနှင့်။

ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာ
သမ္ပဇ္ဇတိ။ (၀ိသုဒ္ဓိ၊၁၊၂၇၁။)
ဝင်သက်လေ-ထွက်သက်လေ၏ ထိမှုထင်ရှားရာ ထိမှုထင်ရှားရာ နေ
ရာ၌ (= နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတည်းဟူသော နှစ်နေရာတွင်
ဝင်သက်လေ-ထွက်သက်လေ၏ ထိမှုထင်ရှားရာ ထိမှုထင်ရှားရာနေရာ၌)
အာနာပါနကို သိမ်းဆည်းတတ်သော သတိကိုထား၍ အာနာပါနကမ္မဋ္ဌာန်းကို
ပွားများအားထုတ်သောပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် အာနာပါနဿတိသမာဓိ
ဘာဝနာသည် ပြီးစီးပြည့်စုံနိုင်၏။ (၀ိသုဒ္ဓိ၊၁၊၂၇၁။)

ဤ အပိုင်းတွင်လည်း ဤ စည်းမျဉ်းဥပဒေသကို မမေ့ပါနှင့်။ အလွန်
တိကျစွာ လိုက်နာရမည့် စည်းမျဉ်းဥပဒေသ ဖြစ်သည်။
တစ်ဖန် ယင်းနိမိတ်၏ အရောင်ကိုလည်း နှလုံးမသွင်းပါနှင့်။ ဤစည်း
မျဉ်းဥပဒေသမှာလည်း အလွန်တိကျစွာ လိုက်နာရမည့် စည်းမျဉ်းဥပဒေသ
တစ်ခုပင် ဖြစ်သည်။

ဤသို့ နိမိတ် ဝေးကွာနေရာ၌ နိမိတ်ကို နှလုံးမသွင်းဘဲ ၀င်လေထွက်လေ
ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဟူသော
နှစ်နေရာတို့တွင် တစ်နေရာမှ စောင့်၍ ပကတိ ၀င်လေ-ထွက်လေကိုသာ
ရှုနေပါ။

တဖြည်းဖြည်း သမာဓိစွမ်းအင် ပြည့်ဝလာသောအခါ နှာသီးဖျား
သို့မဟုတ် အထက်နှုတ်ခမ်းတွင် မြစ်ဖျားခံ၍ အခြေစိုက်၍ နိမိတ်သည် ကပ်၍
တည်နေပေလိမ့်မည်။ နိမိတ်နှင့် ၀င်လေ-ထွက်လေတို့သည် တစ်သားတည်း
ဖြစ်သွားပါက ပုံစံမှန်သွားပြီ ဖြစ်သည်။

"ဖားအောက်တောရဆရာတော်"
www.bhikkhudhamma.blogspot.com

အာနာပါနနိမိတ် ပေါ်စအခြေအနေ



ဝင်လေ-ထွက်လေ၏ အလွန့်အလွန် သိမ်မွေ့နူးညံ့သောကြောင့် မထင်
မရှား ဖြစ်လာသောအခါ မူလ၀င်လေ-ထွက်လေ၏ ထိမှုထင်ရှားရာ နှာသီး-
ဖျား သို့မဟုတ် အထက်နှုတ်ခမ်းဟူသော အရပ်၌သာလျှင် ဘာဝနာစိတ်ကို
ငြိမ်ဝပ်စွာ ကပ်၍ ရှုဖန်များလာသောအခါ အလွန်သိမ်မွေ့သော လေကို
တစ်ဖန်ပြန်၍ တွေ့လာတတ်၏။ သတိသမ္ပဇဉ်ဉာဏ်တို့၏ စွမ်းအင်ကြီးမား
လာသောအခါ၌ တစ်ဖန်ပြန်၍ တွေ့ရှိနေခြင်းပင်ဖြစ်၏ ။ ထိုသို့သိမ်မွေ့လာသောလေ၌
ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားလိုက်ပါက သမာဓိအား ကောင်းလာ
သောအခါ နိမိတ်များ ပေါ်လာတတ်ပေသည်။ ဤအဆိုမှာလည်း ယေဘုယျ
သတ်မှတ်ချက်သာ ဖြစ်၏။(ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် (၁၇၅))

 အချို့ယောဂီများ၌ အလင်းရောင် အလျင်စ၍ ပေါ်တတ်၏။ အချို့
ယောဂီများ၌ နိမိတ် အလျင်စ၍ ပေါ်တတ်၏။ အလင်းရောင်ပေါ်ခဲ့သော်
ထိုအလင်းကို နှလုံးမသွင်းပါလေနှင့်၊ ပကတိသော ၀င်လေ-ထွက်လေကိုပင်
သတိမြဲစွာ ရှုနေပါ။ နိမိတ်ပေါ်ခဲ့လျှင်လည်း ပေါ်စနိမိတ်မှာ မခိုင်ခံ့တတ်သော
သဘောရှိသဖြင့် နိမိတ်ကို နှလုံးမသွင်းသေးဘဲ ပကတိသော ၀င်လေ-ထွက်
လေကိုပင် ရှုနေပါ။ သတိမြဲနေပါစေ၊ သမ္ပဇဉ်ဉာဏ် အားကောင်းနေပါစေ။
အကယ်၍ အရှည်-အတိုကို ရှုသည့်အပိုင်း၌ နိမိတ်ပေါ်ခဲ့လျှင်လည်း
ထိုနိမိတ်ကို နှလုံးမသွင်းသေးဘဲ သဗ္ဗကာယ = ၀င်သက်လေ-ထွက်သက်
လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင်၊
ပဿမ္ဘယ = ၀င်သက်လေ-ထွက်သက်လေကို သိမ်မွေ့နူးညံ့အောင် ငြိမ်သက်
အောင် ငြိမ်းအောင် ဆက်ကျင့်ပါ။ ထိုအခါ နိမိတ်လည်း တစ်စတစ်စ ခိုင်လာ
တတ်ပါသည်။

အကယ်၍ ၀င်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး
အကုန်လုံးကို ထင်ထင်ရှားရှားသိအောင် ရှုသည့်အပိုင်းသို့ရောက်မှ နိမိတ်
ပေါ်ခဲ့သော် ထိုနိမိတ်ကို မကြည့်သေးဘဲ ၀င်သက်လေ-ထွက်သက်လေကို
သိမ်မွေ့နူးညံ့အောင်သာ ဆက်ကျင့်ပါ။ သိမ်မွေ့နူးညံ့သော လေအပေါ်၌
ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားနိုင်သဖြင့် လေနှင့်နိမိတ် တစ်သားတည်း
ဖြစ်လာသောအခါ ယင်း သမာဓိကိုပင် ခိုင်ခံ့သည်ထက် ခိုင်ခံ့အောင် ဆက်
 လက်၍ ထူထောင်ပါ။
အကယ်၍ အထက်တွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း -----
၁။ ဒီဃ = အရှည်
၂။ ရဿ = အတို
၃။ သဗ္ဗကာယ = အကုန်လုံး
၎။ ပဿမ္ဘယ = သိမ်မွေ့နူးညံ့အောင် ငြိမ်အောင် ငြိမ်းအောင်ကျင့်ခြင်း
ဟူသော ဤအဆင့်လေးဆင့်ကို အစဉ်အတိုင်း တစ်ဆင့်ပြီးတစ်ဆင့်
ကျင့်လာရာ ပဿမ္ဘယသို့ ရောက်ရှိလာပါမှ နိမိတ်ပေါ်လာသည်ဖြစ်အံ့၊
ပေါ်စတွင် ယင်းနိမိတ်သည် မခိုင်ခံ့တတ်သော သဘောရှိသဖြင့် ယင်းနိမိတ်
ကို နှလုံးမသွင်းသေးဘဲ ပကတိဝင်လေ-ထွက်လေကိုသာ နှလုံးသွင်းနေပါ။

လေနှင့်နိမိတ် တစ်သားတည်းဖြစ်နေသောအခါ လေသည်ပင်နိမိတ်၊ နိမိတ်
သည်ပင်လေ ဖြစ်လာသောအခါ ပုံစံမှန် အဆင့်သို့ ရောက်ရှိသွားပေပြီ။ ၀င်လေ-
ထွက်လေကို အာရုံပြုလိုက်က နိမိတ်ကို အာရုံပြုလျက်သား ဖြစ်နေ၏၊၊
နိမိတ်ကို အာရုံပြုလိုက်ကလည်း လေကိုပါ အာရုံပြုလျက်သား ဖြစ်နေ၏။
ယင်းသို့ဖြစ်က ပုံစံ မှန်သွားပေပြီ။

"ဖားအောက်တောရဆရာတော်"
www.bhikkhudhamma.blogspot.com

မှန်ဖို့သာ ပဓာန



မြင်စရာလောက်သာ မြင်တတ်၍ ကြားစရာလောက်သာ ကြား
တတ်သူဖြစ်က မမြင်ရ မကြားရသည့် အနာဂတ်ဘ၀အတွက် ဆောင်
စရာ ရှောင်စရာကို ဆောင်ဖို့ ရှောင်ဖို့ မလွယ်လှ။ လောကလူသားတို့
အနေဖြင့် မမြင်ရသည်ကို ကြည့်တတ်ဖို့ မကြားရသည်ကို အဓိပ္ပါယ်
ဖော်တတ်ဖို့ လို၏။ အမှန်ကို သိနိုင်ဖို့ဟူသည် မြင်စရာနှင့် ကြားစရာနောက် မမြင် မကြားရသည့် အပိုင်းထိမြင်တတ် ကြည့်တတ်အဓိပ္ပါယ်ဖော်တတ်မှ ရ၏။ မြင်စရာနှင့် ကြားစရာ၌ သောင်တင်
မနေဖို့ လို၏။

မြင်စရာနှင့် ကြားစရာအတွက် အလှဆင်ဖို့ ကံကို မျက်ကွယ်
ပြု၍ ရသည် မဟုတ်။ အလှကို မြင်စရာ ကြားစရာတို့ဖြင့် ပြဖို့လောက်သာ
သိသော အမိုက်ဉာဏ်ဖြင့် ဘ၀ကို တန်ဖိုးတက်အောင်
လုပ်နိုင်သည် မဟုတ်။ အမြင်ကောင်းရုံ အကြားကောင်းရုံဖြင့် ကံတို့
ငြိမ်းသွားကြမည်လည်း မဟုတ်။ မြင်စရာနှင့် ကြားစရာနောက် လိုက်နေသည့်
လောကကြီး၏ အထင်ကြီးမှု လက်ခံမှုအတွက် အသက်ရှင်ဖို့
ဘ၀ရလာသည် မဟုတ်။ လောကကြီး၏ အထင်ကြီးမှု လက်ခံမှုက
ပဓာန မကျ၊ မှန်ဖို့သာ ပဓာနကျ၏။

" အရှင်ရေဝတ(ဖားအောက်တောရ)"
www.bhikkhudhamma.blogspot.com

ကြိုတင်ဘွတ်ကင် လုပ်ထားသူများ



ကာမဂုဏ်ကို ရရှိခံစားဖို့ အားထုတ်စဉ်က စုဆောင်းမိပြီဖြစ်သည့်
အကုသိုလ်မှု အစုစုတို့က မနည်းလှ။ လိုချင်သည့် ကာမဂုဏ်ကို
အကြောင်းပြု၍ ပစ္စုပ္ပန်ဘ၀၌လည်း ဆင်းရဲရ ပင်ပန်းရ ငိုကြွေးရ
ပြင်းစွာ ပူပန်ကြရ၏။ စုဆောင်းမိပြီဖြစ်သည့် အကုသိုလ်ကံကြွေး
တို့ကလည်း အနာဂတ်ဘ၀ အနာဂတ်ခန္ဓာဖြင့် အကြွေးဆပ်ဖို့ ကြိုတင်
ဘွတ်ကင် လုပ်ထားကြ၏။

" အရှင်ရေဝတ(ဖားအောက်တောရ)"
www.bhikkhudhamma.blogspot.com

ခြိမ်းခြောက်ခံနေရသော လောက



သံသရာခရီးတစ်လျှောက် မူမမှန်သည့်ကံတို့ကို ထူထောင်ထား
သူတို့ ရှိကြ၏။ ထိုကံတို့ အကျိုးပေးချိန်ရောက်က သက်မဲ့ဖြစ်သည့်
ရေတို့သည် လျှံတက်လာကြ၏၊ မီးတို့သည် တောက်လောင်လာကြ
၏။ သက်မဲ့ဖြစ်သည့် အရာတို့က ဖျက်ဆီးပစ်မည် သတ်ဖြတ်ပစ်မည်ဟု
ကံကြေးရှိသူတို့ကို သက်ရှိတို့ကဲ့သို့ ခြိမ်းခြောက်နေကြ၏။

ထိုခြိမ်းခြောက်မှုဟူသမျှတို့သည် ကာမဂုဏ်ကို လိုချင်သည့် တဏှာကြောင့်
ဖြစ်ပေါ်လာကြခြင်း ဖြစ်၏။

ဤသည်တို့သည် ကာမအထောက်အပံ့ ကာမအရင်းခံ ကာမလျှင်
တည်ရာ ရှိကြကုန်၏၊ ကာမဂုဏ်တို့ကြောင့် ဖြစ်ပေါ်သည့်
ဤမျက်မှောက် ဆင်းရဲအစုကို ကာမဂုဏ်တို့၏ အပြစ်အာဒီန၀ဟု
ခေါ်ရ၏။ အချိန်မရွေး ထိုအပြစ်တို့ ဆိုက်ရောက်လာနိုင်၏။ ထို
အပြစ်တို့ကို မြင်အောင်ကြည့်လျက် စင်အောင်ပြုတတ်ဖို့ လိုပါတယ်။

" အရှင်ရေဝတ(ဖားအောက်တောရ)"
www.bhikkhudhamma.blogspot.com

အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း



အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
•••••••••••••••••••••••••••••
အာနာပါနကို အားထုတ်ရာ၌ အရေးတကြီး
လိုက်နာရမည့်စည်းကမ်းချက်များကို သတိထားဖို့လိုသည်။
၁။ အရှည်
၂။ အတို
၃။ အစ-အလယ်-အဆုံး (အကုန်လုံး)
၎။ ငြိမ်းအောင်ကျင့်ခြင်း ( သိမ်မွေ့အောင်, ငြိမ်း-အောင် = ချုပ်အောင် ကျင့်ခြင်း)
ဤသို့ အဆင့် (၄)ဆင့်ရှိရာ ၀င်လေ-ထွက်လေ
အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်တည်နေ
အောင် ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်
နှုတ်ခမ်းတစ်နေရာမှ စောင့်၍ လေဟူသည့်( ၀င်လေထွက်လေ
ဟူသည့်) ပညတ်အာရုံအတုံးအခဲ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်နေအောင် စိုက်ရှုနိုင်သော
အခါ ---
၁။ အသက်ရှူနှေး၍ (ရှည်နေလျှင်) အစ-အလယ်အဆုံး
အကုန်လုံးကို ထင်ထင်ရှားရှားသိအောင် ၊
၂။ အသက်ရှူမြန်၍ (တိုနေလျှင်) အစ-အလယ်အဆုံး
အကုန်လုံးကို ထင်ထင်ရှားရှားသိအောင်
ဝင်လေ-ထွက်လေကို ဆက်၍ ရှုရ၏။
၃။ ထိုသို့ရှုရာ၌ အသက်ရှူနှေးအောင် သို့မဟုတ်
အသက်ရှူမြန်အောင်, တစ်နည်း - ရှည်အောင်,
တိုအောင် သက်သက် မပြုပြင်ဘဲ သဘာဝ
အတိုင်း ပုံမှန်သာ အသက်ရှူနေပါ။

၎။ ထိုသို့ရှုရာ၌ -
ဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ
ဘာဝနာ သမ္ပဇ္ဇတိ။။ (၀ိသုဒ္ဓိ၊၁၊၂၇၁။)
ဆိုလိုရင်း --- ဝင်သက်လေ ခွက်သက်လေ ထိမှု
ထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်း
အရပ်ကသာ စောင့်၍ ၀င်လေ-ထွက်လေ
ကို သတိကပ်၍ ပွားများအားထုတ်သူ၏ သန္တာန်
၌သာလျှင် အာနာပါနဿတိသမာဓိ ဘာဝနာ
သည် ပြီးစီး ပြည့်စုံနိုင်၏။ (၀ိသုဒ္ဓိ၊၁၊၂၇၁။)

Wednesday, March 23, 2016

အာနာပါနအားထုတ်စ ယောဂီများတွင် ဖြစ်လေ့ဖြစ်ထရှိသော အခက်အခဲလေးများ



အသံသည် သမာဓိ၏ဆူးငြောင့် ဖြစ်သည်ဟုဆိုသည့် အတိုင်း ပတ်ဝန်းကျင်၏ အသံတို့ကြောင့် စိတ်အနှောက်အယှက်ဖြစ်တတ်ပါတယ်။ ဒါကိုစိတ်ထဲတွင် မကျေမနပ်မဖြစ်သင့်ပါ ၊ တောတောင်ထဲသည်ပင် ကျေးငှက်သားရဲ တိရစ္ဆာန်တို့၏ အသံပင်ရှိသေး၏ ။ မိမိစိတ်၌ မကျေမနပ်မှုကြောင့် ဒေါသစိတ်တို့ ဝင်ရောက်သဖြင့် ကမ္မဋ္ဌာန်း
ဆုတ်ယုတ်တတ်၏ ။ ဒီအသံတို့အားလည်း ကြားရကောင်းမလားဟု မိမိကိုယ်လည်း အပြစ်မတင်သင့်ပါ ။ ဒီအချိန်သည် အသံများမကြားရလောက်အောင် ဖြစ်ပေါ်စေသော သမာဓိမျိုးကား မဟုတ်သေးပေ ။ ကြားသင့်သလောက်ကြားနိုင်သေး၏ ။

ငါသည် ခန္ဓီပါရမီ ဖြည့်သည်ဟူ၍ မိမိကိုယ်ကိုဆုံးမကာ သတိကြီးစွာဖြင့် လေကိုသာမှတ်နေပါ ။

ယောဂီများတွင်ဖြစ်တတ်ခြင်းမှာ နှာသီးအတွင်းကိုလိုက်မိ၍ တင်းကျပ်မှုကိုခံရတတ်ပါတယ် ။ ထိုသို့ဖြစ်လာလျှင် အတွင်းသို့မလိုက်မိစေရန် သတိကြီးစွာထား၍  နှာသီးဖျား(သို့) အထက်နှုတ်ခမ်း၌သာ ဝင်လေထွက်လေကိုသာမှတ်နေပါ ။ ပူမှု အေးမှုမာမှု တင်းမှု တို့အားနှလုံးမသွင်းရပါ ။ ဓာတ်ဘက်သို့ရောက်၍ ကမ္မဋ္ဌာန်းဆုတ်ယုတ်တတ်ပါတယ် ။ သမာဓိသည် အားကောင်းလာပါက တစ်ခါတစ်ရံ မျက်နှာပြင် ဒါမှမဟုတ် နှာသီးဖျားတို့၌ ပိုးရွတို့ သွားသကဲ့သို့ ဖြစ်တတ်ပါတယ် ။

ထိုသို့ဖြစ်ပေါ်လာပါက ကမ္မဋ္ဌာန်းကိုရပ်ပြစ်ခြင်း မပြုပါနှင့် ၊ စိတ်ရှည်သည်းခံစွာ လေကိုသာမှတ်နေပါ မကြာမှီပင် ပျောက်သွားတတ်ပါတယ် ။  ကမ္မဋ္ဌာန်းကိုရပ်ပြစ်ခြင်းပြုလိုက်ပါက အမြဲတစ်စေလာနေတတ်ပါတယ် ။ သတိကြီးစွာဖြင့် လေကိုသာမှတ်နေပါ ။


"ဖားအောက်တောရဆရာတော်"
www.bhikkhudhamma.blogspot.com

အာနာပါနကမ္မဋ္ဌာန်းသည် အံကျိတ်တရားမဟုတ်





တရားအားထုတ်ခြင်းသည် တဖြည်းဖြည်းခြင်း ငြိမ်သက်အေးချမ်း၍ သာလာရပေမည် ။ ပင်းပန်း၍ ဆင်းရဲရခြင်းသည် တရား၏ လမ်းကြောင်းမှန်မဟုတ်ပေ ။

အာနာပါကမ္မဋ္ဌာန်းကို စတင်အားထုတ်စယောဂီများတွင်ဖြစ်တတ်သောအကြောင်းအရာက ခန္ဓာကိုယ်အောက်ပိုင်း၌ နာရီဝက် ၄၅ မိနစ်ခန့်လောက်တွင် နာကျင်မှုလေးတွေဖြစ်တတ်ပါတယ်။ ထိုနာကျင်မှုကို အကြောင်းပြု၍ ဝေဒနာအားရှုသည်ဟုဆိုကာ ဝေဒနာနုပဿနာဟု အမည်တတ်ကာ ဖြစ်ပေါ်လာသော ထိုကာယိကဒုက္ခဝေဒနာတို့အားလိုက်၍ မှတ်ပါတယ် ။

ထိုသို့ပြုလုပ်မိပါက အာနာပါနကမ္မဋ္ဌာန်းသည် ဆုတ်ယုတ်ပျက်စီးတတ်၏ ။ ထိုသို့ရှုနေသော ဝေဒနာနုပဿနာ မမည် ၊အသင်သူတော်ကောင်းနာမ်ကမ္မဋ္ဌာန်းပိုင်းမှ ရှင်းပြပါကပို၍ နားလည်လာနိုင်ပေမည် ။

 ရှေးဦးစွာ အာနာပါန၌ သတိအားနည်းမှုကြောင့် ထိုဝေဒနာတို့သည်ထင်ရှားဖြစ်ပေါ်လာ၏ ။ သတိကြီးစွာထား၍ လေကိုသာရှုနေပါက မကြာခင်မှာပင်ပျောက်သွားတတ်ပါတယ်။ မိမိ၏စိတ်၌လည်း ငါသည်ခန္ဓီပါရမီကိုဖြည့်သည်မည်၏ဟု စိတ်ကိုထားကာ အားထုတ်သင့်၏ ။ ထိုသို့သတိကြီးစွာထား၍ အားထုတ်သော်လည်း ဝေဒနာတို့၏ နှိပ်စက်မှုကြောင့် မခံမရပ်နိုင်ဖြစ်လာပါက ၊ ပြင်ပြောင်း၍ ထိုင်နိုင်ပါတယ် ။

အတင်းဖိညစ်ကာ အံကျိတ်၍ထိုင်ရသော ကမ္မဋ္ဌာန်းမျိုးမဟုတ်ပေ။ ကာယ၌ဖြစ်နေသော ထိုထိုသော ဝေဒနာတို့ကြောင့် အသင်သူတော်ကောင်းသည် စိတ်၏ငြိမ်းချမ်းမှုကိုမည်သို့မျှမဖြစ်နိုင်ပေ။ အာနာပါနကမ္မဋ္ဌာန်း တိုးတိုးသာငြိမ်သက်သိမ်မွေ့လာ
စေသောကမ္မဋ္ဌာန်းဖြစ်၏။ထို့ကြောင့် ကာယဝေဒနာကြောင့် စိတ်၏ငြိမ်းအေးမှုကို ရစေခြင်းငှာ ပြင်ပြောင်းသင့်ကပြင်နိုင်ပါတယ်။

ပြင်ပြောင်းရ၌လည်း မိမိသတိကပ်ထားသောလေကိုမှတ်သိ၍ ဖြေးညင်းစွာပြောင်းနိုင်ပါတယ် ။ စိတ်၏အေးငြိမ်းမှု ကိုရကာ ကမ္မဋ္ဌာန်းသည်တိုးတက်လာပေမည် ။ တစ်ခါတစ်ရံ စိတ်၏အလိုသို့လိုက်ကာ ပြင်ပြောင်းခြင်း ကိုလည်းရှောင်ကြဉ်ပါ ။

"ဖားအောက်တောရဆရာတော်"
www.bhikkhudhamma.blogspot.com

အာနာပါန ဂဏနာ = ရေတွက်နည်း



အာနာပါနဿတိကမ္မဋ္ဌာန်း မှစိတ်အထိုင်မကျဘဲ ဖြစ်နေပါက ရေတွက်တဲ့နည်းလေး သုံးကြည့်ပါ။
 အာနာပါနဿတိကမ္မဋ္ဌာန်း လုပ်ငန်းခွင် အစီအစဉ်တို့တွင် ဤအာနာပါန ကမ္မဋ္ဌာန်းကို
စတင်အားသစ်လိုသော အားထုတ်စ အာဒိကမ္မိက အမျိုးကောင်းသား အမျိုးကောင်းသ္မီးသည် ရေတွက်ခြင်း
ဂဏနာနည်းဖြင့် ဤအာနာပါနကမ္မဋ္ဌာန်းကို စတင်၍ နှလုံးသွင်းပါ။

ဂဏေန္တေန စ ပဉ္စနံ္န ဟေဋ္ဌာ န ဌပေတဗ္ဗံ။ ဒသနံ္န ဥပရိ န နေတဗ္ဗံ။
အန္တရာ ခဏ္ဍံ န ဒေဿတဗံ္ဗ။(၀ိသုဒ္ဓိ၊၁၊၂၇၀။)

ဝင်သက်လေ-ထွက်သက်လေကို ရေတွက်သော ယောဂါဝစရပုဂ္ဂိုလ်သည် ငါးခုကုန်သော ၀င်သက်လေထွက်သက်လေတို့၏အောက်၌ မတည်စေအပ်၊ ငါးခုအောက် လျော့၍ မရေတွက်အပ်။ ဆယ်ခုကုန်သောဝင်သက်လေ-ထွက်သက်လေတို့၏ အထက်၌ မဆောင်အပ်၊ ဆယ်ခုထက်လည်း ပို၍ မရေတွက်အပ်။ တစ်သုံး-ငါး - ဤသို့ စသည်ဖြင့် အကြားအကြား၌ ရေတွက်ခြင်း ပြတ်သည်ကို မပြအပ်။ တစ်နည်းဆိုသော် နှစ်ရက်သုံးရက်အတွင်း၌ ရေတွက်ခြင်း ဂဏနာနည်းကို အသုံးမပြုသေးဘဲ ၀င်သက်လေ ထွက်သက်လေ အာရုံ၌ သတိမြဲအောင် ကြိုးစားကြည့်ပါ။ နှစ်ရက် သုံးရက် အတွင်း၌ ၀င်သက်လေ ထွက်သက်လေ အာရုံ၌ သတိမြဲခဲ့သော်ရေတွက်ခြင်း ဂဏနာနည်းကို အသုံးမပြုတော့ဘဲ အရှည်-အတိုကို သိအောင် အားထုတ်ခြင်းစသော ပထမအာနာပါနစတုက္က အစီအရင်အတိုင်း ကြိုးစားပါ။ အကယ်၍ နှစ်ရက် သုံးရက် အတွင်း၌ ၀င်သက်လေ ထွက်သက်လေ အာရုံ၌ သတိက မကပ်ဘဲ ရှေးရှုမတည်ဘဲ ရှိနေခဲ့သော် တစ်ဖန် ရေတွက်ခြင်း ဂဏနာနည်းကို အသုံးပြုပါ။

ထိုသို့ ရေတွက်ခြင်း ဂဏနာနည်းကို အသုံးပြုရာ နှလုံးသွင်းရာ၌ အကြားအကြား၌ ပြတ်တောက်ခြင်း မရှိစေရ။အကြောင်းကား ဤသို့တည်း။ ငါးခုကုန်သော ၀င်သက်လေ-ထွက်သက်လေတို့၏ အောက်၌ ရေတွက်ခြင်းကို တည်စေသော ငါးခုအောက် ယုတ်လျော့၍ ရေတွက်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ကျဉ်းမြောင်းသော ရေတွက်ခြင်း အစီအရင်ဟူသော အရာဌာန၌ စိတ်၏ဖြစ်ခြင်းသည် တုန်လှုပ်၏၊ ကျဉ်းမြောင်းသော နွားခြံ၌ပိတ်လှောင်ခံရသော နွားအပေါင်းကဲ့သို့ တုန်လှုပ်နေတတ်၏။ တစ်ဖန် ဆယ်ခုကုန်သော ၀င်သက်လေ-ထွက်သက်လေတို့၏ အထက်၌ ရေတွက်ခြင်း ဂဏနာနည်းကို ဆောင်နေသော ဆယ်ခုထက် ပို၍ ရေတွက်နေသောယောဂါဝစရပုဂ္ဂိုလ်၏ စိတ်ဖြစ်ခြင်းသည်လည်း ရေတွက်ခြင်း သင်္ချာကိုသာလျှင် မှီ၍ ဖြစ်နေတတ်၏၊ ၀င်သက်လေ ထွက်သက်လေ အာရုံ၌ ဘာဝနာစိတ် မဖြစ်တော့ဘဲ ရေတွက်ခြင်း သင်္ချာနောက်သို့သာ အစဉ်လိုက်၍ စိတ်ဖြစ်နေတတ်၏။

အကြားအကြား၌ ရေတွက်ခြင်း ကျိုးမှု ပေါက်မှု ပြတ်မှုကို ဖော်ပြနေသော ယောဂါဝစရ
ပုဂ္ဂိုလ်၏ သန္တာန်ဝယ် ---- "ငါ၏ ကမ္မဋ္ဌာန်းသည် ဆုံးခန်းတိုင်အောင် အထွတ်အထိပ်သို့ ရောက်သည် ဖြစ်ပါအံ့လော၊ မဖြစ်ပါအံ့လော"ဟု စိတ်သည် တုန်လှုပ်နေတတ်၏။ ထိုကြောင့် ဤဆိုအပ်ခဲ့ပြီးသော ငါးခုအောက်ယုတ်လျော့၍ ရေတွက်ခြင်း ဆယ်ခုထက်ပို၍ ရေတွက်ခြင်း အကြားအကြား၌ ရေတွက်မှု ကျိုးပြတ်ခြင်းတည်းဟူသော သုံးမျိုးသော အပြစ်တို့ကို ရှောင်ကြဉ်၍ ရေတွက်အပ်ပေသည်။ (၀ိသုဒ္ဓိ၊၁၊၂၇၀။)

ရေတွက်ပုံ - ဝင်လေထွက်လေ----တစ်၊ ဝင်လေထွက်လေ----နှစ်  မှစ၍  ဝင်လေထွက်လေ----ရှစ်  ထိဆိုလျှင် သင့်မြတ်လှပါတယ် ။ရေတွက်တဲ့ အာနာပါနဿတိကမ္မဋ္ဌာန်း မှစိတ်အထိုင်ကျလာလျင် ရေတွက်နည်းကိုလွှတ် နိုင်ပါပြီ။နဂိုရှုသည့်အတိုင်း ပြန်ရှုပါ ။

"ဖားအောက်တောရဆရာတော်"
www.bhikkhudhamma.blogspot.com