Choose Fonts Here

Tuesday, March 22, 2016

စက္ခု (၅) တန် = ဉာဏစက္ခု


သမန္တစက္ခုနှင့် ဆက်စပ်လျက် ဘုရားရှင်၏ သန္တာန်၌ တည်ရှိတော်
မူသော စက္ခုငါးတန်မှာ-
ဗုဒ္ဓစက္ခု၊ ဓမ္မစက္ခု၊ သမန္တစက္ခု၊ ဒိဗ္ဗစက္ခု၊ ပညာစက္ခုဟု ဉာဏစက္ခု
(၅)မျိုး ရှိလေသည်။
၁။ ဗုဒ္ဓစက္ခု = သတ္တ၀ါတို့၏ အတွင်းအဇ္ဈာသယဓာတ်ခံနှင့် ကိန်းဝပ်
တည်ရှိနေသော အနုသယဓာတ်ကို သိတော်မူသောအာသယာနုသယ
ဉာဏ်တော်၊ သတ္တဝါတို့၏ဣနြေ္ဒအနုံ့အထက် အနုအရင့်ကိုထိုးထွင်း သြိမင်
နိုင်စွမ်းရှိသော ဣနြ္ဒိယိပရောပရိယတ္တိ  ဉာဏ်တော် - ဤဉာဏ်တော်မြတ်
နှစ်ပါးသည် ဗုဒ္ဓစက္ခု မည်၏။

၂။ ဓမ္မစက္ခု = အောက်မဂ်ဉာဏ် သုံးပါး၊ အောက်ဖိုလ်ဉာဏ် သုံးပါးတို့သည်
ဓမ္မစက္ခု မည်၏။

၃။ သမန္တစက္ခု = ခပ်သိမ်းဥဿုံ အလုံးစုံသောတရားတို့ကို အကုန်အစင်
သိမြင်တော်မူသော သဗ္ဗညုတဉာဏ်တော်မြတ်သည် သမန္တစက္ခု မည်၏။

၎။ ဒိဗ္ဗစက္ခု = အလိုရှိသမျှ အရပ်သို့တိုင်အောင်ဉာဏ်အလင်းရောင်ြခည်ကို
ပျံ့နှံ့စေလျက် ဖြစ်ပေါ်လာသော၊ နတ်မျက်စိကဲ့သို့ အဝေး အနီး ရှိသမျှ
အလုံးစုံကို အကုန်အစင် သိမြင်တော်မူနိုင်သော ဉာဏ်တော်မြတ်သည်
ဒိဗ္ဗစက္ခု မည်၏။

၅။ ပညာစက္ခု = အရိယသစ္စာလေးပါးကို ပိုင်းပိုင်းခြားခြား သိမြင်တော်
မူတတ်သော လေးပါးသော အရိယမဂ်ဉာဏ်သည် ပညာစက္ခု မည်၏။
(သံ၊ဋ္ဌ၊၃၊၁။)

"ဖားအောက်တောရဆရာတော်"
www.bhikkhudhamma.blogspot.com

No comments:

Post a Comment