Choose Fonts Here

Thursday, March 31, 2016

စတုတ္ထဈာန်သို့



ဤသို့သော ဘာဝနာအစဉ်ဖြင့် ထိုတတိယဈာန်ကိုလည်း ရရှိအပ်ပြီး
သည်ရှိသော် ဆိုအပ်ခဲ့ပြီးသည့် နည်းအတိုင်းပင်လျှင် ယင်း တတိယဈာန်ကိုလည်း
ဝသီဘော် (၅)တန်တို့ဖြင့် နိုင်နိုင်နင်းနင်း လေ့ကျင့်အပ်ပြီးသော ယော-
ဂါဝစရပုဂ္ဂိုလ်သည် ၀သီဘော် (၅)တန်တို့ဖြင့် အ၀ါးဝစွာ နိုင်နိုင်နင်းနင်း
လေ့ကျင့်ပြီးရာ တတိယဈာန်မှ ထ၍ ---
၁။ ဤ တတိယဈာန်သမာပတ်သည် ပီတိဟူသော နီးကပ်သော ရန်သူ ရှိ၏။

၂။ အကြင် ဈာန်အင်္ဂါကို သုခဟူ၍ စိတ်၏ နှလုံးသွင်းခြင်းသည် ရှိ၏။
ဤသုခကြောင့်ပင်လျှင် ထိုတတိယဈာန်ကို ရုန့်ရင်း၏ဟူ၍ ဆိုအပ်၏။
(ဒီ၊၁၊၃၄။) ဤသို့ ဟောတော်မူအပ်သော သုခ၏ ရုန့်ရင်းသည်၏
အဖြစ်ကြောင့် အားနည်းသော ဈာန်အင်္ဂါ ရှိ၏။
ဤသို့လျှင် ထို တတိယဈာန်သမာပတ်၌ အပြစ်ဒေါသကို မြင်အောင်
ရှု၍ ---
၃။ စတုတ္ထဈာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍၊
၎။ တတယိ ဈာန၌် လိုခြင်ငဲ့ကွက် တသက်သက်ရှိခြင်း နိကန္တိကို ကုန်စေ၍
စတုတ္ထဈာန်ကို ရရှိခြင်းငှာ ---
အာနာပါနဿတိသမာဓိဘာဝနာ၌ အားထုတ်ခြင်းကို ပြုအပ်၏။

အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင်လျှင် အထက်ပါ ဦးတည်ချက်တို့ဖြင့်
စူးစူးစိုက်စိုက် ရှုအပ်၏။ (၀ိသုဒ္ဓိ၊၁၊၁၅၉။)


ထိုသို့ အပတ်တကုတ် ကြိုးစားအားထုတ်လတ်သော် အကြင်အခါ၌
တတိယဈာန်မှထ၍ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် သိမ်းဆည်းတတ်
အမှတ်ရတတ်သော သတိနှင့် ပြည့်စုံသည်ဖြစ်၍ အာနာပါနပဋိဘာဂနိမိတ်
အာရုံကိုပင် ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်တတ်သော သမ္ပဇဉ်
ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ဈာန်အင်္ဂါတို့ကို ရှေးရှု ဉာဏ်သက်ဝင်၍ ဆင်ခြင်စဉ်
ဆင်ခြင်သော ထိုရဟန်း၏ ဉာဏ်၌ စေတသိကသောမနဿဟု ခေါ်ဆို
အပ်သော သုခသည် ရုန့်ရင်းသောအားဖြင့် ထင်လာ၏။ ဥပေက္ခာဝေဒနာ
သည်သာလျှင်လည်းကောင်း၊ စိတ္တေကဂ္ဂတာသည်လည်းကောင်း ငြိမ်သက်
သောအားဖြင့် ထင်လာ၏။ ထိုအခါ၌ ရုန့်ရင်းသော ဈာန်အင်္ဂါကို ပယ်ခြင်းငှာ
လည်းကောင်း, ငြိမ်သက်သော ဈာန်အင်္ဂါကို ရရှိခြင်းငှာလည်းကောင်း ထို
အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင်လျှင် အဖန်ဖန် အထပ်ထပ် နှလုံးသွင်း
နေပါ၊ စူးစူးစိုက်စိုက် ရှုနေပါ။ ထိုသို့ နှလုံးသွင်း ရှုပွားနေသော ယောဂါဝစရ
ပုဂ္ဂိုလ်၏ သန္တာန်၌ ဥပေက္ခာ ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါ နှစ်ပါးရှိသော
စတုတ္ထဈာန်သည် ဖြစ်ပေါ်လာပေလတ္တံ့။ (၀ိသုဒ္ဓိ၊၁၊၁၅၉။)

ယင်း စတုတ္ထဈာန်ကိုလည်း ၀သီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။
၁။ ကာယိကဒုက္ခဝေဒနာကို ပထမဈာန်၏ ဥပစာရက္ခဏ၌ --
၂။ စေတသိကဒေါမနဿဝေဒနာကို ဒုတိယဈာန်၏ ဥပစာရက္ခဏ၌ --
၃။ ကာယိကသုခဝေဒနာကို တတိယဈာန်၏ ဥပစာရက္ခဏ၌ --
၎။ စေတသိကသောမနဿဝေဒနာကို စတုတ္ထဈာန်၏ ဥပစာရက္ခဏ၌
အသီးအသီး ပယ်အပ်၏။ (၀ိသုဒ္ဓိ၊၁၊၁၆၀။ သံ၊၃၊၁၈၈-၁၈၉။)

"ဖားအောက်တောရဆရာတော်"
www.bhikkhudhamma.blogspot.com

No comments:

Post a Comment