Choose Fonts Here

Sunday, March 20, 2016

အာနာပါနမှ ဝိပဿနာသို့(အာနာပါန ချီးမွမ်းခန်း)



အယမ္ပိ  ခေါ ဘိက္ခဝေ အာနာပါနဿတိသမာဓိ ဘာဝိတော
 ။ ပ ။ အကုသလေ ဓမ္မေ ဌာနသော အန္တရဓာပေတိ ၀ူပသမေတိ။ (သံ၊၃၊၂၇၉။ ၀ိ၊၁၊၈၈။)

ရဟန်းတို့ ...ဤ အာနာပါနဿတိသမာဓိသည်လည်း ပွားများအပ်
သည်ရှိသော် ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်သည်ရှိသော် ငြိမ်လည်း
ငြိမ်သက်၏၊ မွန်လည်း မွန်မြတ်၏။ သွန်းလောင်းထည့်စွက်အပ်သော ပရိကမ္မ
စသော အကြောင်းတစ်ပါးလည်း မရှိ၊ ကာယိကသုခ စေတသိကသုခကို
ဖြစ်စေတတ်သောကြောင့် ချမ်းသာစွာ နေထိုင်ရကြောင်း တရားလည်း ဖြစ်၏။

ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်းကုန်သော ဈာန်ဖြင့် မပယ်ခွာအပ်သေး
ကုန်သော ယုတ်မာကုန်သော အကုသိုလ်တရားတို့ကိုလည်း တစ်ခဏချင်း
အားဖြင့် ကွယ်ပျောက်ရုပ်သိမ်း ချုပ်ငြိမ်းစေနိုင်၏။ (သံ၊၃၊၂၇၉။ ၀ိ၊၁၊၈၈။)

ရှေးရှေးပွင့်ထွန်းတော်မူခဲ့သောမြတ်ဗုဒ္ဓနှင့် တကွသော ပစ္စေကဗုဒ္ဓ ၊
သာဝကကြီးတို့သည်လည်း အာနာပါနှင့် စတင်ကာမြတ်နိဗ္ဗာန်သို့
စံဝင်တော်မူကြ၏ ။ အာနာပါနက​မ္မဋ္ဌာန်းသည် လူသူတော်ကောင်းတို့၏
အကျင့်မည်၏ ။သွန်းလောင်းထည့်စွက်စရာမလို ဟူသည်မှာ ကသိုဏ်းကို
ပွားလိုသောသူသည် ကသိုဏ်းအဝန်းဝိုင်းတို့အား စီမံရပေသည် ။

အရွယ်အစား အရောင် စသည်တို့ကိုပြုပြင်ပြီးမှ ပွားများကြရ၏ ။
အာနာပါနသည်ထိုသို့မလို၊  ကာယိကသုခ စေတသိကသုခကိုလည်း
စတင်ထိုင်ခြင်းမှာပင်ဖြစ်စေ၏ ဟုဆိုရာ အခြားသော အသုဘကမ္မဋ္ဌာန်း
စသော အာရုံတို့အားကြမ်းတမ်းခြင်းမဖြစ်ပေ ။ ထို့ကြောင့်သူတော်ကောင်းတို့
အနေဖြင့် မိမိမွေးလာတည်းကရှိနေသော ဝင်သက်လေ ထွက်သက်လေဟူသော
ထိုအာနာပါကမ္မဋ္ဌာန်းကိုအားထုတ်သင့်ပါတယ် ။

"ဖားအောက်တောရဆရာတော်"
www.bhikkhudhamma.blogsport.com

No comments:

Post a Comment