Choose Fonts Here

Tuesday, March 22, 2016

နားလည်နိုင်ခြင်း၏ စွမ်းအားဟူသည် . . .


နားလည်နိုင်ခြင်းသည် စွမ်းအားတစ်ခု ဖြစ်သည်။ ထိုစွမ်းအားကို
တည်ဆောက်ပေးလိုသည့် ဆန္ဒဓာတ် ဖြစ်သည်။
အားလုံးကို သိသည့် ဘုရားရှင် အနေဖြင့် အားလုံးကို ခွင့်လွှတ်
နိုင်ခြင်းသည် အားလုံးကို နားလည်၍ ဖြစ်သည်။

အားလုံးကို သိခြင်း, အားလုံးကို နားလည်ခြင်းသည် သမ္မာသမ္ဗုဒ္ဓ
ဘုရားရှင်တို့နှင့်သာ ဆက်ဆံသော မိမိတို့နှင့် မဆက်ဆံသော တရား
သာ ဖြစ်ပေသည်။
အားလုံးကို မသိနိုင်သည့်သူများ အနေနှင့် အားလုံးကို နားလည်
နိုင်မည် မဟုတ်ပေ။ သိနိုင်သလောက် သိအောင် ကြိုးစားက နားလည်
နိုင်သလောက် နားလည်နိုင်မည် ဖြစ်သည်။

အသိမှန်မှ အတွေးမှန်၏၊ အတွေးမှန်ပါမှလည်း အလုပ်မှန်မည်
ဖြစ်သည်။ အသိမှန်ခြင်း အတွေးမှန်ခြင်းတို့ကြောင့် အပြောမှန်ခြင်း
အလုပ်မှန်ခြင်းတို့သည် ဖြစ်ပေါ်လာ၏။ အတွေးမှန်ခြင်းကို မနောကံ၏
မှန်ကန်ခြင်းဟု ခေါ်ပြီး အပြောမှန်ခြင်း အလုပ်မှန်ခြင်းကိုကား ၀စီကံနှင့်
ကာယကံတို့၏ မှန်ကန်ခြင်းဟု ခေါ်၏။

အပြစ်ကင်းသော နားလည်ခြင်းသည် အသိမှန်ခြင်း အတွေးမှန်ခြင်း
ကြောင့် ဖြစ်ပေါ်လာသော အလုပ်မှန်ခြင်း၏ ရလာဒ်ပင် ဖြစ်သည်။
အသိမှန်ဖို့ မလွဲသော သညာ ရှာမီးမှုကို ပြုရ၏။ မလွဲသော
သညာဟူသည် ဘုရားရှင်၏ ဉာဏ်တော်မှ ဖြစ်ပေါ်လာသော တရား
အနှစ်များကို ဆိုခြင်း ဖြစ်သည်။ ထိုတရားအနှစ်များကို သိအောင်
လေ့လာရ၏၊ သိသည်ကို ကျင့်ရ၏၊ ကျင့်က တကယ်သိလာမည် ဖြစ်
သည်။ သညာသိမှ ပညာသိသို့ ကူးပြောင်းပေးဖို့ လို၏။ လက်တွေ့ကျင့်ခြင်း
ကြောင့် သညာသိမှ ပညာသိသို့ ကူးပြောင်းလာမည် ဖြစ်
သည်။ ပညာသိ၏ အနုံ့အထက်ပေါ် မီ၍ နားလည်နိုင်သည့် စွမ်းအား၏
အနုံ့အထက်သည် ဖြစ်တည်လာပေမည်။ နားလည်နိုင်သည်နှင့်အမျှ
ခွင့်လွှတ်နိုင်သူ ဖြစ်လာပေလိမ့်မည်။ ခွင့်လွှတ်နိုင်သည်နှင့်အမျှ ငြိမ်း
ချမ်းသော အနေအထိုင်ရှိသူ ဖြစ်လာပေမည်။

လက်တွေ့ကျင့်ခြင်းကြောင့် သစ္စာလေးရပ် တရားမြတ်ကို ဟုတ်
တိုင်းမှန်စွာ သိလာသူ တစ်ဦးသည် လောကကြီးကို မှန်မှန်ကန်ကန်
မြင်လာမည် ဖြစ်သည်။ မှန်မှန်ကန်ကန် မြင်လာခြင်းကြောင့် မှန်မှန်
ကန်ကန် နားလည်လာမည် ဖြစ်သည်။ မှန်မှန်ကန်ကန် နားလည်လာခြင်း
ကြောင့် ခွင့်လွှတ်နိုင်လာမည် ဖြစ်သည်။

သစ္စာလေးရပ် တရားမြတ်ကို အပိတ်အပင်မရှိ သိလာသည့်
အချိန်သည်ကား နားလည်နိုင်သည့်စွမ်းအား အထက်မြက်ဆုံးအချိန်
ဖြစ်ပေသည်။ ထိုစွမ်းအားတို့ တစ်စထက်တစ်စ ရင့်သည်ထက် ရင့်၍
မြင့်သည်ထက် မြင့်စေလိုသော ဆန္ဒဓာတ်ဖြစ်၏။
ထိုဆန္ဒနှင့် လျော်ညီသော အကျိုးဖြစ်ထွန်းမှုသည် "သိလျက်
ကျင့်သူ" ဖြစ်ပါမှ ဖြစ်နိုင်ခွင့် ရှိမည် ဖြစ်သည်။
သိလျက် ကျင့်နိုင်ကြပါစေ၊ ကျင့်နိုင်ကြ၍ နားလည်နိုင်သည့်
စွမ်းအား တစ်စထက်တစ်စ ရင့်နိုင်ကြပါစေ။



"ဖားအောက်တောရဆရာတော်"
www.bhikkhudhamma.blogspot.com

No comments:

Post a Comment