Choose Fonts Here

Sunday, March 20, 2016

လွှသွားဥပမာ နှင့် ငြိမ်းအောင်ကျင့်ခြင်း


 နှာသီးဖျား(သို့)အထက်နှုတ်ခမ်း တစ်နေရာတွင်လေထိနေတာကိုရှုပါ ။ ဤတွင်  နှာသီးဖျားဆိုသည်
နှာခေါင်းလေဝင်လေထွက်နေရာတစ်ဝိုက် ၊  အထက်နှုတ်ခမ်းဆိုသည် ပါးစပ်၏အပေါ်နှုပ်ခမ်းမည်၏ ။
နှာခေါင်းရှည်သောသူသည် နှာသီးဖျား နှာခေါင်းရှည်သောသူသည် အထက်နှုပ်ခမ်းဟု ဆိုကြ၏ ။
(သို့သော်ယောဂီသည် ထိုသို့လိုက်စမ်းစစ်မနေပါနှင့် သို့လော်သို့လော်နှင့် စမ်းစစ်မှုကြောင့်
ကမ္မဋ္ဌန်းအလုပ်ကြန့်ကြာနိုင်ပါတယ် ။ လေထိသောနေရာသာသတိကပ်၍ သိနေပါ)

သူ့အလိုလိုသာဖြစ်နေသော ဝင်သောလေကို ဝင်လေဟုရှုပါ ၊ ထွက်သောလေကို ထွက်လေဟုရှုပါ ။
စလယ်အဆုံး သုံးပါးလုံးသိအောင်ရှုရပါမယ် ။ စလယ်အဆုံးဟုဆိုရာ၌ နှာသီးဖျား(သို့)အထက်နှုတ်ခမ်း
မှာသာသတိကိုကပ်၍ရှုရမည်။ အပြင်ကလေကို အစလို့မဆိုသလို အထဲသို့ရောက်သွားသောလေအားလည်း
အဆုံးလို့မဆိုလိုပါ ။ နှာသီးဖျား(သို့)အထက်နှုတ်ခမ်း စတင်ထိသောလေအားအစ ၊ ထိဆဲလေအားအလယ်၊
နောက်ဆုံးထိ၍သွားသောလေအားအဆုံးဟုဆိုလိုပါတယ် ။

ဤတွင်အဋ္ဌကထာက လွှသွားဥပမာနှင့်ပြတော်မူပါတယ်၊
သစ်တုံးတစ်တုံးအား လွှရှည်ရှည်တစ်ချောင်းဖြင့် ဆွဲလိုက်လျှင် သစ်တုံးနေရာကနေကြည့်ပါ၊ သစ်တုံးကိုကြည့်နေတာ
မဟုတ်၊ သစ်တုံးနေရာကို လာပြီးထိနေတဲ့လွှကိုကြည့်ရမည်။ဒီလွှကိုဘဲ သစ်တုံးကျော်ပြီး ဟိုဘက်လိုက်ကြည့်လိုက်
ဒီဘက်လိုက်ကြည့်လိုက်ကြည့်လို့မလုပ်ရပါ။သစ်တုံးတည့်တည့်ကနေ စောင့်ပြီး သစ်တုံးမှာလာထည့်တဲ့လွှကိုသာ
သစ်တုံးနေရာကစောင့်ကြည့်နေပါ။အဲ့ဒိပုံစံအတိုင်း သစ်တုံးနဲ့တူတဲ့  နှာသီးဖျား(သို့)အထက်နှုတ်ခမ်း ဆိုတဲ့
တစ်နေရာရာမှာ  လွှသွားနဲ့ တူတဲ့ဝင်လေထွက်လေ  ကိုသာကြည့်ရမယ်။ အထဲလည်းမလိုက် အပြင်လဲမလိုက်ဘဲ
 နှာသီးဖျား(သို့)အထက်နှုတ်ခမ်းကိုထိနေသောလေကိုသာ ရှုနေပါ ။

"ဖားအောက်တောရဆရာတော်"
www.bhikkhudhamma.blogspot.com

No comments:

Post a Comment