Choose Fonts Here

Thursday, March 31, 2016

လမ်းကြီးနှစ်သွယ်



ပထမလမ်းသွယ်အနေဖြင့်-
  စတုတ္ထဈာန်သမာဓိကိုလည်းဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။ လင်းရောင်ခြည်စွမ်းအင်များ
ပရိေိေိယောဒါတ = ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသည့်တိုင်အောင်
လေ့ကျင့်ပါ။ ထိုအခါဝယ် ၀ိပဿနာသို့ ကူးလိုက ကူးလိုကကူးနိုင်ပေပြီ။ ဝိပဿနာ၏ အခြေပါဒကဖြစ်သော
ရုပ် နာမ် အကြောင်းအကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် တို့အားကျေပွန်စွာ ကျင့်ကြံသင့်ပါတယ် ။

ဒုတိယလမ်းသွယ်ကတော-
ကောဋ္ဌာသ များမှတဆင့် အရောင်းကသိုဏ်း ပွားများကာ ရူပ အရူပဈာန်တို့ အဆင့်ဆင့်တက် ကာ
ဝိပဿနာသို့ကူးသော နည်းဖြစ်ပါတယ် ။ ယခုဆက်လက်တင်ပြမှာကတော့ ဒုတိယလမ်းသွယ် ကနေအဆင့်
ဆင့် ပြပေးပါမယ် ။

(၃၂) ကောဋ္ဌာသ ရှုကွက်
******************
လင်းရောင်ခြည်စွမ်းအင်များ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက်
တောက်ပလာသည့်တိုင်အောင် အာနာပါနစတုတ္ထဈာန်သမာဓိသို့တိုင်အောင်
သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အလွန်
အားကောင်းလာသောအခါ ယင်း လင်းရောင်ခြည်စွမ်းအင်၏ အကူအညီဖြင့်
အောက်ပါ (၃၂)ကောဋ္ဌာသတို့ကို ရှုကြည့်ပါ။

 ထိုသို့ ရှုရာ၌ ပထ၀ီကောဋ္ဌာသ
(၂၀)တို့ကို (၅)ခုစီ (၅)ခုစီ ပိုင်း၍ အာပေါကောဋ္ဌာသ (၁၂)မျိုးတို့ကို (၆)ခုစီ
(၆)ခုစီ ပိုင်း၍ ရှုကြည့်ပါ။ အစဉ်အတိုင်း ကောဋ္ဌာသ တစ်ခုပြီးတစ်ခု ရှုပါ။
ကြည်လင်သော မှန်အတွင်းသို့ ကြည့်လိုက်သောအခါ မိမိ၏ မျက်နှာရိပ်ကို
ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်တွေ့ရသကဲ့သို့ (၃၂)ကောဋ္ဌာသတို့
ကိုလည်း ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်အောင်ရှုပါ။

 ထိုသို့ ရှုရာ၌
လင်းရောင်ခြည်စွမ်းအင်များ မှိန်သွား၍ ကောဋ္ဌာသတို့ကို ကြည့်ရာ၌ ၀ိုးတိုး
ဝါးတား မထင်မရှား ဖြစ်လာပါက အာနာပါနစတုတ္ထဈာန် သမာဓိကို တစ်ဖန်
ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ
ကောဋ္ဌာသတို့ကို တစ်ဖန်ပြန်၍ ရှုပါ။ လင်းရောင်ခြည် မှိန်သွားတိုင်း ဤနည်း
ကို အသုံးပြုပါ။

(ကျက်မှတ်ရန်)
ပထ၀ီဓာတ်လွန်ကဲသော ပထ၀ီကောဋ္ဌာသ (၂၀)
၁။ ကေသာ = ဆံပင်
၂။ လောမာ = မွေးညင်း
၃။ နခါ = ခြေသည်း လက်သည်း 
၎။ ဒန္တာ = သွား 
၅။ တစော = အရေ (အရေထူ အရေပါး) 
၆။ မံသံ = အသား
၇။ နှာရု = အကြော 
၈။ အဋ္ဌိ = အရိုး ၄၄။
၉။ အဋ္ဌိမိဉ္ဇ = ရိုးတွင်းခြင်ဆ
၁၀။ ၀က္ကံ = အညှို့ = ကျောက်ကပ်
၁၁။ ဟဒယံ = နှလုံး 
၁၂။ ယကနံ = အသည်း 
၁၃။ ကိလောမကံ = အမြှေး 
၁၄။ ပိဟကံ = အဖျဉ်း = သရက်ရွက် 
၁၅။ ပပ္ဖါသံ = အဆုတ်
၁၆။ အန္တံ = အူမ
၁၇။ အန္တဂုဏံ = အူသိမ် (အူထုံး-အူချည်ကြိုး)
၁၈။ ဥဒရိယံ = အစာသစ် (ဥတုဇရုပ်)
၁၉။ ကရီသံ = အစာဟောင်း (ဥတုဇရုပ်)
၂၀။ မတ္ထလုင်္ဂံ = ဦးနှောက်

အာပေါဓာတ်လွန်ကဲသော အာပေါကောဋ္ဌာသ (၁၂) မျိုး
၁။ ပိတ္တံ = သည်းခြေ (အိမ်သည်းခြေ+အရည်သည်းခြေ)
၂။ သေမှံ = သလိပ် 
၃။ ပုဗ္ဗော = ပြည် (ဥတုဇရုပ်) 
၎။ လောဟိတံ = သွေး (အိုင်နေသောသွေး မေဒဆက္က+အကြောတွင်းရှိသွေး)
၅။ သေဒေါ = ချွေး (စိတ္တဇ+ဥတုဇ)
၆။ မေဒေါ = အဆီခဲ 
၇။ အဿု = မျက်ရည် (စိတ္တဇ+ဥတုဇ) 
၈။ ၀သာ = ဆီကြည် 
၉။ ခေဠော = တံတွေး (စိတ္တဇ+ဥတုဇ)
၁၀။ သိင်္ဃာနိကာ = နှပ် (စိတ္တဇ+ဥတုဇ) 
၁၁။ လသိကာ = အစေး
၁၂။ မုတံ္တ = ကျင်ငယ် (ဥတုဇ) 

အသင်သူတော်ကောင်းသည် ဤ (၃၂)ကောဋ္ဌာသတို့ကို အာနာပါန
စတုတ္ထဈာန်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်စွမ်းအင်၏ အကူအညီကို
ယူပါ ။ ဆံပင်ကို လင်းရောင်ခြည်စွမ်းအင်ဖြင့် အရင်းမှအဖျားတိုင်အောင်
ဉာဏ်၌ထင်ထင်ရှားရှားသိမြင်အောင်ရှုပါ ။ ထင်ထင်ရှားရှား သိမြင်ပါက
မွေးညင်းကို ရှုပါ ။ထိုနောက် ကျင်ငယ်ထိတိုင်အောင် ရှုပါ ။

ဆံပင်မှသည် ကျင်ငယ် ကျင်ငယ်မှသည် ဆံပင်သို့တိုင်အောင်
အ၀ါးဝစွာ လေ့လာပါ။ ဆံပင်မှသည် အောက်သို့ စိုက်ရှုလိုက်ရာ ကျင်ငယ်သို့
တိုင်အောင် ကျင်ငယ်မှသည် အထက်သို့ လှန်၍ ရှုလိုက်ရာ ဆံပင်သို့တိုင်အောင်
တိုးလျှိုပေါက် ဉာဏ်ဖြင့် ထင်ထင်ရှားရှား တွေ့မြင်သည် ဖြစ်အံ့၊
ထိုအခါ၌ အဇ္ဈတ္တ၌(မိမိ၌) အ၀ါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာပြီး ဖြစ်ပေပြီ =ပဂုဏ ဖြစ်ပေပြီ။

 ဆံပင်, မွေးညင်း, ခြေသည်းလက်သည်း, သွား, အရေ - ဟူသော ကောဋ္ဌာသ ငါးခုကို
စတင်ရှုကြည့်ပါ။ ယင်းကောဋ္ဌာသများ၏ တည်ရှိရာ နေရာ၌သာ ရှုကြည့်ပါ။ မှန်ထဲတွင် မြင်ရသကဲ့သို့ သဲသဲကွဲကွဲ
မြင်ရသောအခါ အသား, အကြော, အရိုး, ရိုးတွင်းခြင်ဆီ, ကျောက်ကပ်ဟူသော ကောဋ္ဌာသ ငါးခုကို ထပ်မံ
ကြည့်ရှုပါ။ အောင်မြင်မှုရပါက နှလုံး, အသည်း, အမြှေး, အဖျဉ်း, အဆုပ်ဟူသော ကောဋ္ဌာသ ငါးခုကို ဆက်လက်
ရှုပါ။

 အောင်မြင်မှုရပါက အူမ, အူသိမ်, အစာသစ်, အစာဟောင်း, ဦးနှောက်ဟူသော ကောဋ္ဌာသ ငါးခု,
သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီခဲဟူသော ကောဋ္ဌာသ ခြောက်ခု, မျက်ရည်, ဆီကြည်, တံတွေး,
နှပ်, အစေး, ကျင်ငယ်ဟူသော ကောဋ္ဌာသ ခြောက်ခုတို့ကို တစ်စတစ်စ တိုး၍ တိုး၍ ရှုကြည့်ပါ။

ယင်းသို့ (၃၂)ကောဋ္ဌာသတို့ကို ရှုရာ၌ ၀ိုးတိုးဝါးတားဖြစ်၍ မထင်
မရှား ဖြစ်ခဲ့သော် အာနာပါနဿတိသမာဓိကို ပြန်ထူထောင်ပါ။ ထိုသမာဓိကြောင့်,တနည်း - ထိုသမာဓိနှင့်ယှဉ်သော

လင်းရောင်ခြည်များ အားကောင်းလာသောအခါ ယင်းမထင်ရှားသည့် ကောဋ္ဌာသများကို တစ်ဖန်ပြန်၍ ရှုပါ။ အောင်မြင်မှု
ရတတ်ပါသည်။ ဤနည်းစနစ်ကို အရောင်အလင်း မှေးမှိန်သွား၍ ကောဋ္ဌာသများ မထင်ရှားတိုင်း မထင်ရှားတိုင်း
အသုံးပြုပါ။ ဤနည်းဖြင့် ရှုပွားသော်လည်း အောင်မြင်မှု နည်း၍ အခက်အခဲရှိနေပါသေးလျှင် အောက်ပါ
နည်းစနစ်ကို အသုံးပြုကြည့်ပါ။

အစမထင် အနမတဂ္ဂသံသရာတစ်ခွင်၌ အာရုံအမျိုးမျိုးတို့၌ ကြီးပွားစေအပ်သော စိတ်ဓာတ်သည်
ဆံပင်ဟူ၍ နှလုံးသွင်းဆင်ခြင်ကာမျှ၌ ပွားများသရဇ္ဈာယ်ခြင်း၏ အယဉ်သို့ အစဉ်လိုက်သဖြင့် သရဇ္ဈာယ်မှု
နောက်သို့ လိုက်၍ ဦးနှောက်ဟူသော ကောဋ္ဌာသအာရုံ၌ တည်နေတတ်၏။ ဦးနှောက်ဟူ၍ တစ်ဖန် ပြောင်းပြန်
လှန်၍ ကောဋ္ဌာသကို နှလုံးသွင်းဆင်ခြင်ရာ၌ ဆင်ခြင်ကာမျှ၌ပင်လျှင် နှလုံးသွင်းမှု သရဇ္ဈာယ်ခြင်း၏ အယဉ်သို့
အစဉ်လိုက်သဖြင့် ရှေးဘက်သို့ ပြန်လာ၍ ဆံပင်ဟူသော ကောဋ္ဌာသအာရုံ၌ တည်နေတတ်၏။ နှလုံးသွင်းစဉ်
နှလုံးသွင်းစဉ်၌ကား ထိုထိုကောဋ္ဌာသသည် အသိဉာဏ်၌ ထင်နေ၏၊

 သတိသည် သမာဓိနှင့် အတူတကွလည်း ဖြစ်နေ၏၊ ထိုကြောင့် အကြင်အကြင် ကောဋ္ဌာသသည် သာ၍ လွန်ကဲစွာ

ထင်လာ၏၊ ထိုထိုကောဋ္ဌာသ၌ နှစ်ဆတက်အားဖြင့် တိုး၍ အားထုတ်ခြင်းကို ပြု၍ အပ္ပနာဈာန်သို့ ရောက်စေထိုက်၏ =

အပ္ပနာဈာန်ကို ရရှိအောင်ကြိုးစားအားထုတ်ထိုက်၏။ ဤသို့ အပ္ပနာဈာန်သို့ ရောက်စေအပ်ရာ အခါမှစ၍ ကြွင်းသော

ကောဋ္ဌာသတို့၌လည်း ပင်ပန်းမှုမရှိဘဲ အပ္ပနာဈာန်သို့ ရောက်စေနိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၄၆-၂၄၇။)

ထိုအခါ ယင်းအာနာပါနစတုတ္ထဈာန်ကြောင့် ဖြစ်ပေါ်လာသော လင်း
ရောင်ခြည်၏ အကူအညီကိုပင်ယူ၍ ထိုလင်းရောင်ခြည် ပြန့်နှံ့ရာ အနီးကပ်ဆုံး
နေရာ၌ အထူးသဖြင့် ရှေ့တည့်တည့်၌ တည်ရှိသော သူတော်ကောင်း
တစ်ဦး၏ သို့မဟုတ် သတ္တ၀ါတစ်ဦး၏ သန္တာန်၌တည်ရှိသော (၃၂)ကောဋ္ဌာသ
တို့ကို ဆံပင်မှသည် ကျင်ငယ်၊ ကျင်ငယ်မှသည် ဆံပင်သို့တိုင်အောင် ကြိမ်ဖန်
များစွာ ရှုကြည့်ပါ။

အောင်မြင်မှု ရရှိသောအခါ အဇ္ဈတ္တ၌ တစ်လှည့်, ဗဟိဒ္ဓ၌
တစ်လှည့် ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ရှုပါ။ ထိုသို့ အဇ္ဈတ္တ ဗဟိဒ္ဓ
တစ်လှည့်စီ ကြိမ်ဖန်များစွာ ရှုနိုင်ပါမှ ဘာဝနာစွမ်းအင်သည် ကြီးမားလာမည်
ဖြစ်ပေသည်။

ဤနည်းစနစ်ကို မှီ၍ အနီးမှသည် အဝေးသို့ တစ်စတစ်စ တိုး၍တိုး၍
ရှုကြည့်ပါ။ အရပ် (၁၀)မျက်နှာ အားလုံးသို့ ဖြန့်ကြက်၍ ရှုကြည့်ပါ။ ယင်း
အာနာပါနစတုတ္ထဈာန်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်နှင့် တွေ့ထိ
မိရာ လူ တိရစ္ဆာန် စသည့် သတ္တ၀ါတိုင်းကို တစ်ဦးပြီးတစ်ဦး တစ်ယောက်ပြီး
တစ်ယောက် အဇ္ဈတ္တ တစ်လှည့်၊ ဗဟိဒ္ဓ တစ်လှည့် ရှုကြည့်ပါ။

လုပ်ငန်းခွင် စတင်ပုံ
***************
အသင်သူတော်ကောင်းသည် အဇ္ဈတ္တ၌ (၃၂)ကောဋ္ဌာသတို့ကို အ၀ါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်နိုင်သောအခါ
ရှုနိုင်သောအခါ ဗဟိဒ္ဓကောဋ္ဌာသတို့ကို စတင် နှလုံးသွင်းကြည့်ပါ။ (၃၂)ကောဋ္ဌာသကို ရှုနေသော
ဉာဏ်ကြောင့်လည်း အရောင်အလင်းများသည် ၀န်းကျင်ပတ်ချာ၌ ပျံ့နှံ့လျက်သာ ရှိနေမည် ဖြစ်သည်။ ထိုလင်း
ရောင်ခြည်ဖြင့် တွေ့ထိမိသော မိမိထိုင်နေသည့် ရှေ့တည့်တည့်တွင် ရှိနေသော အနီးကပ်ဆုံး ပုဂ္ဂိုလ်တစ်ဦးကို
စတင်၍ ရှုကြည့်ပါ။

 အကယ်၍ ထိုပုဂ္ဂိုလ်၏ (၃၂)ကောဋ္ဌာသတို့ကို ထိုးစိုက်၍ ရှုလိုက်ရာ လွယ်လွယ်ကူကူ
ရှုမရ ဖြစ်နေလျှင် မိမိ၏ အဇ္ဈတ္တသန္တာန်၌ တည်ရှိသော (၃၂)ကောဋ္ဌာသတို့ကို တစ်ဖန်ပြန်၍ ရှုပါ။ တစ်ဖန်
ဗဟိဒ္ဓသို့ ပြန်ရှုကြည့်ပါ။ ဤနည်းဖြင့် အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုခဲ့သော် အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌
လွယ်လွယ်ကူကူ မပင်မပန်းဘဲ (၃၂)ကောဋ္ဌာသကို ရှုနိုင်မည်ဖြစ်သည်။

 အကယ်၍ လင်းရောင်ခြည်စွမ်းအင်များ
မှေးမှိန်နေသဖြင့် ကောဋ္ဌာသများသည် မထင်မရှား ဖြစ်နေပြန်သော် အာနာပါနကို အာရုံယူ၍ စတုတ္ထဈာန်
သမာဓိသို့ ဆိုက်သည်တိုင်အောင်ဖြစ်စေ၊ ဓာတ်ကြီးလေးပါးကို အာရုံယူ၍ ဥပစာရသမာဓိသို့ ဆိုက်သည်တိုင်အောင်ဖြစ်

စေ
သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ
တစ်ဖန်ပြန်၍ (၃၂)ကောဋ္ဌာသတို့ကို ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ရှုပါ။ အလင်းရောင် မှေးမှိန်တိုင်း ဤနည်း
စနစ်ကို အသုံးပြုပါ။

 နီးစပ်ရာ အနီးအနား၌ တည်ရှိသော ပုဂ္ဂိုလ်တစ်ဦး၌ (၃၂)ကောဋ္ဌာသကို ရှု၍ အောင်မြင်
ခဲ့သော် နောက်တစ်ယောက်သို့ ပြောင်းရှုကြည့်ပါ။ ရှု၍ ရရှိပါက အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် တစ်လှည့်စီ
ရှုပါ။ ထိုသို့ တစ်လှည့်စီရှုပါက ဘာဝနာစွမ်းအားမှာ အရှိန်အ၀ါကြီးမားလာတတ်ပေသည်။ ထိုကြောင့် ဗဟိဒ္ဓ၌
ရှု၍ရတိုင်း အဇ္ဈတ္တသို့ တစ်ဖန်ပြန်၍ ရှုပါ။ ဤနည်းအတိုင်း ဗဟိဒ္ဓ၌ တစ်ယောက်ပြီး တစ်ယောက် ပြောင်း၍
ရှုပါ။ အနီးမှ အဝေးသို့ တစ်စတစ်စ ချဲ့ထွင်၍ နှလုံးသွင်းကြည့်ပါ။ လင်းရောင်ခြည်ဖြင့် တွေ့ထိမိရာ လူ တိရစ္ဆာန်
စသည့် သတ္တ၀ါတိုင်းကို ရှုကြည့်ပါ။

 အလင်းရောင် မှေးမှိန်သွားပါက အထက်တွင် တင်ပြခဲ့သည့်အတိုင်း သမာဓိကို
တစ်ဖန်ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင် အားကောင်းလာပါက တစ်ဖန်ပြန်၍ (၃၂)ကောဋ္ဌာသတို့ကို
ဆက်လက်ရှုပါ။ ၀န်းကျင်ပတ်ချာအရပ် (၁၀)မျက်နှာ၌ ရှု၍ ရနိုင်သမျှ ရောက်ဖူးသောအရပ် မရောက်ဖူးသော
အရပ်တို့၌ တည်ရှိသော လင်းရောင်ခြည်ဖြင့် တွေ့ထိမိရာ သတ္တ၀ါတိုင်း၌ တည်ရှိသော ကောဋ္ဌာသတို့ကို ချဲ့ထွင်
ရှုပါလေ။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနလုံး၌ အ၀ါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာပြီးပါက ပဂုဏ ဖြစ်ပေပြီ။

အသင်သူတော်ကောင်းသည် ဤသို့ ကောဋ္ဌာသအနေဖြင့် လေ့လာပွားများခိုက်၌ ----
၁။ ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ် အနေအားဖြင့်လည်းကောင်း၊
၂။ ၀ဏ္ဏ = အရောင်အဆင်းအားဖြင့်လည်းကောင်း၊
၃။ သုညတ = အတ္တမှ ဆိတ်သုဉ်းသည့် ဓာတ်သဘောအားဖြင့်လည်းကောင်း ---
နှလုံးမသွင်းပါနှင့်ဦး၊ ကောဋ္ဌာသအနေဖြင့်သာ နှလုံးသွင်းပါဦး။ ကောဋ္ဌာသများကို အ၀ါးဝစွာ လေ့လာ-
ပြီးမှ ကြိုက်ရာလမ်းကို ရွေးချယ်ပါ။

 ယောက်ျားမိန်းမ ကျွဲ နွား တိရစ္ဆာန်ဟု မတွေ့မမြင်တော့ဘဲ (၃၂)ကောဋ္ဌာသ အစုအပုံဟု
ကြည့်လိုက်တိုင်း တွေ့နေပါက အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ အ၀ါးဝစွာ နိုင်နိုင်
နင်းနင်း လေ့လာပြီး ဖြစ်ပေပြီ = ပဂုဏ ဖြစ်ပေပြီ။

စိတ်ဓာတ်၏ ထက်မြက်သော စွမ်းအင်သတ္တိ
စိတ်ဓာတ်၏ စွမ်းအင်သတ္တိကား အလွန်ထက်မြက်၏၊ တစ်သက်လုံး တိရစ္ဆာန် အကောင်အထည်, လူ
ပုံသဏ္ဌာန်ကို မြင်လာခဲ့သော်လည်း ဆံပင် မွေးညင်းစသော ကောဋ္ဌာသအစုအပုံကို တစ်ခုစီတစ်ခုစီ ကြည့်ရှုဖန်
များသောအခါ တိရစ္ဆာန်ဟု လူကိုယ်ကောင်ကြီးဟု မမြင်တော့ဘဲ ဆံပင် မွေးညင်းစသော ကောဋ္ဌာသအစုအပုံ
ကိုသာ မြင်နေတော့၏။

 ထိုကြောင့်လည်း ထိုသို့ သိမြင်တော်မူကြသည့် သူတော်ကောင်းတို့သည် တရားထူး
တရားမြတ်ကို ရရှိတော်မူကြခြင်း ဖြစ်ပေသည်။ အသင်သူတော်ကောင်း၏ စိတ်ဓာတ်၌လည်း ထိုကဲ့သို့သော
စွမ်းအင်များသည် တည်ရှိနေသည်သာ ဖြစ်သည်။ ထိုစွမ်းအင်သတ္တိများ ထွက်ပေါ်လာအောင် အသင်သူတော်ကောင်း၏
စိတ်ကို ဘာဝနာရေစင်ဖြင့် ဆေးကြောပါ။

"ဖားအောက်တောရဆရာတော်"
www.bhikkhudhamma.blogspot.com

No comments:

Post a Comment