Choose Fonts Here

Sunday, March 20, 2016

ဒါရိုက်တာနဲ့ မင်းသား


ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာ
သမ္ပဇ္ဇတိ။။ (၀ိသုဒ္ဓိ၊၁၊၂၇၁။)

ဝင်သက်လေ ထွက်သက်လေ ထိထိသွားရာ = ထိမှုထင်ရှားရာ အရပ်၌သာလျှင်
သတိကို တည်စေ၍ = သတိကို ထား၍ အာနာပါန ကမ္မဋ္ဌာန်းကို
ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် အာနာပါနဿတိသမာဓိ
ဘာဝနာသည် ပြီးစီး ပြည့်စုံနိုင်၏။ (၀ိသုဒ္ဓိ၊၁၊၂၇၁။)

မွေးဖွားခြင်းမှစ၍ ဝင်ထွက်လေသည်ရှိ၏ မသိလိုက်မသိသာနေခဲ့၏ အခုတရားအားထုတ်ခြင်းသည်
ထိုလေအား သတိနဲ့စောင့်ကြည့်နေခြင်းပင်ဖြစ်သည်။ဝင်လေထွက်လေတို့အားစောင့်ကြည့်နေရုံပါဘဲ၊
ရုပ်ရှင်တစ်ခုမှာ ဒါရိုက်တာက မည်သို့မည်ပုံပြုလုပ်ရမည်ကို စီမံသလို မင်းသားကလည်း ဝင်ပြီးပြုပြင်
စီမံနေပါတယ်။ ရုပ်ရှင်ကြည့်ပရိတ်သတ်ကတော့ သူတို့လုပ်တာအေးအေးဆေးဆေး ထိုင်ကြည့်နေ
ရုံပါ ။ထိုအတူပါဘဲ ယောဂီဟာ ဒါရိုက်တာကဲ့သို့ ဝင်လေထွက်လေတို့အား ရှည်အောင်လုပ်မယ်
တိုအောင်လုပ်မယ်လို့ မစီမံရပါ ၊ မင်းသားကဲ့သို့ ရှည်အောင်တိုအောင်လုပ်မယူရပါ ။

ရုပ်ရှင်ကြည့်ပရိတ်သတ်ကဲ့သို့ သူ့အလိုလိုသာဖြစ်နေသော ဝင်သက်လေ ထွက်သက်လေအပေါ်၌
စိတ်ကိုငြိမ်းချမ်းစွာထား၍ ထိုင်ကာရှုပွားနေရုံပါဘဲ ။

"Bhikkhu's Dahamma"

No comments:

Post a Comment