Choose Fonts Here

Monday, May 23, 2016

ဝိညာဏဉ္စာယတနဈာန်


ဝိညာဏဉ္စာယတနဈာန်ဟူသည် အာကာသာနဉ္စာယတန၀ိညာဏ်လျှင်
တည်ရာအာရုံရှိသော ဈာန်တည်း။ အာကာသာန​ဉ္စာယတန၀ိညာဏ်ကို
အရှုခံအာရုံထား၍ ရှုပွားသုံးသပ်သဖြင့် ရရှိလာသော ဈာန်တည်း။ ထိုဝိညာ
ဏဉ္စာယတနဈာန်ကို ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါဝစရ-
ပုဂ္ဂိုလ်သည် အာကာသာနဉ္စာယတနဈာန်သမာပတ်ကို ၀သီဘော်ငါးတန်
နိုင်နင်းအောင် လေ့ကျင့်အပ်၏။ အာကာသာနဉ္စာယတနဈာန်သမာပတ်၌
ဝသီဘော်ငါးတန်ကို နိုင်နင်းအောင် လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည်
၁။ ဤ ငါရရှိထားသော အာကာသာနဉ္စာယတနဈာန်သမာပတ်သည်
ရူပါဝစရဈာန်ဟူသော နီးကပ်သော ရန်သူရှိ၏။
၂။ ၀ိညာဏဉ္စာယတနဈာန်သမာပတ်ကဲ့သို့ ငြိမ်သက်သည်လည်း မဟုတ်ခဲ့။
ဤသို့လျှင် အာကာသာနဉ္စာယတနဈာန်သမာပတ်၌ အပြစ်မြင်အောင် ရှု၍
၃။ ထိုအာကာသနဉ္စာယတနဈာန်၌ ခုံမင်တပ်မက်ခြင်း တဏှာကို ကုန်စေ၍
၎။ ၀ိညာဏဉ္စာယတနဈာန်ကို ငြိမ်သက်၏ဟူ၍ နှလုံးသွင်းပြီးလျှင်
ထိုပထ၀ီကသိုဏ်းကို ခွာ၍ ရအပ်သော အာကာသနိမိတ်ကို ပျံ့နှံ့၍
ဖြစ်ပေါ်လာသော ထိုအာကာသာနဉ္စာယတန၀ိညာဏ်ကို ၀ိညိညာဏံ -
ဝိညိညိညာဏံဟူ၍ အဖန်ဖန် အထပ်ထပ် ဆင်ခြင်အပ်၏ နှလုံးသွင်းအပ်၏
ဉာဏ်ဖြင့် သက်ဝင်၍ ဆင်ခြင်အပ်၏။ ၀ိတက်ဖြင့် ၀ိညာဏံ - ၀ိညာဏံဟု
ရှေးရှုခေါက်သည်ကို ထက်ဝန်းကျင် လှည့်လည်၍ ခေါက်သည်ကို ပြုအပ်၏။
အနန္တံ အနန္တံဟူ၍ သက်သက် နှလုံးမသွင်းကောင်း၊ ၀ိညာဏံ - ၀ိညာဏံဟု
လည်းကောင်း၊ အနန္တံ ၀ိညာဏံ - အနန္တံ ၀ိညာဏံဟုလည်းကောင်း နှလုံး-
သွင်းကောင်း၏။

ဤသို့သော နည်းအားဖြင့် ထိုအာကာသာနဉ္စာယတန၀ိညာဏ်
ဟူသော ၀ိညာဏနိမိတ်၌ အဖန်တလဲလဲ ဘာဝနာစိတ်ကို ဖြစ်စေသော
ထိုယောဂါဝစရပုဂ္ဂိုလ်အား နီဝရဏကိလေသာအညစ်အကြေးတို့သည်
ကွာကျသွားကြကုန်၏။ အာကာသာနဉ္စာယတန၀ိညာဏ်လျှင် တည်ရာအာရုံ-
ရှိသော သတိသည် ကောင်းစွာ တည်လာ၏၊ ဥပစာရဈာန်သမာဓိဖြင့်
ဘာဝနာစိတ်သည် ကောင်းစွာ တည်ကြည်လာ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည်
ထိုအာကာသာနဉ္စာယတန၀ိညာဏ်နိမိတ်ကို အဖန်ဖန် အထပ်ထပ်
မှီဝဲ၏ ပွားများ၏ ကြိမ်ဖန်များစွာ အလေ့အလာပြု၏။ ဤသို့သောနည်းဖြင့်
အကြိမ်များစွာပြုသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ကသိုဏ်းကို ခွာ၍
ရရှိလာသော အာကာသနိမိတ်၌ အာကာသာနဉ္စာာယတနဈာန်စိတ်သည်
အပ္ပနာဈာန်၏ အစွမ်းဖြင့် ဖြစ်သကဲ့သို့ --- ပထ၀ီကသိုဏ်းကို ခွာ၍ ရရှိလာသော
အာကာသနိမိတ်ကို ပျံ့နှံ့၍ အာရုံပြု၍ ဖြစ်ပေါ်လာသော
အာကာသာနဉ္စာယတန၀ိညာဏ်အာရုံ၌ ၀ိညာဏဉ္စာယတနဈာန်စိတ်သည်
အပ္ပနာဈာန်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ (၀ိသုဒ္ဓိ၊၁၊၃၂၅။)



ပရမတ်အာရုံဖြစ်သည်ကို သတိပြုပါ
............................................
ဤ၌ အရှုခံအာရုံမှာ အာကာသာနဉ္စာယတနဈာန်ဝိညာဏ်ဖြစ်၏။
ပရမတ်အာရုံတည်း။ ထိုအာကာသာနဉ္စာယတနဈာန်ဝိညာဏ်ကို ၀ိညာဏံ
ဝိညာဏံဟု ရှုခဲ့သော် ထိုအာကာသာနဉ္စာာယတန၀ိညာဏ်အာရုံ၌ ငြိမ်ဝပ်စွာ
ကပ်၍ တည်နေသော ဘာဝနာစိတ်တို့တွင် ဥပစာရဈာန်ဇောတို့၏ နောက်၌
အပ္ပနာဈာန်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ဈာန်စိတ်သည် ၀ိညာဏဉ္စာ
ယတနဈာန်စိတ်တည်း။ အာကာသာနဉ္စာယတန၀ိညာဏ်လျှင် တည်ရာ
အာရုံရှိသော ဈာန်စိတ်ဟူလိုသည်။ အရှုခံအာရုံဖြစ်သော ဈာန်စိတ်မှာ
အာကာသာနÍ္စာယတနဈာန်စိတ်ç ရှုတတ်သော ဈာန်စိတ်မှာ ၀ိညာဏဉ္စာ
ယတနဈာန်စိတ်တည်း။ နှစ်မျိုးလုံးသည် ဈာန်စိတ်ချည်းသာတည်း။ ပရမတ်တရားချည်းသာတည်း။

အခက်အခဲတစ်ရပ်--
အရှုခံအာရုံမှာ ပရမတ်တရား ဖြစ်နေသဖြင့် နာမ်ကမ္မဋ္ဌာန်းကို မရှုဖူး-
သေးသော အချို့အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့အဖို့ ယင်းအာကာသာနဉ္စာယ
တန၀ိညာဏ်ကို မသိမ်းဆည်းတတ် ဖြစ်နေကြ၏။ ထိုအခါတွင် ---
ယင်း အာကာသာဉ္စာယတနဈာန်၏ ဥပေက္ခာ + ဧကဂ္ဂတာ ဟူသော
ဈာန်အင်္ဂါနှစ်ပါးကို သိမ်းဆည်းတတ်ပါသလားဟု ထိုပုဂ္ဂိုလ်တို့ကို မေးကြည့်လိုက်သောအခါ
သိမ်းဆည်းတတ်ပါကြောင်းကို ၀န်ခံကြ၏။

ထိုအခါတွင် ယင်းဈာန်အင်္ဂါနှစ်ပါးတို့နှင့် စိတ္တက္ခဏ တစ်ခုတစ်ခုအတွင်းဝယ် အတူယှဉ်တွဲ
ဖြစ်နေသော ယင်းဈာန်စိတ်ကို မြင်အောင်ရှုပါဟု အကြံပြုလိုက်သောအခါ
ယင်းဈာန်စိတ်ကို ရှုတတ်သွားကြ၏။ သို့သော် နောက်ထပ် ထပ်ဆင့်မေးခွန်း-
တစ်ခု မေးလာတတ်ကြပြန်၏။ ယင်းအာကာသာနဉ္စာယတန ဈာန်စိတ်မှာ
ယောဂါဝစရပုဂ္ဂိုလ်၏ နှလုံးအိမ်အတွင်း၌ တည်ရှိသော ဟဒယ၀တ္ထုရုပ်ကိုသာ
မှီ၍ဖြစ်နေသော စိတ်တစ်မျိုးဖြစ်သဖြင့် ယင်းဈာန်စိတ်ကို ၀ိညာဏံ ၀ိညာဏံဟု
 ရှုနေသောအခါ နှလုံးအိမ်အတွင်း ဟဒယ၀တ္ထု ရှိသည့်နေရာကို
စိုက်ရှုနေရမှာလားဟု မေးတတ်ကြပြန်၏။ ဟုတ်ပါသည်ဟုပင် အဖြေပေး
ရ၏။ သို့သော် ဦးခေါင်းကို ငုံ့ကာ နှလုံးအိမ်ဘက်သို့ စိုက်ကြည့်ရမည်ဟုကား
မဆိုလိုကြောင်းကိုလည်းကောင်း၊ စိတ်ဖြင့်သာ စိုက်ရှုရန်ကိုလည်းကောင်း
ထပ်မံ၍ အကြံပြုရပြန်သည် ။

ဝိညာဏဉ္စာယတနဈာန်သို့ ဆိုက်ရောက်နေသူ
...........................................................
ဤမျှ အတိုင်းအရှည်ရှိသော ဘာဝနာအစဉ်ဖြင့် ဤပုဂ္ဂိုလ်ကို ဤသို့
ခေါ်ဆိုအပ်ပေ၏။(အဘိ၊၂၊၂၅၄။ ဒီ၊၂၊၆၀။)
အကြွင်းမရှိ အလုံးစုံသော အာကာသာနဉ္စာယတနဈာန်နှင့် အာကာသ
နိမိတ်အာရုံကို ကျော်လွှား လွန်မြောက်၍ "အနန္တံ ၀ိညာဏံ အနန္တံ ၀ိညာဏံ"
ဟု ဤသို့ နှလုံးသွင်းသည်ဖြစ်၍ ၀ိညာဏဉ္စာယတနဈာန်ကို ပြည့်စုံစေ၍
နေသူဟူ၍ ဆိုအပ်၏။ (အဘိ၊၂၊၂၅၄။ ဒီ၊၂၊၆၀။ ၀ိသုဒ္ဓိ၊၁၊၃၂၅။)

ဤ၌ အာကာသာနဉ္စာယတနဈာန်ကိုလည်းကောင်း၊ ယင်း အာကာသာ
နဉ္စာယတနဈာန်၏ တည်ရာအာရုံဖြစ်သည့် အာကာသနိမိတ်ကိုလည်း
ကောင်း --- ဤ နှစ်မျိုးလုံးကိုပင် အာကာသာဉ္စာယတနဟု ဆိုလို၏။ ထိုနှစ်မျိုး
လုံးကိုပင် မဖြစ်ခြင်းကို ပြုသဖြင့်လည်းကောင်း၊ နှလုံးမသွင်းသဖြင့်လည်း-
ကောင်း --- အချင်းခပ်သိမ်း ကျော်လွှား လွန်မြောက်သွားပါမှသာလျှင် ဤ
ဝိညာဏဉ္စာယတနဈာန်ကို ပြည့်စုံစေ၍ နေနိုင်သောကြောင့် ဤဈာန်နှင့်အာရုံ
နှစ်ပါးလုံးတစ်ပေါင်းတည်း ပြု၍ အာကာသာနဥ္စာ္စ ယတနံသမတိတ္တမ္မ
= အာကာသာနဉ္စာယတနဈာန်နှင့် အာကာသာနဉ္စာယတနဈာန်၏ အာရုံ
(= အာကာသနိမိတ်)ကို ကျော်လွှားလွန်မြောက်၍ဟု ဘုရားရှင် ဟောကြား
တော်မူပေသည်။ (၀ိသုဒ္ဓိ၊၁၊၃၂၅-၃၂၆။)

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

No comments:

Post a Comment