အများသောသူတို့သိထားကျသည်မှာ မိမိအတိတ်အနာဂတ်တို့အား ရှုပွားသုံးသပ်ခြင်းသည်
ပုဗ္ဗေနိဝါသာနုဿတိအဘိဉာဏ်၏ အရာသာဖြစ်သည် ပဋိစ္စသမုပ္ပါဒ်၏ အရာမဟုတ်ဟုထင်မြင်ကြပေသည် ။
အသင်သူတော်ကောင်းတို့ သိထားသင့်သည်မှာ ပုဗ္ဗေနိဝါသာနုဿတိအဘိဉာဏ်သည် ဘုရားရှင်တို့
မပွင့်ထွန်းတော်မူသော အချိန်များတွင်ပင် ရှုပွား၍ ရနိုင်သောအရာပင် မိမိ၏ အတိတ်က နာမည်
ဘယ်အရပ်တွင် ဖြစ်သည် စသည်ဖြင့် သိရှိနိုင်လောက်အောင် ရှုပွားနိုင်ပေသည် ။
ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးဆက်နွယ်မှု အပိုင်းသည် ထိုသို့မဟုတ်ပေ ၊ မိမိ၏ အတိတ် ပစ္စုပ္ပန် အနာဂတ်
တို့ရှိ ရုပ်ဓမ္မ နာမ်ဓမ္မ အား၏ အကြောင်းအကျိုးဆက်နွယ်မှု အပိုင်းကို ပရမတ်ကျကျ ရှုပွား ရသော
သာသနာအတွင်းသာရနိုင်သော တရားဖြစ်သည် ။ ဆိုလိုရင်းမှာ နာမည်စသော ပညတ်တရားတို့အား
ရှုပွားခြင်းမဟုတ်ဘဲ ပညတ်နှင့်မကင်းစကောင်းသော ရုပ် နာမ် အား၏ အကြောင်းအကျိုးဆက်နွယ်မှုကို
ရှုပွားနေခြင်းပင်ဖြစ်ပေသည် ။
အဘိညာဉ်နှင့် ၀ိပဿနာ
..................................
ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်ဖြင့် အတိတ်ကို ရှု၍ရသည်ဟူသော
အဆိုသည်လည်း ကျမ်းဂန်များ၌ လာရှိ၏။ ဒိဗ္ဗစက္ခုအဘိညာဉ်၏ အစိတ်
အပိုင်း တစ်ခုဖြစ်သော အနာဂတံသဉာဏ်ဖြင့်လည်း အနာဂတ်ကို ရှုရသည်
ဟူသော အဆိုလည်း ကျမ်းဂန်များ၌ လာရှိ၏။
ဤအဆိုများနှင့် ပတ်သက်၍
အလွယ်တကူ လက်ခံနိုင်သော်လည်း ၀ိပဿနာဉာဏ်ဖြင့်လည်း အတိတ်
အနာဂတ် ခန္ဓာတို့ကို ရှု၍ရနိုင်သည်ဟူသော အဆိုအမိန့်နှင့် ပတ်သက်၍ကား
လက်မခံလိုကြပေ။ ၀ိပဿနာဉာဏ်ဖြင့်လည်း အတိတ်အနာဂတ် ဥပါ
ဒါနက္ခန္ဓာတို့ကို ရှု၍ရနိုင်သည်ဟူသော အဆိုအမိန့်နှင့် ပတ်သက်သော ဘုရား
ဟော ပါဠိတော်နှင့် အဋ္ဌကထာအဖွင့်တို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏။
"ယေ ဟိ ကေစိ ဘိက္ခဝေ သမဏာ ၀ါ ဗြဟ္မဏာ ၀ါ အနေက၀ိဟိတံ
ပုဗ္ဗေ္ဗနိဝါသံ ။ ပ ။ ဝေဒနာဒီသုဧသေ၀ နယော။" (သံ၊ဋ္ဌ၊၂၊၂၆၆။)(သံ၊ဋီ၊၂၊၂၃၅)
ရဟန်းတို့ ...အချို့သော သမဏတို့သည်လည်းကောင်း၊ အချို့သော
ဗြာဟ္မဏတို့သည်လည်းကောင်း တစ်ပါးမက များပြားလှစွာသော ရှေး၌နေခဲ့
ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ကြကုန်သည်
ရှိသော် ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်၏။
ထိုအလုံးစုံ
ကုန်သော ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်သော သမဏ
ဗြာဟ္မဏတို့သည် ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကိုသော်လည်းကောင်း, ထိုဥပါဒါနက
္ခန္ဓာ ငါးပါးတို့တွင် တစ်ပါးပါးကိုသော်လည်းကောင်း ဉာဏ်ဖြင့် အစဉ်
လျှောက်၍ အောက်မေ့နိုင်ကြကုန်၏။ (သံ၊၂၊၇၁။)
ဤပါဠိတော်ဝယ် ပုဗ္ဗေနိဝါသဟူသော ဤစကားရပ်ကို ပုဗ္ဗေနိဝါသာ
နုဿတိအဘိညာဏ်၏ အစွမ်းဖြင့် ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်
ဖြင့် အစဉ်လျှောက်၍ အောက်မေ့ခြင်းကို ရည်ရွယ်တော်မူ၍ ဘုရားရှင်သည်
ဟောကြားထားတော်မူသည်ကား မဟုတ်။ အဟုတ်သော်ကား ၀ိပဿနာ
ဉာဏ်၏ အစွမ်းဖြင့် အတိတ်၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်
လျှောက်၍ အောက်မေ့ကြကုန်သော သမဏဗြာဟ္မဏတို့ကို ရည်ရွယ်တော်
မူ၍ ဤပုဗ္ဗေနိဝါသံဟူသော စကားတော်ကို ဘုရားရှင်သည် ဟောကြား
ထားတော်မူအပ်ပေသည်။
ထို့ကြောင့်ပင်လျှင် ---
"သဗ္ဗေ္ဗ္ဗ တေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ္တ ဧတေသံ ၀ါအညတရံ။"
= ထိုအားလုံးသော သမဏဗြာဟ္မဏတို့သည် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို
မူလည်း ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်၏။ ထို
ဥပါဒါနက္ခန္ဓာငါးပါးတို့တွင် တစ်ပါးပါးကိုသော်မူလည်း ဉာဏ်ဖြင့် အစဉ်
လျှောက်၍ အောက်မေ့နိုင်ကြကုန်၏။ (သံ၊၂၊၇၁။)
ဤသို့ ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ အကြောင်း
ကား ဤသို့ ဖြစ်၏။ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်၏ အစွမ်းဖြင့် ရှေး၌
နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့သော
သမဏ ဗြာဟ္မဏအား ---
၁။ လောကုတ္တရာတရားများပါဝင်သည့် ခန္ဓာငါးပါးတို့သည်လည်းကောင်း,
၂။ လောကုတ္တရာတရားများ မပါဝင်သည့် ဥပါဒါနက္ခန္ဓာငါးပါးတို့သည်
လည်းကောင်း၊
၃။ ခန္ဓာနှင့်ဆက်စပ်နေသည့် အမျိုးအနွယ် ရုပ်အဆင်း အစာအာဟာရ
သုခ ဒုက္ခစသည်တို့သည်လည်းကောင်း၊
၎။ အမည်နာမပညတ် အမျိုးမျိုးသည်လည်းကောင်း။
ဤ (၄)မျိုးသော အခြင်းအရာသည် ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်
၏ အာရုံဖြစ်သည်သာတည်း။ ယခုမူ ဘုရားရှင်ကား ဤ (၄)မျိုးသော အခြင်း
အရာကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြောင်းကို မဟောဘဲ
ရှေး၌နေခဲ့ဖူးသော ဥပါဒါနက္ခန္ဓာငါးပါးကိုသော်လည်းကောင်း, တစ်ပါးပါးကို
သော်လည်းကောင်း ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြောင်း
ကိုသာ ဟောတော်မူသဖြင့် ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်ဖြင့် ရှေး၌
နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အစဉ်လျှောက်၍ အောက်မေ့မှုကို ရည်ရွယ်တော်
မမူဘဲ ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ၀ိပဿနာဉာဏ်ဖြင့် အစဉ်လျှောက်
၍ အောက်မေ့မှုကိုသာ ရည်ရွယ်တော်မူကြောင်းကို သိရှိနိုင်ပေသည်။
ထိုသို့ဝိပဿနာဉာဏ်ဖြင့် ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အစဉ်လျှောက်၍
အောက်မေ့ရာ၌ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တ၀ါကို အစဉ်လျှောက်
၍ အောက်မေ့သည်ကား မဟုတ်။ အတိတ်၌ ချုပ်ခဲ့လေပြီးသော ရုပ် ဝေဒနာ
သညာ သင်္ခါရ ၀ိညာဏ်ကိုသာ ၀ိပဿနာဉာဏ်ဖြင့် အစဉ်လျှောက်၍
အောက်မေ့နိုင်သည် ဟူလိုသည်။ (သံ၊၂၊၇၁။ သံ၊ဋ္ဌ၊၂၊၂၆၆။)
ဤကား ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်နှင့် ၀ိပဿနာဉာဏ်တို့၏
စွမ်းအင်ကွဲပြားပုံနှင့် ၀ိပဿနာဉာဏ်ဖြင့်လည်း အတိတ်အနာဂတ်ကို ရှုနိုင်ပုံ
ရှုရပုံ ရှု၍လည်း ရရှိနိုင်ပုံ ကျမ်းဂန် အထောက်အထားများတည်း။ ဘုရား
ရှင်၏ မုခပါဌ်တော်မှ တိုက်ရိုက် ထွက်ပေါ်လာသော ဗျာဒိတ်တော် အသံတစ်မျိုးတည်း။
ဤအရာဝယ် အသင်သူတော်ကောင်းသည် ဈာန်အစေး ခန်းခြောက်
တော်မူသည့် သုက္ခ၀ိပဿက (= သုဒ္ဓ၀ိပဿနာယာနိက) ရဟန္တာအရှင်မြတ်
ကြီးတို့သည်လည်း အရိယသစ္စာလေးရပ် တရားမြတ်ကို သမ္မာဒိဋ္ဌိ ဉာဏ်
ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်သွားတော်မူကြသည်
ဟူသော ဤအချက်ကိုပါ ထည့်သွင်း စဉ်းစားသင့်လှပေသည်။ အသင်သူတော်ကောင်း
သည် ဘုရားရှင်၏ တရားစစ် တရားမှန်တည်းဟူသော အဆုံး
အမ သာသနာတော်ကြီးနှင့် မလွဲချော်မိအောင် ကြိုးပမ်းသင့်လှပေသည်။
"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/
No comments:
Post a Comment