Choose Fonts Here

Monday, May 23, 2016

အရူပါဝစရဈာန်ပိုင်း(အာကာသာနဉ္စယတနဈာန်)



အရူပါဝစရဈာန်သည် -
၁။ အာကာသာနဉ္စယတနဈာန် = အာကာသ (= ကောင်းကင်)ပညတ်လျှင်
တည်ရာအာရုံရှိသောဈာန်
၂။ ၀ိညာဏဉ္စယတနဈာန် = အာကာသာနသ္စယတန၀ိညာဏ်လျှင်
တည်ရာအာရုံရှိသောဈာန်
၃။ အာကိဉ္စညာယတနဈာန် = အာကာသာနဉ္စယတန၀ိညာဏ်၏
မရှိခြင်း (= နတ္ထိဘော)ပညတ်လျှင် တည်ရာအာရုံရှိသောဈာန်
၎။ နေ၀သညာနာသညာယတနဈာန် = သညာရှိသည်လည်း မဟုတ်
မရှိသည်လည်း မဟုတ်သော = ရုန့်ရင်းကြမ်းတမ်းသော သညာကား
မရှိ၊ အလွန့်အလွန် သိမ်မွေ့နူးညံ့သော သညာသာ ရှိသဖြင့် ယင်း
အလွန့် အလွန် သိမ်မွေ့နူးညံ့သော သညာလျှင် တည်ရာအာရုံရှိသောဈာန်
ဤသို့လျှင် လေးမျိုးပြား၏။ ထိုတွင် အာကာသာနဉ္စယတနဈာန်ကို
ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ
ရုပ်တရားတို့၏ အပြစ်ကို မြင်အောင် ရှုဆင်ခြင်အပ်၏။

မိဘတို့၏ သုက်သွေးကို အမှီပြုကာ ကံ-စိတ်-ဥတု-အာဟာရတည်း
ဟူသော အကြောင်းတရားလေးပါးတို့ကြောင့် ထင်ရှားဖြစ်ပေါ်လာရသော
ဤခန္ဓာကိုယ်ကို ကရဇကာယဟုခေါ်ဆို၏ ။ ဤကရဇကာယ ထင်ရှားရှိခြင်း
ကြောင့် တုတ်ဓားစသော လက်နက်ကို စွဲကိုင်လျက် သတ်ပုတ်ကြ၏၊ ရိုက်နှက်
ကြ၏၊ ညှဉ်းပန်းနှိပ်စက်ကြ၏၊ ခိုက်ရန်ဖြစ်ကြ၏၊ ငြင်းခုံကြ၏၊ မျက်စိရောဂါ
နားရောဂါ စသည်ဖြင့် ရောဂါအမျိုးမျိုးကို ခံစားရ၏။ ဤ ကရဇကာယ
အမည်ရသော ရုပ်တရားသာ မရှိပါက ထိုကဲ့သို့သော ဒုက္ခမျိုးစုံမှ လွတ်ပေလိမ့်မည်ဟ
ု ပညာဖြင့် ဆင်ခြင်၍ ရုပ်တရားကိုသာလျှင် ငြီးငွေ့ခြင်းငှာ
စက်ဆုပ်ခြင်းငှာ၊ချုပ်စေခြင်းငှာ အာကာသာနဉ္စယတနဈာန်ကို ရရှိအောင်
ကြိုးစားအားထုတ်ရ၏။ အာကာသာနဉ္စယတနဈာန်ဟူသည် အာကာသ
(= ကောင်းကင်)ပညတ်လျှင် တည်ရာအာရုံရှိသော ဈာန်တည်း။ ကရဇကာယ
အမည်ရသော ရုပ်တရား၌ အပြစ်ကို မြင်အောင်ရှု၍ ထိုရုပ်တရားကို
ကျော်လွှားလွန်မြောက်ဖို့ရန် အာကာသကသိုဏ်းမှ တစ်ပါး ကြွင်းကျန်သော
ပထ၀ီကသိုဏ်းစသော ကသိုဏ်း (၉)ပါးတို့တွင် တစ်ပါးပါးသော ကသိုဏ်း၌
စတုတ္ထဈာန်ကို ဖြစ်စေအပ်၏။ (၀ိသုဒ္ဓိ၊၁၊၃၂၀။)

နှိုင်းခိုင်းဖွယ်ရာ လောကဥပမာ
..........................................
ထိုယောဂါဝစရပုဂ္ဂိုလ်အား ရူပါဝစရစတုတ္ထဈာန်၏ အစွမ်းအားဖြင့်
ယင်းဈာန်က ကရဇရုပ်ကို အာရုံ မပြုခြင်း၊ပဋိဘာဂနိမိတ်ကိုသာ အာရုံ
ပြုခြင်းကြောင့် --- ကရဇရုပ်ကို ကျော်လွှားလွန်မြောက်ခြင်းသည် အကယ်၍ကား
ဖြစ်ပါပေ၏။ ထိုသို့ပင် ဖြစ်ပါသော်လည်း ကသိုဏ်းရုပ်သည်လည်း
ဈာန်၏ အာရုံအဖြစ်ဖြင့် အာရုံယူ၍ ရနိုင်ခြင်းကြောင့် ထိုကရဇရုပ်နှင့်
တူသည်သာလျှင် ဖြစ်၏။ ထိုကြောင့် ထိုကသိုဏ်းရုပ်ကိုလည်း ကျော်လွှား-
လွန်မြောက်ဖို့ရန် အလိုရှိအပ်ပေ၏။ ဥပမာ --- မြွေကြောက်တတ်သော
ယောက်ျားသည် တောတွင်း၌ မြွေက နောက်မှ လိုက်သဖြင့် အပန်းတကြီး
လျင်လျင်မြန်မြန် ပြေးလေသော် ပြေးရာအရပ်၌ မြွေနှင့်တူအောင် ဆေးရောင်
အမျိုးမျိုးဖြင့် ခြယ်သထားအပ်သော ဆန်းကြယ်သော ထန်းရွက်ကိုလည်း-
ကောင်း၊ နွယ်ကိုလည်းကောင်း၊ ကြိုးကိုလည်းကောင်း။ မြေကြီး၌ ကွဲအက်နေသော
အက်ကြောင်းကိုလည်းကောင်း အဝေးက လှမ်းမြင်လိုက်လျှင်
ကြောက်ရွံ့ထိတ်လန့်သွား၏၊ ထိုဝတ္ထုကို မကြည့်လို ဖြစ်သွား၏။ နောက်ဥပမာ
တစ်မျိုးကား --- မိမိ၏ အကျိုးစီးပွားမဲ့ကို ပြုလုပ်တတ်သော ရန်သူယောက်ျား-
တစ်ဦးနှင့်အတူ တစ်ရွာတည်း၌ နေထိုင်ရသော ယောက်ျားသည် ထိုရန်သူယေ
ာက်ျားက ပုတ်ခတ်ခြင်း၊ နှောင်ဖွဲ့ခြင်း၊ အိမ်ကို မီးတိုက်ခြင်း စသည်တို့ဖြင့်
နှိပ်စက်အပ်သည်ဖြစ်၍ အခြားတစ်ရွာသို့ ပြောင်းရွှေ့နေထိုင်လိုက်၏။ ထိုရွာ
၌လည်း ထိုရန်သူယောက်ျားနှင့် အဆင်းသဏ္ဌာန် အသံ အပြုအမူ ပယောဂ
တူသော ယောက်ျားကို တွေ့မြင်ပြန်သော် ကြောက်ရွံ့ ထိတ်လန့်သည်သာ
ဖြစ်ပြန်၏။ ထိုသူ့ကိုလည်း မကြည့်လို ဖြစ်နေတတ်၏။

ဤဥပမာများအတူ --- ယောဂါဝစရပုဂ္ဂိုလ်သည် ကရဇရုပ်ကိုသာမက
ထို ကရဇရုပ်ကို အခြေခံ၍ ဖြစ်ပေါ်လာသော ကသိုဏ်းရုပ်ကိုလည်း ဤကသိုဏ်း
ရုပ်သည် ထိုကရဇရုပ်နှင့် တူသည်သာလျှင်တည်းဟု စွဲမြဲစွာ
မှတ်သား၍ ထိုကသိုဏ်းရုပ်ကိုလည်း ကြောက်ခြင်း လန့်ခြင်း မမြင်လိုခြင်း
သဘောတရားသည် ထင်ရှားဖြစ်ပေါ်လာ၍ ယင်းကသိုဏ်းရုပ်ကိုလည်း
ကျော်လွှား လွန်မြောက်ခြင်းငှာ အလိုရှိမှုကို မှတ်သားပါ။ (၀ိသုဒ္ဓိ၊၁၊၃၂၀။)



ပြုကျင့်ရမည့် လုပ်ငန်းခွင်(အာကာသာနဉ္စယတနဈာန် ရှုကွက်)
...................................................................................
ပထ၀ီကသိုဏ်းကို အခြေခံကာ အာကာသာနဉ္စယတနဈာန်ကို ပွား-
များအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ပထ၀ီကသိုဏ်း-
လျှင် အာရုံရှိသော ပထမဈာန်ç ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်တို့ကို
အစဉ်အတိုင်း ၀င်စားထားပါ။

ထိုနောင် အောက်ပါအတိုင်း ဆက်လက်ကာ လိုက်နာပြုကျင့်ပါ။ ----
ဤဆိုအပ်ခဲ့ပြီးသည့်နည်းအတိုင်း ထိုယောဂါဝစရပုဂ္ဂိုလ်သည် စတုတ္ထ-
ဈာန်၏ အာရုံဖြစ်သော ထိုပထ၀ီကသိုဏ်းရုပ်မှ ငြီးငွေ့၍ ကျော်လွှား လွန်
မြောက်လိုသည်ဖြစ်၍ ၀သီဘော်ငါးတန်ကို နိုင်နင်းအောင် လေ့ကျက်အပ်-
ပြီးသည်ဖြစ်၍ အ၀ါးဝစွာ လေ့လာအပ်ပြီးသော ပထ၀ီကသိုဏ်းလျှင် အာရုံ
ရှိသော စတုတ္ထဈာန်မှ ထ၍ ထိုစတုတ္ထဈာန်၌ ဤသို့ အပြစ်ကို မြင်အောင်
ရှုပါ။ ----
၁။ ဤရူပါဝစရစတုတ္ထဈာန်သည် ငါ ငြီးငွေ့အပ်သော ကသိုဏ်းရုပ်ကို
အာရုံပြုဘိ၏။
၂။ သောမနဿဝေဒနာဟူသော နီးကပ်သော ရန်သူရှိ၏။
၃။ ငြိမ်သက်သော ၀ိမောက္ခဖြစ်သော အရူပဈာန်အောက် ရုန့်ရင်း၏။
ဤသို့ အပြစ်ကို မြင်အောင် ရှုပါ။ ဤရူပါဝစရစတုတ္ထဈာန်သည်
ဥပေက္ခာ ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါနှစ်ပါးသာ ရှိသကဲ့သို့ အလားတူပင်
အရူပါဝစရဈာန်တို့သည်လည်း ဥပေက္ခာ ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါ
နှစ်ပါးတို့သာ ရှိကြသောကြောင့် ဤရူပါဝစရစတုတ္ထဈာန်၌ ဈာန်အင်္ဂါ၏
ရုန့်ရင်းကြမ်းတမ်းမှု သဘောတရားကား မရှိပေ။

 ထိုယောဂါဝစရပုဂ္ဂိုလ်သည်
ထိုရူပါဝစရစတုတ္ထဈာန်၌ ဤဆိုအပ်ခဲ့ပြီးသောနည်းအတိုင်း အပြစ်ကို
မြင်အောင် ရှုပြီးလျှင် ----
၎။ ထိုစတုတ္ထဈာန်ကို တွယ်တာငဲ့ကွက် တသက်တသက်ရှိခြင်းကို ကုန်စေ၍
၅။ အာကာသာနဉ္စယတနဈာန်ကို ငြိမ်သက်သောအားဖြင့် အဆုံးမရှိသောအားဖြင့် နှလုံးသွင်း၍
၆။ စကြ၀ဠာ ဆုံးသည်တိုင်အောင်လည်းကောင်း၊ အလိုရှိသမျှအရပ်သို့
တိုင်အောင်လည်းကောင်း မိမိ ပွားများထားပြီးသော ပထ၀ီကသိုဏ်း-
ရုပ်ကို ဖြန့်ကြက်၍
၇။ ထိုကသိုဏ်းရုပ်ဖြင့် တွေ့ထိရာအရပ်ကို အာကာသ - အာကာသ-
ဟူ၍ လည်းကောင်း၊အနန္တ္တအာကာသ - အနန္တ္တအာကာသ ဟူ၍
လည်းကောင်း နှလုံးသွင်း၍ ---
ရူပါဝစရစတုတ္ထဈာန်၏ အာရုံဖြစ်သော ပထ၀ီကသိုဏ်းရုပ်ကို ခွာ၏။
ထင်ရှားစေအံ့ --- ထိုပထ၀ီကသိုဏ်းရုပ်ကို ခွာသော ယောဂါဝစရပုဂ္ဂိုလ်သည်
ဖျာတစ်ချပ်ကို ခေါက်လိပ်သကဲ့သို့ ပထ၀ီကသိုဏ်းရုပ်ကို ခေါက်လိပ်သည်လည်း
မဟုတ်။ မုန့်အိုးကင်းမှ မုန့်ကို ခွာသကဲ့သို့ ပထ၀ီကသိုဏ်းဝန်းရုပ်ကို
ခွာထုတ်သည်လည်း မဟုတ်။ အဟုတ်သော်ကား ပထ၀ီကသိုဏ်းကို မဆင်ခြင်ခြင်း
တည်း၊ နှလုံးမသွင်းခြင်းတည်း၊ မသုံးသပ်ခြင်းတည်း။ ပထ၀ီကသိုဏ်း-
ကို မဆင်ခြင်ဘဲ နှလုံးမသွင်းဘဲ မသုံးသပ်ဘဲ စင်စစ်မှာမူ ထိုပထ၀ီကသိုဏ်း-
ရုပ်ဖြင့် တွေ့ထိရာ အာကာသကိုပင် --- အာကာသ - အာကာသဟူ၍
တစ်ဖက်သတ် နှလုံးသွင်းသော ယောဂါဝစရပုဂ္ဂိုလ်သည် ကသိုဏ်းကို
ခွာသည်မည်၏။ ယင်းသို့ ခွာအပ်သော ပထ၀ီကသိုဏ်းသည်လည်း မထမကြွ
မနစ်မဆုတ်။ ဤယောဂါဝစရပုဂ္ဂိုလ်၏ ပထ၀ီကသိုဏ်းကို သက်သက် နှလုံး-
မသွင်းခြင်းကိုလည်းကောင်း၊ အာကာသ အာကာသဟု တစ်ဖက်သတ် နှလုံး-
သွင်းခြင်းကိုလည်းကောင်း အစွဲပြု၍ ပထ၀ီကသိုဏ်းကို ခွာသည် မည်ပေ၏။

ကသိုဏ်းကို ခွာရာခွာကြောင်း အာကာသ ကောင်းကင်ပညတ်မျှသည်သာလျှင်ထင်လာ၏။
၁။ ကသိဏုဂ္ဃါဋိမာကာသ = ကသိုဏ်းကို ခွာ၍ ရရှိအပ်သော အာကာသ
၂။ ကသိဏဖုဋ္ဌောကာသ = ကသိုဏ်းဖြင့် တွေ့ထိမိရာ အာကာသ
၃။ ကသိဏ၀ိဝိတ္တာကာသ = ကသိုဏ်းမှ ကင်းဆိတ်သွားသော အာကာသ
ဤသုံးပုဒ်လုံးသည် ပရိယာယ်နှင်နှင် ဖြစ်သောကြောင့် အနက်အားဖြင့်
တူသည်သာတည်း။ (၀ိသုဒ္ဓိ၊၁၊၃၂၀-၃၂၁။)

ဤအထက်ပါ ညွှန်ကြားချက်အတိုင်း ယောဂါဝစရပုဂ္ဂိုလ်သည် နှလုံး-
သွင်းကြည့်ပါ။ အောင်မြင်မှုကို ရရှိနိုင်ပါသည်။ အကယ်၍ အောင်မြင်မှုကို
မရရှိပါက ဤသို့လည်း နှလုံးသွင်းကြည့်ပါ --- ပထ၀ီကသိုဏ်းဝန်းကို စကြ၀ဠာ
တစ်ခုလုံး ပြည့်အောင် ဖြန့်ကြက်ပါ။ အလိုရှိခဲ့လျှင် အနန္တ စကြ၀ဠာသို့တိုင်အောင်လည်း
ပထ၀ီကသိုဏ်းဝန်းကို ဖြန့်ကြက်ပါ။ ဖြန့်ကြက်ပြီးနောက်
ထိုပထ၀ီကသိုဏ်းလျှင် အာရုံရှိသော ဈာန်များကို စတုတ္ထဈာန်သို့ တိုင်အောင်
ဝင်စားပါ။ ထိုစတုတ္ထဈာန်မှ ထ၍ အထက်တွင် ရေးသားတင်ပြထားသည့်အတိုင်း
(၁) မှ (၅)သို့တိုင်အောင်သော ဆင်ခြင်ရမည့်အချက်များကို ဆင်ခြင်ပါ။
ထိုနောင် ပထ၀ီကသိုဏ်းရုပ်ကို အဆုံးအစ မရှိအောင် ဖြန့်ကြက်ပါ။
ထိုနောင် ထိုပထ၀ီကသိုဏ်း၏ တစ်နေရာတွင် စိတ်စိုက်ကာ ပထ၀ီကို
နှလုံးမသွင်းဘဲ အာကာသကို တစ်ဖက်သတ် နှလုံးသွင်းပါ။ မကြာမီ အချိန်ကာလအတွင်း
မှာပင် အာကာသအကြားအပေါက်ကို မြင်လာတတ်ပါသည်။

ထိုအခါတွင် အာကာသ မဖြစ်သေးသော ပထ၀ီကသိုဏ်းကို လုံးဝ နှလုံး-
မသွင်းတော့ဘဲ ထင်လာသော အာကာသကိုသာလျှင် တစ်ဖက်သတ် နှလုံး
သွင်းလျက် အာကာသ အာကာသဟု ရှုနေပါ။ အာကာသသည် ထင်ရှား-
သထက် ထင်ရှားလာ၍ ငြိမ်သက်လာသောအခါ ယင်းအာကာသကိုပင် ဖြန့်
ကြက်၍ အာကာသ အာကာသဟု ရှုပါ။ အာကာသ ကျယ်ပြန့်လာသည်နှင့်အမျှ
ပထ၀ီကသိုဏ်းဝန်းမှာ တဖြည်းဖြည်း နောက်သို့ ဆုတ်သွားကာ
အာကာသက နေရာ ယူလာပေလိမ့်မည်။ အာကာသကို အရပ် (၁၀)မျက်-
နှာသို့ တဖြည်းဖြည်း ဖြန့်ပါ။ နောက်ဆုံးတွင် ပထ၀ီကသိုဏ်းပျောက်၍
အာကာသချည်းသက်သက် ကျန်ရှိပေလိမ့်မည်။ ယင်းသို့ ကျန်ရှိနေသော
အာကာသကား ပထ၀ီကသိုဏ်းကို ခွာ၍ ရရှိလာသော အာကာသနိမိတ်ပင်တည်း။
ထိုအခါတွင် အောက်ပါ ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ညွှန်ကြားချက်အတိုင်း
ဆက်လက်လေ့ကျင့်ပါ။

အာကာသာနဉ္စယတနဈာန်သို့
......................................
ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုပထ၀ီကသိုဏ်းကို ခွာ၍ ရရှိလာသော
အာကာသနိမိတ်ကို အာကာသ - အာကာသဟူ၍ အဖန်ဖန် အထပ်ထပ်
ဆင်ခြင်၏၊ ၀ိတက်ဖြင့် အာကာသ - အာကာသဟု ရှေးရှုခေါက်သည်ကို
ထက်ဝန်းကျင် လှည့်လည်ခေါက်သည်ကို ပြု၏။ ဤသို့ အဖန်ဖန် အထပ်ထပ်
ဆင်ခြင်သော ၀ိတက်ဖြင့် အာကာသ - အာကာသဟု ရှေးရှုခေါက်သည်ကို
ထက်ဝန်းကျင် လှည့်လည်ခေါက်သည်ကိုပြုသော ထိုယောဂါဝစရပုဂ္ဂိုလ်၏
သန္တာန်၌ နီဝရဏ ကိလေသာအညစ်အကြေးတို့သည် ကွာကျသွားကြကုန်၏၊

အာကာသနိမိတ်လျှင် တည်ရာအာရုံရှိသော သတိသည် အလွန် ထင်သည်
ဖြစ်၍ ကောင်းစွာ တည်၏၊ ဥပစာရဈာန်သမာဓိဖြင့် ဘာဝနာစိတ်သည်
အာကာသနိမိတ်၌ ကောင်းစွာ တည်ကြည်နေ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည်
ထိုအာကာသနိမိတ်ကို အဖန်ဖန် အထပ်ထပ် မှီဝဲ၏၊ ပွားများ၏၊ကြိမ်ဖန်များ
စွာ အလေ့အလာပြု၏။ ဤသို့ အဖန်ဖန်အထပ်ထပ် ဆင်ခြင်သော နှလုံး
သွင်းသောထို ယောဂါဝစရပဂ္ဂိုလ်အား အာကာသနမိတ်အရာ၌ အာကာသာ
နဉ္စယတနစိတိတိတ်သည် အပ္ပနာဈာန်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏၊ ပထ၀ီ
ကသိုဏ်းစသော ကသိုဏ်းပညတ်အာရုံတို့၌ ရူပါဝစရဈာန်စိတ်သည် အပ္ပနာ
ဈာန်၏ အစွမ်းဖြင့် ဖြစ်သကဲ့သို့တည်း။ မှန်ပေသည် .. ဤအာကာသာနဉ္စယ
တနဈာန်စိတ်၌လည်း ဈာန်၏ ရှေးအဖို့၌ သုံးကြိမ်သော ဥပစာရဇော
သို့မဟုတ် လေးကြိမ်သော ဥပစာရဇောတို့ကား ကာမာဝစရဇောတို့တည်း။
ယင်းကာမာဝစရ ဥပစာရဇောတို့သည် ဥပေက္ခာဝေဒနာနှင့် ယှဉ်ကုန်သည်
သာလျှင် ဖြစ်ကုန်၏။ လေးကြိမ်မြောက်ဇော၊ သို့မဟုတ် ငါးကြိမ်မြောက်ဇော
သည် အာကာသာနဉ္စယတန အမည်ရသော အရူပါဝစရဇော ဖြစ်၏။
အကြွင်းကား ပထ၀ီကသိုဏ်း၌ ဖွင့်ဆိုခဲ့သည့်အတိုင်းသာတည်း။(၀ိသုဒ္ဓိ၊၁၊၃၂၁။)

ဤသို့လျှင် အရူပါဝစရဈာန်စိတ်သည် ဖြစ်ပေါ်လာလတ်သော် ထို
ယောဂါဝစရရဟန်းသည် အိုးဝတွင် ဖုံးလွှမ်းထားအပ်သော အ၀တ်ကို
ဖွင့်လှစ်လိုက်သည့်အခါ အ၀တ်ကွယ်ပျောက်၍ မျက်နှာဝ ဟင်းလင်းပေါက်
အာကာသသည် ပေါ်ပေါက်လာသကဲ့သို့ --- ဤဥပမာအတူပင်လျှင် ရှေး၌
ကသိုဏ်းဝန်းကို ရူပါဝစရဈာန်စက္ခုဖြင့် ကြည့်ရှုလျက် နေပြီးနောက် ယင်း
ပထ၀ီကသိုဏ်းဝန်းကို နှလုံးမသွင်းတော့ဘဲ အာကာသ အာကာသဟူ၍ ဤ
ပရိကမ်ဖြစ်သော ဥပစာရဈာန် မနသိကာရဖြင့် အဆောတလျင် ထိုပထ၀ီကသိုဏ်း
နိမိတ်အာရုံကို ခွာအပ်ပြီးလတ်သော် ထင်လာသော အာကာသနိမိတ်အာ
ရုံကိုသာလျှင် အရူပါဝစရဈာနစက္ခုဖြင့် ရှုလျက် နေ၏။ ဤမျှ
အတိုင်းအရှည်ရှိသော စကားအစဉ်ဖြင့် ဤယောဂါဝစရပုဂ္ဂိုလ်ကို ဤသို့
ဆိုအပ်ပေ၏။ (အဘိ၊၂၊၂၅၄။ ဒီ၊၂၊၆၀။)

၁။ ကုန်အောင်စုံသော ရူပသညာအမည်ရသော ပထ၀ီကသိုဏ်းရုပ်
စသည်တို့ကို အာရုံပြုသော ရူပါဝစရဈာန်တို့ကိုလည်းကောင်း
ထိုရူပါဝစရဈာန်တို့၏ အာရုံဖြစ်သော ပထ၀ီကသိုဏ်းစသော အာရုံတို့ကိုလည်း
ကောင်း ကျော်လွှားလွန်မြောက်၍ သွားခြင်းကြောင့်
၂။ ရူပသညာ သဒ္ဒသညာ ဂန္ဓသညာ ရသသညာ ဖောဋ္ဌဗ္ဗသညာဟူသော
ဝတ္ထုအာရုံ ခြင်း ကြောင့် ဖြစ် ပ်ါလာကုန်သော ပဋိဃသညာတို့၏
ချုပ်ငြိမ်းသွားခြင်းကြောင့်(ဒွေပဉ္စ၀ိညာဏ်နှင့် ယှဉ်သော သညာများတည်း။)
၃။ ဒွေပဉ္စ၀ိညာဏ်နှင့်ယှဉ်သော သညာ (၁၀)မျိုးမှ တစ်ပါးသော ကာမာ
ဝစရကုသိုလ် အကုသိုလ် ၀ိပါက် ကြိယာဟူသော (၄၄)မျိုးသော
စိတ်နှင့်ယှဉ်သော (၄၄)မျိုးသော သညာဟူသော အထူးထူးသော
နာနတ္တ္တသညာတို့ကို နှလုံးမသွင်းခြင်းကြောင့် အနန္တအာကာသဟု
နှလုံးသွင်းတတ်သော အာကာသာနဉ္စယတနဈာန်ကို ပြည့်စုံစေ၍
နေထိုင်၏ဟူ၍ ဆိုအပ်ပေ၏။ (၀ိသုဒ္ဓိ၊၁၊၃၂၂။)

မှတ်ချက် - ဤအထက်ပါ ပါဠိတော်ဖြင့် အာကာသာနဥ္စာ ယတနဈာန်၏
ခပ်သိမ်းကုန်သော (၅၄)မျိုးကုန်သော ကာမာဝစရ စိတ်စေတသိက်တို့ကို
ပယ်ခြင်းကိုလည်းကောင်း၊ နှလုံးမသွင်းခြင်းကိုလည်းကောင်း ဟော
တော်မူအပ်၏ဟု သိရှိပါလေ။ ကသိုဏ်းကို ခွာ၍ ရရှိအပ်သော အာကာသ
သက်သက်ကိုသာ တစ်ဖက်သတ် နှလုံးသွင်းနေသောကြောင့် ဖြစ်သည်။

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

No comments:

Post a Comment