Choose Fonts Here

Tuesday, May 24, 2016

မဟာပဒုမပစ္စေကဗုဒ္ဓအလောင်း၏ ဘဝ



ပစ္စေကဗောဓိဉာဏ်တော်မြတ်ကို ရရှိရေးအတွက် နှစ်သင်္ချေနှင့် ကမ္ဘာ
တစ်သိန်း ပါရမီ ဖြည့်ရပါတယ်၊ အဲဒီလို ပါရမီဖြည့်ကျင့်စဉ် အချိန်အခါမှာပေါ့၊
ပါရမီတွေ တော်တော်ရင့်ညောင်းလာပြီလို့ ယူဆရပါတယ်။ အဲဒီအချိန်အခါ
မှာ ဘ၀တစ်ခုမှာ ဒီမဟာပဒုမပစ္စေကဗုဒ္ဓါအလောင်းက ဘာဖြစ်သွားသလဲဆို
တော့ ပရဒါရကံလို့ ခေါ်ဆိုအပ်တဲ့ သူတစ်ပါးရဲ့သားမယားတွေကို ဖျက်ဆီး
တဲ့ ကံတစ်ခုကို လွန်ကျူးမိတယ်၊ အမည်းစက်တစ်ခု ထင်သွားတယ်။ အဲဒီ
အမည်းစက်တစ်ခု ထင်သွားတော့ သေခါနီးကာလမှာ ဒီအမည်းစက်က
လေးက အကျိုးပေးဖို့ရန် အခါအခွင့်သင့်တဲ့အခါကျတော့ ဘယ်ရောက်သွား
သလဲ? ငရဲရောက်သွားတယ်၊ ငရဲကနေ ကျွတ်လာ လွတ်လာတော့ လူ့ပြည်
လူ့လောကမှာ လူရယ်လို့လာဖြစ်သော်လည်း အမျိုးသားမဖြစ်ဘဲနဲ့ အမျိုး
သမီးဖြစ်ရတယ်၊ အမျိုးသမီးဖြစ်လိုက်တဲ့ အချိန်အခါကျတော့ အမိဝမ်းတွင်းမှာ
သူပဋိသန္ဓေတည်နေတဲ့အခါ ကိုယ်ဝန်လွယ်ရတဲ့မိခင်ဟာလည်း အင်မတန်
ပူလောင်တယ်။ ငရဲကလာတဲ့သတ္တ၀ါတွေကို ကိုယ်ဝန်လွယ်ရတဲ့ မိခင်သည်
အင်မတန် ပူလောင်တယ်လို့ ဆိုတယ်။

ကိုယ်ဝန်သားသတ္တ၀ါ ဖြစ်တဲ့ ဒီအမျိုးသမီးလေးကလည်း အင်မတန်
ဆင်းရဲတဲ့ဒုက္ခကို မိခင်ရဲ့ဝမ်းထဲမှာ ခံရတယ်။ ခံခဲ့ရပြီးတဲ့အချိန်အခါကျတော့
မွေးလာပြီးပြီ။ မွေးလာတဲ့အချိန်အခါမှာ မွေးတာနဲ့တစ်ပြိုင်နက် မိဘတွေက
ဒီသမီးလေးကို မြင်တွေ့လိုက်တဲ့အခါမှာ ဘယ်လိုဖြစ်လာသလဲ?" ဒေဿာ "
တဲ့ --- စာမှာဖော်ပြထားတယ်၊ သိပ်မုန်းတာပဲတဲ့၊ ဟော- ဒီ ကလေးက မုန်း
တာတွေ ဘာများလုပ်တတ်သေးသလဲ? မလုပ်တတ်သေးဘူး၊ ပြောတတ်
ပလား? မပြောတတ်သေးဘူး။ ဒါပေမဲ့ အမိအရင်း အဘအရင်းတွေ ကိုယ်
တိုင်က ဒီကလေးကို အင်မတန် မုန်းတယ်တဲ့၊ ကြောက်ဖို့မကောင်းဘူးလား?
သိပ်ကောင်းတယ်။



ပစ္စေကဗောဓိဉာဏ်အတွက် ဖြည့်ကျင့်ခဲ့တဲ့ ပါရမီအရှိန်အ၀ါတွေက
လည်း တစ်ဘက်က အကျိုးပေးဖို့ရန် အခါအခွင့်သင့်နေပါတယ်။ အင်မတန်
ချောမောလှပတဲ့ အမျိုးသမီးကလေး ဖြစ်ပါတယ်။ ဒါပေမဲ့လို့ ဆွေမျိုးသား
ချင်းတွေကလည်း မြင်လိုက်ရင်, မိဘနှစ်ပါးကလည်း မြင်လိုက်ရင် မုန်းတယ်၊
မလွှဲမရှောင်သာလို့ သားသမီးအဖြစ်နဲ့ ဆက်ဆံနေရပေမယ်လို့ ချစ်ခင်တဲ့
စိတ်နှင့် မဆက်ဆံဘူး၊ မုန်းတီးတဲ့ စိတ်ထားနှင့်ပဲ ဆက်ဆံတယ်။ လူ့လောက
မှာ ရှိကြပါတယ်၊ တချို့မိဘတွေဟာ တချို့သားသမီးကို ပိုချစ်တဲ့သဘော
ရှိတယ်၊ တချို့သားသမီးကျတော့ သိပ်ပြီးတော့ မုန်းတီးချင်တဲ့ ဆန္ဒဓာတ်
မရှိဘူးလား? ရှိတယ်၊ ဒါဘာအကြောင်းနှင့် ဆက်နေသလဲဆိုတော့ ကံပဲ။
ဘာဖြစ်လို့ မုန်းတီးရသလဲဆိုတော့ ဒီသူတစ်ပါးသားမယားကို လိုက်
ဖျက်ဆီးတဲ့ပုဂ္ဂိုလ်ကို အဖျက်ဆီးခံရတဲ့ ပုဂ္ဂိုလ်ကလည်း မမုန်းဘူးလား? မုန်း
တယ်၊ ဘေးက ကြားတဲ့ပုဂ္ဂိုလ်ကလည်း မမုန်းဘူးလား? မုန်းတယ်။ သူတစ်ပါး
တို့ မုန်းတီးရွံရှာစက်ဆုပ်တဲ့ ကံတစ်ခုကို အားရပါးရ စိတ်ကျေကျေနပ်နပ်ကြီး
ပြုစုပျိုးထောင်ခဲ့တယ်၊ ဒီကံက အကျိုးပေးဖို့ရန် အခါအခွင့်သင့်လာတဲ့ အချိန်
အခါမှာ သူတစ်ပါးမုန်းတီးတဲ့ပုဂ္ဂိုလ်ပဲ ဖြစ်ရပြန်တယ်၊ ကြောက်ဖို့သိပ်ကောင်း
တယ်။

အချိန်တန် အရွယ်ရောက်လာတဲ့အခါကျတော့ အမျိုးတူ အနွယ်တူ
အမျိုးကောင်းသားတစ်ဦးနှင့် လက်ထပ်ထိမ်းမြားပေးလိုက်ပါတယ်။ ဒီအမျိုး
သားကလည်း ဒီအမျိုးသမီးကို မြင်တာနဲ့ မုန်းတယ်၊ ယောက္ခမတွေကလည်း
မုန်းတယ်၊ ဘယ်သူကမှ သူ့ကို မချစ်ကြဘူး။

ထိုနေ့ ပစ္စေကဗုဒ္ဓါဘုရားရှင် တစ်ဆူကလည်း
နန္ဒမူလိုဏ်ဂူမှာ နိရောဓသမာပတ် ခုနစ်ရက်ဝင်စားပြီး နိရောဓသမာပတ်မှ
အထ ---"ဘယ်သတ္တ၀ါကို ငါ ဒီနေ့ ချီးမြှောက်ရမလဲç ချီးမြှောက်သင့်သလဲ? "
လို့ လှမ်းမျှော်ပြီး ဉာဏ်နှင့် ကြည့်ရှုလိုက်တဲ့ အချိန်အခါမှာ ဒီအမျိုးသမီး
လေးဟာ ဉာဏ်ကွန်ယက်ထဲ ထင်လာတယ်။ ထင်လာတဲ့ အချိန်အခါမှာ
ဆက်ပြီး စဉ်းစားပြန်တယ်၊ ဒီပုဂ္ဂိုလ်ကို ငါချီးမြှောက်ခဲ့ရင် ဒီပုဂ္ဂိုလ်သည် ငါ့ရဲ့
ချီးမြှောက်မှုကို ခံနိုင်ပါ့မလား ? ကြည့်လိုက်
တဲ့အချိန်အခါမှာ ဒီအမျိုးကောင်းသမီးလေးရဲ့ ဟဒယ၀တ္ထုနှလုံးအိမ်အတွင်း
မှာ ရဲရဲတောက်နေတဲ့ သဒ္ဓါတရားကိုလည်းတွေ့တယ်။ အဲဒီအခါမှာ ငါကဲ့သို့
ပစ္စေကဗုဒ္ဓါဖြစ်မည့် ပုဂ္ဂိုလ်တစ်ဦးဟာ ဒီလိုဆင်းရဲဒုက္ခမှ လွတ်မြောက်စေ
ရမယ်ဆိုတဲ့ ဒီကရုဏာဓာတ်ဖြင့် အရှင်ပစ္စေကဗုဒ္ဓါက ကောင်းကင်ခရီးဖြင့်
ကြွလာပါတယ်။

အရှင်ပစ္စေကဗုဒ္ဓါကို ရိုသေစွာရှိခိုး၊ အရှင်ပစ္စေကဗုဒ္ဓါရဲ့
သပိတ်ကို လှမ်းယူ၊ အင်မတန်မွန်မြတ်တဲ့ ဆွမ်းခဲဖွယ်ဘောဇဉ်တွေ သပိတ်
အပြည့်ထည့်၊ ထည့်ပြီးတော့မှ သပိတ်ရဲ့အောက်က ကြာပန်းတွေ ခံပြီးတော့
အရှင်ပစ္စေကဗုဒ္ဓါကို ဆက်ကပ်တယ်၊
" အရှင်ဘုရား ... မာတုဂါမဆိုတာက အလွန် ရွံရှာစက်ဆုပ်ဖွယ်
ကောင်းပါတယ်၊ စကြ၀တေးမင်း၏ သမီးရတနာပင် ဖြစ်ချင်ဖြစ်ပါစေ၊
ယောက်ျားလို့ ခေါ်ဆိုအပ်တဲ့ သူတစ်ပါးရဲ့အလိုဆန္ဒသို့သာ လိုက်လျောနေရ
တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ပါတယ်ဘုရား၊ ဒါကြောင့် တပည့်တော်မသည် အမျိုးသမီး
အဖြစ်သို့ မကပ်ရောက်ရဘဲ ယောက်ျားစင်စစ်သာ ဖြစ်ရပါလို၏" လို့ ဒီဆုကို
တောင်းတယ်။ ဘာဖြစ်လို့ သူက ယောက်ျားဘ၀ ဆုတောင်းရသလဲ? --
အကြောင်းရှိတယ်။

အမျိုးသမီးဘ၀နဲ့ သူလက်ရှိခံစားနေရတဲ့ ဒုက္ခကိုလည်း သူ သဘော
ပေါက်ထားတယ်၊ ဒါအနီးကပ်ဆုံးအကြောင်းပေါ့၊ ဝေးတဲ့ အကြောင်းတစ်ခု
ကတော့ ပစ္စေကဗောဓိဉာဏ်အတွက် ပါရမီတွေဖြည့်ကျင့်ခဲ့စဉ် အချိန်အခါ
တုန်းက သူယောက်ျားဘ၀နဲ့ အကြိမ်များစွာ ဖြည့်ကျင့်ခဲ့တယ်။ ယောက်ျား
ဘ၀တွေ ကြိမ်ဖန်များစွာ ဖြစ်ခဲ့ဖူးတဲ့အတွက် ယောက်ျားဘ၀ကို ပြန်ပြီးတော့
တွယ်တာတပ်မက်တဲ့သဘော ပေါ်လာတယ်။

အကယ်၍ အမျိုးသမီးဘ၀တွေ ဆက်တိုက်ဖြစ်ခဲ့ရရင် အမျိုးသမီးဘ၀ပဲ
တွယ်တာတပ်မက်တဲ့ သဘောရှိပါတယ်၊ တချို့ ဒီထဲမှာ ဒကာကြီးတွေ
ဒကာမကြီးတွေ ကိုယ့်စိတ်ကို ကိုယ်ပြန်အကဲခတ်ကြည့်ပါ။ နောက်ဘ၀ တစ်
ခု ရှိခဲ့မယ်ဆိုရင် အမျိုးသမီးပဲ ဖြစ်ချင်သလား, အမျိုးသားပဲ ဖြစ်ချင်သလား?
ဟော- ဒီဆန္ဒဓာတ် ကိုယ့်ဟာကိုယ် မေးကြည့်၊ သိနိုင်ပါတယ်၊ တချို့က
အမျိုးသမီးပဲ ဖြစ်ချင်တယ်၊ အမျိုးသားဖြစ်ချင်တဲ့ စိတ်ဓာတ်ဘက်သို့ မညွတ်
ကိုင်းဘူး၊ တချို့က အမျိုးသားပဲဖြစ်ချင်တယ် အမျိုးသမီးဖြစ်ချင်တဲ့စိတ်ဓာတ်
ဘက်သို့ မညွတ်ကိုင်းဘူး၊ အမျိုးသမီးသည် အမျိုးသမီးဖြစ်ချင်နေသမျှကာလ
ပတ်လုံး အမျိုးသမီးဘ၀မှ ဘယ်တော့မှ မလွတ်မြောက်နိုင်ဘူး။ အမျိုးသား
သည် အမျိုးသား ဖြစ်ချင်နေသမျှ ကာလပတ်လုံး အမျိုးသားဘ၀မှ ဘယ်
တော့မှ မလွတ်မြောက်နိုင်ဘူး - လို့ ဆိုပြီးတော့ ဟိုဘက်က မာတုဂါမသံယုတ်
စတဲ့ သံယုတ်တွေမှာ မြတ်စွာဘုရားရှင်က ဟောကြားထားတော်မူပါတယ်။

ဒါကြောင့် ဘ၀တစ်ခုမှ လွတ်မြောက်ချင်တယ် ဆိုရင်တော့ မိမိရရှိထားတဲ့
ဘ၀အပေါ်မှာ တွယ်တာတပ်မက်တဲ့ တဏှာကို ဖြတ်တောက်နိုင်ဖို့ မလိုဘူး
လား? လိုအပ်နေတယ်။

ခုဒီနေရာမှာ အမျိုးသမီးဘ၀ကိုတော့ သူရွံရှာစက်ဆုပ်တာ မှန်တယ်၊
အမျိုးသမီးဘ၀မှ လွတ်မြောက်ချင်တယ်၊ ဒါပေမဲ့ ဘယ်ဘ၀ကို သွားတွယ်တာ
ပြန်သလဲ? အမျိုးသားဘ၀ကို တွယ်တာပြန်တယ်။ အမျိုးသားလို့ အသိမှား
နေတဲ့သဘောကလေးက အ၀ိဇ္ဇာ, အဲဒီအမျိုးသားဘ၀ကို တွယ်တာတပ်မက်
တဲ့ သဘောကလေးက တဏှာ, စိတ်ကပ်ပြီး စွဲနေတဲ့ သဘောကလေးက
ဥပါဒါန် - ဒီအ၀ိဇ္ဇာ တဏှာ ဥပါဒါန် သုံးခုခြံရံပြီးတော့ အရှင်ပစ္စေကဗုဒ္ဓါအား
ဆွမ်းခဲဖွယ် ဘောဇဉ်နှင့် ပဒုမ္မာကြာပန်းကို လှူဒါန်းတဲ့ ကုသိုလ်စေတနာအုပ်စု
တွေကို ပြုစုပျိုးထောင်လိုက်တယ်၊ သင်္ခါရတရားတွေပဲ၊ ဒီသင်္ခါရတရားတွေ
ချုပ်ပျောက်သွားတဲ့အချိန်အခါမှာ ရုပ်နာမ်အစဉ်မှာ မြှုပ်နှံခဲ့တဲ့ စွမ်းအင်ကမ္မ
သတ္တိကလေးက ကံ - ပေါင်းလိုက်တော့ အ၀ိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ,
ကံ - ဆိုတဲ့ အကြောင်းငါးခု စုံသွားပြန်တယ်။
ဒါမဟာပဒုမပစ္စေကဗုဒ္ဓအလောင်း၏ ဘဝဆုတောင်းငါးချက်ကတစ်ချက်ပါ။
(ဥဿဒကိတ္တနကထာ)

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

2 comments: