Choose Fonts Here

Monday, May 23, 2016

အာကိဉ္စညာယတနဈာန်



အာကဉ္စညာယတနဈာန်ဟူသည် အာကာသာနဉ္စာယတနဈာန်၏
မရှိခြင်း = နတ္ထိဘောပညတ်လျှင် တည်ရာအာရုံရှိသော ဈာန်ဟု ဆိုလိုသည်။
အာကဉ္စာညာယတနဈာန်ကို ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါ
ဝစရပုဂ္ဂိုလ်သည် ၀ိညာဉ္စာယတနဈာန်သမာပတ်၌ ၀သီဘော်ငါးတန်
နိုင်နင်းအောင် လေ့ကျင့်အပ်၏။ ၀သီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်
ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့ ဆင်ခြင်အပ်၏။

၁။ ဤ ငါရရှိထားသော ၀ိညာဏဉ္စာယတနဈာန်သမာပတ်သည် အာကာသာနဉ္စာယ
တနဈာန်ဟူသော နီးကပ်သော ရန်သူရှိ၏။ (အချိန်မရွေး
အာကာသာနဉ္စာယတနဈာန်သို့ ပြန်လည်ကာ လျောကျနိုင်၏ဟုဆိုလိုသည်။)
၂။ အာကိဉ္စညာယတနဈာန်ကဲ့သို့ ငြိမ်သက်သည်လည်း မဟုတ်ခဲ့။ ဤသို့
လျှင် ၀ိညာဉ္စာယတနဈာန်၌ အပြစ်ကို မြင်အောင် ရှု၍၊
၃။ ထိုဝိညာဏဉ္စာယတနဈာန်၌ တွယ်တာငဲ့ကွက် တသက်သက် ရှိခြင်း= နိကန္တိကို ကုန်စေ၍
၎။ အာကိဉ္စညာယတနဈာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍
၅။ အကြင် အာကာသာနဉ္စာယတနဈာန်ဝိညာဏ်ကို အာရုံပြု၍ ၀ိညာ
ဏဉ္စာယတနဈာန်သည် ဖြစ်ပေါ်လာရ၏၊ ထိုဝိညာဏဉ္စာယတနဈာန်-
၏ပင်လျှင် အာရုံဖြစ်၍ဖြစ်သော အာကာသာနဉ္စာယတန၀ိညာဏ်၏
မရြှိခင်းဟေူ သာ နတ္ထိဘောပညတ်ကို ဆိတ်သည်၏ အဖြစ်ကို
ကင်းသော အခြင်းအရာကို နှလုံးသွင်းအပ်၏။

အဘယ်သို့ နှလုံးသွင်းအပ်သနည်း။ထိုအာကာသာနဉ္စာယတနဈာန်
ဝိညာဏ်ကို အချင်းခပ်သိမ်း နှလုံးမသွင်းမူ၍ ထိုအာကာသာနဉ္စာယတန
ဝိညာဏ်၏ မရှိခြင်းသဘော နတ္ထိဘောပညတ်ကိုသာ အာရုံပြု၍ ---
၁။ နတ္ထိ - နတ္ထိ = မရှိ - မရှိဟူ၍လည်းကောင်း
= နတ္ထိ ကိဉ္စိ- နတ္ထိ ကိဉ္စိ = ဘာမျှမရှိ ဘာမျှမရှိဟူ၍လည်းကောင်း
၂။ သုညံ - သုညံ = ဆိတ်၏ - ဆိတ်၏ဟူ၍လည်းကောင်း
၃။ ၀ိဝိတ္တံ - ၀ိဝိတ္တံ = ကင်း၏ - ကင်း၏ဟူ၍လည်းကောင်း ---
အဖန်ဖန် အထပ်ထပ် ဆင်ခြင်အပ်၏၊ နှလုံးသွင်းအပ်၏၊ ဉာဏ်ဖြင့်
သက်ဝင်၍ ရှုအပ်၏။ ၀ိတက်ဖြင့် နတ္ထိ ကိဉ္စိ - နတ္ထိ ကိဉ္စိ= ဘာမျှမရှိ
ဘာမျှမရှိဟု ရှေးရှုခေါက်သည်ကို ထက်ဝန်းကျင် လှည့်လည်၍ ခေါက်သည်
ကို ပြုအပ်၏။ (၀ိသုဒ္ဓိ၊၁၊၃၂၆-၃၂၇။)

ဤဆိုအပ်ခဲ့ပြီးသည့်နည်းအတိုင်း ထိုအာကာသာနဉ္စာယတန၀ိညာဏ်-
၏ မရှိခြင်း နတ္ထိဘောပညတ်ဟုဆိုအပ်သော ဈာန်ဖြစ်ကြောင်းနိမိတ်၌
ဘာဝနာစိတ်ကို ဖြစ်စေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် နီဝရဏ
ကိလေသာအညစ်အကြေးတို့သည် ကွာကျသွားကြကုန်၏။ အာကာသာနဉ္စာ
ယတန၀ိညာဏ်၏ မရှိခြင်း နတ္ထိဘောပညတ်လျှင် တည်ရာအာရုံရှိသော
သတိသည် ကောင်းစွာ တည်လာ၏။ ဥပစာရဈာန်သမာဓိဖြင့် ဘာဝနာစိတ်
သည် ကောင်းစွာ တည်ကြည်လာ၏။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထို အာကာသာဉ္စာယ
တန၀ိညာဏ်၏ မရှိခြင်း နတ္ထိဘောပညတ်ဟု ဆိုအပ်သော
ဈာန်ဖြစ်ကြောင်းနိမိတ်ကို အဖန်တလဲလဲ မှီဝဲ၏ ပွားများ၏ ကြိမ်ဖန်များစွာ
အလေ့အလာပြု၏။ ဤသို့သောနည်းဖြင့် ပြုကျင့်သော ထိုယောဂါဝစရ
ပုဂ္ဂိုလ်၏ သန္တာန်၌ ပထ၀ီကသိုဏ်းကို ခွာ၍ ရအပ်သော အာကာသနိမိတ်ကို
ပျံ့နှံ့၍ ဖြစ်ပေါ်လာသော ထိုမဟဂ္ဂုတ် အာကာသာနဥစာယတန၀ိညာဏ်၏
သာလျှင် ဆိတ်သည်၏အဖြစ်၊ကင်းသည်၏အဖြစ်၊ မရှိသည်၏အဖြစ်ဟူ
သော နတ္ထိဘောပညတ်၌ အာကိဉ္စိညာယတနဈာန်စိတ်သည် အပ္ပနာဈာန်၏
အစွမ်းဖြင့် ဖြစ်ပေါ်လာ၏။ အာကာသနိမိတ်၌ ပျံ့နှံ့၍ဖြစ်သော အာကာသာ
နÍ္စာယတန၀ိညာဏ်နိမိတ်ကို အာရုံပြု၍ ၀ိညာဏဉ္စာယတန၀ိညာဏ်သည်
ဖြစ်ပေါ်လာသကဲ့သို့ပင်တည်း။ (၀ိသုဒ္ဓိ၊၁၊၃၂၇။)



နှိုင်းခိုင်းဖွယ်ရာ လောကဥပမာကို နှီးနှောပြခြင်း
.............................................................
ထိုအထက်တွင် တင်ပြထားသော ဥပမာစကားရပ်၌ ဤဆိုလတ္တံ့သည်ကား
ဥပမာ ဥပမေယျ နှီးနှောခြင်းတည်း။ ထိုယောက်ျားသည် ထိုတန်ဆောင်း
ဝန်းအစရှိသော အရပ်၌ စည်းဝေးညီမူနေသော ရဟန်းသံဃာတော်
အပေါင်းကို ဖူးမြင်ပြီးနောက် အရပ်တစ်ပါးသို့ ဖဲခွာသွားလေ၏။ ထိုနောင်မှ
ရဟန်းသံဃာတော် အားလုံးတို့သည် တစ်စုံတစ်ခုသာလျှင်ဖြစ်သော ပြုဖွယ်ကိစ္စဖြင့်
ယင်းတန်ဆောင်းဝန်းမှ ဖဲခွာသွားကြကုန်သည်ရှိသော် ထိုယောက်ျား
သည် တစ်ဖန် ပြန်လာ၍ ယင်းတန်ဆောင်းဝန်းကို ကြည့်လေက ထိုစည်းဝေး
ညီမူရာအရပ်ကို ရဟန်းသံဃာတော်တို့မှ ဆိတ်သုဉ်းသည်ကိုသာလျှင် တွေ့
မြင်၏၊ ရဟန်းသံဃာတော်တို့၏ ထိုစည်းဝေးညီမူရာအရပ်မှလည်း ဖဲခွာသွား
ခြင်း၏ အကြောင်းရင်းကို မရှုသကဲ့သို့ --- ဤဥပမာအတူ ဤယောဂါဝစရ
ပုဂ္ဂိုလ်သည် ရှေး၌ ၀ိညာဏဉ္စာာယတနဈာန်မျက်စိဖြင့် အာကာသာနဉ္စာ
ယတနဈာန်ဝိညာဏ်ကို ရှု၍ နောက်ကာလ၌ ယင်းအာကာသာနဉ္စာယတန-
ဝိညာဏ်ကိုပင် နတ္ထိ (= မရှိ)ဟူ၍ ပရိကမ်ဟူသော ဘာဝနာမနသိကာရ
ဖြင့် ရှုလေသော် ထိုအာကာသာနဉ္စာယတန၀ိညာဏ်သည် ကင်းသွား၏။

ကင်းသည်ရှိသော် တစ်ဖန် အာကိဉ္စာညာယတနဈာန်မျက်စိဖြင့် ထိုအာကာ
သာနဉ္စာယတန၀ိညာဏ်၏ မရှိခြင်းဟူသော နတ္ထိဘောပညတ်ကိုသာလျှင်
ရှုလျက်နေ၏။ ထိုအာကာသာနဉ္စာယတန၀ိညာဏ်၏ ကင်းခြင်း ချုပ်ခြင်း
မရှိခြင်း၏ အကြောင်းရင်းကို မစူးစမ်း မဆင်ခြင်။ အဘယ်ကြောင့်နည်းဟူမူ
အာကိဉ္စညာယတနဈာန်၏ ထိုသို့သဘောရှိသော ယင်းဝိညာဏ်၏ ကင်းခြင်း
ချုပ်ခြင်း မရှိခြင်း၏ အကြောင်းရင်းကို နှလုံးသွင်းခြင်း၏ မရှိခြင်းကြောင့်တည်း။(မဟာဋီ၊၁၊၄၀၂။)

အာကိဉ္စညာယတနဈာန်သို့ ဆိုက်ပြီ
------------------------------------
ဤမျှ အတိုင်းအရှည်ရှိသော စကားအစဉ်ဖြင့် ထိုယောဂါဝစရ
ပုဂ္ဂိုလ်ကို အလုံးစုံသော ၀ိညာဏဉ္စာယတနဈာန်ကိုလည်းကောင်း၊ ထို
ဝညိာဏဉ္စာယတနဈာန၏် တညရ်ာအာရုံဖြစေ် သာ အာကာသာနဉ္စာယတန-
ဝိညာဏ်ကိုလည်းကောင်း ကောင်းစွာကျော်လွှားလွန်မြောက်၍ အာကာသာ
နဉ္စာယတန၀ိညာဏ်၏ မရှိခြင်း = နတ္ထိဘောပညတ်ကို အာရုံယူ၍ နတ္ထိ -
နတ္ထိ၊ သုညံ - သုညံ၊ ၀ိဝိတ္တံ - ၀ိဝိတ္တံဟူ၍ ဤအခြင်းအရာအားဖြင့် နှလုံးသွင်း
သည်ဖြစ်၍ အာကိဉ္စညာယတနဈာန်ကို ပြည့်စုံစေ၍ နေ၏ဟူ၍ ဆိုအပ်၏။
(အဘိ၊၂၊၂၅၄။ ဒီ၊၂၊၆၀။ ၀ိသုဒ္ဓိ၊၁၊၃၂၇။)

အာကိဉ္စညာယတနဈာန်ဟူသည်
.........................................
ယောဂါဝစရပဂ္ဂိုလသ် ည်အာကာသာနဉ္စာယတန၀ိညာာဏ၏် မရှိခြင်း -
သဘော = နတ္ထိဘောပညတ်ကို အာရုံပြု၍ ဤအာကိဉ္စညာယတနဈာန်ကို
ရရှိအောင် ကြိုးစားအားထုတ်ရ၏၊ ထိုသို့အားထုတ်ရာ၌ အရှုခံအာရုံဖြစ်သော
အာကာသာနဉ္စာယတန၀ိညာဏ်အား အောက်ထစ်ပိုင်းခြား အယုတ်ဆုံး အား
ဖြင့် စိုးစဉ်းအနည်းငယ် မျှသော်လည်း အကြွင်းအကျန် မရှိသောကြောင့်
ယင်း အာကာသာနာဉ္စာယတန၀ိညာဏ်သည် အကိဉ္စန မည်၏။
စိုးစဉ်းအနည်းငယ် ဘင်မျှသော်လည်း အကြွင်းအကျန် မရှိသော
အာကာသာနဉ္စာယတန၀ိညာဏ်၏ ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏
ဉာဏ်အား မထင်ဘဲ ကင်းကွာ ပျောက်ကွယ်ခြင်းသဘောသည် အာကိဉ္စညမည်၏။

ယင်း မရှိခြင်းသဘောကို နဘ္ထိဘာဝဟု ဆို၏ ။ထိုမ ရှိခြင်းသည် ပရမတ်
အထည်ကိုယ်မဟုတ် ၊ ပညတ်မျှသာ ဖြစ်သောကြောင့် နတ္ထိဘာဝပညတ် =
နတ္ထိဘောပညတ်ဟု ဆိုအပ်၏။ နတ်တို့၏တည်ရာ ဘုံဗိမာန်နေရာသည်
ဒေ၀ါယတနမည်သကဲ့သို့ --- ထိုစိုးစဉ်းအနည်းငယ် ဘင်မျှသော်လည်း အ
ကြွင်းအကျန်မရှိသော အာကာသာနဉ္စာယတန၀ိညာဏ်၏ မရှိသည်၏
အဖြစ်တည်းဟူသော နတ္ထိဘောပညတ်သည် ထိုတတိယအရူပဈာန် (= အာ
ကိဉ္စညာယတနဈာန်)၏ တည်ရာဖြစ်သောကြောင့် အာယတန မည်၏။
ထိုကြောင့် ယင်းနတ္ထိဘောပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော တတိယ
အရူပါဝစရဈာန်သည် အာကိဉ္စညာယတနဈာန် မည်၏။ (၀ိသုဒ္ဓိ၊၁၊၃၂၈။)

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

No comments:

Post a Comment