Choose Fonts Here

Monday, May 23, 2016

စတုရာရက္ခကမ္မဋ္ဌာန်းပိုင်း

ဗြဟ္မ၀ိဟာရကမ္မဋ္ဌာန်းပိုင်း(မုဒိတာဘာဝနာ)


မုဒိတာဘာဝနာကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်
သည် ရှေးဦးစွာ ကြီးပွားချမ်းသာခြင်းရှိနေသည့် သုခိတသတ္တ၀ါတစ်ဦးကို
ရွေးချယ်ပါ။ ယင်းပုဂ္ဂိုလ်မှာ အလွန် ချစ်ခင်မြတ်နိုးအပ်သည့် အပေါင်းအဖော်
သူငယ်ချင်း ဖြစ်ပါစေ၊ အသက်ရှင်နေဆဲ လိင်တူပုဂ္ဂိုလ် ဖြစ်ပါစေ။ မြင်တွေ့လိုက်ရ
ပါက ၀မ်းသာမှု ရွှင်လန်းမှုကို အများဆုံး ဖြစ်စေနိုင်သည့် ပုဂ္ဂိုလ်လည်းဖြစ်ပါစေ။
သြဒါတကသိုဏ်း သို့မဟုတ် အာလောကကသိုဏ်း စတုတ္ထဈာန်သမာဓ
ိကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ
အားကောင်းလာသောအခါ မိမိ ရွေးချယ်ထားသည့် သုခိတသတ္တ၀ါကို
လှမ်းအာရုံယူပါ။ လက်နှိပ်မီးဖြင့် ထိုးစိုက်ကြည့်နေသကဲ့သို့ ထိုပုဂ္ဂိုလ်ကို
တွေ့မြင်သောအခါ ထိုပုဂ္ဂိုလ်ကို အာရုံပြု၍ အလိုရှိပါက မေတ္တာဈာန်ကို
တစ်ဖန် ပြန်ဝင်စားပါ၊ ထိုနောင် ကရုဏာဈာန်ကို ဆက်လက်ဝင်စားပါ၊

အကယ်၍ မေတ္တာဘာဝနာ ကရုဏာဘာဝနာတို့ကို မပွားတော့ဘဲ မုဒိတာဘာဝနာကိုပင်
တိုက်ရိုက်ပွားလိုကလည်း ပွားများနိုင်ပေသည်။ အကယ်၍
မေတ္တာဘာဝနာ ကရုဏာဘာဝနာတို့ကို ပွားများပါက ယင်းမေတ္တာဈာန်၊
ကရုဏာဈာန်တို့မှ ထသောအခါ သို့မဟုတ် မေတ္တာဘာဝနာ ကရုဏာဘာဝနာတို့ကို
မပွားများတော့ဘဲ မုဒိတာဘာဝနာကိုပင် တိုက်ရိုက် ပွားများ
လိုသောအခါ မိမိ ရွေးချယ်ထားသည့် ထိုပုဂ္ဂိုလ်ကိုပင် အာရုံပြု၍ ----
အယံ သပ္ပ္ပုရိသော ယထာလဒ္ဓသမ္ပတ္တ္တိတော မာ ၀ိဂစ္ဆ္ဆတု ...။
= ဤသတော်ကောင်းသည် ရရှိှိှိပြီးသောစည်းစိမ်ချမ်းသာမှ မရွေ့လျောပါစေသတည်း--။



ဤသို့ မုဒိတာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ တတိယဈာန်သို့ ဆိုက်သည်တိုင်အောင်
ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ပွားများပါ။ ရှေးရှေး
ဘာဝနာသမာဓိတို့၏ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေး
ဇူးပြုပေးမှု အရှိန်အ၀ါ သတ္တိထူးကြီးကို ဆက်ခံရသော မုဒိတာဘာဝနာသည်
လွယ်ကူချောမောနေမည်သာ ဖြစ်ပေသည်။ အတိတ်က ချမ်းသာခဲ့သည့်
ရုပ်ပုံလွှာ၊ ပစ္စုပ္ပန် ချမ်းသာနေဆဲ ရုပ်ပုံလွှာ၊ အနာဂတ်၌ ချမ်းသာလတ္တံ့
ရုပ်ပုံလွှာတို့ကို အာရုံယူ၍ ရှုနိုင်သည်သာ ဖြစ်သည်။ (အနာဂတ်ဘ၀ဟု
အတိတ်ဘ၀ဟု မဆိုလိုပါ။ ဤပစ္စုပ္ပန် အသက်ရှင်နေဆဲဘ၀ကိုသာ ဆိုလိုသည်။)

ချစ်ခင်မြတ်နိုးအပ်သည့် လိင်တူသုခိတသတ္တ၀ါ (၁၀)ဦးခန့်လောက်ကို
ပုံစံတူ ဆက်လက်၍ မုဒိတာဘာဝနာကို ပွားများပါ။ ထိုနောင် ပိယပုဂ္ဂိုလ်၊
ထိုနောင် မဇ္ဈတ္တပုဂ္ဂိုလ် ထိုနောင် ဝေရီပုဂ္ဂိုလ် အသီးအသီး၌ အစဉ်အတိုင်း
မုဒိတာဘာဝနာကို ဖြစ်စေပါ။ တတိယဈာန်သို့ တိုင်အောင်သော မုဒိတာဈာန်ကို
ရရှိအောင် ကြိုးစားအားထုတ်ပါ။ မုဒိတာ အပ္ပနာဈာန်ကို တိုးပွား
အောင် ပြုလုပ်ပါ။ အတ္တ၊ ပိယ။ မဇ္ဈတ္တ၊ဝေရီ ပုဂ္ဂိုလ်လေးမျိုးတို့၌ ညီမျှသော
မုဒိတာဘာဝနာစိတ်ရှိအောင် ပုဂ္ဂိုလ်အပိုင်းအခြားကင်းအောင် သီမာသမ္ဘေဒ
ကို ပြု၍ သီမာသမ္ဘေဒပြုပြီးသော ထိုသတ္တ၀ါပညတ်နိမိတ်ကိုပင်လျှင် မှီဝဲခြင်း၊
ပွားများခြင်း။ ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းဖြင့် မုဒိတာဘာဝနာ အပ္ပနာဈာန်ကို
တိုးပွားအောင် ပြုလုပ်ပါ။

ထိုနောင် အနန္တစကြ၀ဠာ၌ တည်ရှိကြသော အနန္တသတ္တ၀ါတို့ကို အာရုံပြု၍ ---
၁။ အနောဓိသောဖရဏာ မုဒိတာဘာဝနာ (၅)မျိုး
၂။ သြဓိသောဖရဏာ မုဒိတာဘာဝနာ (၇)မျိုး
၃။ ဒိသာဖရဏာ မုဒိတာဘာဝနာ (၁၀_၁၂ = ၁၂၀)မျိုး
အားလုံးပေါင်းသော် မုဒိတာဘာဝနာ (၁၃၂)မျိုးတည်း။
ဤ မုဒိတာဘာဝနာတို့ကို ဆက်လက်၍ ပွားများပါ။ မေတ္တာဘာဝနာခန်း
၌ ရေးသားတင်ပြခဲ့ပြီးသည့် အကြောင်းအရာ အချက်အလက်တို့ကို
နည်းမှီ၍သာ ပွားများအားထုတ်ပါလေ။

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

No comments:

Post a Comment