Choose Fonts Here

Monday, May 23, 2016

ကသိုဏ်း (၁၀) ပါး - သမာပတ် (၈) ပါး


ဝဏ္ဏကသိုဏ်း
-------------
ဝဏ္ဏကသိုဏ်း (၄) မျိုး
(၃၂)ကောဋ္ဌာသတို့၌ နီလကသိုဏ်း ပီတကသိုဏ်း လောဟိတကသိုဏ်း
သြဒါတကသိုဏ်းဟု ၀ဏ္ဏကသိုဏ်း (၄)မျိုးတို့ကို ရနိုင်၏။
၁။ နီလကသိုဏ်း = အညိုရောင်ကသိုဏ်း --- ဆံပင် မွေးညင်း သည်းခြေ
တို့၌လည်းကောင်း, မျက်လုံးတို့၌ မည်းနက်ရာအရပ်၌လည်းကောင်း
ညိုသောအရောင်ကို အာရုံပြု၍ နီလံ နီလံ = အညို အညိုဟု နှလုံး-
သွင်းသော ပုဂ္ဂိုလ်အား စတုက္ကဈာန် ပဉ္စကဈာန်တို့သည် ဖြစ်ပေါ်နိုင်
ကုန်၏။ ယင်းဈာန်ကို ၀ိပဿနာ၏ အခြေပါဒကပြု၍ ၀ိပဿနာ
ဉာဏ်ကို ဖြစ်စေနိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏။(အဘိ၊ဋ္ဌ၊၂၊၂၃၉။)

၂။ အဆီခဲ၌လည်းကောင်း, မျက်လုံးတို့၏ ၀ါရွှေရာ အရပ်၌လည်းကောင်း၊
(၀ါသော အရေပြား၌လည်းကောင်း၊ ၀ါသော လက်ဖ၀ါး ခြေဖ၀ါးတို့၌
လည်းကောင်း) အ၀ါရောင်ကို အာရုံယူ၍ ပီတကံ ပီတကံ = အ၀ါ
အ၀ါဟု နှလုံးသွင်းသောပုဂ္ဂိုလ်အား စတုက္ကဈာန် ပဉ္စကဈာန်တို့သည်
ဖြစ်ပေါ်နိုင်ကုန်၏။ ယင်းဈာန်ကို ၀ိပဿနာ၏ အခြေပါဒကပြု၍
ဝိပဿနာဉာဏ်ကို ဖြစ်စေနိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၃၉။)
၃။ အသား၌လည်းကောင်း၊သွေး၌လည်းကောင်း (လျှာ၌လည်းကောင်း)
မျက်လုံးတို့၏ နီမြန်းရာ အရပ်၌လည်းကောင်း အနီရောင်ကို အာရုံ
ယူ၍ လောဟိတကံ လောဟိတကံ = အနီ အနီဟု နှလုံးသွင်းသော
ပုဂ္ဂိုလ်အား စတုက္ကဈာန် ပဉ္စကဈာန်တို့သည် ဖြစ်ပေါ်နိုင်ကုန်၏။ ယင်း
ဈာန်ကို ၀ိပဿနာ၏ အခြေပါဒကပြု၍ ၀ိပဿနာဉာဏ်ကို ဖြစ်စေနိုင်သော် အရဟတ္တဖိုလ်သို့
ဆိုက်ရောက်နိုင်၏။(အဘိ၊ဋ္ဌ၊၂၊၂၃၉။ ဒီ၊ဋ္ဌ၊၂၊၁၅၁။)

၎။ ခြေသည်း လက်သည်း၌လည်းကောင်း၊ သွား၌လည်းကောင်း၊ အရေထူ
အရေပါး၌လည်းကောင်း၊ အရိုး၌လည်းကောင်း၊ မျက်လုံးတို့၏ ဖြူရာ
အရပ်၌လည်းကောင်း အဖြူရောင်ကို အာရုံပြု၍ သြဒါတံ သြဒါတံ
= အဖြူ အဖြူဟု နှလုံးသွင်းသော ပုဂ္ဂိုလ်အား စတုက္ကဈာန် ပဉ္စကဈာန်
တို့သည် ဖြစ်ပေါ်လာနိုင်ကုန်၏။ ယင်းဈာန်ကို ၀ိပဿနာ၏ အခြေ
ပါဒကပြု၍ ၀ိပဿနာဉာဏ်ကို ဖြစ်စေနိုင်သော် အရဟတ္တဖိုလ်သို့
ဆိုက်ရောက်နိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၃၉။ ဒီ၊ဋ္ဌ၊၂၊၁၅၁။)

"ဖားအောက်တောရဆရာတော်"

Bhikkhu's Dhamma
www.bhikkhudhamma.blogspot.com

No comments:

Post a Comment