Choose Fonts Here

Monday, May 23, 2016

မရဏဿတိ = မရဏာနုဿတိကမ္မဋ္ဌာန်း



မရဏာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းလိုသော အသင်သူတော်ကောင်းသည် မိမိရရှိထား
ပြီးသော အသုဘကမ္မဋ္ဌာန်းကိုပင် ပထမဈာန်သမာဓိသို့ ဆိုက်အောင် တစ်ဖန်
ပြန်၍ သမာဓိကို ထူထောင်ပါ။ ယင်းဗဟိဒ္ဓ အသုဘအလောင်းကောင်၌
ပထမဈာန်သမာဓိသို့ ဆိုက်အောင် ရှုနိုင်သောအခါ "ဤ ငါ၏ ခန္ဓာကိုယ်
သည်လည်း ဤကဲ့သို့သော သေခြင်းသဘော ရှိ၏၊ ဤကဲ့သို့သော သေခြင်း
သဘောသည် မချွတ်ဧကန် ဖြစ်လိမ့်မည်၊ ဤကဲ့သို့သော သေခြင်းသဘော
တရားကို မလွန်မြောက်နိုင်"ဟု မိမိ၏ သေခြင်းတရားအပေါ်သို့ ဉာဏ်ဖြင့်
ရှေးရှု ကပ်ဆောင်၍ သတိကိုလည်းကောင်း၊ သံဝေဂကိုလည်းကောင်း၊ ဉာဏ်
ကိုလည်းကောင်း ဖြစ်စေလျက် ကြည့်ရှုလိုက်သောအခါ မိမိသေနေသည့်
ရွံရှာစက်ဆုပ်ဖွယ် အသုဘအလောင်းကောင်ကို တွေ့ရှိမည် ဖြစ်သည်။

 ထိုအခါ မိမိသေနေသောပုံဝယ် ဇီဝိတိနြေ္ဒ၏ ပျက်စဲမှုသဘောကို ဉာဏ်ဖြင့်
မြင်အောင်ကြည့်၍ ထိုဇီဝိတိနြေ္ဒ၏ ပြတ်စဲမှုအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ
ကပ်ထားလျက် ---
၁။ မရဏံ မေ ဓုဝံ၊ ဇီဝိတံ မေ အဓုဝံ။
ငါ၏ သေခြင်းတရားသည် မြဲ၏၊ အသက်ရှင်ခြင်းသည် မမြဲ။
၂။ မရဏံ မေ ဘ၀ိဿတိ။
ငါ၏ သေခြင်းတရားသည် မချွတ်ဧကန် ဖြစ်လိမ့်မည်။
၃။ မရဏပရိယောသာနံ မေ ဇီဝိတံ
ငါ၏ အသက်ရှင်ခြင်းသည် သေခြင်းလျှင် အဆုံးအပိုင်းအခြား ရှိ၏။
၎။ မရဏံ မရဏံ = သေခြင်းတရား သေခြင်းတရား ---

ဤသို့စသော နှလုံးသွင်းနည်းတို့တွင် မိမိကြိုက်နှစ်သက်ရာ တစ်နည်း
နည်းဖြင့် ပါဠိလိုဖြစ်စေ၊ မြန်မာလိုဖြစ်စေ ရှုနေပါ။ မိမိ သေနေသည့်ပုံဝယ်
ဇီဝိတိနြေ္ဒ၏ ပြတ်စဲသွားမှု သဘောတရားအာရုံ၌ မရဏဿတိ ဘာဝနာ
စိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်နေအောင်
ကြိုးစားပါ။ ယင်းသို့ ငြိမ်ဝပ်စွာကပ်၍ တည်နေသော် ဈာန်အင်္ဂါ (၅)ပါးတို့
သည်လည်း ထင်ရှားလာကြမည် ဖြစ်ပေသည်။ သို့သော် ဥပစာရဈာန်မျှသာ
ဖြစ်သည်။



နက်နဲလှသော ဇီဝိတိနြေ္ဒ၏ ပြတ်စဲမှု ရှူကွက်
.........................................................
ဤရှုကွက်ကား ပရမတ်တရား - ဇီဝိတိနြေ္ဒ----နှင့် ဆက်စပ်နေသဖြင့်
လွယ်မယောင်နှင့် ခက်သော ရှုကွက်တစ်ခု ဖြစ်နေ၏။ ----- ဇီဝတိနြေ္ဒ
ယုပစ္ဆေဒသင်္ခါတဿ မရဏဿ သရဏံ မရဏဿတိ။----- ဟူသော
ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဖွင့်ဆိုထားသည့်အတိုင်း မိမိ၏ ဇီဝိတိနြေ္ဒ၏ ပြတ်စဲမှုကို
မြင်အောင် ကြည့်၍ ရှုရမည့် ရှုကွက်ဖြစ်နေပေသည်။

 မိမိ သေနေသည့် အလောင်းကောင်ကို ဉာဏ်နှင့် ကပ်ဆောင်ကာ ကြည့်နိုင်ရုံမျှဖြင့်ကား လိုရင်း-
ကိစ္စ မပြီးနိုင် ရှိနေသေး၏။ ထို့ကြောင့် ယောဂါဝစရပုဂ္ဂိုလ်က ဗဟိဒ္ဓ
အလောင်းကောင်အာရုံ၌ ပထမဈာန်သမာဓိသို့ ဆိုက်သည်တိုင်အောင်
ရှုပြီးသောအခါ မိမိသေနေသည့် ပုံကိုလည်း ဉာဏ်ဖြင့် ကပ်ဆောင်ကာ
ကြည့်ရှုနိုင်သဖြင့် မိမိသေနေသည့် အလောင်းကောင်ကိုလည်း တွေ့မြင်သော
အခါ ယင်း အလောင်းကောင်၏ နှလုံးအိမ်အတွင်းဘက်သို့ ထိုးစိုက်ကာ
ရှုကြည့်ပါ။

 ထိုသို့ ရှုရာ၌ ဇီဝိတိနြေ္ဒ၏ ပြတ်စဲမှုကိုကား လွယ်လွယ်ကူကူ
တွေ့ချင်မှတွေ့မည် ဖြစ်၏။ အကြောင်းကား ယင်းသေနေသော အလောင်း
ကောင်၌ ဇီဝိတိနြေ္ဒကား ပြတ်စဲပြီး ဖြစ်သောကြောင့် ဖြစ်၏။ သို့အတွက်
ယင်းအလောင်းကောင်၏ နှလုံးအိမ် အတွင်းဘက်သို့ ဉာဏ်ကို စေလွှတ်ကာ
ရှုကြည့်နိုင်သောအခါ မသေမီ အချိန်ကာလဘက်သို့ အနည်းငယ် နောက်ဆုတ်ကာ
ရှုကြည့်ပါ။ ထိုအခါ သေခါနီး ဘ၀င်မနောအကြည်ဓာတ်ကို
သို့မဟုတ် စိတ်အစဉ်ကို တွေ့ရှိနိုင်ပေသည်။

 ဤအရာဝယ် ပြောလိုရင်းမှာ
ဘ၀င်မနောအကြည်ဓာတ်ပင် ဖြစ်သည်။ ယောဂီပုဂ္ဂိုလ်သည် ဈာန်အင်္ဂါများ
ကို သိမ်းဆည်းခဲ့စဉ်က ယင်း ဘ၀င်မနောအကြည်ဓာတ်ကို သိမ်ဆည်း
နိုင်ခဲ့ပြီး ဖြစ်သဖြင့် ဤအချိန်တွင်လည်း ယင်း ဘ၀င်မနောအကြည်ဓာတ်ကို
လွယ်လွယ်ကူကူ သိမ်းဆည်းနိုင်မည် ဖြစ်ပေသည်။ ယင်း ဘ၀င်မနောအကြည်ဓ
ာတ်ကို ဉာဏ်ဖြင့် တွေ့မြင်သောအခါ သေမည့်ဘက်သို့ တစ်ဖန်
တိုး၍ ရှုကြည့်ပါ။ ထိုအခါ ယင်း ဘ၀င်မနောအကြည်ဓာတ်၏ ရပ်စဲမှုသဘောကိုကား
တွေ့မြင်နိုင်ပေသည်။

ထိုအခါတွင် အထက်က ရှင်းပြခဲ့
သည့်အတိုင်း ယင်း ဘ၀င်မနောအကြည်ဓာတ်ကို ဖြစ်စေသည့် အကြောင်း
ရင်းဘ၀င်စိတ်ကို ထိုးစိုက်ကာ ရှုကြည့်ပါ။ ယင်း ဘ၀င်စိတ်ကို တွေ့သည့်အခါ
ယင်း ဘ၀င်စိတ်နှင့်အတူ ယှဉ်ဖက် ဇီဝိတိနြေ္ဒ၏ ပြတ်စဲမှုသဘောကို
မြင်အောင် တစ်ဆင့် ရှုကြည့်ပါ။ တွေ့မြင်ပါက ဇီဝိတိနြေ္ဒ၏ ပြတ်စဲမှုကို
သဘောပေါက်မည် ဖြစ်ပေသည်။

သို့သော် ယောဂီအများစုမှာ ----- နာမ်ကမ္မဋ္ဌာန်းကို မရှုရသေးသည့်
အတွက် မရှုဖူးသေးသည့်အတွက် ဘ၀င်စိတ်နှင့် ဇီဝိတိနြေ္ဒကို သဘော
ပေါက်ဖို့ကား အလွန် ခဲယဉ်းနေသေးသော အချိန်ကာလပင် ဖြစ်ပေသည်။
မည်သို့ပင်ခက်ခဲသော်လည်း ဘ၀င်မနောအကြည်ဓာတ်ကိုကား တွေ့ရှိနေပြီ
ဖြစ်သည့်အတွက် ယင်း ဘ၀င်မနောအကြည်ဓာတ်၏ ပြတ်စဲမှုကိုပင် အာရုံ
ယူကာ မရဏာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းလိုကလည်း စီးဖြန်းနိုင်ပေသည်။

သို့သော် အထက်က ရှင်းပြခဲ့သည့်အတိုင်း ယင်း ဘ၀င်မနောအကြည်ဓာတ်
မှာ ဥပစာရအားဖြင့်သာ ဘ၀င်ဟု ခေါ်ဆိုထားခြင်း ဖြစ်ပေသည်။ မည်သို့ပင်
ခက်ခဲနေသော်လည်း မိမိ သေနေသည့် အလောင်းကောင်ကိုကား ဉာဏ်ဖြင့်
ကပ်ဆောင်၍ ရှုခဲ့သော် ရရှိနိုင်သည်သာ ဖြစ်၏။ အတိတ်ဘ၀ထိုထိုက
မရဏာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့ဖူးသူ ဖြစ်လျှင်လည်း ယင်း ဇီဝိတိနြေ္ဒ၏
ပြတ်စဲမှုကို တစ်နည်းဆိုရသော် ဇီဝိတိနြေ္ဒနှင့် တကွသော ဘ၀င်စိတ်၏
ပြတ်စဲမှုကို ရှုမြင်နိုင်ပေသည်။ ထိုသို့ ရှုမြင်နိုင်လျှင်ကား အကောင်းဆုံးပင်
ဖြစ်ပေသည်။

သို့သော် နာမ်ကမ္မဋ္ဌာန်းကို မရှုဖူးသေးသော ယောဂီအများစုမှာ
ဥပစာရအားဖြင့် တင်စားကာ ခေါ်ဝေါ်သုံးစွဲနေသော အထက်တွင် ရှင်းပြခဲ့ပြီး
သော ဘ၀င်မနောအကြည်ဓာတ်၏ ပြတ်စဲမှုသဘောကိုကား ရှု၍ ရရှိနေပေသည်။
ယင်း ဘ၀င်မနောအကြည်ဓာတ်၏ ပြတ်စဲမှု ရပ်ဆိုင်းမှုသဘော
ကို အာရုံယူကာ မရဏာနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းလိုက စီးဖြန်းနိုင်ပါ
သည်။ သို့သော်... ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းသို့ ဆိုက်သည်တိုင်အောင်
ကြောင်း-ကျိုးဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ရှုထားပြီးသူ
ယောဂီပုဂ္ဂိုလ်တို့သည်ကား ယင်း ဇီဝိတိနြေ္ဒနှင့်တကွသော ဘ၀င်စိတ်၏
ပြတ်စဲမှုကို လွယ်လွယ်ကူကူပင် ရှု၍ ရရှိနိုင်ပေသည်။

သက်စောင့်ကမ္မဋ္ဌာန်းလေးပါး
....................................
 မေတ္တာ၊ ဗုဒ္ဓါနုဿတိ၊ အသုဘ၊ မရဏဿတိ ကမ္မဋ္ဌာန်း (၄)မျိုး
တို့ကား ယောဂါဝစရပုဂ္ဂိုလ်တို့အား စောင့်ရှောက်ပေးတတ်သည့် စတုရာရက္ခ
အမည်ရသော အစောင့် (၄)ပါး ကမ္မဋ္ဌာန်းများ ဖြစ်ကြသည်။ ၀ိပဿနာသို့
မကူးမီ သင်ယူထားသင့်သော ပွားများထားသင့်သော ကမ္မဋ္ဌာန်းများပင် ဖြစ်
ကြပေသည်။

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

No comments:

Post a Comment