Choose Fonts Here

Friday, March 8, 2019

ဓမ္မနှင့် အဓမ္မ
•••••••••••
ချစ်သား ရဟန်းတို့...အကြင်ရဟန်းတို့သည် အဓမ္မကို ဓမ္မဟု ထင်ရှားပြကြကုန်၏၊ ချစ်သား ရဟန်းတို့...
ထိုရဟန်းတို့သည် လူ နတ်စသော သတ္တဝါအပေါင်း၏ လူ-နတ်-နိဗ္ဗာန် သုံးတန်သောစီးအပွားမဲ့ခြင်းငှာ, ချမ်သာမဲ့ခြင်းငှာ, အကျိုးမဲ့ခြင်းငှာ, အစီးအပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ကျင့်သည် မည်ကုန်၏။ 

ချစ်သားရဟန်းတို့... ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း ဖြစ်ပွားစေသည် မည်ကုန်၏၊ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏။

ချစ်သား ရဟန်းတို့...အကြင်ရဟန်းတို့သည် ဓမ္မကို အဓမ္မဟု ထင်ရှားပြကြကုန်၏၊ ချစ်သား ရဟန်းတို့...
ထိုရဟန်းတို့သည် လူ နတ်စသော သတ္တဝါအပေါင်း၏ လူ-နတ်-နိဗ္ဗာန် သုံးတန်သောစီးအပွားမဲ့ခြင်းငှာ, ချမ်သာမဲ့ခြင်းငှာ, အကျိုးမဲ့ခြင်းငှာ, အစီးအပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ကျင့်သည် မည်ကုန်၏။

ချစ်သားရဟန်းတို့... ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း ဖြစ်ပွားစေသည် မည်ကုန်၏၊ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏။

ချစ်သား ရဟန်းတို့...အကြင်ရဟန်းတို့သည် အဓမ္မကို အဓမ္မဟု ထင်ရှားပြကြကုန်၏၊ ချစ်သား ရဟန်းတို့...
ထိုရဟန်းတို့သည် လူ နတ်စသော သတ္တဝါများအပေါင်း၏ အစီးအပွားဖြစ်ခြင်းငှာ, ချမ်းသာကို ရရှိခြင်းငှာ, အကျိုးဖြစ်ခြင်းငှာ, အစီးအပွားဖြစ်ခြင်းငှာ ချမ်းသာခြင်းငှာ ကျင့်သည် မည်ကုန်၏။

ချစ်သားရဟန်းတို့... ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွားစေသည်မည်ကုန်၏၊ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း အရှည်ခိုင်ခံ့ တည်တံ့စေသည် မည်ကုန်၏။

ချစ်သား ရဟန်းတို့... အကြင်ရဟန်းတို့သည် ဓမ္မကို ဓမ္မဟု ထင်ရှားပြကြကုန်၏၊ ချစ်သား ရဟန်းတို့...
ထိုရဟန်းတို့သည် လူ နတ်စသော သတ္တဝါများအပေါင်း၏ အစီးအပွားဖြစ်ခြင်းငှာ, ချမ်းသာကို ရရှိခြင်းငှာ, အကျိုးဖြစ်ခြင်းငှာ, အစီးအပွားဖြစ်ခြင်းငှာ ချမ်းသာခြင်းငှာ ကျင့်သည် မည်ကုန်၏။

ချစ်သားရဟန်းတို့... ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွားစေသည်မည်ကုန်၏၊ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း အရှည်ခိုင်ခံ့ တည်တံ့စေသည် မည်ကုန်၏။

ဤကဲ့သို့ ဘုရားရှင် ညွှန်ကြားပြသ ဆိုဆုံးမထားတော်မူခဲ့သည့်အတိုင်း ထေရ၀ါဒပိဋကပါဠိတော်နှင့် အညီ "၀ိပဿနာကျင့်စဉ်ပိုင်းဆိုင်ရာ" ၌ "ဓမ္မနှင့် အဓမ္မ"ကို ကွဲကွဲပြားပြား သိရှိကြပါစေဟူသော မွန်မြတ်သော ဦးတည်ချက်ဖြင့် တစ်ချိန်က အမှတ်မထင်သော တစ်နေရာတွင် ၀ိပဿနာသင်တန်းတစ်ခုကို ပို့ချပေးခဲ့ဖူး၏။ ထိုသင်တန်းတွင် သင်တန်းသူသင်တန်းသားများ လက်စွဲစာစောင်အဖြစ် အသုံးပြုရန် ရည်ရွယ်ကာ ဤစာမူကို စုစည်းခဲ့ပါသည်။ ထိုသို့ စုစည်းရာ၌အချိန်၏ တိုတောင်းမှုစသည့် အကြောင်းအမျိုးမျိုးကြောင့် သန့်ရှင်းသော စာမူတစ်ခုကား မဖြစ်ခဲ့ပါ။

သို့သော် ထိုစာမူကို ရိုက်နှိပ်လှူဒါန်းပူဇော်လိုသူ အလှူရှင်တို့၏ လျှောက်ထားတောင်းပန်ချက်အရ သန့်ရှင်းသော စာမူတစ်ခု အဖြစ်သို့ ရောက်အောင် ပို့ဆောင်ပေးလိုက်ပါသည်။

ဝိပဿနာကျင့်စဉ်ပိုင်းဆိုင်ရာ၌ ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်နိဒါန်းတွင် ဤသို့ မိန့်ကြားထားတော်မူခဲ့၏ ..။ဤသို့ မိန့်ကြားတော်မူချက်နှင့် ဆက်စပ်၍ "နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း"သာ ရှိသည်ကို နားလည်သဘောပေါက်စေရန်ဟူသော ဦးတည်ချက်ဖြင့်လည်း ဤစာမူကို စုစည်းခဲ့ခြင်း ဖြစ်ပါသည်။

"ဖားအောက်တောရဆရာတော်"
(နိဗ္ဗာန်သို့သွားရာတစ်ကြောင်းတည်းသောလမ်း - စာအုပ်နိဒါန်းမှ ကောက်နှုတ်ဖော်ပြပါသည်)
စာအုပ် pdf download ယူရန်...

https://www.dropbox.com/s/1u0hamb6yg5q8ma/နိဗ္ဗာန်သို့သွားရာတစ်ကြောင်းတည်းသောလမ်း%28ဒု-ကြိမ်%29.pdf?dl=0

"ဖားအောက်တောရဆရာတော် "
Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

No comments:

Post a Comment