Choose Fonts Here

Monday, May 23, 2016

အဘိဘာယတနဈာန်ဟူသည်


ယင်းသို့ (၃၂)ကောဋ္ဌာသမှ ၀ဏ္ဏကသိုဏ်း လေးမျိုးသို့ ကူး၍ ရရှိသော
ဈာန်များကို ယင်းကသိုဏ်းအာရုံတို့ကို လွှမ်းမိုးဖိစီးလျက် ရရှိသော ဈာန်များ
ဖြစ်ခြင်းကြောင့် အဘိဘာယတနဈာန်ဟု ခေါ်ဆို၏။ ကိလေသာအညစ်အကြေး
စသည့် ဆန့်ကျင်ဘက်တရားတို့ကို လွယ်ကူစွာ လွှမ်းမိုးဖိစီးနိုင်သော
ကြောင့်လည်း အဘိဘာယတနဈာန်ဟု ခေါ်ဆို၏။(ဒီ၊ဋ္ဌ၊၂၊၁၅၁။ မ၊ဋ္ဌ၊၃၊၁၇၇။ အံ၊ဋ္ဌ၊၃၊၂၄၃။)

အဘိဘာယတနတို့ဟူသည် လွှမ်းမိုးဖိစီး နှိပ်နင်းကြောင်းတရားတို့
တည်း = ရူပါဝစရဈာန်တို့တည်း။ အဘယ်တရားကို လွှမ်းမိုးဖိစီး နှိပ်နင်းကြ
သနည်း။ ဆန့်ကျင်ဘက်တရားတို့ကိုလည်း လွှမ်းမိုးဖိစီး နှိပ်နင်းတတ်ကြ၏။
ကသိုဏ်းအာရုံတို့ကိုလည်း လွှမ်းမိုးဖိစီး နှိပ်နင်းတတ်ကြ၏။

 မှန်ပေသည်
ထို အဘိဘာယတနဈာန်တို့သည် ထိပ်တိုက် ဆန့်ကျင်ဘက်၏ အဖြစ်ဖြင့်
ဆန့်ကျင်ဘက်တရားတို့ကို လွှမ်းမိုးဖိစီး နှိပ်နင်းတတ်ကြ၏။ အဘိဘာယတန
ဈာန်တို့ကို ရရှိအောင် ပွားများနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၏
ထက်မြက်စူးရှသည့်အတွက်ကြောင့် ကသိုဏ်းအာရုံတို့ကိုလည်း လွှမ်းမိုးဖိစီး
နှိပ်နင်းတတ်ကြ၏။ (ဒီ၊ဋ္ဌ၊၂၊၁၅၁။ မ၊ဋ္ဌ၊၃၊၁၇၇။ အံ၊ဋ္ဌ၊၃၊၂၄၃။)

သည်းခြေကဲ့သို့ အလွန်သေးငယ်သော ကောဋ္ဌာသပင် ဖြစ်ချင် ဖြစ်ပါ
စေ။ ယင်းကဲ့သို့သော ကောဋ္ဌာသကို အာရုံယူ၍ အညိုရောင်ကသိုဏ်းကို
ပွားများရာ၌ အညိုရောင်ကသိုဏ်းနိမိတ် ဖြစ်သည်နှင့်အတူတကွ အပ္ပနာဈာန်
ကို ဖြစ်စေနိုင်၏ဟု ဆိုလို၏။ ဤသို့ ဖြစ်စေအပ်ကုန်သော ဈာန်တို့ကို အဘိဘာယ
တနဈာန်တို့ဟူ၍ ဆိုအပ်ကုန်၏။ (ပဋိသံ၊ဋ္ဌ၊၁၊၆၉ - ကြည့်ပါ။)

"ဖားအောက်တောရဆရာတော်"

www.bhikkhudhamma.blogspot.com

No comments:

Post a Comment