Choose Fonts Here

Monday, May 23, 2016

စတုရာရက္ခကမ္မဋ္ဌာန်းပိုင်း

ဗြဟ္မ၀ိဟာရကမ္မဋ္ဌာန်းပိုင်း(ဥပေက္ခာဘာဝနာ)



ဥပေက္ခာဗြဟ္မ၀ိဟာရဘာဝနာကို ပွားများအားထုတ်လိုသော ယောဂါ-
ဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ---
၁။ သြဒါတကသိုဏ်း သို့မဟုတ် အာလောကကသိုဏ်း စတုတ္ထဈာန်သမာဓ
ိကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ
အားကောင်းလာသောအခါ ---
၂။ မချစ်မမုန်း အလယ်အလတ် မဇ္ဈတ္တ လိင်တူ အသက်ရှင်ဆဲ ပုဂ္ဂိုလ်တစ်ဦး
ကို အာရုံပြု၍ တတိယဈာန်သို့ ဆိုက်သည်တိုင်အောင် မေတ္တာ
ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။
၃။ ထိုပုဂ္ဂိုလ်ကိုပင် အာရုံပြု၍ တတိယဈာန်သို့ ဆိုက်သည်တိုင်အောင်
ကရုဏာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။

၎။ ထိုပုဂ္ဂိုလ်ကိုပင် အာရုံပြု၍ တတိယဈာန်သို့ ဆိုက်သည်တိုင်အောင်
မုဒိတာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။
ထိုကဲ့သို့ မဇ္ဈတ္တ လိင်တူပုဂ္ဂိုလ်တစ်ဦးကို အာရုံယူကာ မေတ္တာ၊
ကရုဏာ, မုဒိတာ ဘာဝနာအသီးသီး၌ ရအပ်ပြီးသော တတိယဈာန်ရှိသော
ယောဂါဝစရပုဂ္ဂိုလ်သည် အ၀ါးဝစွာ လေ့လာအပ်ပြီးသော အစဉ်အတိုင်း
ဝင်စားထားပြီးသော ယင်းဗြဟ္မ၀ိဟာရ (မုဒိတာ) တတိယဈာန်မှ ထ၍ ---
၁။ သုခိတာ ဟောန္တ္တ္တု = သတ္တ၀ါတို့သည် ချမ်းသာခြင်းသို့ ရောက်ကြပါစေကုန်သတည်း။

--- ဟု ဤသို့ စသည်ဖြင့် မေတ္တာဗြဟ္မ၀ိဟာရ
တတိယဈာန်သို့ ဆိုက်အောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်း-
ခြင်းသည် ယင်းတတိယဈာန်၏ သတ္တ၀ါတို့အပေါ်၌ မြတ်နိုးတနာ
ပြုသောအားဖြင့် နှလုံးသွင်းခြင်းနှင့် ယှဉ်သည်၏အဖြစ်ကြောင့်လည်းကောင်း၊
၂။ ဒုကုကုက္ခာ မုစ္စန္တု= သတ္တ၀ါတို့သည် ဆင်းရဲဒုက္ခမှ လွတ်ကြပါစေကုန်သတည်း။

--- ဤသို့ ကရုဏာဗြဟ္မ၀ိဟာရဘာဝနာကို တတိယဈာန်သို့
ဆိုက်သည်တိုင်အောင် စီးဖြန်းခြင်းသည် ယင်းတတိယဈာန်၏ မုန်းခြင်း
ချစ်ခြင်း၏ အနီး၌ ကျင်လည်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊
၃။ ယထာလဒ္ဓသမ္ပတ္တ္တိတော မာ ၀ိဂစ္ဆ္ဆ္ဆန္တ္တု = သတ္တ၀ါတို့သည် ရရှိပြီးသော
စည်းစိမ်ချမ်းသာမှ မရွေ့လျောကြပါစေကုန်သတည်း --- ဤသို့
မုဒိတာဗြဟ္မ၀ိဟာရဘာဝနာကို တတိယဈာန်သို့ ဆိုက်သည်တိုင်အောင်
စီးဖြန်းခြင်းသည် ယင်းတတိယဈာန်၏ ၀မ်းမြောက်ခြင်း
သောမနဿနှင့် ယှဉ်သည်၏ အဖြစ်ကြောင့် ရုန့်ရင်းသည်၏ အဖြစ်ကြောင့်လည်းကောင်း။

ဤသို့လျှင် မေတ္တာဗြဟ္မ၀ိဟာရတတိယဈာန်၊ ကရုဏာဗြဟ္မ၀ိဟာရ
တတိယဈာန်၊ မုဒိတာဗြဟ္မ၀ိဟာရတတိယဈာန်တို့၌ အပြစ်ကို မြင်အောင်
ရှု၍ ဥပေက္ခာဗြဟ္မ၀ိဟာရ စတုတ္ထဈာန်၏ ငြိမ်သက်သော သဘောရှိသည်၏
အဖြစ်ကြောင့် အကျိုးအာနိသံသကိုလည်း မြင်အောင်ရှု၍ ထိုယောဂါဝစရ-
ပုဂ္ဂိုလ်၏ ပြကတေ့အားဖြင့်သာလျှင် လျစ်လျူရှုလေ့ရှိသော ဥပေက္ခာအရာ၌
ထားနိုင်သော (အထက်၌ တင်ပြထားသည့်အတိုင်း မေတ္တာဗြဟ္မ၀ိဟာရ
တတိယဈာန်၊ ကရုဏာဗြဟ္မ၀ိဟာရတတိယဈာန်၊ မုဒိတာဗြဟ္မ၀ိဟာရ
တတိယဈာန်တို့ကို ပွားများထားပြီးသော) အကြင် အလယ်အလတ် မချစ်
မမုန်း မဇ္ဈတ္တပုဂ္ဂိုလ်သည် ရှိ၏၊



 ထိုပြကတေ့ မဇ္ဈတ္တပုဂ္ဂိုလ်ကို လျစ်လျူရှု၍
ဥပေက္ခာဗြဟ္မ၀ိဟာရဘာဝနာကို ဖြစ်စေအပ်၏။ ပွားများပုံမှာ --- ထိုမဇ္ဈတ္တ
ပုဂ္ဂိုလ်တစ်ဦးကိုပင် အာရုံပြု၍ မေတ္တာဗြဟ္မ၀ိဟာရတတိယဈာန်၊ ကရုဏာဗြဟ
္မ၀ိဟာရတတိယဈာန်၊ မုဒိတာဗြဟ္မ၀ိဟာရတတိယဈာန်တို့ကို ၀င်စားပြီး
နောက် အထက်ပါအတိုင်း ဆင်ခြင်၍ သို့မဟုတ် ဤသူတော်ကောင်းသည် ငါက ---

၁။ ဘေးရန်ကင်းပါစေဟု မေတ္တာဘာဝနာကို ပွားများသော်လည်း
ဘေးရန် ကင်းချင်မှ ကင်းမည်၊ စိတ်ဆင်းရဲကင်းပါစေဟု မေတ္တာဘာဝနာကို
ပွားများသော်လည်း စိတ်ဆင်းရဲ ကင်းချင်မှ ကင်းမည်၊
ကိုယ်ဆင်းရဲ ကင်းပါစေဟု မေတ္တာဘာဝနာကို ပွားများသော်လည်း
ကိုယ်ဆင်းရဲ ကင်းချင်မှ ကင်းမည်၊ ကျန်းကျန်းမာမာ ချမ်းချမ်း
သာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေဟု မေတ္တာဘာဝနာကို
ပွားများသော်လည်း ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့်
မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ချင်မှ ရွက်ဆောင်နိုင်မည်။

၂။ ဆင်းရဲဒုက္ခမှ လွတ်ပါစေဟု ကရုဏာဘာဝနာကို ပွားများသော်လည်း
ဆင်းရဲဒုက္ခမှ လွတ်ချင်မှ လွတ်မည်။
၃။ ရရှိပြီး စည်းစိမ်ချမ်းသာမှ မရွေ့လျောပါစေသတည်းဟု မုဒိတာ
ဘာဝနာကို ပွားများသော်လည်း ရရှိပြီး စည်းစိမ်ချမ်းသာမှ မရွေ့လျောဘဲ
ရှိချင်မှ ရှိမည်။
၎။ အဘယ်ကြောင့်နည်းဟူမူ သတ္တ၀ါအားလုံးတို့သည် ကံသာလျှင်
ကိုယ်ပိုင်ဥစ္စာရှိကြကုန်၏ဟု ဤသို့ ဆင်ခြင်၍ ---
အယံ သပ္ပ္ပုရိသော ကမ္မဿကော။
= ဤသူတော်ကောင်းသည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စ္စာ ရှိ၏။

ဤသို့လျှင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဥပေက္ခာဘာဝနာကို
ပွားများပါ။ မေတ္တာ၊ ကရုဏာ မုဒိတာဗြဟ္မ၀ိဟာရတရားတို့၌ တတိယဈာန်ကို
အခြေခံပြီးမှ ဥပေက္ခာဗြဟ္မ၀ိဟာရဘာဝနာသို့ တက်ရောက်လာသဖြင့်
ရှေးရှေးသော ဘာဝနာသမာဓိတို့၏ အားကြီးသော မှီရာ ဥပနိဿယပစ္စယ
သတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အ၀ါ သတ္တိထူးကြောင့် နောက်နောက်သော
ဥပေက္ခာဗြဟ္မ၀ိဟာရဘာဝနာသည် မကြာမီအချိန်ကာလအတွင်းမှာပင်
စတုတ္ထဈာန်သို့ ဆိုက်ရောက်သွားပေလိမ့်မည်။

သီမာသမ္ဘေဒကို ပြုပါ
..............................
အောင်မြင်မှုကို ရရှိပါက အလားတူပင် မဇ္ဈတ္တပုဂ္ဂိုလ် (၁၀)ယောက်ခန့်လောက်ကို
တစ်ယောက်ပြီးတစ်ယောက် အာရုံယူကာ မေတ္တာ၊ ကရုဏာ
မုဒိတာ၊ ဥပေက္ခာဗြဟ္မ၀ိဟာရတရားတို့ကို ဆက်လက် ပွားများပါ။ ပုဂ္ဂိုလ်တိုင်း
ပုဂ္ဂိုလ်တိုင်း၌ မေတ္တာဘာဝနာကို တတိယဈာန်သို့ ဆိုက်သည်တိုင်အောင်
ကရုဏာဘာဝနာကို တတိယဈာန်သို့ ဆိုက်သည်တိုင်အောင် မုဒိတာဘာဝနာကို
တတိယဈာန်သို့ ဆိုက်သည်တိုင်အောင် ပွားများပြီးပါမှ ယင်း
ပုဂ္ဂိုလ်ကိုပင် အာရုံယူကာ ဥပေက္ခာဘာဝနာကို စတုတ္ထဈာန်သို့ ဆိုက်သည်တိုင်အောင်
ပွားများပါ။

 ဥပေက္ခာဘာဝနာ၌ ပထမဈာန်၊ ဒုတိယဈာန်
တတိယဈာန် မရှိသည်ကို စတုတ္ထဈာန်သာ ရှိသည်ကို သတိပြုပါ။ သို့သော်
ယင်း ဥပေက္ခာဗြဟ္မ၀ိဟာရစတုတ္ထဈာန်မှာ မေတ္တာ၊ကရုဏာ မုဒိတာ
ဘာဝနာအသီးအသီး၌ ပထမဈာန် ဒုတိယဈာန် တတိယဈာန် အသီးအသီး
ကို ရရှိအောင် ပွားများထားပြီးသည့် ယောဂါဝစရပုဂ္ဂိုလ်သည်သာလျှင်
ပွားများ၍ ရရှိနိုင်သော ဈာန်မျိုး ဖြစ်ပေသည်။ အာနာပါနတတိယဈာန်
သို့မဟုတ် ကသိုဏ်းဘာဝနာတတိယဈာန်တို့ကို အခြေခံကာ ဥပေက္ခာဗြဟ္မ
ဝိဟာရဘာဝနာကို တက်ရောက်ပွားခဲ့သော် (ယင်းတတိယဈာန်တို့၏
အာရုံမှာ သတ္တ၀ါပညတ်အာရုံ မဟုတ်ကြသောကြောင့်) ဥပေက္ခာဗြဟ္မ၀ိဟာရ
စတုတ္ထဈာန်သို့ မဆိုက်ရောက်နိုင်ဟု မှတ်သားပါလေ။

မဇ္ဈတ္တ = မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ် တော်တော်များများတို့၌
မေတ္တာ၊ ကရုဏာ ၊မုဒိတာ၊ ဥပေက္ခာဗြဟ္မ၀ိဟာရတရားတို့ကို အစဉ်အတိုင်း
ပွားများ၍ စတုတ္ထဈာန်သို့ တိုင်အောင်သော အောင်မြင်မှုကို ရရှိသောအခါ
၁။ ပိယပုဂ္ဂိုလ် (၁၀)ယောက်ခန့်
၂။ အတိပိယပုဂ္ဂိုလ် (၁၀)ယောက်ခန့်
၃။ မဇ္ဈတ္တပုဂ္ဂိုလ် (၁၀)ယောက်ခန့်
၎။ ဝေရီပုဂ္ဂိုလ် (၁၀)ယောက်ခန့် သို့မဟုတ် ရှိသမျှ
ဤပုဂ္ဂိုလ် ခပ်များများ၌ တစ်ဦးချင်းကို အာရုံပြု၍ ပုံစံတူပင် မေတ္တာ၊
ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဘာဝနာတို့ကို ပွားများပါ။ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း
၌ မေတ္တာ၊ ကရုဏာ၊ မုဒိတာဈာန်တို့ကို အခြေမခံဘဲ ဥပေက္ခာဘာဝနာကို
ပွားများလို့ မရရှိနိုင်သည်ကို သတိပြုပါ။

ထိုနောင် အတ္တ၊ ပိယ၊မဇ္ဈတ္တ၊ဝေရီဟူသော ပုဂ္ဂိုလ်လေးမျိုးတို့၌
ပုဂ္ဂိုလ်အပိုင်းအခြား ကင်းအောင် ပုံစံတူပင် မေတ္တာဈာန်ç ကရုဏာဈာန်၊
မုဒိတာဈာန်၊ဥပေက္ခာဈာန်တို့ကို ရရှိအောင် ပွားများအားထုတ်ပါ။ သီမာသမ္ဘေဒ
= ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုဖျက်နိုင်အောင် သီမာသမ္ဘေဒကို ပြု၍
ယင်းသို့ သီမာသမ္ဘေဒကို ပြုပြီးနောက် ရရှိလာသော ထိုသတ္တ၀ါပညတ်
နိမိတ်ကိုပင် အာရုံပြု၍ ---
၁။ မေတ္တာ --- ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်
၂။ ကရုဏာ --- ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်
၃။ မုဒိတာ --- ပထမဈာန်၊ဒုတိယဈာန်၊ တတိယဈာန်
၎။ ဥပေက္ခာ --- စတုတ္ထဈာန်။

ဤသို့ ဗြဟ္မ၀ိဟာရဘာဝနာ အသီးအသီး၌ ဆိုင်ရာဆိုင်ရာ ဈာန်
အသီးအသီးကို ရရှိသည်တိုင်အောင် မေတ္တာ၊ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊
ဗြဟ္မ၀ိဟာရဘာဝနာတို့ကို မှီဝဲပါ, ပွားများပါ, ကြိမ်ဖန်များစွာ အလေ့အလာ
ပြုပါ။ ဤကဲ့သို့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မ၀ိဟာရဘာဝနာတို့ကို
အစဉ်အတိုင်း ပွားများနေခြင်းကိုပင် ဥပေက္ခာာဗြဟ္မ၀ိဟာရဘာဝနာ
ကို ပွားများအားထုတ်သည်ဟု ဆိုပေသည်။ ဤကဲ့သို့ ပုဂ္ဂိုလ်အပိုင်းအခြား
ကင်းအောင် ပြုပြီးသည့်နောက် ရရှိလာသော သတ္တ၀ါပညတ်နိမိတ်ကို အာရုံပြု၍
ဥပေက္ခာဗြဟ္မ၀ိဟာရဘာဝနာကို မှီဝဲသော ပွားများသော ကြိမ်ဖန်များစွာ
အလေ့အလာပြုသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဥပေက္ခာဗြဟ္မ၀ိ-
ဟာရစတုတ္ထဈာန်သည် ဖြစ်ပေါ်၍ လာပေ၏။

ထိုနောင် ..
၁။ အနောဓိသောဖရဏာ ဥပေက္ခာဗြဟ္မ၀ိဟာရဘာဝနာ (၅)မျိုး
၂။ သြဓိသောဖရဏာ ဥပေက္ခာဗြဟ္မ၀ိဟာရဘာဝနာ (၇)မျိုး
၃။ ဒိသာဖရဏာ ဥပေက္ခာဗြဟ္မ၀ိဟာရဘာဝနာ (၁၀×၁၂ = ၁၂၀)မျိုး
အားလုံးပေါင်းသော် ဥပေက္ခာဗြဟ္မ၀ိဟာရဘာဝနာ (၁၃၂)မျိုး -
ဤ (၁၃၂)မျိုးသော ဥပေက္ခာဗြဟ္မ၀ိဟာရဘာဝနာတို့ကို ဆက်လက်၍
ပွားများအားထုတ်ပါ။ ဥပေက္ခာဗြဟ္မ၀ိဟာရဘာဝနာဆိုသော်လည်း ဥပေက္ခာဗြဟ
္မ၀ိဟာရ တစ်ခုတည်းကိုသာ ပွားများရသည်ကား မဟုတ်၊ မေတ္တာ၊
ကရုဏာ၊မုဒိတာ၊ ဥပေက္ခာဗြဟ္မ၀ိဟာရဘာဝနာတို့ကို အစဉ်အတိုင်း
ဈာန်အသီးအသီးသို့ ဆိုက်အောင် ပွားရသည်ဟု မှတ်ပါ။

ဥပေက္ခာဘာဝနာ၏ မေးသင့်သော မေးခွန်း
..........................................................
အမေး --- ဤဥပေက္ခာ ဗြဟဝိဟာရစတုတ္ထဈာန်သည် ပထဝီကသိုဏ်း
စသည်တို့၌ ဖြစ်ပြီးသော တတိယဈာန်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏
သန္တာန်၌လည်း ဖြစ်လေသလောဟု မေးရန် ရှိ၏။
အဖြေ --- မဖြစ်ဟူပေ။ အဘယ်ကြောင့်နည်းဟူမူ --- ပထ၀ီကသိုဏ်း
စသည်တို့၌ တတိယဈာန်ကား ပထ၀ီကသိုဏ်း စသည်လျှင် အာရုံရှိ၏။
ဥပေက္ခာဗြဟ္မ၀ိဟာရ စတုတ္ထဈာန်ကား သတ္တ၀ါပညတ်လျှင် အာရုံရှိ၏။ ထိုသို့
အာရုံ၏ သဘောမတူသည်၏ အဖြစ်ကြောင့်တည်း။

ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်တို့၏ အာရုံနှင့် စတုတ္ထဈာန်၏ အာရုံမှာ အာရုံချင်း
မတူ ကွဲပြားသောကြောင့် မရနိုင်ဟု ဆိုလိုသည်။ အလျော်အားဖြင့်ဆိုရမူ
မေတ္တာကမ္မဋ္ဌာန်း၊ ကရုဏာကမ္မဋ္ဌာန်း၊ မုဒိတာကမ္မဋ္ဌာန်းတို့၌ ဖြစ်ပြီးသော
တတိယဈာန်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ဤ ဥပေက္ခာ
ဗြဟ္မ၀ိဟာရစတုတ္ထဈာန်သည် ဖြစ်ပေါ်လာနိုင်၏။ အဘယ်ကြောင့်နည်းဟူမူ
သတ္တ၀ါပညတ် အာရုံချင်း သဘောတူညီမှု ရှိသည်၏ အဖြစ်ကြောင့်တည်း။

ပိယပုဂ္ဂိုလ်၌ မေတ္တာဈာန်၊ ကရုဏာဈာန်၊ မုဒိတာဈာန်တို့ကို ဖြစ်စေလျှင်
ယင်းပုဂ္ဂိုလ်၌ပင် ဥပေက္ခာဗြဟ္မ၀ိဟာရဈာန်ကို ဖြစ်စေနိုင်၏။ ပထမဈာန်၊
ဒုတိယဈာန်၊တတိယဈာန်တို့၏ အာရုံနှင့် ဤဥပေက္ခာဗြဟ္မ၀ိဟာရစတုတ္ထ
ဈာန်၏ အာရုံသည် အာရုံချင်း တူညီနေရမည်ဟု ဆိုလို၏။ ဤသို့ စသည်ဖြင့်
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဈာန်အသီးအသီးတို့၏ အာရုံသည်
ပိယပုဂ္ဂိုလ်ချင်း၊ မဇ္ဈတ္တပုဂ္ဂိုလ်ချင်း၊ဝေရီပုဂ္ဂိုလ်ချင်း တူညီကြ၏။

တစ်ဖန်သတ္တ၀ါအားလုံးတို့၌ မေတ္တာတတိယဈာန်၊ ကရုဏာတတိယဈာန်၊ မုဒိတာတတိယ
ဈာန်တို့ကို ဖြစ်စေလျှင် ယင်းသတ္တ၀ါအားလုံးတို့၌ပင် ဥပေက္ခာဗြဟ
္မ၀ိဟာရစတုတ္ထဈာန်ကို ဖြစ်စေနိုင်၏။ ဤသို့လျှင် ဗြဟ္မ၀ိဟာရဘာဝနာတို့၌
သတ္တ၀ါပညတ်အာရုံချင်း တူညီမှုရှိ၏။ (၀ိသုဒ္ဓိ၊၁၊၂၈၇-၃၁၉-ကြည့်ပါ။)

မေတ္တာ ၊ကရုဏာ ၊မုဒိတာ၊ဥပေက္ခာကြောင့် ကိလေသာတို့မှ လွတ်မြောက်မှု
......................................................................................
၁။ နိဿရဏဥှေတံ အာဝုသော ဗျာပါဒဿ ယဒိဒံ မေတ္တာ စေတောဝိမုတ္တ္တိ။
၂။ နဿရဏဥှေတံ အာဝုသော ၀ိဟေသာယ ယဒဒိဒံ ကရုဏာ စေတောဝိမုတ္တ္တိ။
၃။ နိဿရဏဥှေတံ အာဝုသော အရတိယာ ယဒိဒံ မုဒိတာ စေတောဝိမုတ္တ္တိ။
၎။ နိဿရဏဥှေတံ အာဝုသော ရာဂဿ ယဒိဒံ ဥပေက္ခာ စေတောဝိမုတ္တ္တိ။(ဒီ၊၃၊၂၀၅-၂၀၆။ အံ၊၂၊၂၅၇။)

၁။ ငါ့သျှင် ... ကိလေသာမှ လွတ်မြောက်သော ယင်းမေတ္တာနှင့်-
ယှဉ်သော ဈာန်စိတ်သည် သတ္တ၀ါတို့ကို ဖျက်ဆီးလိုခြင်း = ဒေါသမှ
ထွက်မြောက်ကြောင်းတည်း။

၂။ ငါ့သျှင် ... ကိလေသာမှ လွတ်မြောက်သော ယင်းကရုဏာနှင့်
ယှဉ်သော ဈာန်စိတ်သည် သတ္တ၀ါတို့ကို ညှဉ်းပန်းနှိပ်စက်လိုခြင်း =
ဝိဟေသာတရားမှ ထွက်မြောက်ကြောင်းတည်း။

၃။ ငါ့သျှင် ... ကိလေသာမှ လွတ်မြောက်သော ယင်းမုဒိတာနှင့်
ယှဉ်သော ဈာန်စိတ်သည် မမွေ့လျော်ခြင်း = အရတိတရားမှ ထွက်မြောက်ကြောင်းတည်း။

၎။ ငါ့သျှင် ... ကိလေသာမှ လွတ်မြောက်သော ယင်းလျစ်လျူရှုခြင်း
= ဥပေက္ခာနှင့်ယှဉ်သော ဈာန်စိတ်သည် စွဲမက်ခြင်း = ရာဂမှ ထွက်မြောက်ကြောင်း
တည်း။ (ဒီ၊၃၊၂၀၅-၂၀၆။ အံ၊၂၊၂၅၇။)

ဤဒေသနာတော်များနှင့် အညီ ဤဗြဟ္မ၀ိဟာရဈာန်တရားတို့ကား
ဆန့်ကျင်ဘက် ကိလေသာတို့မှ လွတ်မြောက်စေနိုင်သည့် စွမ်းအားရှိသော
ဈာန်တရားတို့တည်း။ ယင်းသို့ ဆန့်ကျင်ဘက် ကိလေသာတို့မှ လွတ်မြောက်သော
စိတ်ဓာတ်ဖြင့် နေထိုင်ခြင်းကို ဗြဟ္မ၀ိဟာရ = မွန်မြတ်သော နေထိုင်ခြင်းဟ
ု ဆိုအပ်၏။ ဗြဟ္မာကဲ့သို့ နေထိုင်ခြင်းဟုလည်း ဆိုအပ်ပါပေ၏။

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/


No comments:

Post a Comment