Choose Fonts Here

Monday, May 23, 2016

နေ၀သညာနာသညာယတနဈာန်



ရုန့်ရင်း ကြမ်းတမ်း သော သညာကား မရှိ၊ အလွန်သိမ်မွေ့နူးညံ့သော
သော သညာသာ ရှိသောကြောင့် သညာရှိသည်လည်း မဟုတ်၊ မရှိသည်လည်း
မဟုတ်သော ဈာန်သည် နေ၀သညာနာသညာယတနဈာန် မည်၏။
သညာကို အဦးမူသဖြင့် ဒေသနာတော်ကို ဟောကြားထားတော်မူခြင်း ဖြစ်၏။
ယင်းသမာပတ်အတွင်း၌ တည်ရှိကြကုန်သော အသိစိတ်၊ ဖဿ၊ဝေဒနာ၊
စေတနာစသော (၃၁)မျိုးသော နာမ်တရားစု အားလုံးတို့သည်လည်း အလွန့်
အလွန် သိမ်မွေ့နူးညံ့ကြကုန်၏။ ရုန့်ရင်းကြမ်းတမ်းသော နာမ်တရားကား
မရှိ၊ အလွန့်အလွန် သိမ်မွေ့နူးညံ့သော နာမ်တရားစုသာ ယင်းသမာပတ်၌
တည်ရှိသည်။ ထိုကြောင့် ယင်းသမာပတ်ကို သင်္ခင်္ါရာဝသေသသမာပတ် =
အပိုင်းအခြားကို လွန်၍ သိမ်မွေ့သည်၏အဖြစ်သို့ ရောက်လျက် မပြောစလောက်
သင်္ခါရမျှသာ ဖြစ်သော = အသိမ်မွေ့ဆုံးအဖြစ်သို့ရောက်သော
သင်္ခါရမျှသာ ဖြစ်သော = အသိမ်မွေ့ဆုံးအဖြစ်သို့ရောက်သော သင်္ခါရမျှသာ
ကြွင်းကျန်သော စတုတ္ထအရူပါဝစရသမာပတ်ဟု ခေါ်ဆို၏။

လုပ်ငန်းခွင် အဆင့်ဆင့်
................................
ယင်းနေ၀သညာနာသညာယတနဈာန်ကို ရရှိအောင် ပွားများအား-
ထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အာကိဉ္စညာယတနဈာန်သမာပတ်၌
ဝသီဘော်ငါးတန်ကို နိုင်နင်းအောင် လေ့ကျင့်ရ၏၊ လေ့ကျင့်ပြီးသော် ဤသို့
ဆင်ခြင်အပ်၏။ ----
၁။ ဤ ငါရရှိထားသော အာကိဉ္စညာယတနဈာန်သမာပတ်သည် ၀ိညာ
ဏဉ္စာယတနဈာန်သမာပတ်ဟူသော နီးကပ်သော ရန်သူရှိ၏ဟုလည်းကောင်း
၂။ နေ၀သညာနာသညာယတနသမာပတ်ကဲ့သို့ ငြိမ်သက်သည်လည်း
မဟုတ်ခဲ့ဟုလည်းကောင်း သညာသည် ရောဂါတည်း၊ သညာသည်
အိုင်းအမာနှင့် တူ၏၊ သညာသည် မြားငြောင့်နှင့် တူ၏၊ အကြင်
နေ၀သညာနာသညာသည် ရှိ၏၊ ဤနေ၀သညာနာသညာယတနဈာန်သည်
ငြိမ်သက်၏၊ ဤနေ၀သညာနာသညာယတနဈာန်သည်
မွန်မြတ်၏ ။---- ဟုလည်းကောင်း ----
ဤသို့လျှင် အာကိဉ္စညာယတနဈာန်၌ အပြစ်ဒေါသကိုလည်းကောင်း
အထက်ဖြစ်သော နေ၀သညာနာသညာယတနဈာန်၌ အကျိုးအာနိသင်ကိုလည်း
ကောင်း မြင်အောင်ရှု၍ ---
၃။ အာကိဉ္စညာယတနဈာန်၌ တွယ်တာငဲ့ကွက် တသက်သက်ရှိခြင်း
နိကန္တိတရားကို ကုန်ခန်းစေ၍
၎။ နေ၀သညာနာသညာယတနဈာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍
၅။ အာကာသာနဉ္စာယတန၀ိညာဏ်၏ မရှိခြင်းသဘော = နတ္ထိဘောပညတ်ကို
အာရုံပြု၍ ဖြစ်ပေါ်လာသော ထိုအာကိဉ္စညာယတနဈာန်သမာပတ်ကိုပင် အာရုံပြု၍ ---
သန္တ္တာ - သန္တ္တာ = ငြိမ်သက်ပေစွ - ငြိမ်သက်ပေစွဟု အဖန်ဖန်
အထပ်ထပ် ဆင်ခြင်အပ်၏၊ နှလုံးသွင်းအပ်၏၊ ဉာဏ်ဖြင့် သက်ဝင်၍
ရှုအပ်၏၊ ၀ိတက်ဖြင့် သန္တာ - သန္တာ = ငြိမ်သက်ပေစွ - ငြိမ်သက်ပေစွဟု
ရှေးရှုခေါက်သည်ကိုç ထက်ဝန်းကျင် လှည့်လည်၍ ခေါက်သည်ကို ပြုအပ်၏။
(၀ိသုဒ္ဓိ၊၁၊၃၂၈-၃၂၉။)

ဤဆိုအပ်ခဲ့ပြီးသည့် နည်းအတိုင်း ထိုအာကိဉ္စညာယတနဈာန်သမာပတ်
အာရုံနိမိတ်၌ အဖန်ဖန် အထပ်ထပ် ဘာဝနာမနသိကာရကို
ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ နီဝရဏ ကိလေသာအညစ်အကြေး
တို့သည် ကွာကျသွားကြကုန်၏၊ အာကိဉ္စညာယတန၀ိညာဏ်လျှင်
တည်ရာအာရုံရှိသော သတိသည် ကောင်းစွာ တည်လာ၏၊ ဥပစာရဈာန်သမာဓ
ိဖြင့် ဘာဝနာစိတ်သည် ကောင်းစွာ တည်ကြည်လာ၏။
ထိုယောဂါဝစရပုဂ္ဂိုလ်သည် နေ၀သညာနာသညာယတနဈာန် ဖြစ်
ကြောင်းဖြစ်သည့် ထို အာကိÍ္စညာယတနဈာန်သမာပတ်နိမိတ်ကို အဖန်
တလဲလဲ မှီဝဲ၏၊ ပွားများ၏၊ ကြိမ်ဖန်များစွာ အလေ့အလာပြု၏၊ အဖန်ဖန်
အထပ်ထပ် အာရုံပြုနေ၏။ ယင်းအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်တည်နေအောင်
သမာဓိကို ထူထောင်၏။ ဤသို့သောနည်းဖြင့် ပြုကျင့်သော
ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ --- အာကာသာနဉ္စာယတန၀ိညာဏ်၏
ကင်းခြင်း = မရှိခြင်းသဘောဟူသော = နတ္ထိဘောပညတ်အာရုံ၌ အာကိဉ္စညာ
ယတနဈာန်သည် အပ္ပနာ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသကဲ့သို့ အာကိဉ္စညာ
ယတနဈာန်သမာပါတ် ဟုခေါ်ဆိုအပ်ကုန်သော နာမ် ခန္ဓာလေးပါးတို့၌့အာရုံ
ပြု၍ နေ၀သညာနာသညာယတနဈာန်စိတ်သည် အပ္ပနာ၏အစွမ်းဖြင့် ဖြစ်
ပေါ်လာ၏။ (၀ိသုဒ္ဓိ၊၁၊၃၂၉။)



ကြွင်းကျန်သော ကသိုဏ်းများလည်းလေ့ကျင့်ပါ
.................................................................
ပထ၀ီကသိုဏ်းကို အခြေခံ၍ သမာပတ် (၈)ပါးတို့ကို ရရှိအောင်
ပွားများအားထုတ်ပုံ အစီအရင်ကို ရေးသားတင်ပြခဲ့ပြီးလေပြီ။ အာပေါကသိုဏ်း
မှသည် အာလောကကသိုဏ်းသို့ တိုင်အောင်သော အခြားအခြား
သော ကသိုဏ်းတို့၌လည်း သမာပတ် (၈)ပါးစီကို ရရှိအောင် နည်းမှီ၍ ကြိုး
စားအားထုတ်ပါလေ။ ပုံစံတစ်ခုကို အနည်းငယ်ဆိုရသော် ဤသို့ဖြစ်၏။

အာပေါကသိုဏ်း၌ စတုတ္ထဈာန်သမာဓိသို့ဆိုက်အောင် သမာဓိကို
ထူထောင်ပါ။ ယင်းစတုတ္ထဈာန်သမာဓိမှ ထပြီးလျှင် ရုပ်တို့၏ အပြစ်ကို
ဆင်ခြင်ပါ။ အာပေါကသိုဏ်းကို အနန္တစကြ၀ဠာသို့တိုင်အောင် ဖြန့်ကြက်ကာ
ယင်းစတုတ္ထဈာန်၏ အပြစ်နှင့် အာကာသာနဉ္စာယတနဈာန်၏ အကျိုးတို့ကို
ဆင်ခြင်ပါ။ ထိုနောင် ယင်းအာပေါကသိုဏ်းနိမိတ်၌ အာကာသနိမိတ်ကို
မြင်အောင်ရှု၍ အာပေါကသိုဏ်းကို ခွာပါ။ အာပေါကသိုဏ်း ပျောက်၍
အာကာသနိမိတ်ချည်းသက်သက် ကျန်သောအခါ ယင်းအာကာသနိမိတ်ကို
အာရုံယ၍ူ အာကာသာနဉ္စာယတနဈာနကိုလည်းကောင်း ၊ ယင်းအာကာသာ
နဉ္စာယတန၀ိညာဏအာရုံ ပြု၍ ၀ိညာဏဉ္စာယတနဈာနကိုလည်း ကောင်း ၊
ယင်းအာကာသာနဉ္စာယတန၀ိညာဏ၏် မရှိခြင်း နတ္ထိဘောပညတ်ကိုအာရုံ
ပြု၍ အာကိဉ္စညာယတနဈာန်ကိုလည်းကောင်း၊ ယင်းအာကိဉ္စညာယတန
ဝိညာဏ်ကို အာရုံပြု၍ နေ၀သညာနာသညာယတနဈာန်ကိုလည်းကောင်း
ရရှိအောင် ကြိုးစားအားထုတ်ပါ။ ဤမျှဆိုလျှင် သဘောပေါက်နိုင်လောက်ပေပြီ။

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

No comments:

Post a Comment