Choose Fonts Here

Monday, May 23, 2016

ဈာန်နာမ်တရားတို့ကို သိမ်းဆည်းပုံစနစ်


ဤ အထက်ပါဇယားတွင် ရေးသားတင်ပြထားသော ပထမဈာနသမာပတ္တိဝီထိစသော
ဝီထိစိတ်များ၏ အတွင်း၌ တည်ရှိသော ဈာန်နာမ်တရား
တို့ကို သိမ်းဆည်းရာ၌ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘုဟူသော အမည်
နာမပညတ်များကိုကား ယောဂါဝစရပုဂ္ဂိုလ်သည် သိရှိနိုင်မည် မဟုတ်ပါ။
ပရိကံç ဥပစာ စသော ထိုကဲ့သို့သော အခြင်းအရာအားဖြင့် ဖြစ်ပေါ်သွား
ကြသော ဇောစိတ်များ အနေဖြင့်သာ သိရှိနိုင်မည် ဖြစ်သည်။ ယင်း ပရိကံ
ဥပစာ အနုလုံ ဂေါတြဘုဇောများမှာ ပုထုဇန်နှင့် သေက္ခပုဂ္ဂိုလ်တို့အဖို့ မဟာ
ကုသိုလ်ဇောများသာ ဖြစ်ကြ၏။ ရဟန္တာအရှင်မြတ်ကြီးများအဖို့ကား မဟာ
ကြိယာဇောများသာ ဖြစ်ကြ၏။ ဉာဏ်ထက်မြက်သူ၌ ဥပစာ အနုလုံ ဂေါတြဘုဟ
ု ဥပစာရဈာန်ဇော သုံးကြိမ်သာ ကျသည်။

နာမ်ကမ္မဋ္ဌာန်းကို အားသစ်စ အာဒိကမ္မိက ယောဂါဝစရပုဂ္ဂိုလ်သည်
ယင်း ဈာန်နာမ်တရားတို့ကို သိမ်းဆည်းလိုလတ်သော် မိမိ သိမ်းဆည်းလိုသော
ဈာန်ကို ၀င်စားပါ။ ထိုနောင် ဈာန်မှထ၍ ဘ၀င်မနောအကြည်ဓာတ်နှင့်
အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ဈာန်၏အာရုံကို ပူးတွဲသိမ်းဆည်းပါ။
ထိုနောင် ဈာန်အင်္ဂါတို့ကို စတင်၍ သိမ်းဆည်းပါ။ အကြိမ်များစွာ ထပ်ကာ
ထပ်ကာ လေ့ကျင့်ဖို့ကား လိုအပ်မည်သာ ဖြစ်သည်။ အာနာပါနပဋိဘာဂ-
နိမိတ်ကဲ့သို့သော ဈာန်၏အာရုံ သမထနိမိတ်က ယင်းဘ၀င်မနောအကြည်
ဓာတ်၌ ထင်လာသောအခါ ရှေးရှူ ကျရောက်လာသောအခါ ယင်းဈာန်
အင်္ဂါတို့၏ အကြိမ်များစွာ ဆက်တိုက် စိတ္တက္ခဏတိုင်း၌ ပြိုင်တူဖြစ်နေသည်
ကို ဉာဏ်ဖြင့်မြင်အောင် ရှုပါ၊ သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။

 ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ရှုသဖြင့် အောင်မြင်မှုကို ရရှိသောအခါ ---
၁။ အသိစိတ် = ၀ိညာဏ်က စ၍ ဖြစ်စေ၊
၂။ ဝေဒနာက စ၍ ဖြစ်စေ၊
၃။ ဖဿက စ၍ ဖြစ်စေ၊
နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်း ရှုပွားနည်း သုံးနည်းတို့တွင် တစ်နည်းနည်း
ဖြင့် နာမ်တရားတို့ကို တစ်စတစ်စ တိုး၍တိုး၍ (တစ်လုံးစီ တစ်လုံးစီ တိုး၍
တိုး၍) ဈာန်အင်္ဂါနှင့် ဈာနသမ္ပယုတ်တရားများကို ဉာဏ်မှီသမျှ စိတ္တက္ခဏ
တိုင်း၌ ကုန်စင်အောင် သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ ရှေးဦးစွာ
ဈာန်ကို ၀င်စားပြီးနောက် ဈာန်မှ ထလျှင်ထချင်း ဈာန်နာမ်တရားတစ်လုံးကို
အကြိမ် များစွာ ဖြစ်နေမှုကို မြင်အောင် ရှုပါ။ တစ်ဖန် ဈာန်ပြန်ဝင်စားပါ၊
ဈာန်မှ ထလျှင်ထချင်း ဈာန်နာမ်တရား နှစ်လုံးကို အကြိမ်များစွာ ဖြစ်နေမှုကို
မြင်အောင် ရှုပါ။ ဤနည်းဖြင့် ဈာန်ဝင်စားလိုက် ဈာန်မှ ထကာ ဈာန်
နာမ်တရားတို့ကို သိမ်းဆည်းလိုက်ဖြင့် ဈာန်နာမ်တရားတို့ကို တစ်လုံးစီ
တစ်လုံးစီ တိုး၍ သိမ်းဆည်းပါ။ အဘိဓမ္မာအခြေခံပညာ အားကောင်းသူများ
ဉာဏ်ထက်မြက်သူများကား ဤမျှဆိုလျှင် သိမ်းဆည်းတတ်မည် ဖြစ်၏။

သို့သော် အဘိဓမ္မာအခြေခံပညာ အားနည်းသူ ဉာဏ်နုံ့သူ သူတော်ကောင်း
တို့သည်ကား ရံခါ သဘောပေါက်ရန် အလွန် ခဲယဉ်းလှသည်ကို တွေ့ရ၏။
ထိုကြောင့် ဉာဏ်နုံ့သူ သူတော်ကောင်းများအတွက် အာနာပါနပဋိဘာဂ
နိမိတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော ပထမဈာန်နာမ်တရား (၃၄)
လုံးတို့ကို ထပ်မံ၍ ရေးသားတင်ပြအပ်ပါသည်။
ဝိတက်စသော ဈာန်အင်္ဂါတို့၏ အပေါင်းအစုကို ဈာန်ဟု ခေါ်ဆို၍
ယင်းဈာန်နှင့် ယှဉ်သော စိတ်စေတသိက် တရားစုကို ဈာနသမ္ပယုတ္တဓမ္မဟု
ခေါ်ဆိုပေသည်။ ယင်းဈာန်နှင့် ဈာနသမ္ပယုတ္တဓမ္မတို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌ
ာန် ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းရမည်ဟု (၀ိသုဒ္ဓိ၊၂၊၂၂၂။)၌ ညွှန်ကြား
ထားပေသည်။



ဝီထိစိတ်တို့၏ အမည်များ
...............................
အထက်ပါ ဇယားများတွင် ပါဝင်သော ၀ီထိစိတ်တို့၏ အမည်များမှာ
ဤသို့ ဖြစ်၏။
မ = မနောဒွါရာဝဇ္ဇန်း = (အာနာပါနပဋိဘာဂနိမိတ် စသည့် ဈာန်၏)
အာရုံကို ဆင်ခြင် (ဆုံးဖြတ်သော) စိတ်။
ပ = ပရိကံ = (၀င်လေ-ထွက်လေ စသည်ဖြင့်) ဈာန်ဇောများ ဖြစ်ပေါ်
လာအောင် ပရိကံပြုနေသော ကာမာဝစရ မဟာကုသိုလ်ဇောစိတ်။
ဥ = ဥပစာ = ဈာန်ဇော၏ ဥပစာရ (= အနီးအပါး) နယ်မြေ၌ ဖြစ်သော
မဟာကုသိုလ်ဇောစိတ်။
နု = အနုလုံ = ဈာန်ဇောများ ဖြစ်ပေါ်လာအောင် လျော်စွာပြုပြင်ပေး-
သော မဟာကုသိုလ်ဇောစိတ်။
ဂေါ = ဂေါတြဘု = ကာမအနွယ်ကို ဖြတ်တောက်လိုက်သော  မဟာကုသိုလ်
ဇောစိတ်။
ဇ = ဈာန်ဇော = ရူပါဝစရ ကုသိုလ်ဇောစိတ် သို့မဟုတ် အရူပါဝစရ
ကုသိုလ်ဇောစိတ်များ။

အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြုသော
..................................................
ပထမဈာန်နာမ်တရား (၃၄)
..............................
၁။ အသိစိစိစိတိတိတ် = အာနာပါနပဋိဘာဂနိမိတ် အာရုံကို ရယြူခင်းသဘော၊
(၀ိဇာနနံ အာရမ္မဏဏဿ ဥပလဒ္ဓိ (မူလဋီ၊၁၊၈၇။) ---
ဟူသော မူလဋီကာနှင့် အညီတည်း။)
၂။ ဖဿ = အာနာပါနပဋိဘာဂနိမိတ် အာရုံကို တွေ့ထိသော
အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော (လက္ခဏ)၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံနှင့် အသိစိတ်ကို
ဆက်စပ်ပေးခြင်းသဘော (ရသ)၊
(မှတ်ချက် --- ဆက်လက်ဖော်ပြမည့် စေတသိက်တို့၌ အာရုံဟု ဆိုလျှင်
အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် ဆိုလိုသည်ဟု မှတ်ပါ။)
၃။ ဝေဒနာ = အာရ၏ုံ အရသာကို ချမ်း ချမ်းသာသာ (= ၀မ်း မြောက်
ဝမ်းသာ) ခံစားခြင်းသဘော၊ (ပထမဈာန်၌ သောမနဿဝေဒ
နာတည်း။)
၎။ သညာ = အာရုံကို မှတ်သားခြင်းသဘော၊
၅။ စေတနာ = အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင်
စေ့ဆော်ပေးခြင်း နှိုးဆော်ပေးခြင်းသဘော၊
၆။ ဧကဂ္ဂတာ = အာရုံတစ်ခုတည်းပေါ်သို့ စိတ် ကျရောက်နေခြင်းသဘော၊
= တည်ငြိမ်နေခြင်းသဘော၊ သမ္ပယုတ်တရားတို့ကို ဖရိုဖရဲ မကျဲစေခြင်းသဘော၊
၇။ ဇီဝိတ = သမ္ပယုတ်တရားတို့ကိုစောက်ရှောက်ပေးခြင်းသဘော၊
၈။ မနသိကာရ = အာရုံဘက်သို့စိတ်ကို (= သမ္ပယုတ် တရားတို့ကို ဦး
လှည့် တွန်းပို့ပေးခြင်းသဘော၊ အာရုံကို နှလုံးသွင်းခြင်းသဘော၊
၉။ ၀ိတက် =အာရုံပေါ်သို့စိတ်ကို  (= သမ္ပယုတ် တရားတို့ကို)ရှေးရှု
တင်ပေးခြင်းသဘော၊ ကြံစည်ခြင်းသဘော၊
၁၀။ ၀ိစာရ = အာရုံကို ထပ်ကာထပ်ကာ သုံးသပ် ဆင်ခြင်ခြင်း(= ဆုပ်နယ်ခြင်း) သဘော၊
= ထပ်၍ ထပ်၍ ယူခြင်းသဘော၊
၁၁။ အဓိမောက္ခ = အာရုံကို ဆုံးဖြတ်ချက်ချခြင်းသဘော၊
၁၂။ ၀ီရီရိယ = အာရုံကိုသိအောင် (=  သမ္ပယုတ် တရားတို့ကို့ ဖြစ်အောင)်
ကြိုးစားအားထုတ်ခြင်းသဘော၊
= သမ္ပယုတ်တရားတို့ကို အာရုံပေါ်သို့ ရောက်အောင်ချီးပင့်ပေးခြင်းသဘော၊
၁၃။ ပီတိ = အာရုံကို နှစ်သက်ခြင်းသဘော၊
၁၄။ ဆန္ဒ = အာရုံကို သိလိုခြင်း (= သမ္ပယုတ်တရားတို့ ဖြစ်လိုခြင်း)သဘော၊
၁၅။ သဒ္ဓါ = ဈာန်သမာဓိသိက္ခာ = ဈာန်သမာဓိကျင့်စဉ်ကို ယုံကြည်မှုသဘော၊
၁၆။ သတိ = အာရုံ၌ သမ္ပယုတ် တရားတို့ကို ဗူး တောင်းကဲ့သို့မပေါ်
စေဘဲ ကျောက်ဖျာကဲ့သို့ နစ်မြုပ်စေခြင်းသဘော၊ အာရုံကို မမေ့ပျောက်ခြင်းသဘော၊
၊အာရုံ၌ စိတ်ခိုင်မြဲခြင်းသဘော၊
၁၇။ ဟိရိ = မကောင်း မှုအကုသိုလ်တရားဒုစရိုက်တရားများမှ ရှက်ခြင်းသဘော၊
၁၈။ သြတ္တပ္ပ = မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားမှကြောက်ခြင်းသဘော၊
၁၉။ အလောဘ = အာရုံ၌ စိတ်မကပ်ငြိခြင်း၊ မတပ်မက်ခြင်းသဘော၊
၊ ငါ့ဟာဟု မစွဲယူခြင်းသဘော။
၂၀။ အဒေါသ = အာရုံ၌ စိတ်မခက်ထန် မကြမ်းတမ်းခြင်းသဘော၊
 အာရုံကို မဖျက်ဆီးလိုခြင်းသဘော၊
၂၁။ တတြမဇ္ဈတ္တတာ = အာရုံ၌ စိတ်ကို အလယ်အလတ် ထားခြင်း
သဘော၊ (စိတ်ဓာတ်တက်ကြွမင့်မောက်မှု =မာန၊ စိတ်ဓာတ်ကျဆင်းမှု = ထိန+မိဒ္ဓတို့ဘက်
သို့ ဘာဝနာစိတ်ကို မရောက်အောင် ဘာဝနာအာရုံ၌ စိတ်ကို အလယ်အလတ် ထားခြင်းသဘော။)
၊ အာရုံကို လျစ်လျူရှုခြင်းသဘော၊
၂၂။ ကာယပဿဒ္ဓိ = အာရုံ၌ စေတသိတ်တို့ငြိမ်းအေးခြင်း သဘော၊
၂၃။ စိတ္တပဿဒ္ဓိ = အာရုံ၌ စိတ် ငြိမ်းအေးခြင်းသဘော၊
၂၄။ ကာယလဟုတာ = အာရုံ၌ စေတသိက်တို့ လျင်မြန် ပေါ့ပါးခြင်းသဘော၊
၂၅။ စိတ္တလဟုတာ = အာရုံ၌ စိတ် လျင်မြန် ပေါ့ပါးခြင်းသဘော၊
၂၆။ ကာယမုဒုတာ = အာရုံ၌ စေတသိက်တို့ နူးညံ့ခြင်းသဘော၊
၂၇။ စိတ္တမုဒုတာ = အာရုံ၌ စိတ်နူးညံ့ခြင်းသဘော၊
၂၈။ ကာယကမ္မညတာ = အာရုံ၌ စေတသိက်တို့ ခံ့ညားခြင်းသဘော၊
 ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော၊
၂၉။ စိက္တကမ္မညတာ = အာရုံ၌ စိတ်၏ ခံ့ညားခြင်းသဘော၊
 ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော၊
၃၀။ ကာယပါဂုညတာ = အာရုံ၌ စေတသိက်တို့ ပြွမ်းတီး လေ့လာနိုင်နင်းခြင်းသဘော၊
 ကျွမ်းကျင် လိမ္မာခြင်းသဘော၊ကိလေသာ အနာကင်းခြင်းသဘော၊
၃၁။ စိတ္တပါဂုညတာ = အာရုံ၌ စိတ်၏ ပြွမ်းတီး လေ့လာနိုင်နင်းခြင်းသဘော၊ ကျွမ်းကျင် လိမ္မာခြင်းသဘော၊
 ကိလေသာ အနာကင်းခြင်းသဘော၊
၃၂။ ကာယုဇုကတာ = အာရုံ၌စေတသိတ်တို့ဖြောင့်မတ်ြခင်းသဘော၊
မာယာသာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော၊
၃၃။ စိတ္တုဇုကတာ = အာရုံ၌ စိတ်ဖြောင့်မတ်ခြင်းသဘော၊
 မာယာ သာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော၊
၃၄။ ပညာ = အာနာပါနပဋိဘာဂနမိတ်အာရုံကိုထွင်းဖောက်သိမြင်ခြင်းသဘော၊
(မှတ်ချက် --- မနောဒွါရာဝဇ္ဇန်း၌ စေတသိက် (၁၂)လုံး ဟူသည်မှာ
ဤအထက်ပါ နာမ်တရား (၃၄)မျိုးတို့တွင် အသိစိတ်မှသည် ၀ီရိယသို့
တိုင်အောင်သော စိတ်+စေတသိက် (၁၂)လုံး ဖြစ်သည်။)
ယောဂီသူတော်ကောင်းအနေဖြင့်ကြေပွန်နိုင်နင်းအောင် ကျက်မှတ်ထားသင့်ပါသည် ။

အာနာပါန ပထမဈာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံ
.....................................................................
အာနာပါန ပထမဈာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားလိုပါက ရှေး
ဦးစွာ ယင်း အာနာပါနပထမဈာန်ကို ၀င်စားပါ။ ထိုပထမဈာန်မှ ထ၍ ယင်း
ပထမဈာန်၏ ဈာန်အင်္ဂါငါးပါးတို့ကို စတင်သိမ်းဆည်းပါ။ ဈာန်အင်္ဂါငါးပါး
တို့၏ အကြိမ်များစွာ အဆက်မပြတ် ဆက်တိုက် ဖြစ်နေမှုကို မြင်အောင်
သိမ်းဆည်းရှုပွားပါ။ အားမရ ဖြစ်နေပါက တစ်ဖန် အာနာပါနပဋိဘာဂနိမိတ်
ကိုပင် အာရုံယူ၍ အာနာပါနပထမဈာန်ကို တစ်ဖန်ပြန်၍ ၀င်စားပါ။ ထို
ဈာန်မှ ထလျက် ---
၁။ ဘ၀င်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းပါ။
၂။ အာနာပါန ပဋိဘာဂနိမိတ်အာရုံကို လှမ်းအာရုံယူပါ၊ သိမ်းဆည်းပါ။
၃။ ထို ဘ၀င်မနောအကြည်ဓာတ် = မနောဒွါရတွင် ယင်း အာနာပါနပဋိဘာဂ
နိမိတ်အာရုံက ရှေးရှူ ကျရောက်လာသောအခါ ထင်လာသော
အခါ ဈာန်အင်္ဂါတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ၊ ရှုကြည့်ပါ။
ထိုအချိန်တွင် ဈာန်မှ ထစဖြစ်၍ ယင်း အာနာပါနပဋိဘာဂနိမိတ်
အာရုံမှာ လွယ်လွယ်နှင့် ပျောက်မသွားဘဲ ရှိနေဦးမည်သာ ဖြစ်သည်။

 ဤစနစ်အတိုင်း ထပ်ကာထပ်ကာ လေ့ကျင့်သော် ၀တ္ထုနှင့် အာရုံကို ပူးတွဲသိမ်း-
ဆည်းလျက် ဈာန်နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားနေခြင်း ဖြစ်သဖြင့်
ဈာန်အင်္ဂါများ၏ အကြိမ်များစွာ ဖြစ်နေမှုကို သိမ်းဆည်းရှုပွား၍ ရရှိလာမည်
ဖြစ်ပေသည်။ တရားစစ်မှူး အဦးအခိုင် ဖြစ်တော်မူပေသော အရှင်သာရိပုတ္တရ
ာ ကိုယ်တော်မြတ်ကြီး ရိုသေလေးမြတ်စွာ လိုက်နာကျင့်သုံးသွားသော
ရှေးထုံးဟောင်း ဥပဒေသကြီးတစ်ခုပင် ဖြစ်ပေသည်။ ရှေ့ဦးစွာ အာနာပါန
ပဋိဘာဂနိမိတ်ကိုပင် အာရုံယူ၍ အာနာပါနပထမဈာန်ကို ပြန်ဝင်စားပါ။
ထိုနောင် အသိစိတ် = ၀ိညာဏ်က စ၍ ဖြစ်စေ၊ ဝေဒနာက စ၍ ဖြစ်စေ၊
ဖဿက စ၍ ဖြစ်စေ ဈာန်နာမ်တရားတို့ကို စတင် သိမ်းဆည်းရမည် ဖြစ်
သည်။ ရှေ့ဦးစွာ အသိစိတ် = ၀ိညာဏ်က စ၍ သိမ်းဆည်းပါက အသိစိတ်
တစ်လုံးတည်း အကြိမ်များစွာ ဆက်တိုက်ဖြစ်နေမှုကို မြင်အောင်လေ့ကျင့်ပါ။
(ဝေဒနာ သို့မဟုတ် ဖဿက စ၍ သိမ်းဆည်းရာ၌လည်း နည်းတူ မှတ်ပါ၊၊)

အောင်မြင်မှုကို ရရှိခဲ့သော် တစ်ဖန် ဈာန်ကို ပြန်ဝင်စားပါ။ ဈာန်မှ ထကာ
ထလျှင်ထချင်း အသိစိတ် ဖဿ နှစ်လုံး နှစ်လုံး အကြိမ်များစွာ ဖြစ်နေမှုကို
ဉာဏ်ဖြင့် မြင်အောင် လေ့ကျင့်ပါ။ အောင်မြင်မှုကို ရရှိခဲ့သော် တစ်ဖန်
ဈာန်ကို ပြန်ဝင်စားပါ။ ဈာန်မှ ထကာ ထလျှင်ထချင်း အသိစိတ် ဖဿ
ဝေဒနာ သုံးလုံး သုံးလုံး, အသိစိတ် ဖဿ ဝေဒနာ သညာ လေးလုံး လေးလုံး၊
အသိ စိတ် ဖဿ ဝေဒနာ သညာ စေတနာ ငါးလုံး ငါးလုံး - ဤသို့ စသည်ဖြင့်
တစ်စတစ်စ တိုး၍တိုး၍ သိမ်းဆည်းပါ။ နောက်ဆုံး မနောဒွါရာဝဇ္ဇန်း၌ (၁၂)
လုံး၊ ဇောအသီးအသီး၌ (၃၄)လုံးစီ အကြိမ်များစွာ ဆက်တိုက်ဖြစ်မှုကို ဉာဏ်
ဖြင့်မြင်အောင် လေ့ကျင့်ပါ။ ဈာန်ကို အကြိမ်ကြိမ် ၀င်စား၍ ဈာန်မှ ထတိုင်း-
ထတိုင်း နာမ်တရား တစ်လုံးစီတစ်လုံးစီ တိုးကာ သိမ်းဆည်းပါ။

အောင်မြင်မှုကို ရရှိခဲ့သော် ---
ပမနောဒွါရာဝဇ္ဇန်း၌ စိတ်စေတသိက် (၁၂)လုံး၊ ပရိကံ ဥပစာ အနုလုံ
ဂေါ တြဘုဟူသော ဥပစာရဇောနှင့်တကွ ဈာန်ဇောများ၌ စိတ္တက္ခဏတိုင်းဝယ်
(၃၄)လုံးသော နာမ်တရားတို့၏ ပြိုင်တူယှဉ်တွဲ၍ (၃၄)လုံးပေါင်း အကြိမ်
များစွာ ဆက်တိုက်ဖြစ်မှုကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သော
အခါ --- ဤ နာမ်တရားအားလုံးသည် အာနာပါနပဋိဘာဂနိမိတ်တည်းဟူသော
အာရုံဘက်သို့ ရှေးရှူ ညွတ်ကိုင်းရှိုင်းနေသောကြောင့် အာရုံသို့
ညွတ်ကိုင်းရှိုင်းတတ်သော အနက်သဘောအားဖြင့် နာမ် --- ဟူ၍ = နာမ်
တရား နာမ်တ်တ်တရား --- ဟူ၍ ပိုင်းခြားမှတ်သားပါ၊ သိမ်းဆည်းပါ။
{မှတ်ချက် --- ဤ၌ကား ဈာန်ကို ၀င်စားလိုက် ဈာန်နာမ်တရားတို့ကို
သိမ်းဆည်းလိုက်၊ တစ်ဖန် ဈာန်ကို ၀င်စားလိုက် ဈာန်နာမ်တရားတို့ကို
သိမ်းဆည်းလိုက် ဤသို့ ကြိမ်ဖန်များစွာ ပြုလုပ်ဖို့ လိုအပ်ပါသည်။ ဈာန်မှ
ထပြီးစ၌သာလျှင် ဈာန်နာမ်တရားတို့မှာ အသိဉာဏ်၌ ထင်ရှားသော
ကြောင့် ဖြစ်၏။ မထင်ရှားတိုင်း ဈာန်ကို ပြန်ဝင်စားရန် မမေ့ပါနှင့်။}

ဈာန်နာမ်တရားတို့ကို သိမ်းဆည်းပုံ လောကဥပမာ
............................................................
ဈာန်နာမ်တရားတို့ကို သိမ်းဆည်းပြီးသောအခါ လောကဥပမာအား
ဖြင့် ယောက်ျားတစ်ဦးသည် အိမ်အတွင်း၌ မြွေကို တွေ့မြင်ခဲ့သော် ထိုမြွေ၏
နောက်သို့ အစဉ်လိုက်လျက် ကြည့်သည်ရှိသော် ထိုမြွေ၏ ကိန်းဝပ်တည်
နေရာ နေရာကို တွေ့မြင်ရသကဲ့သို့ ဤဥပမာအတူပင်လျှင် ဤ ယောဂါဝ
စရပဂ္ဂိုလ်သည်လည်း ထိုပရမတ် ရားကို --- "ဤ နာမ်ပရမတ်တရားသည်အဘယ်ကို
မှီ၍ ဖြစ်နေသနည်း"ဟု ဉာဏ်ပညာဖြင့် စူးစမ်းဆင်ခြင်လတ်သော် ရှာဖွေ
ကြည့်လတ်သော် ထိုနာမ်တရား၏ မှီရာ ဟဒယ၀တ္ထုရုပ်ကို တွေ့မြင်လေ၏၊
ထိုနောင် ယင်း ဟဒယ၀တ္ထုရုပ်၏ မှီရာ ဘူတရုပ် ဓာတ်ကြီးလေးပါးတို့ကို
လည်းကောင်း၊ယင်း ဘူတရုပ် ဓာတ်ကြီးလေးပါးတို့ကို မှီ၍ ဖြစ်ပေါ်နေကြ
ကုန်သော ဟဒယ၀တ္ထုရုပ်မှ ကြွင်းကျန်သော ဥပါဒါရုပ်တို့ကိုလည်းကောင်း
ဤ ရုပ်တရားအားလုံးကို ဉာဏ်ဖြင့် ပိုင်းခြားယူ၏ = သိမ်းဆည်း၏ (= ဉာဏ်
ဖြင့် ပိုင်းခြားယူပါ = သိမ်းဆည်းပါ။) ထို ယောဂါဝစရပုဂ္ဂိုလ်သည် ဤအလုံး
စုံသော ရုပ်တရားကို ဖောက်ပြန်တတ်သော အနက်သဘောအားဖြင့် ရုပ်ဟု
ပိုင်းခြားမှတ်သား၏။

 ထိုနောင် ---
၁။ အာရုံသို့ ညွတ်တတ်သော သဘောလက္ခဏဏာ ရှိသော တရားကားနာမ်
၂။ ဖောက်ြပန်တတ်သော သဘောလက္ခဏဏာရှိသော တရားကား ရုပ်ဟု
အကျဉ်းအားဖြင့် နာမ်ရုပ်ကို ပိုင်းခြားမှတ်သား၏။ (၀ိသုဒ္ဓိ၊၂၊၂၂၂။)
ဤအထက်ပါ အဋ္ဌကထာ၏ သတ်မှတ်ချက်အရ ဈာန်နာမ်တရားတို့ကို
သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဈာန်နာမ်တရားတို့၏ မှီရာ
ဟဒယ၌ တည်ရှိသော (၅၄)မျိုးသော ဘူတရုပ် ဥပါဒါရုပ်တို့ကိုပါ ဆက်လက်
သိမ်းဆည်း၍ ရုပ်နာမ်ကို ပိုင်းခြား မှတ်သားရမည် ဖြစ်သည်။ စက္ခုဒွါရ၀ီထိ
စသည့် ပဉ္စဒွါရ၀ီထိ မနောဒွါရ၀ီထိများ၏ အတွင်း၌တည်ရှိသော ကာမာဝစရ
နာမ်တရားတို့ကို သိမ်းဆည်းပြီးရာ အခါ၌လည်း ယင်းနာမ်တရားတို့၏ မှီရာ
ဆိုင်ရာ ဆိုင်ရာ ဒွါရ၌ တည်ရှိသော ရုပ်တရားတို့ကိုလည်း သိမ်းဆည်း၍
နာမ်နှင့် ရုပ်ကို ပိုင်းခြား မှတ်သားရမည်သာဟု မှတ်ပါ။

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

No comments:

Post a Comment