Choose Fonts Here

Monday, May 23, 2016

စတုရာရက္ခကမ္မဋ္ဌာန်းပိုင်း

ဗြဟ္မ၀ိဟာရကမ္မဋ္ဌာန်းပိုင်း(ကရုဏာဘာဝနာ)


ကရုဏာဘာဝနာကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည်
ရှေးဦးစွာ မိမိနှင့် နီးစပ်ရာ လိင်တူ အသက်ရှင်နေဆဲ ဒုက္ခိတသတ္တ၀ါ
တစ်ဦးကို ရွေးချယ်ပါ။ ထိုသတ္တ၀ါ၏ ဆင်းရဲဒုက္ခများကို ဆင်ခြင်ပါ။ ကရုဏာတရ
ား ထင်ရှားဖြစ်ပွားလာအောင် နှလုံးသွင်းပါ။

ထိုနောင် သြဒါတကသိုဏ်း သို့မဟုတ် အာလောကကသိုဏ်း စတုတ္ထ
ဈာန်သမာဓိကို ပြန်လည်ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အား-
ကောင်းလာသောအခါ မိမိ ရွေးချယ်ထားသော ယင်း ဒုက္ခိတသတ္တ၀ါကို
လင်းရောင်ခြည်စွမ်းအင် အကူအညီဖြင့် မြင်အောင်ကြည့်ပါ။ ဉာဏ်ထဲ၌
ထင်ထင်ရှားရှား တွေ့မြင်သောအခါ ထို ဒုက္ခိတသတ္တ၀ါကို အာရုံပြု၍
မေတ္တာဈာန်ကို ၀င်စားလိုက ၀င်စားပါ။ အကယ်၍ မေတ္တာဈာန်ကို ၀င်စား
ခဲ့သော် ယင်း မေတ္တာဈာန်မှထ၍ ကရုဏာဘာဝနာကို ပွားပါ။ အကယ်၍
(မေတ္တာဈာန်ကိုမ၀င်စားလိုပါက ကရုဏာဘာဝနာကို တိုက်ရိုက်ပွားလိုကလည်း
ပွားပါ။) ကရုဏာဘာဝနာကို ပွားများလိုပါက ထိုဒုက္ခိတသတ္တ၀ါကိုပင် အာရုံပြု၍ ---
အယံ သပ္ပ္ပုရိသော ဒုက္ခာ မုစ္စတု....။
= ဤသူတော်ကောင်းသည် ဆင်းးရဲဒုက္ခမှ လွတ်ကင်းပါစေ ...။
ဤသို့ ကြိမ်ဖန်များစွာ ကရုဏာဘာဝနာကို ပွားများပါ။ တတိယဈာန်သို့
ဆိုက်သည်တိုင်အောင် ဈာန်တိုင်း ဈာန်တိုင်း၌ ၀သီဘော်ငါးတန် နိုင်နင်း-
အောင် ပွားများပါ။ ဆက်လက်၍ အလားတူပင် ဒုက္ခိတ လိင်တူသတ္တ၀ါ
လေး၊ ငါး၊ ဆယ်ဦးလောက်ကို တစ်ယောက်ပြီးတစ်ယောက် အာရုံယူကာ
ပုံစံတူပင် ကရုဏာဘာဝနာကို တတိယဈာန်သို့ ဆိုက်သည်တိုင်အောင် ပွား
များပါ။ ထိုနောင် မေတ္တာကမ္မဋ္ဌာန်း၌ ရေးသားတင်ပြခဲ့သည့်အတိုင်း ပိယ
ပုဂ္ဂိုလ်၌၊ ထိုနောင် မဇ္ဈတ္တပုဂ္ဂိုလ်၌၊ ထိုနောင် ဝေရီပုဂ္ဂိုလ်၌ အစဉ်အတိုင်း
ကရုဏာဘာဝနာကို တတိယဈာန်သို့ ဆိုက်သည်တိုင်အောင် ပွားများပါ။



 ကရုဏာဘာဝနာ (၁၃၂)မျိုး
....................................
ပုထုဇန်မှန်သမျှ အပါယ်ဘေးဆိုးကြီးမှ မလွတ်သေးသဖြင့် သနားစရာ
သတ္တ၀ါချည်းသာတည်း။ သံသရာအဆက်ဆက်မှသည် ယနေ့သို့တိုင်အောင်
မှားခဲ့မိသော ဒုစရိုက်တို့ကြောင့် အပါယ်ဝဋ်ဆင်းရဲဒုက္ခကြီးကို အပါယ်သံသ
ရာဘေးမှ မလွတ်မြောက်သေးသမျှကာလပတ်လုံး တစ်နေ့တွင် ခံစားကြ
ရဦးမည်သာ ဖြစ်ကြသဖြင့် ပုထုဇန်မှန်သမျှသည် သနားစရာသတ္တ၀ါချည်း
သာတည်း။ ပုထုဇန် အရိယာမဟူ သတ္တ၀ါတိုင်း သတ္တ၀ါတိုင်းသည် အိုဘေး
ဆိုးကြီး၊ နာဘေးဆိုးကြီး၊ သေဘေးဆိုးကြီးမှ မလွတ်မြောက်ကြသေးသဖြင့်
သနားစရာသတ္တ၀ါချည်းသာတည်း။ ယင်းကဲ့သို့သော သနားစရာသတ္တ၀ါဖြစ်နေပုံသဘောကို
ဉာဏ်ဖြင့်ဆင်ခြင်ကာ အာရုံယူ၍ သုခိတသတ္တ၀ါတို့၌လည်း
ကရုဏာဘာဝနာကို ပွားများအားထုတ်နိုင်ပေသည်။
အောင်မြင်မှုကို ရရှိပါက မေတ္တာဈာန်၌ ရေးသားတင်ပြခဲ့သည့်အတိုင်း
အတ္တ၊ ပိယ၊ မဇ္ဈတ္တ၊ ဝေရီဟူသော ပုဂ္ဂိုလ်လေးမျိုးတို့၌ ပုဂ္ဂိုလ်အပိုင်းအခြား
ကင်းအောင် သီမာသမ္ဘေဒကို ပြု၍ သီမာသမ္ဘေဒပြုပြီးသော ထိုသတ္တ၀ါ
ပညတ်နိမိတ်ကို မှီဝဲခြင်း၊ ပွားများခြင်း၊ အကြိမ်များစွာ ပြုခြင်းဖြင့် ပထမဈာန်၊
ဒုတိယဈာန်၊ တတိယဈာန်သို့ ဆိုက်သည်တိုင်အောင် ကရုဏာ အပ္ပနာဈာန်ကို
တိုးပွားအောင် ပြုလုပ်ပါ။ ထိုနောင် အနောဓိသောဖရဏာ ကရုဏာ၊
သြဓိသောဖရဏာ ကရုဏာ၊ ဒိသာဖရဏာ ကရုဏာဘာဝနာတို့ကို ဆက်လက်ပွားများပါ။

အနန္တစကြ၀ဠာသို့တိုင်အောင် သတ္တ၀ါအားလုံးတို့အပေါ်၌ ဖြန့်ကြက်၍
ပွားများထားအပ်သော ---
၁။ အနောဓိသောဖရဏာ ကရုဏာဘာဝနာ (၅)မျိုး
၂။ သြဓိသောဖရဏာ ကရုဏာဘာဝနာ (၇)မျိုး
၃။ ဒိသာဖရဏာ ကရုဏာဘာဝနာ (၁၀×၁၂ = ၁၂၀)မျိုး
အားလုံးပေါင်းသော် ကရုဏာဘာဝနာ (၁၃၂)မျိုးတည်း။

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

No comments:

Post a Comment