Choose Fonts Here

Sunday, March 17, 2019



တုန်လှုပ်မှု မရှိအောင်နေပါ
•••••••••••••••••••••••
ဘုရားရှင်ဆုံးမသွန်သည့်အတိုင်း ပဋိပတ္တိကျင့်စဉ်တရားကို ကျင့်ကြံပွားများအားထုတ်နေသူရဲ့ သန္တာန်မှာ လောကဒဏ်လေပြင်းမုန်တိုင်းလို့ခေါ်ဆိုအပ်တဲ့ တုန်လှုပ်ခြင်းမရှိတဲ့ တာဒိဂုဏ်နဲ့ ပြည့်စုံနေပါတယ်။

ဒီလို လောကဒဏ်လေပြင်းမုန်တိုင်းကြောင့် တုန်လှုပ်ခြင်းမရှိမှုကို "တာဒိ"လို့ခေါ်ပါတယ်။ တာဒိရဲ့ ဂုဏ်အင်္ဂါတွေ များစွာထဲက အစိတ်အပိုင်းတစ်ခု လို့ဘဲ မှတ်ပါ။ 

ဒါကြောင့် ဒီ တာဒိဂုဏ်ကို ရွတ်ဆောင်ပေးနိုင်တဲ့ တရားက ဘုရားရှင်ရဲ့ ပဋိပတ်မှာရှိနေပါတယ်။ ဒကာကြီးတွေ ဒကာမကြီးတွေ စဉ်းစားကြည့်စမ်း ဘယ်လို လောကဒဏ်လေပြင်းမုန်တိုင်းတွေဘဲ တိုက်တိုက်၊ လာဘ အလာဘ - လာဘ်ရသည်ဘဲဖြစ်စေ မရသည်ဘဲဖြစ်စေ၊ နည်းနည်းမှ မတုန်လှုပ်ဘူး။ ကောင်းလားမကောင်းဘူးလား?၊ သိပ်ကောင်းတယ်။ တုန်လှုပ်မှု ရှိတာနဲ့၊ မရှိတာနဲ့ ဘယ်ဟာပိုကောင်းလဲ၊ မရှိတာကောင်းတယ်။

နောက်တစ်ခုက စီးပွားဥစ္စာတွေပျက်စီးပြီ ' တရှုံ့ ရှုံ့'နဲ့ ငိုပြီ၊ ကောင်းလား?။ စီးပွားဥစ္စာ ရသည်ဖြစ်စေ တုန်လှုပ်မှုမရှိဘူး၊ မရသည်ဖြစ်စေ တုန်လှုပ်မှုမရှိဘူး။ မကောင်းဘူးလား?၊ သိပ်ကောင်းတယ်။

ရသ အရသ - အခြံအရံများသည်ဖြစ်စေ၊ မများသည်ဖြစ်စေ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တုန်လှုပ်မှုမရှိဘူး။ ဒီလိုဆို ဒကာကြီးတွေ အိမ်ကသူ သူများနောက်ပါသွားမကောင်းဘူးလား?၊ ဘယ်နှယ့် ဒကာကြီးတွေ အသံမထွက်တော့ဘူး။ အဲ့ဒါသူက အခြံအရံရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ တုန်လှုပ်မှု မရှိဘူး။ သိပ်ကောင်းတယ်နော်။

နိန္ဒ သူတစ်ပါးတို့ ကဲ့ရဲ့သည်ဖြစ်စေ သူတစ်ပါးတို့ ချီးမွမ်းသည်ဖြစ်စေ။ ကဲ့ရဲ့ခြင်းကြောင့်လည်း စိတ်ထဲ တုန်လှုပ်ခြင်းမရှိဘူး။ ချီးမွမ်းခြင်းကြောင့်လည်း စိတ်ထဲမှာ တုန်လှုပ်ခြင်း ဝမ်းသာခြင်း ဘယ်တော့မှ မဖြစ်ဘူးတဲ့။ သိပ်ကောင်းတယ်နော်။

သုခံ ဒုက္ခံ ချမ်းသာတဲ့ ဝေဒနာတွေနဲ့ တွေ့ရလို့။ ဒုက္ခ ဆင်းရဲ့တဲ့ဝေဒနာတွေနဲ့ တွေ့ရလို့ စိတ်ထဲတုန်လှုပ်မှု မဖြစ်ဘူး။ ချမ်းသာတာနဲ့တွေ့ရလို့ စိတ်ထဲစွဲမက်မှုတွေ မဖြစ်ဘူး။ ဆင်းရဲတဲ့ ဝေဒနာတွေ တွေ့ရသော်လည်း စိတ်ထားဖောက်ပြန်မှုတွေ နည်းနည်းမှ မဖြစ်ဘူး။ သိပ်ကောင်းပါတယ်။

အဲ့ဒီလို လောကဒဏ်လေပြင်းမုန်တိုင်းတွေကြောင့် တုန်လှုပ်ခြင်းမရှိဘဲ အလည်ခေါင်မှာ စိတ်ကို ငြိမ်ဝပ်စွာထားနိုင်တဲ့ စိတ်ထားလေးတစ်ခုကို တာဒိဂုဏ်လို့ ခေါ်ပါတယ်။ အဲ့ဒီ တာဒိဂုဏ်နဲ့ ပြည့်စုံတဲ့ အဆင့်ရောက်အောင် ဘုရားရှင်ရဲ့ ပဋိပတ်တရားတော်က ရွက်ဆောင်ပေးနိုင်တဲ့ ဆွမ်းအားရှိပါတယ်။

ဒီလိုဆိုရင် ဒီပဋိပတ်တရားတော်က ဘုရားရှင်ရဲ့ အစ အလယ် အဆုံးဆိုတဲ့ ကောင်းခြင်းဂုဏ်နဲ့ပြည့်စုံတဲ့ တရားတော်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် ဒီ ပဋိပတ်ကျင့်စဉ်တရားတွေက သိပ်အားရဖို့ကောင်းပါတယ်။

သီလကျင့်စဉ်ကို တကယ်လက်တွေ့ကျင့်တယ်၊ သမာဓိကျင့်စဉ်ကို တကယ်လက်တွေ့ကျင့်တယ်၊ ပညာကျင့်စဉ်ကို တကယ်လက်တွေ့ကျင့်တယ်၊ ကျင့်နေတဲ့ ပုဂ္ဂိုလ်လည်း ချမ်းသာတယ် တစ်ဖက်သားပုဂ္ဂိုလ်တွေလည်း ထိခိုက်မှုနစ်နာမှုရှိသလား?၊ မရှိဘူး။ သိပ်ကောင်းတယ်နော်။

ဒါကြောင့် ဘုန်းကြီးတို့ ဘုရားရှင်ရဲ့ ပဋိပတ်တရားတော်သည် အားလုံးအစွန်းတွေ လွတ်နေအောင်ဟောထားတဲ့ တရားတော်မို့ သွာက္ခာတဂုဏ်နဲ့ ပြည့်စုံတဲ့ တရားတွေဖြစ်ပါတယ်။

"ဖားအောက်တောရဆရာတော် "
Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

No comments:

Post a Comment