Choose Fonts Here
Sunday, March 20, 2016
အမြိုက်နိဗ္ဗာန်သို့ပို့ဆောင်ပေးနေသည့်စွမ်းအားကြီးခုနှစ်ရပ် pdf
သေခါနီးကာလမှာ ထင်လာတဲ့ ကံတွေထဲမှာ ဒီသင်္ခါရုပေက္ခာကံက
အားအကောင်းဆုံး ဖြစ်နေခဲ့မယ်ဆိုလျှင် ဒီနှစ်သက်မြတ်နိုးမှု
တဏှာအစိုဓာတ်အစေးဓာတ်ရဲ့ အထောက်အပံ့ကို ရရှိနေတဲ့ ဒီသင်္ခါရုပေက္ခာကံက
ကာမသုဂတိ ပဋိသန္ဓေဆိုတဲ့ အကျိုးကို ဖြစ်စေနိုင်တယ်လို့
ဟောကြားထားတော်မူပါတယ်။ အဋ္ဌကထာကလည်း ရှင်းလင်းဖွင့်ဆိုထား
ပါတယ်။ ဒါကတော့ ရံခါ ဖြစ်ပေါ်တတ်တဲ့ မပြောပလောက်တဲ့ အကျိုးတရား
သာ ဖြစ်ပါတယ်။
တိုက်ရိုက် အကျိုးပေးမှာကတော့ မသေရာ အမြိုက်နိဗ္ဗာန်ကိုသာလျှင်
အကျိုးပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ တရားနာပရိသတ်အပေါင်း
သူတော်ကောင်းတို့လည်း သာသနာတော်နှင့် တွေ့ကြုံခိုက်မှာ အသုဘသညာ
အစရှိတဲ့ သညာခုနစ်ပါးကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပြီး ဘုရားရှင်
နှစ်ခြိုက်တော်မူတဲ့ အမြတ်ဆုံးဒါနမျိုးကိုလည်း ကျင့်ကြံကြိုးကုတ် ပွားများ-
အားထုတ်နိုင်ကြတဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေသောဝ် ... ဟု
ဆုတောင်းပတ္ထနာမှုပြုကာ တရားတော်ကို အဆုံးသတ်လိုက်ကြပါစို့။
သာဓု...သာဓု...သာဓု...။
ဖားအောက်တောရဆရာတော်
သာသနာတော်နှစ် ၂၅၅၅-ခု၊
ကောဇာသက္ကရာဇ် ၁၃၇၃-ခုနှစ်၊
တန်ခူးလပြည့်၊ သောကြာနေ့
၆.၄.၂၀၁၂
ဒီမှာဒေါင်းပါ
Dowload Pdf file
size(1.35Mb)
"ဖားအောက်တောရဆရာတော်"
www.bhikkhudhamma.blogspot.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment