Choose Fonts Here

Saturday, March 26, 2016

အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း



အာနာပါနကျင့်စဉ် လမ်းညွှန်နိဒါန်း
•••••••••••••••••••••••••••••
အာနာပါနကို အားထုတ်ရာ၌ အရေးတကြီး
လိုက်နာရမည့်စည်းကမ်းချက်များကို သတိထားဖို့လိုသည်။
၁။ အရှည်
၂။ အတို
၃။ အစ-အလယ်-အဆုံး (အကုန်လုံး)
၎။ ငြိမ်းအောင်ကျင့်ခြင်း ( သိမ်မွေ့အောင်, ငြိမ်း-အောင် = ချုပ်အောင် ကျင့်ခြင်း)
ဤသို့ အဆင့် (၄)ဆင့်ရှိရာ ၀င်လေ-ထွက်လေ
အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်တည်နေ
အောင် ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်
နှုတ်ခမ်းတစ်နေရာမှ စောင့်၍ လေဟူသည့်( ၀င်လေထွက်လေ
ဟူသည့်) ပညတ်အာရုံအတုံးအခဲ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်နေအောင် စိုက်ရှုနိုင်သော
အခါ ---
၁။ အသက်ရှူနှေး၍ (ရှည်နေလျှင်) အစ-အလယ်အဆုံး
အကုန်လုံးကို ထင်ထင်ရှားရှားသိအောင် ၊
၂။ အသက်ရှူမြန်၍ (တိုနေလျှင်) အစ-အလယ်အဆုံး
အကုန်လုံးကို ထင်ထင်ရှားရှားသိအောင်
ဝင်လေ-ထွက်လေကို ဆက်၍ ရှုရ၏။
၃။ ထိုသို့ရှုရာ၌ အသက်ရှူနှေးအောင် သို့မဟုတ်
အသက်ရှူမြန်အောင်, တစ်နည်း - ရှည်အောင်,
တိုအောင် သက်သက် မပြုပြင်ဘဲ သဘာဝ
အတိုင်း ပုံမှန်သာ အသက်ရှူနေပါ။

၎။ ထိုသို့ရှုရာ၌ -
ဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ
ဘာဝနာ သမ္ပဇ္ဇတိ။။ (၀ိသုဒ္ဓိ၊၁၊၂၇၁။)
ဆိုလိုရင်း --- ဝင်သက်လေ ခွက်သက်လေ ထိမှု
ထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်း
အရပ်ကသာ စောင့်၍ ၀င်လေ-ထွက်လေ
ကို သတိကပ်၍ ပွားများအားထုတ်သူ၏ သန္တာန်
၌သာလျှင် အာနာပါနဿတိသမာဓိ ဘာဝနာ
သည် ပြီးစီး ပြည့်စုံနိုင်၏။ (၀ိသုဒ္ဓိ၊၁၊၂၇၁။)



ဤအထက်ပါ စည်းကမ်းကို လက်မလွှတ်ပါနှင့်။
၅။ သမာဓိအဆင့်မြင့်လာသော် ၀င်သက်လေ-ထွက်
သက်လေမှာ အဆင့်ဆင့် အလွန် သိမ်မွေ့လာ
တတ်သည်။ ထိုအခါတွင် ---
(က) အသက်ရှူနှေး၍ (ရှည်နေလျှင်)လည်း
သိမ်မွေ့သော ရှည်သော လေ၏ အစအလယ်
အဆုံး အကုန်လုံးကို ထင်ထင်
ရှားရှား သိအောင်,
( ခ ) အသက်ရှူမြန်၍ (တိုနေလျှင်)လည်း သိမ်
မွေ့သော တိုသော လေ၏ အစ-အလယ်အဆုံး
အကုန်လုံးကို ထင်ထင်ရှားရှား သိ
အောင် ဆက်ရှုနေပါ။
( ဂ ) ထိုအခါ၌ သိမ်မွေ့လွန်း၍ မထင်မရှား
ဖြစ်လာသော ၀င်လေ-ထွက်လေကို ထင်
ရှားအောင် သက်သက် ပြုပြင်၍ အသက်
မရှူပါနှင့်။ သဘာဝအတိုင်း သိမ်မွေ့သော
ဝင်လေ-ထွက်လေမှာသာ ဘာဝနာစိတ်
ကို ကပ်ထားပါ။ ထိရာအရပ် (နှာသီး
ဖျား,အထက်နှုတ်ခမ်း)ကို လက်မလွှတ်
ပါနှင့်။

၆။ နိမိတ်ပေါ်လာခဲ့သော် မီးခိုးရောင်ကဲ့သို့ ညစ်
ထပ်ထပ် အရောင်မှာ ပရိကမ္မနိမိတ်ဖြစ်သည်။
ပကတိသော ၀င်လေ-ထွက်လေမှာလည်း ပရိကမ
္မနိမိတ်ပင် ဖြစ်သည်။ ပရိကမ္မနိမိတ်ဟူသည်
အခြေခံ ပရိကမ္မသမာဓိ ဖြစ်ပေါ်လာရန် အာရုံ
အဖြစ် ရပ်တည်၍ ကျေးဇူးပြုပေးနေသော
အကြောင်းတရားဟု ဆိုလိုသည်။

၇။ ၀ါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော အရောင်
နိမိတ်မှာ ဥဂ္ဂဟနိမိတ်ဖြစ်သည်။
ဂ။ သောက်ရှူးကြယ်ကဲ့သို့ အလွန် ကြည်လင်
တောက်ပနေသော နိမိတ်မှာ ပဋိဘာဂနိမိတ်
ဖြစ်သည်။ အဆင့်အမြင့်ဆုံးသော နိမိတ်ဖြစ်
သည်။ ဤကား ယေဘုယျ အဖြစ်များသော နိမိတ်တည်း။

၉။ သို့သော် နိမိတ်မှာ ပုံသဏ္ဌာန်အမျိုးမျိုး အရောင်အမျိုးမျိုး ဖြစ်နိုင်သည်။



၁၀။ ဘာဝနာသညာ ကွဲပြားမှု ---
ဧ၀ံ ဧကမေ၀ ကမ္မဋ္ဌာနံ သညာနာနတာယ
နာနတော ဥပဋ္ဌာတ၊ိ၊ ပ ။ တသ္မာ သညာနာနတာယ
နာနတော ဥပဋ္ဌာတိ။ (၀ိသုဒ္ဓိ၊၁၊၂၇၇။)
(မဟာဋီ၊၁၊၃၃၅။)

ဆိုလိုရင်း --- တစ်ခုတည်းသော ကမ၁မဋ္ဌာန်းပင်
ဖြစ်လင့်ကစား နိမိတ်မပေါ်မီ ရှေ့အဖို့က ရှေး
မဆွက ဖြစ်ပေါ်နေသော ဘာဝနာသညာ အမှတ်သညာ
ကွဲပြားမှုကြောင့် နိမိတ်အမျိုးမျိုး
အရောင်အမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုး ဖြစ်ပေါ်
လာရခြင်း ဖြစ်၏။ မှန်ပေသည် --- ဤအာနာပါနနိမိတ်သည်
ဘာဝနာသညာကြောင့် ဖြစ်ပေါ်
လာရ၏။ ဘာဝနာသညာလျှင် အကြောင်းရင်းခံ
ရှိ၏။ ဘာဝနာသညာလျှင် အမွန်အစ ရှိ၏။
ထိုကြောင့် ဘာဝနာသညာ ကွဲပြားမှုကြောင့်
နိမိတ်အမျိုးမျိုး ထင်လာရခြင်းဖြစ်၏။

၁၁။ ဘာဝနာသညာဟူသည် အာနာပါနကို ရှုနေသော
ရင့်ကျက်လာသော စိတ်ငြိမ်ဝပ်မှု, ၀င်လေထွက်လေ
အာရုံ၌ ငြိမ်ဝပ်စွာ စိတ်ကပ်တည်နေမှု
သမာဓိနှင့် ယှဉ်တွဲလျက် ဖြစ်ပေါ်လာသော
အမှတ်သညာတည်း။ ထိုအချိန်အခါမျိုးတွင်
အထူးသဖြင့် ပေါ်လာသော နိမိတ်ပေါ်၌ ဘာဝ
နာစိတ်ကို ငြိမ်နေအောင် လှုပ်မရအောင် ကပ်
မထားနိုင်သေးသော အခါမျိုး၌ "ဤသို့သော
နိမိတ် ... ဤသို့သော နိမိတ် ..." စသည်ဖြင့်
အမှတ်သညာများ ပြောင်းရွှေ့နေပါက ထိုအမှတ်
သညာ ကွဲပြားသလောက် နိမိတ်များလည်း
ကွဲပြားနေတတ်ပါသည်။ နိမိတ်တွေ အမျိုးမျိုး
ပြောင်းနေပါက ဘာဝနာစိတ်မှာလည်း အာရုံ
တစ်ခုတည်းကိုသာ စူးစူးစိုက်စိုက် ကြာရှည်စွာ
မရှုပွားနိုင်သည့်အတွက် တဖြည်းဖြည်း သမာဓိ
လျှောကျသွားတတ်သည်။

၁၂။ တစ်ဖန် နိမိတ်က ဝေးကွာနေခဲ့လျှင် ထိုဝေးကွာ
နေသော အထူးသဖြင့် နှာသီးဖျား,အထက်နှုတ်ခမ်း
အရပ်တွင် ကပ်၍ တည်,မနေသော ဝေးကွာ
သော နိမိတ်ကို စိတ်လိုက်၍ စိုက်နေပါက
အထက်တွင် တင်ပြထားသော ၀င်လေ-ထွက်လေ
ထိမှုထင်ရှားရာ ဌာနဖြစ်သည့် နှာသီးဖျား,အထက်နှုတ်ခမ်း
ဆိုသည့် ထိရာအရပ်ကို ကျော်လွန်
သွားသဖြင့် အာနာပါနဘာဝနာသမာဓိမှာလည်း
ဈာန်အဆင့်သို့တိုင်အောင် မတိုးတက်နိုင် ဖြစ်
တတ်သည်။
၁၃။ သို့အတွက် ပကတိသော ၀င်လေ-ထွက်လေမှ
ဖြစ်ပေါ်လာသော နိမိတ်ကသာလျှင်, နှာသီးဖျား
,အထက်နှုတ်ခမ်းအရပ်တွင် ပကတိသော ၀င်လေ
ထွက်လေနှင့် တစ်သားတည်း တစ်ခုတည်း
ဖြစ်နေသော အာနာပါနနိမိတ်ကသာလျှင်, ထို
နိမိတ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားနိုင်
ပါမှသာလျှင် အာနာပါနသမာဓိ ဘာဝနာသည်
ပြီးစီးပြည့်စုံနိုင်ပေသည်။ ဈာန်အဆင့်သို့ တက်ရေ
ာက်နိုင်ပေသည်။

နိမိတ်ထင်လာသောအခါ ထိုယောဂီပုဂ္ဂိုလ်
သည် ထိုထင်လာသော နိမိတ်ကို ---
(က) အရောင်ကိုလည်း အရောင်အနေနှင့်လည်း
နှလုံးမသွင်းပါနှင့်။
( ခ ) ထိုနိမိတ်၌ ထိုဝင်လေ-ထွက်လေ၌ တည်ရှိ
သော မာ-ကြမ်း-လေး, ပျော့-ချော-ပေါ့,
ယိုစီး-ဖွဲ့စည်း, ပူ-အေး, ထောက်-တွန်း
ဆိုသည့် ဓာတ်ကြီးလေးပါးတို့၏ သဘာဝ
လက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။

( ဂ ) ထိုဝင်လေ-ထွက်လေကို သို့မဟုတ် နိမိတ်ကို
" ဖြစ်ပျက် - အနိစ္စ,ဒုက္ခ,အနတ္တ"ဟု
သာမညလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။

၁၅။ ဆိုလိုရင်း --- အာနာပါနနိမိတ်ကို တိုးပွား
အောင်လုပ်ခဲ့သော် ၀ါဂွမ်းစိုင် စသည့် ပုံသဏ္ဌာန်
အားဖြင့် ထင်လာသော အာနာပါန နိမိတ်ပင်
ဖြစ်သော်လည်း ထို နိမိတ်ဟူသည် လေတို့၏
အပေါင်းအစုသာဖြစ်ခြင်းကြောင့် လေအစုအပုံ
သာ တိုးပွားလာ၏။ ၀ါယောကသိုဏ်းကို တိုးပွား
အောင် လုပ်သကဲ့သို့ ဤအာနာပါနနိမိတ်အရာ၌
တိုးပွားအောင် လုပ်ခြင်းသည် အကျိုးမရှိနိုင်ပေ။

တစ်ဖန် ဤအာနာပါနကမ္မဋ္ဌာန်းကို ၀င်လေထွက်လေ
ထိမှုထင်ရှားရာ နှာသီးဖျား,အထက်
နှုတ်ခမ်းမှာသာ ရှုရမည်ဟု ရှုရမည့် နေရာကို
လည်း အတိအကျ သတ်မှတ်ထား၏။ ထိုကြောင့်
နိမိတ်ကို ရှည်အောင်, တိုအောင်, ကြီးအောင်,
သေးအောင်, လုံးအောင်, ပြားအောင် စသည်ဖြင့်
မပြုလုပ်ရပါ။

၁၆။ နှာသီးဖျား,အထက်နှုတ်ခမ်းဟူသည့် ထိမှု ထင်
ရှားရာနေရာကသာ စောင့်၍ ၀င်လေ-ထွက်လေ
ကို ဆက်တိုက်သိအောင် ကြိုးစားခြင်းဖြင့် ၀င်လေထွက်လေနှင့်
နိမိတ် တစ်သားတည်း တစ်ခုတည်း
ဖြစ်လာသောအခါ ထိုနှာသီးဖျား,အထက်နှုတ်ခမ်း
အရပ်တွင်သာ တည်ရှိသော နိမိတ်ကိုသာ စိုက်၍
ရှုနေပါက, ဘာဝနာစိတ်ကို ထိုနိမိတ်၌ ကပ်ထား
နိုင်ပါက မည်သည့် အရောင်ပင်ဖြစ်ပါစေ, မည်
သည့် ပုံသဏ္ဌာန်ပင်ဖြစ်ပါစေ အရောင်နှင့် ပုံသဏ
္ဌာန်ကို နှလုံးမသွင်းဘဲ အာနာပါနကြောင့်
ဖြစ်ပေါ်လာသော နိမိတ်ကိုလည်း အာနာပါနဟု
ပင် သဘောထား၍ ဘာဝနာစိတ်ကို ထိုနိမိတ်၌
ကပ်ထားနိုင်ပါက မီးခိုးရောင်မှ အဖြူရောင်,
အဖြူရောင်မှ သောက်ရှူးကြယ်ရောင် စသည်ဖြင့်
ဘာဝနာသမာဓိ ရင့်ကျက်သည်နှင့်အမျှ အဆင့်ဆင့်
ကူးပြောင်းကာ ဈာန်သို့ ကူးမြောက်နိုင်ပေ
မည်။ နှာသီးဖျား,အထက်နှုတ်ခမ်းနှင့် ဝေးကွာ
နေသော နိမိတ်အမျိုးမျိုးတို့ကို လိုက်ရှုနေပါက
သမာဓိမှာ တက်လိုက် ကျလိုက် ဖြစ်ကာ ဈာန်သို့
မကူးနိုင်, ဈာန်သမာဓိအဆင့်သို့ မရောက်နိုင်
ရှိတတ်သည်။ သတိရှိစေ။

၁၇။ နိမိတ်ကို အလွန့်အလွန် စူးစိုက်ပါက ကလာပ်
အမှုန်များကို တွေ့တတ်သည်။ ဈာန်သမာဓိသို့
ကူးလိုပါက ကလာပ်အမှုန်များကို တွေ့သော
အခါ စိတ်ကို လျှော့ချပေးပါ။ စိတ်ကို မလျော့
မတင်း ထား၍ နိမိတ်ကို စိုက်ရှုနိုင်ပါက ဈာန်သမာဓ
ိအဆင့်သို့တိုင်အောင် ကူးတက်နိုင်သည်။
နိမိတ်တွင် တည်ရှိသော ကလာပ်အမှုန် အကြီး
အသေးတို့ကို စိုက်ရှုနေပါက ထိုကလာပ်အမှုန်
တို့မှာ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသဖြင့်
အာရုံက မငြိမ်သက်သော အာရုံ ဖြစ်ရကား
သမာဓိမှာ အာရုံ၏ မငြိမ်သက်မှုကြောင့် မစူးမရှ
ရှိတတ်သည်။ သမာဓိ လျှောကျတတ်သည်။ သတိရှိစေ။

ဆက်လက်ရှုပွားပုံ အဆင့်ဆင့်ကို ဆရာတော်ဘုရား ရေးသားပြုစုသော နိဗ္ဗာန်နဂါမိနိပဋိပဒါ အတွဲ(၅)
တွင် လေ့လာဆည်းပူးနိုင်ပါသည်။)

အာနာပါနလမ်းညွှန်နိဒါန်း (Mp3 တရားတော်)

Download file

https://www.mediafire.com/?xwdqmpt7kegysgl

https://www.dropbox.com/s/zr04xt4321an4ic/CD1%2001%20-%208anapana%201.rar?dl=0 

https://www.dropbox.com/s/q6edlcxex6kcjs9/အာနာပါနနိဒါန်း.mp3?dl=0

"ဖားအောက်တောရဆရာတော်"

Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

" ဖားအောက်တောရဆရာတော် "

No comments:

Post a Comment