Choose Fonts Here
Wednesday, March 23, 2016
သတိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား (၄) ပါး
အပိစ စတ္တာရော ဓမ္မာ သတိသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒါယ သံဝတ္တန္တိ သတိသမ္ပဇညံ မုဋ္ဌဿတိပုဂ္ဂလပရိဝဇ္ဇနတာ
ဥပဋ္ဌိတဿတိပုဂ္ဂလသေ၀နတာ တဒဓိမုတ္တတာတိ။ (မ၊ဋ္ဌ၊၁၊၂၉၄။ ဒီ၊ဋ္ဌ၊၂၊၃၇၆။ သံ၊ဋ္ဌ၊၃၊၁၉၃။)
၁။ သတိသမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံခြင်း
၂။ သတိလက်လွတ်နေသော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း
၃။ သတိကပ်၍ တည်နေသော သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခြင်း
၎။ ထိုသတိသမ္ဗောဇ္ဈင်ဖြစ်ရန်အတွက် နှလုံးသွင်း ညွတ်ကိုင်းရှိုင်းသော စိတ်ဓာတ်ရှိခြင်း ----
ဤ လေးပါးတို့ကား သတိသမ္ဗောဇ္ဈင် ဖြစ်ပေါ်လာဖို့ရန် အကြောင်းတရားများပင် ဖြစ်ကြသည်။
၁။ သတိသမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံခြင်း ---- မဟာသတိပဋ္ဌာနသုတ္တန် သမ္ပဇဉ်ပိုင်း (မ၊၁၊၇၂။)၌ ဘုရားရှင်
ဟောကြားပြသ ဆိုဆုံးမထားတော်မူသည့်အတိုင်း ----
က။ ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း
ခ။ တည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်း
ဂ။ ကွေးခြင်း ဆန့်ခြင်း
ဃ။ ဒုကုဋ် သပိတ် သင်္ကန်းကို ကိုင်ဆောင်ခြင်း
င။ စားခြင်း သောက်ခြင်း ခဲခြင်း လျက်ခြင်း
စ။ ကျင်ကြီးစွန့်ခြင်း ကျင်ငယ်စွန့်ခြင်း
အနုစား သွားခြင်း-ရပ်ခြင်း-ထိုင်ခြင်း-အိပ်ပျော်ခြင်း-နိုးလာခြင်း-စကားပြောဆိုခြင်း-စကားမပြော
ဆိတ်ဆိတ်နေခြင်း ---- ။
ဤ (၇)ဌာနတို့၌ သတိသမ္ပဇဉ် ဉာဏ်ယှဉ်လျက် ပွားများအားထုတ်ခြင်း ရှိရမည်။ သမ္ပဇဉ်ပိုင်း ရှုကွက်တို့ကို တစ်ဆင့်ပြီး တစ်ဆင့် အစီအစဉ်တကျ ရှုပွားနိုင်ရမည်ဟု ဆိုလိုသည်။
"ဖားအောက်တောရဆရာတော်"
www.bhikkhudhamma.blogspot.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment