Choose Fonts Here

Tuesday, September 3, 2019

သရဏဂုံ ညစ္ႏြမ္း ပ်က္စီးေၾကာင္း (အပိုင္း - ၁၂)
•••••••••••••••••••••••••••••••••••••••••••
ေဝဒက်မ္းကို စၿပီးတီထြင့္ခ့ဲတ့ဲ ရေသ့ႀကီးေတြကိုယ္က သူတို႔ကိုယ္တိုင္ သိပါတယ္ ျမင္ပါတယ္ဆိုၿပီး ဝန္ခံထားတာမဟုတ္ဘူးဆိုတာကေတာ့ ထင္ရွားေနတယ္။ ဒီေတာ့သူမ်ားရဲ႕ လိမ္လည္လွည့္ဖ်ားကြက္ေတြ ျဖစ္မေနဘူးလား?၊ ဒီလိမ္လည္လွည့္ဖ်ားကြက္ေတြလို႔ ဘာေၾကာင့္ေျပာရသလဲ၊ သူတို႔ကိုယ္တိုင္ သိပါတယ္ ျမင္ပါတယ္လို႔ ဝန္ခံၿပီးေျပာထားတာ မဟုတ္ဘူး။

သူတို႔ကိုယ္တိုင္ သိပါတယ္ ျမင္ပါတယ္လို႔ ဝန္ခံၿပီးမွေဟာၾကားထားတ့ဲ အဆိုအမိန္႔ျဖစ္ခ့ဲရင္ေတာ့ ဒါတစ္မ်ိဳးစဥ္းစားရပါမယ္။ ေဝဒလိုေခၚဆိုအပ္တ့ဲ မႏၲာန္ေတြကို သိပါတယ္ ျမင္ပါတယ္လို႔ ဝန္မခံပါဘူး။ အ့ဲဒီရေသ့ေတြကတဆင့္ ဆရာအဆက္ဆက္ကလည္း ဝန္မခံဘူး၊ ယေန႔မ်က္ေမွာက္ေခတ္ ျဗဟၼဏေတြကလည္း ဝန္ခံႏိုင္သလား၊ ဝန္မခံႏိုင္ၾကဘူး။ အကန္းေတြ တစ္တန္းႀကီးတန္းထားတာနဲ႔ တူမေနဘူးလား? တူေနၿပီေနာ္။

အ့ဲဒီအခါၾကေတာ့ ျမတ္စြာဘုရားကဘာအမိန္႔ရွိလဲ၊ အ့ဲဒီအမိန္႔ရွိတ့ဲ တရားေလးေတြက တန္ဖိုးရွိလို႔ နည္းနည္းဆက္ၿပီး နာၾကည့္ရေအာင္...။

"ပုရိေမာပိ န ပႆတိ မဇၩိေမာပိ န ပႆတိ ပစၧိေမာပိ န ပႆတိ။ တံ ကႎ မညသိ, ဘာရဒြါဇ , နနု ဧဝံ သေႏၲ ျဗာဟၼဏာနံ အမူလိကာ သဒၶါ သမၸဇၨတီ’’တိ? (မ၊၂၊၃၈၂)

ဘုရားရွင္ကထပ္ေမးတယ္ေနာ္။ အေရွ႕ကရေသ့ေတြကလည္း မျမင္ဘူး၊ အလယ္ကဆရာေတြကလည္း မျမင္ဘူး၊ ေနာက္ဆုံးျဖစ္တ့ဲယခုပုဂၢိဳလ္ေတြလည္း မျမင္ဘူး။ မျမင္တ့ဲအတြက္အကန္းေတြ တစ္တန္းတည္းတန္းထားတာနဲ႔ တူေနၿပီတ့ဲ။ ဒီလိုဆိုငါဘုရားထပ္ေမးမယ္၊ သင္ဘယ္လိုထင္ျမင္ယူဆသလဲ? သင္ႏွစ္ၿခိဳက္သလို ေျဖႏိုင္ပါတယ္။ ဒါျဖင့္ ျဗဟၼဏေတြရဲ႕ ေဝဒက်မ္းအေပၚယုံၾကည္ခ်က္ေတြက အေျခအျမစ္ခိုင္လုံတ့ဲ ယုံၾကည္ခ်က္ဟုတ္ပါေသးလား?၊ မဟုတ္ဘူး။

အ့ဲဒီလို အေျခအျမစ္ခိုင္လုံခ်က္မရွိတ့ဲ ေဝဒက်မ္းရဲ႕ အဆိုအမိန္႔ေတြကို ျဗဟၼဏေတြကိုယ္တိုင္က ယုံၾကည္ေနတာသည္ အေျခအျမစ္မခိုင္လုံမွဳမရွိဘူးဆို ယေန႔ေခတ္ဗမာႏိုင္ငံသားေတြရဲ႕ ယုံၾကည္ခ်က္ဟာေကာ အေျခအျမစ္ခိုင္လုံတယ္လို႔ ေျပာႏိူင္ပါ့မလား? မေျပာႏိုင္ဘူး။

ဒီေတာ့ ကာပဋိကပုဏၰားက ဘာျပန္ေျပာလဲ...
"န ေခြတၳ, ေဘာ ေဂါတမ, ျဗာဟၼဏာ သဒၶါေယဝ ပယိ႐ုပါသႏၲိ, အနုႆဝါေပတၳ ျဗာဟၼဏာ ပယိ႐ုပါသႏၲီ’’တိ။

သူဘက္ကလည္းအားက်မခံ ျပန္ေျပာပါတယ္။ ျဗဟၼဏေတြက ဒီေဝဒက်မ္းေတြကို ယုံၾကည္ခ်က္သဒၶါတရားတစ္ခုတည္းနဲ႔ ခ်ဥ္းကပ္ေနၾကတာေတာ့ မဟုတ္ပါဘူး။ တဆင့္စကားၾကားရ႐ုံနဲ႔သာ ခ်ဥ္းကပ္ေနၾကတာျဖစ္ပါတယ္တ့ဲ။ ဒီလိုသူကျပန္ေျဖတယ္။ ယေန႔ေခတ္ ေဝဒက်မ္းေတြက မွန္ပါတယ္ဆိုတာကၾကည့္ ဘယ္ေဗဒင္ဆရာကသိပ္မွန္တယ္ , ဘယ္ေဗဒင္ဆရာကသိပ္မွန္တယ္ဆိုၿပီး တဆင့္စကားနဲ႔ေျပာေနၾကတာမမ်ားဘူးလား?၊ မ်ားေနတယ္။ ဒီပုံစံပဲေနာ္။

ဘုရားရွင္က-
"ပုေဗၺဝ ေခါ တြံ, ဘာရဒြါဇ, သဒၶံ အဂမာသိ, အနုႆဝံ ဣဒါနိ ဝေဒသိ။ ပၪၥ ေခါ ဣေမ, ဘာရဒြါဇ, ဓမၼာ ဒိေ႒ဝ ဓေမၼ ေဒြဓာ ဝိပါကာ"

ေရွးတုန္းကလည္းသင္က ယုံၾကည္ခ်က္သဒၶါတရား အစေဆြးေႏြးခင္ကေျပာခ့ဲတယ္။ အခုအခါၾကေတာ့ တဆင့္စကားကို ထပ္ၿပီးေတာ့ေျပာျပန္တယ္တ့ဲ။ ေရွ႕စကားနဲ႔ေနာက္စကား ပုံစံကမတူေတာ့ဘူးေနာ္။ ဘုရားရွင္ကဘာဆက္မိန္႔လဲ-
မ်က္ေမွာက္ဘဝမွာ လက္ငင္းအက်ိဳးေပးေနတ့ဲ တရားႏွစ္မ်ိဳးရွိတယ္။

"ကတေမ ပၪၥ? သဒၶါ, ႐ုစိ, အနုႆေဝါ, အာကာရပရိဝိတေကၠာ, ဒိ႒ိနိဇၩာနကၡႏၲိ – ဣေမ ေခါ, ဘာရဒြါဇ , ပၪၥ ဓမၼာ ဒိေ႒ဝ ဓေမၼ ေဒြဓာ ဝိပါကာ။" (မ၊၂၊၃၈၂)

မ်က္ေမွာက္ဘဝမွာ အမွန္ အမွားဟူ၍ အက်ိဳးေပးႏိုင္တ့ဲတရားငါးပါးရွိတယ္။ ဒီငါးပါးဟာ သဒၶါ - ယုံၾကည္ျခင္းလည္းေကာင္း၊ ႐ုစိ-  ႏွစ္သက္ျခင္းလည္းေကာင္း၊ အႏုႆေဝါ - တဆင့္ၾကားျခင္းလည္းေကာင္း၊ အာကာရပရိဝိတေကၠာ- အေၾကာင္းအျခင္းအရာ အသင့္ယုတၱိကို အဖန္ဖန္ၾကံဆ စီစစ္ ဆင္ျခင္ျခင္းလည္းေကာင္း၊ ဒိ႒ိနိဇၩာနကၡႏိၲ- စဥ္းစား ေတြးျကံ လက္ခံ ႏွစ္သက္ေသာ အယူလည္းေကာင္း ျဖစ္ေပ၏။

ေလာကကမွာ အမွန္နဲ႔ အမွားႏွစ္မ်ိဳးရွိေနတယ္။ အ့ဲဒီေတာ့ နံပါတ္တစ္ကဘာလဲ? ယုံၾကည္ခ်က္သဒၶါတရား၊ မိမိယုံၾကည္ေနတာက မွားတာလည္းရွိမယ္ မွန္တာလည္းရွိမယ္။ ႐ုစိ မိမိႏွစ္သက္ေနတာေတြ မွားတာလည္းရွိမယ္ မွန္တာလည္းရွိမယ္။ အႏုႆဝ တဆင့္ၾကားတာဟာ မွားတာလည္းရွိမယ္ မွန္တာလည္းရွိမယ္။ အာကာရပရိဝိတကၠ ျဖစ္ေပၚပုံအျခင္းအရာကို ၾကံဆၿပီးယူလိုက္တယ္။ ဒီၾကံဆယူတာက မွားတာလည္းရွိမယ္၊ မွန္တာလည္းရွိမယ္။  ဒိ႒ိနိဇၩာနကၡႏိၲ ဒီလို ဒီလိုေတာ့ ျဖစ္ႏိုင္တယ္ဆိုၿပီးေတာ့မွ လက္ခံထားတ့ဲ ယုံၾကည္ခ်က္တစ္ခုေပါ့။ အ့ဲဒီယုံၾကည္ခ်က္ကမွားခ်င္လည္းမွားမယ္ မွန္ခ်င္လည္းမွန္မယ္။ကိုယ္တိုင္ထြင္းေဖာက္သိတ့ဲ ယုံၾကည္ခ်က္မ်ိဳးမဟုတ္ဘူး။ စဥ္းစားေတြေခၚၿပီး ရရွိတ့ဲယုံၾကည္ခ်က္မ်ိဳးေပါ့။

ဒီေတာ့ အခုကာလ အေနာက္တိုင္းက ေလာဂ်စ္စ္လို႔ေခၚတ့ဲ ပညာရပ္မ်ိဳးေပါ့။ စဥ္းစားေတြးေခၚယူတ့ဲ အသိဉာဏ္ဟာ အတိအက်မွန္ကယ္တယ္လို႔  ဘယ္လိုမွ မေျပာႏိုင္ပါဘူး။ အ့ဲဒီငါးခုရွိတ့ဲအေၾကာင္း ဘုရားရွင္ကေျပာတယ္။

ဒီေနရာမွာ အ႒ကထာက အကန္းအစဥ္တန္းေနပုံကို သက္ေသေလးနဲ႔ ဥပမာထုတ္ျပထားတယ္။

[ရတနာသုံးပါးကို ကိုးကြယ္ဆည္းကပ္လို႔ ရရွိမည့္ အက်ဳိးေက်းဇူးႏွင့္ သရဏဂံု ဘာေၾကာင့္ ညိႇဳးႏြမ္းပ်က္စီးရပါသလဲ ဆိုတာ ဆက္လက္ေဖာ္ျပပါမည္။]

"ဖားေအာက္ေတာရဆရာေတာ္ "
Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

Unicode
သရဏဂုံ ညစ်နွမ်း ပျက်စီးကြောင်း (အပိုင်း - ၁၂)
•••••••••••••••••••••••••••••••••••••••••••
ဝေဒကျမ်းကို စပြီးတီထွင့်ခဲ့တဲ့ ရသေ့ကြီးတွေကိုယ်က သူတို့ကိုယ်တိုင် သိပါတယ် မြင်ပါတယ်ဆိုပြီး ဝန်ခံထားတာမဟုတ်ဘူးဆိုတာကတော့ ထင်ရှားနေတယ်။ ဒီတော့သူများရဲ့ လိမ်လည်လှည့်ဖျားကွက်တွေ ဖြစ်မနေဘူးလား?၊ ဒီလိမ်လည်လှည့်ဖျားကွက်တွေလို့ ဘာကြောင့်ပြောရသလဲ၊ သူတို့ကိုယ်တိုင် သိပါတယ် မြင်ပါတယ်လို့ ဝန်ခံပြီးပြောထားတာ မဟုတ်ဘူး။

သူတို့ကိုယ်တိုင် သိပါတယ် မြင်ပါတယ်လို့ ဝန်ခံပြီးမှဟောကြားထားတဲ့ အဆိုအမိန့်ဖြစ်ခဲ့ရင်တော့ ဒါတစ်မျိုးစဉ်းစားရပါမယ်။ ဝေဒလိုခေါ်ဆိုအပ်တဲ့ မန္တာန်တွေကို သိပါတယ် မြင်ပါတယ်လို့ ဝန်မခံပါဘူး။ အဲ့ဒီရသေ့တွေကတဆင့် ဆရာအဆက်ဆက်ကလည်း ဝန်မခံဘူး၊ ယနေ့မျက်မှောက်ခေတ် ဗြဟ္မဏတွေကလည်း ဝန်ခံနိုင်သလား၊ ဝန်မခံနိုင်ကြဘူး။ အကန်းတွေ တစ်တန်းကြီးတန်းထားတာနဲ့ တူမနေဘူးလား? တူနေပြီနော်။

အဲ့ဒီအခါကြတော့ မြတ်စွာဘုရားကဘာအမိန့်ရှိလဲ၊ အဲ့ဒီအမိန့်ရှိတဲ့ တရားလေးတွေက တန်ဖိုးရှိလို့ နည်းနည်းဆက်ပြီး နာကြည့်ရအောင်...။

"ပုရိမောပိ န ပဿတိ မဇ္ဈိမောပိ န ပဿတိ ပစ္ဆိမောပိ န ပဿတိ။ တံ ကိံ မညသိ, ဘာရဒွါဇ , နနု ဧဝံ သန္တေ ဗြာဟ္မဏာနံ အမူလိကာ သဒ္ဓါ သမ္ပဇ္ဇတီ’’တိ? (မ၊၂၊၃၈၂)

ဘုရားရှင်ကထပ်မေးတယ်နော်။ အရှေ့ကရသေ့တွေကလည်း မမြင်ဘူး၊ အလယ်ကဆရာတွေကလည်း မမြင်ဘူး၊ နောက်ဆုံးဖြစ်တဲ့ယခုပုဂ္ဂိုလ်တွေလည်း မမြင်ဘူး။ မမြင်တဲ့အတွက်အကန်းတွေ တစ်တန်းတည်းတန်းထားတာနဲ့ တူနေပြီတဲ့။ ဒီလိုဆိုငါဘုရားထပ်မေးမယ်၊ သင်ဘယ်လိုထင်မြင်ယူဆသလဲ? သင်နှစ်ခြိုက်သလို ဖြေနိုင်ပါတယ်။ ဒါဖြင့် ဗြဟ္မဏတွေရဲ့ ဝေဒကျမ်းအပေါ်ယုံကြည်ချက်တွေက အခြေအမြစ်ခိုင်လုံတဲ့ ယုံကြည်ချက်ဟုတ်ပါသေးလား?၊ မဟုတ်ဘူး။

အဲ့ဒီလို အခြေအမြစ်ခိုင်လုံချက်မရှိတဲ့ ဝေဒကျမ်းရဲ့ အဆိုအမိန့်တွေကို ဗြဟ္မဏတွေကိုယ်တိုင်က ယုံကြည်နေတာသည် အခြေအမြစ်မခိုင်လုံမှုမရှိဘူးဆို ယနေ့ခေတ်ဗမာနိုင်ငံသားတွေရဲ့ ယုံကြည်ချက်ဟာကော အခြေအမြစ်ခိုင်လုံတယ်လို့ ပြောနိူင်ပါ့မလား? မပြောနိုင်ဘူး။

ဒီတော့ ကာပဋိကပုဏ္ဏားက ဘာပြန်ပြောလဲ...
"န ခွေတ္ထ, ဘော ဂေါတမ, ဗြာဟ္မဏာ သဒ္ဓါယေဝ ပယိရုပါသန္တိ, အနုဿဝါပေတ္ထ ဗြာဟ္မဏာ ပယိရုပါသန္တီ’’တိ။

သူဘက်ကလည်းအားကျမခံ ပြန်ပြောပါတယ်။ ဗြဟ္မဏတွေက ဒီဝေဒကျမ်းတွေကို ယုံကြည်ချက်သဒ္ဓါတရားတစ်ခုတည်းနဲ့ ချဉ်းကပ်နေကြတာတော့ မဟုတ်ပါဘူး။ တဆင့်စကားကြားရရုံနဲ့သာ ချဉ်းကပ်နေကြတာဖြစ်ပါတယ်တဲ့။ ဒီလိုသူကပြန်ဖြေတယ်။ ယနေ့ခေတ် ဝေဒကျမ်းတွေက မှန်ပါတယ်ဆိုတာကကြည့် ဘယ်ဗေဒင်ဆရာကသိပ်မှန်တယ် , ဘယ်ဗေဒင်ဆရာကသိပ်မှန်တယ်ဆိုပြီး တဆင့်စကားနဲ့ပြောနေကြတာမများဘူးလား?၊ များနေတယ်။ ဒီပုံစံပဲနော်။

ဘုရားရှင်က-
"ပုဗ္ဗေဝ ခေါ တွံ, ဘာရဒွါဇ, သဒ္ဓံ အဂမာသိ, အနုဿဝံ ဣဒါနိ ဝဒေသိ။ ပဉ္စ ခေါ ဣမေ, ဘာရဒွါဇ, ဓမ္မာ ဒိဋ္ဌေဝ ဓမ္မေ ဒွေဓာ ဝိပါကာ"

ရှေးတုန်းကလည်းသင်က ယုံကြည်ချက်သဒ္ဓါတရား အစဆွေးနွေးခင်ကပြောခဲ့တယ်။ အခုအခါကြတော့ တဆင့်စကားကို ထပ်ပြီးတော့ပြောပြန်တယ်တဲ့။ ရှေ့စကားနဲ့နောက်စကား ပုံစံကမတူတော့ဘူးနော်။ ဘုရားရှင်ကဘာဆက်မိန့်လဲ-
မျက်မှောက်ဘဝမှာ လက်ငင်းအကျိုးပေးနေတဲ့ တရားနှစ်မျိုးရှိတယ်။

"ကတမေ ပဉ္စ? သဒ္ဓါ, ရုစိ, အနုဿဝေါ, အာကာရပရိဝိတက္ကော, ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ – ဣမေ ခေါ, ဘာရဒွါဇ , ပဉ္စ ဓမ္မာ ဒိဋ္ဌေဝ ဓမ္မေ ဒွေဓာ ဝိပါကာ။" (မ၊၂၊၃၈၂)

မျက်မှောက်ဘဝမှာ အမှန် အမှားဟူ၍ အကျိုးပေးနိုင်တဲ့တရားငါးပါးရှိတယ်။ ဒီငါးပါးဟာ သဒ္ဓါ - ယုံကြည်ခြင်းလည်းကောင်း၊ ရုစိ-  နှစ်သက်ခြင်းလည်းကောင်း၊ အနုဿဝေါ - တဆင့်ကြားခြင်းလည်းကောင်း၊ အာကာရပရိဝိတက္ကော- အကြောင်းအခြင်းအရာ အသင့်ယုတ္တိကို အဖန်ဖန်ကြံဆ စီစစ် ဆင်ခြင်ခြင်းလည်းကောင်း၊ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ- စဉ်းစား တွေးကြံ လက်ခံ နှစ်သက်သော အယူလည်းကောင်း ဖြစ်ပေ၏။

လောကကမှာ အမှန်နဲ့ အမှားနှစ်မျိုးရှိနေတယ်။ အဲ့ဒီတော့ နံပါတ်တစ်ကဘာလဲ? ယုံကြည်ချက်သဒ္ဓါတရား၊ မိမိယုံကြည်နေတာက မှားတာလည်းရှိမယ် မှန်တာလည်းရှိမယ်။ ရုစိ မိမိနှစ်သက်နေတာတွေ မှားတာလည်းရှိမယ် မှန်တာလည်းရှိမယ်။ အနုဿဝ တဆင့်ကြားတာဟာ မှားတာလည်းရှိမယ် မှန်တာလည်းရှိမယ်။ အာကာရပရိဝိတက္က ဖြစ်ပေါ်ပုံအခြင်းအရာကို ကြံဆပြီးယူလိုက်တယ်။ ဒီကြံဆယူတာက မှားတာလည်းရှိမယ်၊ မှန်တာလည်းရှိမယ်။  ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ ဒီလို ဒီလိုတော့ ဖြစ်နိုင်တယ်ဆိုပြီးတော့မှ လက်ခံထားတဲ့ ယုံကြည်ချက်တစ်ခုပေါ့။ အဲ့ဒီယုံကြည်ချက်ကမှားချင်လည်းမှားမယ် မှန်ချင်လည်းမှန်မယ်။ကိုယ်တိုင်ထွင်းဖောက်သိတဲ့ ယုံကြည်ချက်မျိုးမဟုတ်ဘူး။ စဉ်းစားတွေခေါ်ပြီး ရရှိတဲ့ယုံကြည်ချက်မျိုးပေါ့။

ဒီတော့ အခုကာလ အနောက်တိုင်းက လောဂျစ်စ်လို့ခေါ်တဲ့ ပညာရပ်မျိုးပေါ့။ စဉ်းစားတွေးခေါ်ယူတဲ့ အသိဉာဏ်ဟာ အတိအကျမှန်ကယ်တယ်လို့  ဘယ်လိုမှ မပြောနိုင်ပါဘူး။ အဲ့ဒီငါးခုရှိတဲ့အကြောင်း ဘုရားရှင်ကပြောတယ်။

ဒီနေရာမှာ အဋ္ဌကထာက အကန်းအစဉ်တန်းနေပုံကို သက်သေလေးနဲ့ ဥပမာထုတ်ပြထားတယ်။

[ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်လို့ ရရှိမည့် အကျိုးကျေးဇူးနှင့် သရဏဂုံ ဘာကြောင့် ညှိုးနွမ်းပျက်စီးရပါသလဲ ဆိုတာ ဆက်လက်ဖော်ပြပါမည်။]

"ဖားအောက်တောရဆရာတော် "
Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

No comments:

Post a Comment