Choose Fonts Here

Saturday, September 28, 2019

သတိပဋ္ဌာန်ကိုနာ၍ကျင့်ပါ

••••••••••••••••••••••••••••••••••
န သန္တိ ပုတ္တာ တာဏာယ၊ န ပိတော နာပိ ဗန္ဓဝါ။
အန္တ ကေနာဓိပန္နဿ၊ နတ္ထိ ဉာတီသု တာဏတာ။

ဒီဂါထာလေးက ပဋာစာရီကို ဟောကြားတဲ့ ဂါထာလေးပါ။ ချစ်သမီး ပဋာစာရီ သားတွေသမီးတွေ ဆွေတွေ မျိုးတွေဆိုတာ တကယ့်အားထားရာ မဟုတ်ကြပါဘူး။ အယ်မတန်ယုတ်မာနေတဲ့ အရှင်သေမင်းရဲ့ ညှင်းပန်းနှိပ်စက်တဲ့ ဒဏ်ချက်တွေကို ခံနေရသူတို့အဖို့ ဆွေမျိုးတို့၌ ကိုးကွယ်မှီခိုရာ မရှိတော့ပါဘူးတဲ့။ ဒီဂါထာလေးကြားနာရပြီးတော့ ပဋာစာရီလည်း သောတာပန်တည်သွားပါတယ်။

နောက်တစ်ခု အားလုံးသိကြတဲ့ သန္တတိအမတ်ကြီး ကချည်သည်မလေး သူ့ရှေ့ ဗုန်းကနဲ သေသွားတော့ သောကပရိဒေဝတွေ လောင်မြိုက်နေတယ်။ ဘုရားရှင်၏ တရားတော်ဆုံးတော့ အရဟတ္တမဂ်ဖိုလ် တည်သွားပါတယ်။

ယသ္မာ ပန ကာယဝေဒနာစိတ္တဓမ္မေသု ကဉ္စိ ဓမ္မံ အနာမသိတွာ ဘာဝနာ နာမ နတ္ထိ, တသ္မာ တေပိ ဣမိနာဝ မဂ္ဂေန သောကပရိဒေဝေ သမတိက္ကန္တာတိ ဝေဒိတဗ္ဗာ။(မ၊ဋ္ဌ၊၁။၂၃၇)

ဒီနေရာမှာ ပြောချင်တာက ဂါထာလေးအဆုံးဆိုပေမယ့် သောတာပန်တည်သွားတာမဟုတ်ပါဘူးလို့ မူလပဏ္ဏာသအဋ္ဌကထာ ပထမတွဲ စာမျက်နှာ(၂၃၇)မှာ ဆိုထားပါတယ်။ ဘယ်လိုဆိုထားလဲ?။ သတိပဋ္ဌာန်နှင့် ကင်းပြီးတော့ (သို့မဟုတ်) ကာယဝေဒနာစိတ္တဓမ္မဟု ခေါ်ဆိုအပ်တဲ့ တရားတွေထဲက တစ်စုံတစ်ခုသောတရားတို့ကို လက္ခဏာရေးသုံးတန်တင်ပြီး ရှုပွါးမသုံးသပ်ဘဲနှင့် ဘာဝနာလုပ်ငန်းရပ်ဆိုတာမရှိကောင်းပါဘူး၊ ဒါကြောင့် ပဋာစာရီထေရီမ၊ သန္တတိအမတ်ကြီးတို့ဟာ ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ္ဂဟု ခေါ်ဆိုအပ်တဲ့ မဂ်၏ရှေ့အဖို့၌ ကျင့်ရမယ့် သတိပဋ္ဌာန်တရားတွေကို ကျင့်ပြီးမှသာ သောကပရိဒေဝတွေ ချုပ်ငြိမ်းပြီး မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိသွားပါတယ်။

ဒီအကြောင်းနှင့် ပါတ်သတ်လို့  မူလပဏ္ဏာသဋီကာ ပထမတွဲ စာမျက်နှာ(၃၃၃)မှာ ထပ်ပြီးအရေးကြီးတဲ့ အချက်လေးတွေကို ရှင်းထားပါတယ်။ ပဋာစာရီထေရီမက ဂါထာလေးနာလိုက်ရုံနှင့် သောတာပန်တည်ပုံကို -
“သောတာပတ္တိဖလေ ပတိဋ္ဌိတာတိ ယထာနုလောမံ ပဝတ္တိတာယ သာမုက္ကံသိကာယ ဓမ္မဒေသနာယ ပရိယောသာနေ သဟဿနယပဋိမဏ္ဍိတေ သောတာပတ္တိဖလေ ပတိဋ္ဌဟိ။”(မ၊ဋီ၊၁။၃၃၃)

ဒီနေရာမှာ  သာမုက္ကံသိကာယ ဓမ္မဒေသနာဆိုတာ သစ္စာလေးပါးနှင့် ဆက်စပ်တဲ့ တရားစကားကို ဟော်တော်မူပါသေးတယ်လို့ ဖွင့်ဆိုထားပါတယ်။ ဘုရားရှင်ရဲ့တရားတွေဟာ သစ္စာလေးပါးနှင့် လွတ်ကင်းတဲ့ တရားဆိုတာ မရှိစကောင်းပါဘူး။ ဒါကြောင့် သစ္စာလေးပါးနှင့်ဆက်တဲ့ တရားစကားတွေကို ဒီဂါထာလေး ဟောပြီးတဲ့ အချိန်မှာ ဆက်ပြီးဟောတော်မူပါတယ်။ ဟောလိုက်တော့ ဒီသစ္စာလေးပါးနှင့်ဆက်တဲ့ တရားစကားတွေ အဆုံးမှာ သောတာပန်တည်သွားပါတယ်လို့ ဋီကာဆရာကထပ်ပြီး ဖွင့်ဆိုထားပါတယ်။

ဒီတော့ ဂါထာလေးသက်သက်ကို ဟောလို့တော့ သောတာပန်တည်တာမဟုတ်ဘူး၊ ဂါထာလေးဟောလိုက်စဉ် သောကပရိဒေဝတွေ ငြိမ်းသွားပြီး၊ ငြိမ်းအေးပြီးမှ သစ္စာလေးပါးနဲ့ ဆက်စပ်တဲ့ တရားစကားကို နာလိုက်မှ သောတာပန်စတဲ့ အရိယာသူတော်ကောင်းတွေ ဖြစ်သွားကြပါတယ်ဆိုပြီး ပဋာစာရီထေရီမ၊ သန္တတိအမတ်ကြီးတို့ကို ပုံစံထားပြီးတော့ ထုတ်ပြထားပါတယ်။

ဒါကြောင့် တရားနာပရိသတ်တွေ အနေနဲ့ ဘုရားရှင်ဟာ ဂါထာလေးတစ်အပုဒ်လောက် ဟောလိုက်ရုံနဲ့ အရိယာပုဂ္ဂိုလ်တွေ ဖြစ်သွားသလား?၊ ဘာဆက်ဟောလဲ၊ သစ္စာလေးပါးနှင့်ဆက်တဲ့ သတိပဋ္ဌာန်တရားတွေကို ဆက်ဟောကြားလိုက်ပါမှ သောတာပန်စတဲ့ အရိယာပုဂ္ဂိုလ်တွေ ဖြစ်သွားကြပါတယ်။

"ဖားအောက်တောရဆရာတော် "
Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

Zawgyi

သတိပ႒ာန္ကိုနာ၍က်င့္ပါ

••••••••••••••••••••••••
န သႏၲိ ပုတၱာ တာဏာယ၊ န ပိေတာ နာပိ ဗႏၶဝါ။
အႏၲ ေကနာဓိပႏၷႆ၊ နတၳိ ဉာတီသု တာဏတာ။

ဒီဂါထာေလးက ပဋာစာရီကို ေဟာၾကားတဲ့ ဂါထာေလးပါ။ ခ်စ္သမီး ပဋာစာရီ သားေတြသမီးေတြ ေဆြေတြ မ်ိဳးေတြဆိုတာ တကယ့္အားထားရာ မဟုတ္ၾကပါဘူး။ အယ္မတန္ယုတ္မာေနတဲ့ အရွင္ေသမင္းရဲ့ ညႇင္းပန္းႏွိပ္စက္တဲ့ ဒဏ္ခ်က္ေတြကို ခံေနရသူတို႔အဖို႔ ေဆြမ်ိဳးတို႔၌ ကိုးကြယ္မွီခိုရာ မရွိေတာ့ပါဘူးတဲ့။ ဒီဂါထာေလးၾကားနာရၿပီးေတာ့ ပဋာစာရီလည္း ေသာတာပန္တည္သြားပါတယ္။

ေနာက္တစ္ခု အားလုံးသိၾကတဲ့ သႏၲတိအမတ္ႀကီး ကခ်ည္သည္မေလး သူ႔ေရွ႕ ဗုန္းကနဲ ေသသြားေတာ့ ေသာကပရိေဒဝေတြ ေလာင္ၿမိဳက္ေနတယ္။ ဘုရားရွင္၏ တရားေတာ္ဆုံးေတာ့ အရဟတၱမဂ္ဖိုလ္ တည္သြားပါတယ္။

ယသၼာ ပန ကာယေဝဒနာစိတၱဓေမၼသု ကဥၥိ ဓမၼံ အနာမသိတြာ ဘာဝနာ နာမ နတၳိ, တသၼာ ေတပိ ဣမိနာဝ မေဂၢန ေသာကပရိေဒေဝ သမတိကၠႏၲာတိ ေဝဒိတဗၺာ။(မ၊႒၊၁။၂၃၇)

ဒီေနရာမွာ ေျပာခ်င္တာက ဂါထာေလးအဆုံးဆိုေပမယ့္ ေသာတာပန္တည္သြားတာမဟုတ္ပါဘူးလို႔ မူလပဏၰာသအ႒ကထာ ပထမတြဲ စာမ်က္ႏွာ(၂၃၇)မွာ ဆိုထားပါတယ္။ ဘယ္လိုဆိုထားလဲ?။ သတိပ႒ာန္ႏွင့္ ကင္းၿပီးေတာ့ (သို႔မဟုတ္) ကာယေဝဒနာစိတၱဓမၼဟု ေခၚဆိုအပ္တဲ့ တရားေတြထဲက တစ္စုံတစ္ခုေသာတရားတို႔ကို လကၡဏာေရးသုံးတန္တင္ၿပီး ရွုပြါးမသုံးသပ္ဘဲႏွင့္ ဘာဝနာလုပ္ငန္းရပ္ဆိုတာမရွိေကာင္းပါဘူး၊ ဒါေၾကာင့္ ပဋာစာရီေထရီမ၊ သႏၲတိအမတ္ႀကီးတို႔ဟာ ပုဗၺဘာဂသတိပ႒ာနမဂၢဟု ေခၚဆိုအပ္တဲ့ မဂ္၏ေရွ႕အဖို႔၌ က်င့္ရမယ့္ သတိပ႒ာန္တရားေတြကို က်င့္ၿပီးမွသာ ေသာကပရိေဒဝေတြ ခ်ဳပ္ၿငိမ္းၿပီး မဂ္ဉာဏ္ဖိုလ္ဉာဏ္ကို ရရွိသြားပါတယ္။

ဒီအေၾကာင္းႏွင့္ ပါတ္သတ္လို႔  မူလပဏၰာသဋီကာ ပထမတြဲ စာမ်က္ႏွာ(၃၃၃)မွာ ထပ္ၿပီးအေရးႀကီးတဲ့ အခ်က္ေလးေတြကို ရွင္းထားပါတယ္။ ပဋာစာရီေထရီမက ဂါထာေလးနာလိုက္႐ုံႏွင့္ ေသာတာပန္တည္ပုံကို -
“ေသာတာပတၱိဖေလ ပတိ႒ိတာတိ ယထာႏုေလာမံ ပဝတၱိတာယ သာမုကၠံသိကာယ ဓမၼေဒသနာယ ပရိေယာသာေန သဟႆနယပဋိမ႑ိေတ ေသာတာပတၱိဖေလ ပတိ႒ဟိ။”(မ၊ဋီ၊၁။၃၃၃)

ဒီေနရာမွာ  သာမုကၠံသိကာယ ဓမၼေဒသနာဆိုတာ သစၥာေလးပါးႏွင့္ ဆက္စပ္တဲ့ တရားစကားကို ေဟာ္ေတာ္မူပါေသးတယ္လို႔ ဖြင့္ဆိုထားပါတယ္။ ဘုရားရွင္ရဲ့တရားေတြဟာ သစၥာေလးပါးႏွင့္ လြတ္ကင္းတဲ့ တရားဆိုတာ မရွိစေကာင္းပါဘူး။ ဒါေၾကာင့္ သစၥာေလးပါးႏွင့္ဆက္တဲ့ တရားစကားေတြကို ဒီဂါထာေလး ေဟာၿပီးတဲ့ အခ်ိန္မွာ ဆက္ၿပီးေဟာေတာ္မူပါတယ္။ ေဟာလိုက္ေတာ့ ဒီသစၥာေလးပါးႏွင့္ဆက္တဲ့ တရားစကားေတြ အဆုံးမွာ ေသာတာပန္တည္သြားပါတယ္လို႔ ဋီကာဆရာကထပ္ၿပီး ဖြင့္ဆိုထားပါတယ္။

ဒီေတာ့ ဂါထာေလးသက္သက္ကို ေဟာလို႔ေတာ့ ေသာတာပန္တည္တာမဟုတ္ဘူး၊ ဂါထာေလးေဟာလိုက္စဥ္ ေသာကပရိေဒဝေတြ ၿငိမ္းသြားၿပီး၊ ၿငိမ္းေအးၿပီးမွ သစၥာေလးပါးနဲ႔ ဆက္စပ္တဲ့ တရားစကားကို နာလိုက္မွ ေသာတာပန္စတဲ့ အရိယာသူေတာ္ေကာင္းေတြ ျဖစ္သြားၾကပါတယ္ဆိုၿပီး ပဋာစာရီေထရီမ၊ သႏၲတိအမတ္ႀကီးတို႔ကို ပုံစံထားၿပီးေတာ့ ထုတ္ျပထားပါတယ္။

ဒါေၾကာင့္ တရားနာပရိသတ္ေတြ အေနနဲ႔ ဘုရားရွင္ဟာ ဂါထာေလးတစ္အပုဒ္ေလာက္ ေဟာလိုက္႐ုံနဲ႔ အရိယာပုဂၢိဳလ္ေတြ ျဖစ္သြားသလား?၊ ဘာဆက္ေဟာလဲ၊ သစၥာေလးပါးႏွင့္ဆက္တဲ့ သတိပ႒ာန္တရားေတြကို ဆက္ေဟာၾကားလိုက္ပါမွ ေသာတာပန္စတဲ့ အရိယာပုဂၢိဳလ္ေတြ ျဖစ္သြားၾကပါတယ္။

"ဖားေအာက္ေတာရဆရာေတာ္ "
Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

No comments:

Post a Comment