Choose Fonts Here

Tuesday, September 17, 2019

သရဏဂုံ ညစ္ႏြမ္း ပ်က္စီးေၾကာင္း (အပိုင္း - ၁၄)
•••••••••••••••••••••••••••••••••••••••••••
ေလာကီသရဏဂုံပ်က္စီးျခင္းဟာ အျပစ္ရွိတဲ့ သရဏဂံုအပ်က္စီးျခင္းနဲ႔ အျပစ္မရွိတဲ့ သရဏဂံုပ်က္စီးျခင္းဆိုျပီး ႏွစ္မ်ဳိးရွိပါတယ္။ အျပစ္ရွိတဲ့ပ်က္စီးျခင္းကေတာ့ ရတနာသုံးပါးရဲ႕ အျပင္ဘက္မွာရွိေနတဲ့ ပုဂၢိဳလ္ေတြကို မိမိကိုယ္ကို အပ္ႏွင္းလွူဒါန္းျခင္း ကိုကြယ္မွီခိုရာအျဖစ္ အပ္ႏွင္းျခင္း အလြန္အမင္း ယုံၾကည္စြာရွိခိုးျခင္းတို႔ ျဖစ္ပါတယ္။
သရဏဂုံပ်က္စီးေၾကာင္း ေလးမ်ဳိးရွိတဲ့ထဲက -
၁။ ဘာသာေျပာင္းျခင္း၊
၂။ ဂိုဏ္းဆရာၾကီးမ်ားအားကိုးကြယ္ျခင္း၊
၃။ နတ္ကိုးကြယ္ျခင္း၊
၄။ ေဝဒက်မ္း ေဗဒင္စသည္ကို အလြန္အမင္း ယုံၾကည္ျခင္း ဆိုျပီးရွိပါတယ္။

ဒီလိုဆို သရဏဂုံပ်က္စီးရုံတင္မက မျပစ္ရွိတဲ့ ပ်က္စီးျခင္းျဖစ္တယ္တဲ့။ အျပစ္ရွိတဲ့ပ်က္စီးျခင္းဆိုတာ ပ်က္စီးရုံပ်က္စီးတာ ဘာမွမျဖစ္ပါဘူး၊ သရဏဂံုပ်က္စီးျခင္းေၾကာင့္ ရရွိမယ့္အက်ဳိးတရားသည္ အနိစၥဖလ အလိုမရွိအပ္တဲ့ အက်ဳိးတရားေတြပဲရမယ္တဲ့။ နာမည္ေက်ာ္ျဖစ္တဲ့ အရွင္ေဒဝဒတ္တို႔ၾကည့္ေပါ့ သရဏဂံု ပ်က္စီးသြားေတာ့ ရရွိတဲ့ အက်ဳိးတရားေတြက မလိုမရိွအပ္အျပစ္ရွိတဲ့ အက်ဳိးေတြကိုသာ ရရွိသြားတယ္။

ဒါေၾကာင့္ ဒါကိုပဲ သရဏဂံုပ်က္စီးျပီး မေကာင္းတဲ့ အလိုမရွိအပ္တဲ့ အက်ဳိးတရားေတြကိုသာ ရရွိေစတတ္တဲ့အတြက္ အျပစ္ရွိတဲ့ သရဏဂံုပ်က္စီးျခင္းလို႔ ေခၚပါတယ္။ အျပစ္မရွိတဲ့ သရဏဂံုပ်က္စီးျခင္းဆိုတာကေတာ့ ေသလြန္သြားရင္ ေဆာက္တည္ထားတဲ့ ေလာကီသရဏဂံုက အလိုလိုပ်က္စီးသြားပါတယ္။ ေသလို႔ပ်က္စီးတဲ့ သရဏဂံုက်ေတာ့ ေသလို႔ပ်က္စီးတာျဖစ္ျခင္းေၾကာင့္ အက်ဳိးေပးတတ္တဲ့သေဘာမရိွေလေတာ့ မလိုလားအပ္တဲ့ အက်ဳိးေတြ မေပးပါဘူး။ ဒါေသရင္ သရဏဂံုက အလိုလိုပ်က္တယ္။

ဒီေတာ့ အခုကာလ ဗုဒၶဘာသာဝင္တစ္ဦးေသရင္ သုႆာန္မွာ ဘုန္းၾကီးေတြပင့္ျပီး ဘာလုပ္ၾကလဲ? ။ သရဏဂံုတင္တယ္တဲ့၊ ဘာျဖစ္လို႔တင္တယ္ဆိုျပီး ဆန္းစစ္ၾကည့္ေတာ့ ေသရင္ သရဏဂံုပ်က္တယ္ ပ်က္ေတာ့ တင္တယ္ဆိုၾကတယ္။ ဒီေတာ့ အဲ့ဒီေသတဲ့သူက သရဏဂံုထျပီး ယူတာလား?၊ ယူႏိုင္တ့ဲစြမ္းအားရွိလား?၊ မရိွဘူး။ မရွိတာကို ဘုန္းၾကီးကလည္းေပးရတယ္။ ဒီေနရာမွာ အယူအဆေလးေတြက တည့္ေအာင္ယူရင္ ျဖစ္ႏိုင္တဲ့ အေၾကာင္းေလးေတြ ရွိတယ္။ ေသသူကို အေၾကာင္းျပဳျပီး ရွင္ေနသူေတြက သရဏဂံု သီလ ေဆာက္တည္ၾကတယ္ဆိုရင္ေတာ့ အဓိပၸါယ္ရွိပါတယ္။ ေသေနတဲ့ ေလာင္းေကာင္ၾကီးကို သရဏဂံုတင္ေနျပီဆို အဓိပၸါယ္ရွိအုံးမလား?၊ မရိွေတာ့ဘူး ဒါေတာ့ သတိထားၾကပါ။

ကဲ… ေလာကုတၱရာ သရဏဂံုက်ေတာ့ လုံးလုံးပ်က္စီးမွုမရွိပါဘူး။ ဘာဆိုလိုလည္းဆိုရင္ အရိယာသူေတာ္ေကာင္းျဖစ္သြားတာကို ေလာကုတၱရာသရဏဂံုတည္ျမဲျပီးလို႔ ဆိုလိုပါတယ္။ ဒီေတာ့ ရဟႏၲာကိုဖယ္ျပီးေတာ့ေပါ့ေနာ္ ဘဝတစ္ပါးကို ေျပာင္းသြားတဲ့ အရိယာသူေတာ္ေကာင္းက ရတနာသုံးပါးရဲ႕အျပင္ဘက္မွာ ရွိေနတဲ့ ဆရာေတြကို ကိုကြယ္ဆည္းကပ္မွုလုံးလုံးမရွိေတာ့ဘူးတဲ့။

ဒီဘဝကိုထားဦးေတာ့ ေနာက္ဘဝေရာက္သြားတာေတာင္ ဒီပုဂၢိဳလ္သည္ ခရစ္ယာန္အျဖစ္ မြတ္ဆလင္အျဖစ္ေျပာင္းသြားရိုး ဓမၼတာမရိွဘူးတဲ့။ အထက္ဆရာၾကီးေတြ နတ္ေတြေကာ ကိုးကြယ္ေတာ့မလား?၊ မကိုးကြယ္ေတာ့ဘူး။ ဒီေတာ့ ပုဂၢိဳလ္တစ္ဦးဦးက မိမိကိုယ္ကိုကုိယ္ အရိယာသူေတာ္ေကာင္း ဟုတ္၏ မဟုတ္၏ကို မိမိကိုယ္ကိုကိုယ္မိမိ ျပန္ျပီးေတာ့ မွတ္ေက်ာက္တင္ၾကည္ပါ။ အရိယာလို႔ အမည္ခံေတြကို (သို႔မဟုတ္) မိမိကိုယ္ကိုကိုယ္အရိယာလို႔ ခံယူထားျပီဆိုရင္ ေဘးကေနပါ အကဲခတ္ၾကည့္ႏိုင္ပါတယ္။ သူသည္ ရတနာသုံးပါးရဲ႕ အျပင္ဘက္မွာ ရွိေနတဲ့ ပုဂၢိဳလ္ေတြကို ကိုးကြယ္မွီခိုရာအျဖစ္နဲ႔ အလြန္အမင္းဆည္းကပ္ေနျပီလားလို႔ အရိယာသူေတာ္ေကာင္းသာမွန္ပါေစ ဘဝတစ္ပါးသုိ႔ေရာက္သြားေသာ္မွ ဘုရားရွင္မွတစ္ပါးအျခားျခားေသာဆရာေတြကို ရည္ညႊန္းျပီး ကိုးကြယ္ဆည္းကပ္မွု မရွိေတာ့ဘူးတဲ့။ ဒါက မွတ္ေက်ာက္တစ္ခုေပါ့ေနာ္။

ဒါက သရဏဂံုညစ္ႏြမ္းမွုႏွင့္ သရဏဂံုပ်က္စီးမွဳ အေၾကာင္းပါပဲ။ အစဥ္အတိုင္းေဟာလာခဲ့တာ သရဏဂံုအေၾကာင္း(၇)မ်ဳိးရွိတယ္။ ျပန္ေျပာမယ္ဆို-
(၁) သရ ဆိုတာဘာလဲ၊
(၂) သရဏဂံုဆိုတာ ဘာလဲ၊
(၃) သရဏဂံုတည္သူဆိုတာ ဘာလဲ၊
(၄) သရဏဂံု အမ်ိဳအစားဘယ္ေလာက္ရွိလဲ၊
(၅) သရဏဂံုရဲ႕ အက်ဳိးတရား(ေလာကီ ေလာကုတၱရာသရဏဂံုအက်ဳိးတရား)
(၆) သရဏဂံုညစ္ႏြမ္းေၾကာင္း၊
(၇) သရဏဂံုပ်က္စီးျခင္း ဆိုျပီး ေဟာခဲ့ပါတယ္။

သရဏဂုံ ညစ္ႏြမ္း ပ်က္စီးေၾကာင္းကို ဒီေနရာမွာပဲ အဆုံးပါတယ္။ အဆုံးသတ္ျပီးေတာ့ သရဏဂံုႏွင့္ ဆက္စပ္ျပီးေတာ့ ဒီေနရာမွာ ဥပသကာအေၾကာင္းကိုလည္း ဆက္ျပီးေတာ့ ဘုရားရွင္ကေဟာထားပါေသးတယ္။

"ဖားေအာက္ေတာရဆရာေတာ္ "
Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

Unicode
သရဏဂုံ ညစ်နွမ်း ပျက်စီးကြောင်း (အပိုင်း - ၁၄)
•••••••••••••••••••••••••••••••••••••••••••
လောကီသရဏဂုံပျက်စီးခြင်းဟာ အပြစ်ရှိတဲ့ သရဏဂုံအပျက်စီးခြင်းနဲ့ အပြစ်မရှိတဲ့ သရဏဂုံပျက်စီးခြင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ အပြစ်ရှိတဲ့ပျက်စီးခြင်းကတော့ ရတနာသုံးပါးရဲ့ အပြင်ဘက်မှာရှိနေတဲ့ ပုဂ္ဂိုလ်တွေကို မိမိကိုယ်ကို အပ်နှင်းလှူဒါန်းခြင်း ကိုကွယ်မှီခိုရာအဖြစ် အပ်နှင်းခြင်း အလွန်အမင်း ယုံကြည်စွာရှိခိုးခြင်းတို့ ဖြစ်ပါတယ်။
သရဏဂုံပျက်စီးကြောင်း လေးမျိုးရှိတဲ့ထဲက -
၁။ ဘာသာပြောင်းခြင်း၊
၂။ ဂိုဏ်းဆရာကြီးများအားကိုးကွယ်ခြင်း၊
၃။ နတ်ကိုးကွယ်ခြင်း၊
၄။ ဝေဒကျမ်း ဗေဒင်စသည်ကို အလွန်အမင်း ယုံကြည်ခြင်း ဆိုပြီးရှိပါတယ်။

ဒီလိုဆို သရဏဂုံပျက်စီးရုံတင်မက မပြစ်ရှိတဲ့ ပျက်စီးခြင်းဖြစ်တယ်တဲ့။ အပြစ်ရှိတဲ့ပျက်စီးခြင်းဆိုတာ ပျက်စီးရုံပျက်စီးတာ ဘာမှမဖြစ်ပါဘူး၊ သရဏဂုံပျက်စီးခြင်းကြောင့် ရရှိမယ့်အကျိုးတရားသည် အနိစ္စဖလ အလိုမရှိအပ်တဲ့ အကျိုးတရားတွေပဲရမယ်တဲ့။ နာမည်ကျော်ဖြစ်တဲ့ အရှင်ဒေဝဒတ်တို့ကြည့်ပေါ့ သရဏဂုံ ပျက်စီးသွားတော့ ရရှိတဲ့ အကျိုးတရားတွေက မလိုမရှိအပ်အပြစ်ရှိတဲ့ အကျိုးတွေကိုသာ ရရှိသွားတယ်။

ဒါကြောင့် ဒါကိုပဲ သရဏဂုံပျက်စီးပြီး မကောင်းတဲ့ အလိုမရှိအပ်တဲ့ အကျိုးတရားတွေကိုသာ ရရှိစေတတ်တဲ့အတွက် အပြစ်ရှိတဲ့ သရဏဂုံပျက်စီးခြင်းလို့ ခေါ်ပါတယ်။ အပြစ်မရှိတဲ့ သရဏဂုံပျက်စီးခြင်းဆိုတာကတော့ သေလွန်သွားရင် ဆောက်တည်ထားတဲ့ လောကီသရဏဂုံက အလိုလိုပျက်စီးသွားပါတယ်။ သေလို့ပျက်စီးတဲ့ သရဏဂုံကျတော့ သေလို့ပျက်စီးတာဖြစ်ခြင်းကြောင့် အကျိုးပေးတတ်တဲ့သဘောမရှိလေတော့ မလိုလားအပ်တဲ့ အကျိုးတွေ မပေးပါဘူး။ ဒါသေရင် သရဏဂုံက အလိုလိုပျက်တယ်။

ဒီတော့ အခုကာလ ဗုဒ္ဓဘာသာဝင်တစ်ဦးသေရင် သုဿာန်မှာ ဘုန်းကြီးတွေပင့်ပြီး ဘာလုပ်ကြလဲ? ။ သရဏဂုံတင်တယ်တဲ့၊ ဘာဖြစ်လို့တင်တယ်ဆိုပြီး ဆန်းစစ်ကြည့်တော့ သေရင် သရဏဂုံပျက်တယ် ပျက်တော့ တင်တယ်ဆိုကြတယ်။ ဒီတော့ အဲ့ဒီသေတဲ့သူက သရဏဂုံထပြီး ယူတာလား?၊ ယူနိုင်တဲ့စွမ်းအားရှိလား?၊ မရှိဘူး။ မရှိတာကို ဘုန်းကြီးကလည်းပေးရတယ်။ ဒီနေရာမှာ အယူအဆလေးတွေက တည့်အောင်ယူရင် ဖြစ်နိုင်တဲ့ အကြောင်းလေးတွေ ရှိတယ်။ သေသူကို အကြောင်းပြုပြီး ရှင်နေသူတွေက သရဏဂုံ သီလ ဆောက်တည်ကြတယ်ဆိုရင်တော့ အဓိပ္ပါယ်ရှိပါတယ်။ သေနေတဲ့ လောင်းကောင်ကြီးကို သရဏဂုံတင်နေပြီဆို အဓိပ္ပါယ်ရှိအုံးမလား?၊ မရှိတော့ဘူး ဒါတော့ သတိထားကြပါ။

ကဲ… လောကုတ္တရာ သရဏဂုံကျတော့ လုံးလုံးပျက်စီးမှုမရှိပါဘူး။ ဘာဆိုလိုလည်းဆိုရင် အရိယာသူတော်ကောင်းဖြစ်သွားတာကို လောကုတ္တရာသရဏဂုံတည်မြဲပြီးလို့ ဆိုလိုပါတယ်။ ဒီတော့ ရဟန္တာကိုဖယ်ပြီးတော့ပေါ့နော် ဘဝတစ်ပါးကို ပြောင်းသွားတဲ့ အရိယာသူတော်ကောင်းက ရတနာသုံးပါးရဲ့အပြင်ဘက်မှာ ရှိနေတဲ့ ဆရာတွေကို ကိုကွယ်ဆည်းကပ်မှုလုံးလုံးမရှိတော့ဘူးတဲ့။

ဒီဘဝကိုထားဦးတော့ နောက်ဘဝရောက်သွားတာတောင် ဒီပုဂ္ဂိုလ်သည် ခရစ်ယာန်အဖြစ် မွတ်ဆလင်အဖြစ်ပြောင်းသွားရိုး ဓမ္မတာမရှိဘူးတဲ့။ အထက်ဆရာကြီးတွေ နတ်တွေကော ကိုးကွယ်တော့မလား?၊ မကိုးကွယ်တော့ဘူး။ ဒီတော့ ပုဂ္ဂိုလ်တစ်ဦးဦးက မိမိကိုယ်ကိုကိုယ် အရိယာသူတော်ကောင်း ဟုတ်၏ မဟုတ်၏ကို မိမိကိုယ်ကိုကိုယ်မိမိ ပြန်ပြီးတော့ မှတ်ကျောက်တင်ကြည်ပါ။ အရိယာလို့ အမည်ခံတွေကို (သို့မဟုတ်) မိမိကိုယ်ကိုကိုယ်အရိယာလို့ ခံယူထားပြီဆိုရင် ဘေးကနေပါ အကဲခတ်ကြည့်နိုင်ပါတယ်။ သူသည် ရတနာသုံးပါးရဲ့ အပြင်ဘက်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေကို ကိုးကွယ်မှီခိုရာအဖြစ်နဲ့ အလွန်အမင်းဆည်းကပ်နေပြီလားလို့ အရိယာသူတော်ကောင်းသာမှန်ပါစေ ဘဝတစ်ပါးသို့ရောက်သွားသော်မှ ဘုရားရှင်မှတစ်ပါးအခြားခြားသောဆရာတွေကို ရည်ညွှန်းပြီး ကိုးကွယ်ဆည်းကပ်မှု မရှိတော့ဘူးတဲ့။ ဒါက မှတ်ကျောက်တစ်ခုပေါ့နော်။

ဒါက သရဏဂုံညစ်နွမ်းမှုနှင့် သရဏဂုံပျက်စီးမှု အကြောင်းပါပဲ။ အစဉ်အတိုင်းဟောလာခဲ့တာ သရဏဂုံအကြောင်း(၇)မျိုးရှိတယ်။ ပြန်ပြောမယ်ဆို-
(၁) သရ ဆိုတာဘာလဲ၊
(၂) သရဏဂုံဆိုတာ ဘာလဲ၊
(၃) သရဏဂုံတည်သူဆိုတာ ဘာလဲ၊
(၄) သရဏဂုံ အမျိုအစားဘယ်လောက်ရှိလဲ၊
(၅) သရဏဂုံရဲ့ အကျိုးတရား(လောကီ လောကုတ္တရာသရဏဂုံအကျိုးတရား)
(၆) သရဏဂုံညစ်နွမ်းကြောင်း၊
(၇) သရဏဂုံပျက်စီးခြင်း ဆိုပြီး ဟောခဲ့ပါတယ်။

သရဏဂုံ ညစ်နွမ်း ပျက်စီးကြောင်းကို ဒီနေရာမှာပဲ အဆုံးပါတယ်။ အဆုံးသတ်ပြီးတော့ သရဏဂုံနှင့် ဆက်စပ်ပြီးတော့ ဒီနေရာမှာ ဥပသကာအကြောင်းကိုလည်း ဆက်ပြီးတော့ ဘုရားရှင်ကဟောထားပါသေးတယ်။

"ဖားအောက်တောရဆရာတော် "
Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

No comments:

Post a Comment