Choose Fonts Here

Tuesday, September 17, 2019

သရဏဂုံ ညစ္ႏြမ္း ပ်က္စီးေၾကာင္း (အပိုင္း - ၁၃)
•••••••••••••••••••••••••••••••••••••••••••
အ႒ကထာက အကန္းအစဥ္တန္းေနပုံကို သက္ေသေလးနဲ႔ ဥပမာထုတ္ျပထားတယ္။
ငမူးသမားတစ္ေယာက္ရွိတယ္၊ ေသရည္ေသာက္သူဆိုတာလုပ္ခ်င္တာလုပ္တယ္ေနာ္၊ ဒီေတာ့ ဒီငမူးက မ်က္ကန္းေတြစုေဝးေနတာကိုျမင္ၿပီး သူကေျပာတယ္ ဒီအမည္ရွိတ့ဲရြာမွာ ခဲဖြယ္ေဘာဇဥ္တို႔ ရလြယ္တယ္ ဆိုၿပီး တိုက္တြန္းလိုက္တယ္၊ ဒီအခါအကန္းေတြက ဒီလိုဆ္ိုဒီရြာကိုပို႔ေပးပါ အဖိုးအခလက္ေဆာင္တို႔ကို ေပးပါ့မယ္လို႔ ျပန္ေျပာၾကတယ္။

ဒီအခါ ငမူးက လက္ေဆာင္ေတြကို အကန္းေတြစီကယူၿပီး ေခၚသြားပါတယ္၊ ေတာလမ္းခရီးေရာက္ေတာ့ ခ်ဳံပုတ္ႀကီးတစ္ခုနားမွာ အကန္းေတြကို လက္က တစ္ေယာက္ခါးေတာင္းႀကိဳက္ကို တစ္ေယာက္ကိုင္ေစၿပီး ငါကိစၥေလးတစ္ခုရွိလို႔ ခဏသြားဦးမယ္ဆိုၿပီး အ့ဲဒီေနရာမွာ အကန္းေတြကိုအကုန္ပစ္ထားခ့ဲပါတယ္။ ထိုအခါမွာ မ်က္စိကလည္းမျမင္ လမ္းကလည္းမသိေလေတာ့ ဒီအကန္းေတြဟာ ငိုေႂကြးကာေနၿပီး မၾကာခင္ အစာေရစာျပတ္ကာ ေသဆုံးၾကေလတယ္။

အ့ဲဒါကိုရည္ရြယ္ၿပီးဘုရားရွင္က တစ္ေယာက္ခါးေတာင္းႀကိဳက္ကို တစ္ေယာက္ကကိုင္၍လမ္းေပ်ာက္ေနေသာ အကန္းေတြကို ေဟာထားတာပါ။ အေရွ႕ကလူကလည္း မျမင္ဘူး၊ အလယ္ကလူကလည္း မျမင္ဘူး၊ ေနာက္ဆုံးလူကလည္း မျမင္ဘူး။ မျမင္တ့ဲအတြက္အကန္းေတြ တစ္တန္းႀကီးဟာ လမ္းမွန္လည္းမသိ လမ္းမွန္ျပေပးမယ့္ မ်က္စိျမင္သူလည္း မရရွိတ့ဲအတြက္ အ့ဲဒီေနရာမွာပဲ ေသေၾကပ်က္စီးေတာ့ သြားရပါတယ္။

ဒါေၾကာင့္ ေဝဒက်မ္းစတ့ဲ ေဗဒင္ မႏၲာန္အယူဝါဒဟာလည္း ဒီပုံစံအတ္ိုင္းပါပဲ။ ေဝဒက်မ္းကို စၿပီးတီထြင့္ခ့ဲတ့ဲ ရေသ့ႀကီးေတြကိုယ္က သူတို႔ကိုယ္တိုင္ သိပါတယ္ ျမင္ပါတယ္ဆိုၿပီး ဝန္ခံထားတာမဟုတ္ဘူး။ အလယ္မွာရွိတ့ဲ အစဥ္အဆက္သင္ၾကားပို႔ခ်လာတ့ဲ ဆရာေတြကလည္း ေဝဒက်မ္းကို သူတို႔ကိုယ္တိုင္ သိပါတယ္ ျမင္ပါတယ္လို႔ ဝန္ခံထားတာမဟုတ္ဘူး၊ ေနာက္ဆုံး ယေန႔ေခတ္ ျဗဟမဏေတြကလည္း ဒီေဝဒက်မ္းမႏၲာန္ေတြကို သူတို႔ကိုယ္တိုင္ သိပါတယ္ ျမင္ပါတယ္ဆိုၿပီး ဝန္ခံႏိုင္တ့ဲ အဆင့္ရွိလား? မရွိခ့ဲဘူး။ အေရွ႕ကရေသ့ေတြကလည္း မျမင္ဘူး၊ အလယ္ကဆရာေတြကလည္း မျမင္ဘူး၊ ေနာက္ဆုံးျဖစ္တ့ဲယခုပုဂၢိဳလ္ေတြလည္း မျမင္ဘူး။ မျမင္တ့ဲအတြက္အကန္းေတြ တစ္တန္းတည္းတန္းထားတာနဲ႔ တူေနၿပီတ့ဲ။

ဒ္ီေတာ့ သူကန္းေတြတစ္တန္းႀကီးတန္းထားတ့ဲ ေဝဒက်မ္းအဆိုေတြကို ယုံၾကည္ကိုးကြယ္ေနမယ္ဆိုရင္ မျပဳသင့္သာေတြကိုျပဳခ့ဲမယ္ဆိုရင္ သာသနာေတာ္မွာ အလြန္တန္ဖိုးရွိတ့ဲ သရဏဂုံပ်က္စီးသြားႏိုင္ပါတယ္။

သရဏဂုံပ်က္ပုံနက္ပတ္သတ္လို႔ ပုံစံေလးတစ္ခုျပပါဆို ဒကာႀကီးတစ္ဦးရွိပါတယ္၊ သူကေလွ်ာက္ထားဖူးပါတယ္၊ သူတို႔အလြန္ယုံၾကည္ေနတ့ဲ ေဗဒင္ဆရာတစ္ဦးရွိပါတယ္။ ဒီေဗဒင္ဆရာကို သူေဌးကခ်ဥ္းကပ္တာ ႏွစ္ေပါင္းလေပါင္းၾကာလာေတာ့ ယုံၾကည္လာပါတယ္။ သူ႔အေပၚမွာ ယုံၾကည္ခ်က္ေတြရွိၿပီဆိုတာ ဒီေဗဒင္ဆရာကသိလိုက္တ့ဲအခ်ိန္အခါမွာေတာ့ တစ္ေန႔သူကဘာေဟာသလဲဆို " ခင္ဗ်ားတို႔အိမ္မွာေရႊဆင္းတုေတာ္တစ္ဆူရွိေနတယ္၊ ဒီဆင္းတုေျကာင့္စီးပြားေတြ ခိုက္ေနတာ ဒီေတာ့ဒီဆင္းတုကိုေရေမ်ာရမယ္"လို႔ ေျပာပါတယ္။

ဒီဆင္းတုေတာ္ဟာ မိဘဘိုးဘြားလက္ထက္ထဲက ကိုးကြယ္လာတ့ဲ ေရႊသားအစစ္နဲ႔ထုထားတ့ဲ တစ္ဆယ္သားခန္႔ေလာက္ရွိတ့ဲ ဆင္းတုေတာ္ပါ။ ဒီေတာ့ဒကာႀကီးကလည္း သူေျပာတာကို ယုံၿပီး သူ႔ကိုပဲေရေမ်ာခိုင္းလိုက္ပါတယ္။ ဒီအခါမွာ ဒီေဗဒင္ဆရာကဘာလုပ္သလဲ?၊ ေရေမ်ာမယ္ဆိုၿပီး သူ႔အိမ္ယူသြားၿပီး ေရႊေတြကို သူ႔မိန္းမကိုေျခခ်င္း လုပ္ေပးလိုက္တယ္တ့ဲ။ ကဲၾကည့္အ့ဲဒါပဲ။

ေနာက္တစ္ခုက ယေန႔ေခတ္ေဗဒင္ဆရာေတြေဟာေနၾကတယ္၊ ေမြးေန႔သကၠရာဇ္ကိုတည္ ဘာနဲ႔စားရင္ ဘာျဖစ္မယ္ေပါ့၊ ဘယ္ၿဂိဳလ္တိုင္ကိုသြား ဘယ္နံေဒါင့္ကဘုရားမွာ ပန္းသက္ေစ့လွဴ ေရသက္ေစ့လွဴစသည္ေပါ့ေလ ေဟာၾကတယ္။ စဥ္းစားၾကည့္စမ္း ဒီေဝဒက်မ္းရဲ႕ အဆိုအမိန္႔ေတြက ဘုရားမပြင့္ ႏွစ္အေတာ္ခပ္ၾကာၾကာထဲက ေပါေပါက္လာတာျဖစ္ေလေတာ့၊ ဘယ္ဘုရားက ဘယ္နံေဒါင့္ ဘယ္ၿဂိဳလ္တိုင္တ့ဲ။ ဘာလုပ္ခိုင္းျပန္လဲ? အ့ဲဒီနံေဒါင့္ကဆင္းတုေတာ္ကို ေရသက္ေစ့တ့ဲ၊ အရင္တုန္းကေတာ့ေရႊတိဂုံဘုရားမွာ ေရထမ္းၿပီးေလာင္းရတယ္။ ဒီေရထမ္းေပးတ့ဲသူကလည္း အာေပါင္အာရင္းသန္သန္နဲ႔ေပါ့ေလ ဆုေတာင္းေပး၊ ေရသပၸါယ္တ့ဲသူကလည္း ေနပူထဲသီတင္းသုံးေနတ့ဲ ဘုရားဆင္းတုေတာ္ကို ေလာင္းေတာ့တာပဲ၊ တစ္ေယာက္လာလိုက္ေရသက္ေစ့၊ ေနာက္တစ္ေယာက္လာလည္းေရသက္ေစ့ ဒီလိုနဲ႔ တစ္ေနကုန္ေနပူထဲေရအေလာင္းခံရတယ္။ စဥ္းစားၾကည့္စမ္း ကိုယ့္အိမ္ကအဖိုးႀကီးကို ဒီလိုေနပူထဲထိုင္ခိုင္းၿပီးေရေလာင္းၾကည့္ပါလား၊ ကိုယ့္အိမ္ကအဖြားႀကီးကို ေနပူထဲထိုင္ခိုင္းၿပီးေရေလာင္းၾကည့္၊ မိမိတို႔ဘက္က သက္ေတာ္ထင္ရွားဘုရားရွင္ကို ပူေဇာ္ေနတယ္လို႔ေခၚႏိုင္ပါ့မလား၊ ဒီေဗဒင္ဆရာေတြေဟာလို႔ မိမ္ိအတြက္ဆႏၵတစ္ခုတည္းနဲ႔ ဘုရားရွင္ကို သက္ေတာ္ထင္ရွားဘုရားအေနနဲ႔ေကာ ရ္ိုေသမႈရွိေသးလား...။

ဒါေၾကာင့္ေဗဒင္ကို တရားလြန္ယုံၾကည္ေနခ့ဲမယ္ဆိုရင္ ယုံၾကည္သူေတြမွာ ထိခိုက္နစ္နာမႈေတြမရွိႏိုင္ဘူးလား?၊ ရွိႏိုင္ပါတယ္။ ဘုရားဆင္းတုေတာ္ေတြ ေစတီေတြကိုလည္း မဖ်က္ဆီးသင့္ပါဘူး အျပစ္လည္းႀကီးပါတယ္။ ဒီမွာ နံပါတ္(၄) ျဖစ္တ့ဲ ေဝဒက်မ္း ေဗဒင္စသည္ကို အလြန္အမင္း ယုံၾကည္ျခင္း ဆိုတ့ဲ အပိုင္းကို ဒီမွာအဆုံးသတ္ပါတယ္။

ဒီဟာေတြက အျပစ္ရွိတ့ဲ ေလာကီသရဏဂုံပ်က္စီးျခင္းေတြပါ။ အျပစ္မရွိတ့ဲ ေလာကီသရဏဂုံပ်က္စီးျခင္းေတြလည္းဘုရားရွင္က ထပ္ေဟာပါတယ္...။

[ရတနာသုံးပါးကို ကိုးကြယ္ဆည္းကပ္လို႔ ရရွိမည့္ အက်ဳိးေက်းဇူးႏွင့္ သရဏဂံု ဘာေၾကာင့္ ညိႇဳးႏြမ္းပ်က္စီးရပါသလဲ ဆိုတာ ဆက္လက္ေဖာ္ျပပါမည္။]

"ဖားေအာက္ေတာရဆရာေတာ္ "
Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

Unicode
သရဏဂုံ ညစ်နွမ်း ပျက်စီးကြောင်း (အပိုင်း - ၁၃)
•••••••••••••••••••••••••••••••••••••••••••
အဋ္ဌကထာက အကန်းအစဉ်တန်းနေပုံကို သက်သေလေးနဲ့ ဥပမာထုတ်ပြထားတယ်။
ငမူးသမားတစ်ယောက်ရှိတယ်၊ သေရည်သောက်သူဆိုတာလုပ်ချင်တာလုပ်တယ်နော်၊ ဒီတော့ ဒီငမူးက မျက်ကန်းတွေစုဝေးနေတာကိုမြင်ပြီး သူကပြောတယ် ဒီအမည်ရှိတဲ့ရွာမှာ ခဲဖွယ်ဘောဇဉ်တို့ ရလွယ်တယ် ဆိုပြီး တိုက်တွန်းလိုက်တယ်၊ ဒီအခါအကန်းတွေက ဒီလိုဆ်ိုဒီရွာကိုပို့ပေးပါ အဖိုးအခလက်ဆောင်တို့ကို ပေးပါ့မယ်လို့ ပြန်ပြောကြတယ်။

ဒီအခါ ငမူးက လက်ဆောင်တွေကို အကန်းတွေစီကယူပြီး ခေါ်သွားပါတယ်၊ တောလမ်းခရီးရောက်တော့ ချုံပုတ်ကြီးတစ်ခုနားမှာ အကန်းတွေကို လက်က တစ်ယောက်ခါးတောင်းကြိုက်ကို တစ်ယောက်ကိုင်စေပြီး ငါကိစ္စလေးတစ်ခုရှိလို့ ခဏသွားဦးမယ်ဆိုပြီး အဲ့ဒီနေရာမှာ အကန်းတွေကိုအကုန်ပစ်ထားခဲ့ပါတယ်။ ထိုအခါမှာ မျက်စိကလည်းမမြင် လမ်းကလည်းမသိလေတော့ ဒီအကန်းတွေဟာ ငိုကြွေးကာနေပြီး မကြာခင် အစာရေစာပြတ်ကာ သေဆုံးကြလေတယ်။

အဲ့ဒါကိုရည်ရွယ်ပြီးဘုရားရှင်က တစ်ယောက်ခါးတောင်းကြိုက်ကို တစ်ယောက်ကကိုင်၍လမ်းပျောက်နေသော အကန်းတွေကို ဟောထားတာပါ။ အရှေ့ကလူကလည်း မမြင်ဘူး၊ အလယ်ကလူကလည်း မမြင်ဘူး၊ နောက်ဆုံးလူကလည်း မမြင်ဘူး။ မမြင်တဲ့အတွက်အကန်းတွေ တစ်တန်းကြီးဟာ လမ်းမှန်လည်းမသိ လမ်းမှန်ပြပေးမယ့် မျက်စိမြင်သူလည်း မရရှိတဲ့အတွက် အဲ့ဒီနေရာမှာပဲ သေကြေပျက်စီးတော့ သွားရပါတယ်။

ဒါကြောင့် ဝေဒကျမ်းစတဲ့ ဗေဒင် မန္တာန်အယူဝါဒဟာလည်း ဒီပုံစံအတ်ိုင်းပါပဲ။ ဝေဒကျမ်းကို စပြီးတီထွင့်ခဲ့တဲ့ ရသေ့ကြီးတွေကိုယ်က သူတို့ကိုယ်တိုင် သိပါတယ် မြင်ပါတယ်ဆိုပြီး ဝန်ခံထားတာမဟုတ်ဘူး။ အလယ်မှာရှိတဲ့ အစဉ်အဆက်သင်ကြားပို့ချလာတဲ့ ဆရာတွေကလည်း ဝေဒကျမ်းကို သူတို့ကိုယ်တိုင် သိပါတယ် မြင်ပါတယ်လို့ ဝန်ခံထားတာမဟုတ်ဘူး၊ နောက်ဆုံး ယနေ့ခေတ် ဗြဟမဏတွေကလည်း ဒီဝေဒကျမ်းမန္တာန်တွေကို သူတို့ကိုယ်တိုင် သိပါတယ် မြင်ပါတယ်ဆိုပြီး ဝန်ခံနိုင်တဲ့ အဆင့်ရှိလား? မရှိခဲ့ဘူး။ အရှေ့ကရသေ့တွေကလည်း မမြင်ဘူး၊ အလယ်ကဆရာတွေကလည်း မမြင်ဘူး၊ နောက်ဆုံးဖြစ်တဲ့ယခုပုဂ္ဂိုလ်တွေလည်း မမြင်ဘူး။ မမြင်တဲ့အတွက်အကန်းတွေ တစ်တန်းတည်းတန်းထားတာနဲ့ တူနေပြီတဲ့။

ဒ်ီတော့ သူကန်းတွေတစ်တန်းကြီးတန်းထားတဲ့ ဝေဒကျမ်းအဆိုတွေကို ယုံကြည်ကိုးကွယ်နေမယ်ဆိုရင် မပြုသင့်သာတွေကိုပြုခဲ့မယ်ဆိုရင် သာသနာတော်မှာ အလွန်တန်ဖိုးရှိတဲ့ သရဏဂုံပျက်စီးသွားနိုင်ပါတယ်။

သရဏဂုံပျက်ပုံနက်ပတ်သတ်လို့ ပုံစံလေးတစ်ခုပြပါဆို ဒကာကြီးတစ်ဦးရှိပါတယ်၊ သူကလျှောက်ထားဖူးပါတယ်၊ သူတို့အလွန်ယုံကြည်နေတဲ့ ဗေဒင်ဆရာတစ်ဦးရှိပါတယ်။ ဒီဗေဒင်ဆရာကို သူဌေးကချဉ်းကပ်တာ နှစ်ပေါင်းလပေါင်းကြာလာတော့ ယုံကြည်လာပါတယ်။ သူ့အပေါ်မှာ ယုံကြည်ချက်တွေရှိပြီဆိုတာ ဒီဗေဒင်ဆရာကသိလိုက်တဲ့အချိန်အခါမှာတော့ တစ်နေ့သူကဘာဟောသလဲဆို " ခင်ဗျားတို့အိမ်မှာရွှေဆင်းတုတော်တစ်ဆူရှိနေတယ်၊ ဒီဆင်းတုကြောင့်စီးပွားတွေ ခိုက်နေတာ ဒီတော့ဒီဆင်းတုကိုရေမျောရမယ်"လို့ ပြောပါတယ်။

ဒီဆင်းတုတော်ဟာ မိဘဘိုးဘွားလက်ထက်ထဲက ကိုးကွယ်လာတဲ့ ရွှေသားအစစ်နဲ့ထုထားတဲ့ တစ်ဆယ်သားခန့်လောက်ရှိတဲ့ ဆင်းတုတော်ပါ။ ဒီတော့ဒကာကြီးကလည်း သူပြောတာကို ယုံပြီး သူ့ကိုပဲရေမျောခိုင်းလိုက်ပါတယ်။ ဒီအခါမှာ ဒီဗေဒင်ဆရာကဘာလုပ်သလဲ?၊ ရေမျောမယ်ဆိုပြီး သူ့အိမ်ယူသွားပြီး ရွှေတွေကို သူ့မိန်းမကိုခြေချင်း လုပ်ပေးလိုက်တယ်တဲ့။ ကဲကြည့်အဲ့ဒါပဲ။

နောက်တစ်ခုက ယနေ့ခေတ်ဗေဒင်ဆရာတွေဟောနေကြတယ်၊ မွေးနေ့သက္ကရာဇ်ကိုတည် ဘာနဲ့စားရင် ဘာဖြစ်မယ်ပေါ့၊ ဘယ်ဂြိုလ်တိုင်ကိုသွား ဘယ်နံဒေါင့်ကဘုရားမှာ ပန်းသက်စေ့လှူ ရေသက်စေ့လှူစသည်ပေါ့လေ ဟောကြတယ်။ စဉ်းစားကြည့်စမ်း ဒီဝေဒကျမ်းရဲ့ အဆိုအမိန့်တွေက ဘုရားမပွင့် နှစ်အတော်ခပ်ကြာကြာထဲက ပေါပေါက်လာတာဖြစ်လေတော့၊ ဘယ်ဘုရားက ဘယ်နံဒေါင့် ဘယ်ဂြိုလ်တိုင်တဲ့။ ဘာလုပ်ခိုင်းပြန်လဲ? အဲ့ဒီနံဒေါင့်ကဆင်းတုတော်ကို ရေသက်စေ့တဲ့၊ အရင်တုန်းကတော့ရွှေတိဂုံဘုရားမှာ ရေထမ်းပြီးလောင်းရတယ်။ ဒီရေထမ်းပေးတဲ့သူကလည်း အာပေါင်အာရင်းသန်သန်နဲ့ပေါ့လေ ဆုတောင်းပေး၊ ရေသပ္ပါယ်တဲ့သူကလည်း နေပူထဲသီတင်းသုံးနေတဲ့ ဘုရားဆင်းတုတော်ကို လောင်းတော့တာပဲ၊ တစ်ယောက်လာလိုက်ရေသက်စေ့၊ နောက်တစ်ယောက်လာလည်းရေသက်စေ့ ဒီလိုနဲ့ တစ်နေကုန်နေပူထဲရေအလောင်းခံရတယ်။ စဉ်းစားကြည့်စမ်း ကိုယ့်အိမ်ကအဖိုးကြီးကို ဒီလိုနေပူထဲထိုင်ခိုင်းပြီးရေလောင်းကြည့်ပါလား၊ ကိုယ့်အိမ်ကအဖွားကြီးကို နေပူထဲထိုင်ခိုင်းပြီးရေလောင်းကြည့်၊ မိမိတို့ဘက်က သက်တော်ထင်ရှားဘုရားရှင်ကို ပူဇော်နေတယ်လို့ခေါ်နိုင်ပါ့မလား၊ ဒီဗေဒင်ဆရာတွေဟောလို့ မိမ်ိအတွက်ဆန္ဒတစ်ခုတည်းနဲ့ ဘုရားရှင်ကို သက်တော်ထင်ရှားဘုရားအနေနဲ့ကော ရ်ိုသေမှုရှိသေးလား...။

ဒါကြောင့်ဗေဒင်ကို တရားလွန်ယုံကြည်နေခဲ့မယ်ဆိုရင် ယုံကြည်သူတွေမှာ ထိခိုက်နစ်နာမှုတွေမရှိနိုင်ဘူးလား?၊ ရှိနိုင်ပါတယ်။ ဘုရားဆင်းတုတော်တွေ စေတီတွေကိုလည်း မဖျက်ဆီးသင့်ပါဘူး အပြစ်လည်းကြီးပါတယ်။ ဒီမှာ နံပါတ်(၄) ဖြစ်တဲ့ ဝေဒကျမ်း ဗေဒင်စသည်ကို အလွန်အမင်း ယုံကြည်ခြင်း ဆိုတဲ့ အပိုင်းကို ဒီမှာအဆုံးသတ်ပါတယ်။

ဒီဟာတွေက အပြစ်ရှိတဲ့ လောကီသရဏဂုံပျက်စီးခြင်းတွေပါ။ အပြစ်မရှိတဲ့ လောကီသရဏဂုံပျက်စီးခြင်းတွေလည်းဘုရားရှင်က ထပ်ဟောပါတယ်...။

[ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်လို့ ရရှိမည့် အကျိုးကျေးဇူးနှင့် သရဏဂုံ ဘာကြောင့် ညှိုးနွမ်းပျက်စီးရပါသလဲ ဆိုတာ ဆက်လက်ဖော်ပြပါမည်။]

"ဖားအောက်တောရဆရာတော် "
Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

No comments:

Post a Comment