Choose Fonts Here

Thursday, September 26, 2019

အားကိုးရာတရားစစ် ရှိဖို့လိုတယ်
•••••••••••••••••••••••••••••••
ဒကာကြီးတွေ မိမိတို့ရဲ့ ကိုးကွယ်းအားထားရာ တရားစစ်တရားမှန်ကို ရှိထားဖို့ လိုအပ်နေပါတယ်။ ဒီနေရာမှာ စကားစပ်မိလို့ပေါ့ လွန်ခဲ့တဲ့နှစ်နှစ်လောက်က ဒကာကြီးတစ်ဦးလျှောက်ထားဖူးပါတယ်။ သူကတရားစခန်းရိပ်သာအတော်ခပ်များများလည်း ၀င်ဖူးပါတယ်။ အားထုတ်ဖူးတော့ တရားလည်း အတော်လေးကောင်းပါတယ်။ သူကဘာလျှောက်လဲ?၊ ထူးခြားတဲ့ စကားလေးတစ်ခုပေါ့ “ တပည့်တော်အားထုတ်ထားတဲ့ တရားက အားကိုးထိုက်ပြီလို့ တပည့်တော်ဒီလို လက်ခံထားတယ် ဘုရား၊ စိတ်ချယုံကြည်ထားတယ်၊ ဒီဘ၀မှာတော့ အခြားသောတရားတွေကို လိုက်ပြီး ရှာနေစရာမလိုတော့ဘူးဆိုပြီး နှလုံးသွင်းပြီးကျေနပ်နေတယ် “တဲ့။

ဒီတော့ ဘုန်းကြီးကလည်း ဒကာကြီးကျေနပ်နေတယ်ဆို ကျေနပ်နေရခြင်း အကြောင်းလေးနည်းနည်းပြောပြစမ်းပါလို့ ဆိုလိုက်ပါတယ်။ သူက- တရားတွေရှုလိုက်ပြီဆိုရင် ခန္ဓာအိမ်တစ်ခုလုံး အားလုံး ကြည်ပြီးတော့လင်းသွားတယ်။ ပထမတစ်ခါတစ်ရံ အမှုန်လေးတွေတွေ့တယ်၊ နောက်ပျောက်သွားပြီး ကြည်ပြီးအေးနေတယ်၊ အဲ့ဒီမှာ စိတ်ကလေးကပ်ထားလိုက်ပြီဆို စိတ်လေးကဘယ်မှ မပြေးတော့ဘူး။ အဲ့ဒီချမ်းသာလေးကိုသူက အမြဲတမ်းခံစားနေတယ်။ အဲ့ဒီအဆင့်အထိရထားတော့ တပည့်တော်က ကိုယ့်တရားကိုကိုယ် ကျေနပ်နေတယ်တဲ့။ 

ဒါပေမယ့်လို့ တစ်နေ့မှာ မခွဲစိတ်ရင် မဖြစ်တော့တဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ခွဲစိတ်ရမယ့်  အကြောင်းအရာတစ်ခု ပေါ်ပေါက်လာပါတယ်။ ပေါ်လာတဲ့အချိန်ကျတော့ ခွဲစိတ်ခန်းထဲ၀င်ပြီ၊ ဝေဒနာကလည်း သေလောက်တဲ့ ဝေဒနာဖြစ်နေတယ်တဲ့၊ ဒီအချိန််အခါမှာ ငါ့အတွက်အားအကိုးရဆုံးက တရားပဲဆိုပြီး သူအားထုတ်ထားတဲ့ တရားကို ပြန်နှလုံးသွင်းတယ်တဲ့။ တရားတွေ တစ်ခုမှ ပြန်မပေါ်တော့ဘူးတဲ့။ အဲ့ဒီမှာ တပည့်တော်လန့်သွားတယ်၊ တကယ်တမ်း ငါ့တရားဟာ အားမကိုးထိုက်သေးဘူးဆိုတာ သဘောပေါက်သွားတယ်တဲ့။ ဒါသူလျှောက်ထားဖူးတာပါ။

ဒါကြောင့် ဒကာကြီးတွေလည်း အတော်သတိရှိဖို့ လိုအပ်ပါတယ်။ ဘဝမှာ အရေးအကြီးဆုံး အချိန်က မရဏာသန္နအချိန်အခါပါ၊ ဒီအချိန်မှာ အကျိုးပေးမယ့် ကံတွေက အလုအယက်တိုးနကြပါတယ်။ မိမိတို့က စစ်မှန်တဲ့တရားတွေကို လက်တွေ့ကျကျ ကျင့်ကြံကြိုးကုတ်အားထုတ်ထားမယ်ဆို  နိဗ္ဗာန်မရသေးဘူးဘဲထား၊ ထိုဝိပဿနာဘာဝနာကို သေခါနီးအထိ အားထုတ်နေသေးရင် ထိုမရဏသန္နဇောကုသိုလ်ကံတွေကြောင့် ကောင်းရာသုဂတိဘုံကို ရောက်ရှိသွားပြီး ဝိပဿနာဇောပဋိသန္ဓေကုသိုလ်စိတ်က ထိုထိုဘုံဘဝမှာတင် နိဗ္ဗာန်ကို လွယ်လွယ်ရသွားနိုင်တဲ့ သဘောရှိပါတယ်။ 

ဒါကိုလည်း မြတ်စွာဘုရားရှင်က သောတာနုဂတသုတ္တန်စတဲ့ ထိုထိုသုတ္တန်တွေမှာ အာမခံပြီး ဟောထားပါတယ်။ ဒီတော့ ဒကာကြီးတွေ မိမိတို့ရဲ့တရားတွေကို ဆန်းစစ်ပြီး ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်နေပါတယ်။

"ဖားအောက်တောရဆရာတော် "
Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

Zawgyi
အားကိုးရာတရားစစ္ ရွိဖို႔လိုတယ္
••••••••••••••••••••••••••••••
ဒကာႀကီးေတြ မိမိတို႔ရဲ့ ကိုးကြယ္းအားထားရာ တရားစစ္တရားမွန္ကို ရွိထားဖို႔ လိုအပ္ေနပါတယ္။ ဒီေနရာမွာ စကားစပ္မိလို႔ေပါ့ လြန္ခဲ့တဲ့ႏွစ္ႏွစ္ေလာက္က ဒကာႀကီးတစ္ဦးေလၽွာက္ထားဖူးပါတယ္။ သူကတရားစခန္းရိပ္သာအေတာ္ခပ္မ်ားမ်ားလည္း ၀င္ဖူးပါတယ္။ အားထုတ္ဖူးေတာ့ တရားလည္း အေတာ္ေလးေကာင္းပါတယ္။ သူကဘာေလၽွာက္လဲ?၊ ထူးျခားတဲ့ စကားေလးတစ္ခုေပါ့ “ တပည့္ေတာ္အားထုတ္ထားတဲ့ တရားက အားကိုးထိုက္ၿပီလို႔ တပည့္ေတာ္ဒီလို လက္ခံထားတယ္ ဘုရား၊ စိတ္ခ်ယုံၾကည္ထားတယ္၊ ဒီဘ၀မွာေတာ့ အျခားေသာတရားေတြကို လိုက္ၿပီး ရွာေနစရာမလိုေတာ့ဘူးဆိုၿပီး ႏွလုံးသြင္းၿပီးေက်နပ္ေနတယ္ “တဲ့။

ဒီေတာ့ ဘုန္းႀကီးကလည္း ဒကာႀကီးေက်နပ္ေနတယ္ဆို ေက်နပ္ေနရျခင္း အေၾကာင္းေလးနည္းနည္းေျပာျပစမ္းပါလို႔ ဆိုလိုက္ပါတယ္။ သူက- တရားေတြရွုလိုက္ၿပီဆိုရင္ ခႏၶာအိမ္တစ္ခုလုံး အားလုံး ၾကည္ၿပီးေတာ့လင္းသြားတယ္။ ပထမတစ္ခါတစ္ရံ အမွုန္ေလးေတြေတြ႕တယ္၊ ေနာက္ေပ်ာက္သြားၿပီး ၾကည္ၿပီးေအးေနတယ္၊ အဲ့ဒီမွာ စိတ္ကေလးကပ္ထားလိုက္ၿပီဆို စိတ္ေလးကဘယ္မွ မေျပးေတာ့ဘူး။ အဲ့ဒီခ်မ္းသာေလးကိုသူက အျမဲတမ္းခံစားေနတယ္။ အဲ့ဒီအဆင့္အထိရထားေတာ့ တပည့္ေတာ္က ကိုယ့္တရားကိုကိုယ္ ေက်နပ္ေနတယ္တဲ့။ 

ဒါေပမယ့္လို႔ တစ္ေန႔မွာ မခြဲစိတ္ရင္ မျဖစ္ေတာ့တဲ့ အသက္အႏၲရာယ္စိုးရိမ္ရတဲ့ ခြဲစိတ္ရမယ့္  အေၾကာင္းအရာတစ္ခု ေပၚေပါက္လာပါတယ္။ ေပၚလာတဲ့အခ်ိန္က်ေတာ့ ခြဲစိတ္ခန္းထဲ၀င္ၿပီ၊ ေဝဒနာကလည္း ေသေလာက္တဲ့ ေဝဒနာျဖစ္ေနတယ္တဲ့၊ ဒီအခ်ိန္္အခါမွာ ငါ့အတြက္အားအကိုးရဆုံးက တရားပဲဆိုၿပီး သူအားထုတ္ထားတဲ့ တရားကို ျပန္ႏွလုံးသြင္းတယ္တဲ့။ တရားေတြ တစ္ခုမွ ျပန္မေပၚေတာ့ဘူးတဲ့။ အဲ့ဒီမွာ တပည့္ေတာ္လန့္သြားတယ္၊ တကယ္တမ္း ငါ့တရားဟာ အားမကိုးထိုက္ေသးဘူးဆိုတာ သေဘာေပါက္သြားတယ္တဲ့။ ဒါသူေလၽွာက္ထားဖူးတာပါ။

ဒါေၾကာင့္ ဒကာႀကီးေတြလည္း အေတာ္သတိရွိဖို႔ လိုအပ္ပါတယ္။ ဘဝမွာ အေရးအႀကီးဆုံး အခ်ိန္က မရဏာသႏၷအခ်ိန္အခါပါ၊ ဒီအခ်ိန္မွာ အက်ိဳးေပးမယ့္ ကံေတြက အလုအယက္တိုးနၾကပါတယ္။ မိမိတို႔က စစ္မွန္တဲ့တရားေတြကို လက္ေတြ႕က်က် က်င့္ႀကံႀကိဳးကုတ္အားထုတ္ထားမယ္ဆို  နိဗၺာန္မရေသးဘူးဘဲထား၊ ထိုဝိပႆနာဘာဝနာကို ေသခါနီးအထိ အားထုတ္ေနေသးရင္ ထိုမရဏသႏၷေဇာကုသိုလ္ကံေတြေၾကာင့္ ေကာင္းရာသုဂတိဘုံကို ေရာက္ရွိသြားၿပီး ဝိပႆနာေဇာပဋိသေႏၶကုသိုလ္စိတ္က ထိုထိုဘုံဘဝမွာတင္ နိဗၺာန္ကို လြယ္လြယ္ရသြားနိုင္တဲ့ သေဘာရွိပါတယ္။ 

ဒါကိုလည္း ျမတ္စြာဘုရားရွင္က ေသာတာႏုဂတသုတၱန္စတဲ့ ထိုထိုသုတၱန္ေတြမွာ အာမခံၿပီး ေဟာထားပါတယ္။ ဒီေတာ့ ဒကာႀကီးေတြ မိမိတို႔ရဲ့တရားေတြကို ဆန္းစစ္ၿပီး ႀကိဳတင္ျပင္ဆင္ထားဖို႔ လိုအပ္ေနပါတယ္။

"ဖားေအာက္ေတာရဆရာေတာ္ "
Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

No comments:

Post a Comment