Choose Fonts Here

Thursday, September 26, 2019

ချမ်းသာအစစ်
••••••••••••
ဘုရားရှင်က သတ္တဝါအပေါင်းရဲ့ ချမ်းသာအစစ်ဖြစ်တဲ့ ချမ်းသာရာချမ်းသာကြောင်း အစစ်အမှန်ကိုလိုချင်ရင်-ဗောဇ္ဈင်(၇)ပါး (သို့မဟုတ်) မဂ္ဂင်ရှစ်ပါးအကျင့်မြတ်တရားဟုခေါ်တဲ့ သတိပဋ္ဌာန်လေးပါတရားကို စနစ်တကျကျင့်ရမယ်တဲ့။

နောက်တစ်ခုက ကိလေသာတို့ခေါင်းပါးအောင်ကျင့်တဲ့ သီလ, ဓုတင်စတဲ့အကျင့်တွေကို ကျင့်ရမယ်တဲ့။ တစ်ဖက်ကလည်း ကိလေသာတွေကို မွေးမြူရေးလုပ်နေတယ် တစ်ဖက်ကလည်းကိလေသာခေါင်းပါအောင်လုပ်တယ်၊ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ ကိလေသာကို ဆေးကြောသုတ်သင်ပါမှ ဒီချမ်းသာအစစ်ကရမှာ တစ်ဖက်ကကိလေသာမွေးမြူတယ် တစ်ဖက်ကကိလေသာကင်းအောင်လုပ်နေရင်... ဒကာကြီးဖြစ်နိုင်ပါ့မလား?။

ဆိုလိုတာက တစ်ဖက်ကိလေသာမွေးမြူရေးလုပ်တယ် ရိပ်သာလာပြီဆို မနက်ဖြန်တော့ပြန်ဦးမယ် ၊လုပ်ပြီ၊ တစ်ဖက်ကလည်း ကိလေသာစင်ကြယ်ကြောင်း ကျင့်ဝတ်ကလေးတွေပြန်ကျင့်လိုက်၊ မီးများရင်မီးနိုင် ရေများရင်ရေနိုင်ဆိုတဲ့ပုံစံအရ ကျင့်နေရင် အောင်မြင်မှုဆိုတာနည်းပြီး မသွားနိုင်ဘူးလား?၊နည်းသွားမယ်။

 နောက်ဥပမာတစ်ခုနဲ့ နားလည်လွယ်အောင်ပြောမယ်။ လူတစ်ယောက် ခရီးတစ်ခုကို သွားပြီဆိုကြစို့၊ အရှေ့ကိုဖြောင့်ဖြောင့်သွားမယ်ဆို လိုလားတောင့်တနေတဲ့ ခရီးကတစ်ချိန်ရောက်သွားမှာပါ။ အဲ့ဒီလိုမဟုတ်ဘူး အရှေ့သွားလိုက် နောက်ကိစ္စလေးတစ်ခုရှိတော့ အနောက်ပြန်လှည့်လိုက်၊ တစ်ခါစိတ်ပါလို့ အရှေ့သွားလိုက် တော်ကြာနောက်ပြန်လှည့်လိုက်နဲ့တဲ့ အဲ့ဒီလို ခေါက်တုံ့ခေါက်ပြန်လုပ်နေရင် လိုလားတောင့်တတဲ့ ခရီးပန်းတိုင်ရောက်ပါတော့မလား?၊ ဟုတ်ကဲ့လား...။

အဲ့ဒါကြောင့် လုပ်ငန်းခွင်က ကိလေသာတွေကို ခေါင်းပါးအောင်ကျင့်တဲ့ ကျင့်စဉ်တွေတော့ ရိုရိုသေသေကျင့်ဖို့လိုအပ်ပါတယ်။ သီလကိုလုံခြုံအောင်စောင့်ထိန်းမယ်။ သမာဓိကိုထူထောင်ပြီး ဝိပဿနာတရားကို ရိုရိုသေသေကျင့်ရမယ်။

နောက်တစ်ခုက ဣန္ဒြိယသံဝရသီလလို့ခေါ်တဲ့ ဣန္ဒြေခြောက်ပါးမှ ကိလေသာတွေမဝင်ရောက်နိုင်အောင် ပိတ်ဆို့တားဆီိးနိုင်ရမယ်။ ဣန္ဒြေခြောက်ပါးကို လုံခြုံအောင်စောင့်စည်းရင် ချမ်းသာအစစ်ကို ရလိမ့်မယ်တဲ့။

နောက်တစ်ခုက ရှေ့ကကျင်စဉ်တွေဖြစ်တဲ့ ဗောဇ္ဈင်(၇)ပါး (သို့မဟုတ်) မဂ္ဂင်ရှစ်ပါးအကျင့်မြတ်တရားဟုခေါ်တဲ့ သတိပဋ္ဌာန်လေးပါတရားတွေကို ကျင့်တယ်၊ ကိလေသာခေါင်းပါးစေတတ်တဲ့ ဓုတင် သီလကျင့်စဉ်တွေလည်းအမြဲမပြတ်ကျင့်တယ်၊ ဣန္ဒြေခြောက်ပါးလည်းလုံခြုံအောင် စောင့်ထိန်းပြီးနေပေမယ့်လို့ နိဗ္ဗာန်မျက်မှောက်မပြုသေးဘူးဆိုရင် တကယ်ချမ်းသားအစစ်ကို ရနေတယ်ခေါ်ပါ့မလား?၊ မခေါ်နိုင်းဘူး။

ဒါကြောင့် မိမိတို့ရဲ့ ပန်းတိုင်းဖြစ်တဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ်မြတ်နိဗ္ဗာန်ကိုလည်း ရအောင်ကြိုးစားထားပါမှ တကယ်ချမ်းသာအစစ်ကိုရတယ် မည်ပါတယ်လို့ ဘုရားရှင်ကဟောကြားထားပါတယ်။

"ဖားအောက်တောရဆရာတော် "
Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

Zawgyi
ခ်မ္းသာအစစ္
••••••••••••
ဘုရားရွင္က သတၱဝါအေပါင္းရဲ႕ ခ်မ္းသာအစစ္ျဖစ္တ့ဲ ခ်မ္းသာရာခ်မ္းသာေၾကာင္း အစစ္အမွန္ကိုလိုခ်င္ရင္-ေဗာဇၩင္(၇)ပါး (သို႔မဟုတ္) မဂၢင္ရွစ္ပါးအက်င့္ျမတ္တရားဟုေခၚတ့ဲ သတိပ႒ာန္ေလးပါတရားကို စနစ္တက်က်င့္ရမယ္တ့ဲ။

ေနာက္တစ္ခုက ကိေလသာတို႔ေခါင္းပါးေအာင္က်င့္တ့ဲ သီလ, ဓုတင္စတ့ဲအက်င့္ေတြကို က်င့္ရမယ္တ့ဲ။ တစ္ဖက္ကလည္း ကိေလသာေတြကို ေမြးျမဴေရးလုပ္ေနတယ္ တစ္ဖက္ကလည္းကိေလသာေခါင္းပါေအာင္လုပ္တယ္၊ ျဖစ္ႏိုင္ပါ့မလား? မျဖစ္ႏိုင္ဘူး။ ကိေလသာကို ေဆးေၾကာသုတ္သင္ပါမွ ဒီခ်မ္းသာအစစ္ကရမွာ တစ္ဖက္ကကိေလသာေမြးျမဴတယ္ တစ္ဖက္ကကိေလသာကင္းေအာင္လုပ္ေနရင္... ဒကာႀကီးျဖစ္ႏိုင္ပါ့မလား?။

ဆိုလိုတာက တစ္ဖက္ကိေလသာေမြးျမဴေရးလုပ္တယ္ ရိပ္သာလာၿပီဆို မနက္ျဖန္ေတာ့ျပန္ဦးမယ္ ၊လုပ္ၿပီ၊ တစ္ဖက္ကလည္း ကိေလသာစင္ၾကယ္ေၾကာင္း က်င့္ဝတ္ကေလးေတြျပန္က်င့္လိုက္၊ မီးမ်ားရင္မီးႏိုင္ ေရမ်ားရင္ေရႏိုင္ဆိုတ့ဲပုံစံအရ က်င့္ေနရင္ ေအာင္ျမင္မႈဆိုတာနည္းၿပီး မသြားႏိုင္ဘူးလား?၊နည္းသြားမယ္။

 ေနာက္ဥပမာတစ္ခုနဲ႔ နားလည္လြယ္ေအာင္ေျပာမယ္။ လူတစ္ေယာက္ ခရီးတစ္ခုကို သြားၿပီဆိုၾကစို႔၊ အေရွ႕ကိုေျဖာင့္ေျဖာင့္သြားမယ္ဆို လိုလားေတာင့္တေနတ့ဲ ခရီးကတစ္ခ်ိန္ေရာက္သြားမွာပါ။ အ့ဲဒီလိုမဟုတ္ဘူး အေရွ႕သြားလိုက္ ေနာက္ကိစၥေလးတစ္ခုရွိေတာ့ အေနာက္ျပန္လွည့္လိုက္၊ တစ္ခါစိတ္ပါလို႔ အေရွ႕သြားလိုက္ ေတာ္ၾကာေနာက္ျပန္လွည့္လိုက္နဲ႔တ့ဲ အ့ဲဒီလို ေခါက္တုံ့ေခါက္ျပန္လုပ္ေနရင္ လိုလားေတာင့္တတ့ဲ ခရီးပန္းတိုင္ေရာက္ပါေတာ့မလား?၊ ဟုတ္က့ဲလား...။

အ့ဲဒါေၾကာင့္ လုပ္ငန္းခြင္က ကိေလသာေတြကို ေခါင္းပါးေအာင္က်င့္တ့ဲ က်င့္စဥ္ေတြေတာ့ ႐ို႐ိုေသေသက်င့္ဖို႔လိုအပ္ပါတယ္။ သီလကိုလုံျခံဳေအာင္ေစာင့္ထိန္းမယ္။ သမာဓိကိုထူေထာင္ၿပီး ဝိပႆနာတရားကို ႐ို႐ိုေသေသက်င့္ရမယ္။

ေနာက္တစ္ခုက ဣၿႏိၵယသံဝရသီလလို႔ေခၚတ့ဲ ဣေျႏၵေျခာက္ပါးမွ ကိေလသာေတြမဝင္ေရာက္ႏိုင္ေအာင္ ပိတ္ဆို႔တားဆီိးႏိုင္ရမယ္။ ဣေျႏၵေျခာက္ပါးကို လုံျခံဳေအာင္ေစာင့္စည္းရင္ ခ်မ္းသာအစစ္ကို ရလိမ့္မယ္တ့ဲ။

ေနာက္တစ္ခုက ေရွ႕ကက်င္စဥ္ေတြျဖစ္တ့ဲ ေဗာဇၩင္(၇)ပါး (သို႔မဟုတ္) မဂၢင္ရွစ္ပါးအက်င့္ျမတ္တရားဟုေခၚတ့ဲ သတိပ႒ာန္ေလးပါတရားေတြကို က်င့္တယ္၊ ကိေလသာေခါင္းပါးေစတတ္တ့ဲ ဓုတင္ သီလက်င့္စဥ္ေတြလည္းအၿမဲမျပတ္က်င့္တယ္၊ ဣေျႏၵေျခာက္ပါးလည္းလုံျခံဳေအာင္ ေစာင့္ထိန္းၿပီးေနေပမယ့္လို႔ နိဗၺာန္မ်က္ေမွာက္မျပဳေသးဘူးဆိုရင္ တကယ္ခ်မ္းသားအစစ္ကို ရေနတယ္ေခၚပါ့မလား?၊ မေခၚႏိုင္းဘူး။

ဒါေၾကာင့္ မိမိတို႔ရဲ႕ ပန္းတိုင္းျဖစ္တ့ဲ မဂ္ဉာဏ္ဖိုလ္ဉာဏ္ျမတ္နိဗၺာန္ကိုလည္း ရေအာင္ႀကိဳးစားထားပါမွ တကယ္ခ်မ္းသာအစစ္ကိုရတယ္ မည္ပါတယ္လို႔ ဘုရားရွင္ကေဟာၾကားထားပါတယ္။

"ဖားေအာက္ေတာရဆရာေတာ္ "
Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

No comments:

Post a Comment