••••••••••••••••••••••••••
သမ္မောဟမရဏနှင့် အသမ္မောဟမရဏဆိုပြီး
တွေတွေဝေဝေ သေခြင်းနှင့် မတွေမဝေ သေရခြင်းဆိုတဲ့ မရဏတရားလေးမျိုး ဘုရားရှင်ဟောကြားထားပါတယ်။ အဘယသုတ္တန်ဆိုတာ ရှိပါတယ်။ သမ္မောဟမရဏဆိုတာ သတ္တဝါတွေ သေကြေပျက်စီိးတဲ့ အချိန်အခါမှာ ခန္ဓာအိမ်ကို တစ်ချို့သိပ်တွယ်တာတယ်၊ မိမိခန္ဓာအိမ်ကို တယုတယနဲ့ တစ်နေ့ကို အကြိမ်ပေါင်းများစွာ မှန်တော့ခဏ ကြည့်တဲ့သူတွေ မရှိဘူးလား?။ အဲ့ဒီလို မိမိကိုယ်ကို ယုယနေတော့ တစ်ချိန်မိမိအလွန်နှစ်သက် မြတ်နိုးနေတဲ့ ဒီခန္ဓာကြီးနဲ့နောက်ဆုံး ခွဲခြင်းဖြင့် ခွဲရတော့မယ်ဆိုတော့ ဘာဖြစ်သလဲ?၊ အလွန်ဝမ်းနည်း ကြေကွဲလာပါတယ်။
အဲ့ဒီလို မိမိခန္ဓာအိမ်ကြီးနဲ့ ခွဲရမှာဆိုးလို့ ကြေကွဲဝမ်းနည်းပြီး နေတုန်း ဗြုန်းခနဲ သေသွားခဲ့ရင် ထိုပဂ္ဂိုလ် ဒီလိုသေနည်းကိုတော့ သမ္မောဟမရဏလို့ ခေါ်ပါတယ်။ ဒါအကုသိုလ်ဇောနဲ့ စောပြီိးသေတာပါ။ ပွင့်ပွင့် လင်းလင်းပြောရင်တော့ ပုထုဇဉ်တို့၏ သေခြင်းကို သမ္မောဟမရဏလို့ ပြောချင်တာပဲ။
နောက်တစ်နည်း ဒုတိယ သမ္မောဟမရဏကတော့ မိမိအလွန်နှစ်သက်နေတဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုလို့ခေါ်တဲ့ သားတွေရှိတယ်, သမီးတွေရှိတယ်, ဇနီးရှိတယ်၊ ပစ္စည်းဥစ္စာတွေ ရှိတယ်။ ဒီသက်ရှိသက်မဲ့တွေ အပေါ်မှာ နောက်ဆုံးမတွေ့သော ခွဲခြင်းဖြင့် ခွဲခွာရတော့မယ်။ ဘယ်လိုနေမလဲ ဒကာကြီးတွေ စဉ်းစားကြည့်စမ်း၊ ဘယ်တော့မှ မတွေ့ရတော့ဘူး နောက်ဆုံးခွဲရတော့မယ်။ ဘယ်လိုနေကြမလဲ?။ အဲ့ဒီအခါမှ မျက်ရည်တွေ တတွင်တွင် ကျပြီးတော့ ဘဝကို စွန့်ခွာသွားရတယ်။ ဒါက ဒုတိယ သမ္မောဟမရဏ ဒီမရဏကာလည်း ကောင်းရာသုဂတိ ဘယ်တော့မှ မရောက်ပါဘူး။
နောက်နံပါတ်သုံး သမ္မောဟမရဏကတော့ ဘဝတစ်ခုမှာ ကုသိုလ်တွေကို ပြည့်ပြည့်ဝဝ မဆည်းပူးထားခဲ့ပဲ၊ မကောင်းမှုတွေကို လက်သွက်သွက်နဲ့ ဆည်းပူးခဲ့တယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ သိပ်အားကောင်းခဲ့တယ်။ ဒီိသုတ္တန်အရပြောရင်တော့ ကောင်းမှုကုသိုလ်ဆို အားကိုးလောက်အောင် သူလုပ်ထားတာ ဘာမှမရှိဘူး။ အပါယ်သံသရာကြီးမှ ထုတ်ဆောင်ကယ်တင်နိုင်တဲ့ မဂ်ကုသိုလ်ဖိုလ်ကုသိုလ်လည်း
တစ်ဖက်ကလည်း မကောင်းမှု အကုန်လုပ်ထားတယ်။ ရက်စက်မှုနဲ့အတူ ညစ်နွမ်းမှုအကုသိုလ်တွေ ဆည်းပူးထားတယ်။ ဒီလိုမကောင်းမှုတွေကများတော့
ဒီလိုပဲ သေခါနီးအချိန်ကာလမှာ မကောင်းတဲ့ ဘုံဘဝသွားရမယ့် သူတွေအတွက် မကောင်းတဲ့ နိမိတ်ကြီးတွေ လာထင်နေပါပြီ။ အဲ့ဒီအခါကြမှ ဝမ်းနည်းနေရပြီနော်။ "ငါသည် ကုသိုလ်တွေ မပြုမိခဲ့လေပါသလား၊ မကောင်းမှုတွေကို ပြုမိခဲ့ပါ သလား" ဟု ဝမ်းနည်းမှုတွေနဲ့ ဘဝတစ်ခုဆုံးရပါတယ်။
ဒီအလိုအချိန်မှာ ရဟန်းဖြစ်စေ၊ လူဖြစ်စေ၊ သီလရှင်ဖြစ်စေ မကောင်းမှုတွေကို ပြုခဲ့ရင် ဒီလိုဘေးဆိုးကြီးနဲ့ တွေ့ရပါလိမ့်မယ်။ ဒီလိုအချိန်မှာ ငါဟာ မကောင်းမှုတွေကို ပြုမိလို့ အပါယ်သံသရာကို သွားရတော့မှာပါလားလို့ ဝမ်းနည်းလာပါတယ်။ အဲ့ဒီအချိန်အခါကြမှ ဝမ်းနည်းနေလို့ဘာထူးမလဲ၊ ကြိုတင်ပြင်ဆိုဖို့ အချိန်မရတော့ဘူး၊ ခုနေအခါပြင်ဆင်ရင် အချိန်မှီနိုင်ပါသေးတယ်။
တစ်နေ့ ဒီတရားနာနေတဲ့ ပုဂ္ဂိုလ်တွေ တရားဟောနေတဲ့ ပုဂ္ဂိုလ်ကော မုချကျိန်းသေဧကန် ဘဝတစ်ခု အဆုံးသပ်ကြရမှာပါ။ ဘယ်ဘဝသွားမလဲ?၊ မေးကြည့်ဖို့ မကောင်းဘူးလား။ ဘယ်ကိုသွားချင်သလဲ?၊ မေးကြည့်ဖို့ မကောင်းဘူးလား။ ဒီတော့ ဘဝတစ်ခုက မဆုံးသေးရင် ကျိန်းသေလက်ခံရတော့မယ်။ ဘဝတစ်ခုကိုထပ် လက်မခံချင်ဘူး အဆုံးသပ်ချင်ရင်ဘာလုပ်ရမလဲ?
ဒီအခါ ဘယ်သွားမလဲဆိုတာ မိမိကိုယ်ကိုမေးကြည့်ပါ၊ မိမိကကြိုက်တဲ့ဘဝကို ရွေးချယ်ချင်ရင် ဘာနဲ့ရင်းနှီးမှရနိုင်မလဲ၊ မိမိဘက်က ရွေးချယ်နိုင်တဲ့ သူတော်ကောင်း ဥစ္စာရှိထားဖို့မလိုဘူးလား?၊
ဒီတော့ မိမိမှာ သူတော်ကောင်းဥစ္စာလည်းမရှိတေ
နောက်တစ်ခု စတုတ္ထ သမ္မောဟမရဏ ၊ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ ဟောကြားပြသ ဆိုဆုံးမတော်မူတဲ့ သဒ္ဓမ္မဟု ခေါ်ဆိုအပ်တဲ့ သစ္စာလေးပါးတရားတွေ အပေါ်၌ မှန်ပါပေသည်ဟု ဆုံးဖြတ်ချက်ချနိုင်တဲ့ စွမ်းအားမရှိခဲ့ဘူး။ ဒီပုဂ္ဂိုလ်အဖို့ သေခါနီးကာလခုနလိုပေါ့ ဆုတ်ကိုင်နိုင်တဲ့ တရားကမရှိဘူး။ ဟိုတရားလုပ်ရနိုး ဒီတရားလှမ်းအာရုံယူလိုက်လည်
ဒါကြောင့် သေခါနီးကာလမှာ မိမိတို့လက်ဆုတ်လက်ကိုင်ထား
ဒါကို ပြောင်းပြန်လှန်လိုက်ရင်တော
လိုရင်းပြောရင်တော့ အကုသိုလ်ဇောတွေနဲ့ ဘဝကို တွေတွေဝေဝေနဲ့ အဆုံးသတ်ရရင် သမ္မောဟမရဏ၊ ကုသိုလ်ဇောစောပြီး ဘဝတစ်ခုကို အဆုံးသတ်ခဲ့ရင် ဒါ အသမ္မောဟမရဏလို့ ပြောနိုင်ပါတယ်။ ပုထုဇဉ်တွေရဲ့ သေခြင်းကိုတော့ သမ္မောဟမရဏလို့လည်း ခေါ်ပါတယ်။
"ဖားအောက်တောရဆရာတော်"
Bhikkhu's Dhamma
https://www.facebook.com/
http://
No comments:
Post a Comment