••••••••••••••••••••••••••
ဘုန်းကြီးတို့ ရဟန်းတော်များမှာ သိက္ခာပုဒ်တစ်ခုရှိနေသေးတယ်။
တစ်နေ့တော့ သူဒီဒကာအိမ်ဆွမ်းစားကြွတယ်၊
ဒီတော့ အရှင်ဥပနန္ဒက”ဖြစ်တာပေါ့” ဆိုပြီးလက်ခံလိုက်တယ်။ ဒကာကငွေ လှူလိုက်တယ်၊ ဆိုင်မှာသွားပြီး သူဆွမ်းဘုဉ်းလိုက်တယ်။ ဒီအခါက ဒကာကဘယ်လို သဘောပေါက်လဲ?၊ ”တို့ အာရုံငါးပါး ကာမဂုံခံစားနေသူတွေလည်း ငွေကို သာယာကြတယ်၊ နှစ်သက်ကြတယ်။ ဒီသာဂီဝင်မင်းသား ဘုရားသားတော်တွေလည်း ငွေကို သာယာကြတယ်၊ နှစ်သက်ကြတယ်။ တို့တွေနဲ့ ဘာထူးလည်းလို့ ” ကဲ့ရဲ့ပါတယ်။
အဲ့ဒီအချိန်မှာ ဒီအကြောင်းကို ဘုရားရှင်ရွှေနားတော် ပေါက်ကြားလေတော့၊ ရဟန်းသံဃာအစည်းအဝေးခေါ်ပြီး တရားဟောပြီး သိက္ခာပုဒ်ပညတ်ပါတယ်။ “အကြင်ပုဂ္ဂိုလ်အား ရွှေငွေသည်အပ်၏၊ ထိုပုဂ္ဂိုလ်အား ကာမဂုဏ်သည်လည်း အပ်၏။ အကြင်ပုဂ္ဂိုလ်အား ကာမဂုဏ်သည် အပ်၏၊ ထိုပုဂ္ဂိုလ်အားလည်း ရွှေငွေသည်လည်း အပ်တော့၏။ ” ဒီမင်းသားကို အကြောင်းပြုပြီးတော့ မြတ်စွာဘုရားက ရဟန်းတို့ ရွှေငွေအလှူမခံရဆိုပြီး ပညတ်ပါတယ်။
ဒါပေမယ့် နောက်သိက္ခာပုဒ်တစ်ခုက ဝိသာခါတို့၏ အဖိုးတော်တဲ့ မေဏ္ဍကသူဌေးကြီးပေါ့၊ တစ်ခါမှာ သူကမြတ်စွာဘုရားကို အကြောင်းသင့်တော့ လျှောက်ထားပါတယ်။ ”မြတ်စွာဘုရား တပည့်တော်တို့ ကြည်ညိုလေးစားနေတဲ့ ရဟန်းတော်ကလည်း တပည့်တော်တို့ အနီးနားမှာမရှိဘူး၊ ခပ်ဝေးဝေးမှာ ရှိနေပါတယ်။ တပည့်တော်တို့ကလည်း ဒီရဟန်းတော်ကို ပစ္စည်းလေးပါး လှူဒါန်းချင်ပါတယ်။ အဲ့ဒီလို လှူဒါန်းချင်ပေမယ့် တပည့်တော်တို့ မလှူဒါန်းနိုင်ပါဘူး။ မလှူဒါန်းနိုင်တဲ့ အတွက်ကြောင့် တပည့်တော်တို့ ကပ္ပိယကာရကတစ်ဦးဦးထံမှာ ရွှေငွေများ အပ်နှံပြီး ထိုရွှေငွေမှ ဖြစ်ပေါ်လာမယ့် ရဟန်းတို့နှင့် အပ်စပ်မယ့် ပစ္စည်းများကို လှူဒါန်းခဲ့မယ်ဆိုရင် မြတ်စွာဘုရား ခွင့်ပြုတော်မူပါလို့” လျှောက်ထားပါတယ်။
ဒီအခါမှာ မြတ်စွာဘုရားရှင်က ဒီအကြောင်းကို အကြောင်းပြုပြီး ရဟန်းသံဃာအစည်းအဝေးခေါ်ပြီး “အကြင်ပုဂ္ဂိုလ်အား ရွှေငွေသည်အပ်၏၊ ထိုပုဂ္ဂိုလ်အား ကာမဂုဏ်သည်လည်း အပ်၏။ အကြင်ပုဂ္ဂိုလ်အား ကာမဂုဏ်သည် အပ်၏၊ ထိုပုဂ္ဂိုလ်အားလည်း ရွှေငွေသည်လည်း အပ်တော့၏။ ရဟန်းတို့ ငါဘုရားသည် မည်သည့်နည်းပရိယာယ်နှင့်မျှ
ဒီတော့ ရွှေငွေရှိနေရင် ဘာကာမဂုဏ်လိုချင် မရနိုင်ဘူးလား?၊ ရနိုင်ပါတယ်။ ရွှေငွေဆိုတဲ့ နေရာမှာ ငွေစက္ကူမျာလည်းပါဝင်သလို ရှေးကမင်းတံဆိပ်ခတ်ပြီး ငွေအဖြစ်သတ်မှတ်ထားတဲ့ အရာတွေအကုန်ပါဝင်ပါတယ်။ ဒါကြောင့် ရွှေငွေသည် ရဟန်းတော်တို့အတွက် အပ်နေပြီဆို ကာမဂုဏ်လည်း အပ်သလို၊ ကာမဂုဏ်နှင့် ရွှေငွေကို မြတ်စွာဘုရား တစ်တန်းတည်း ဟောထားပါတယ်။
ဒါကြောင့် ရဟန်းတော်တို့ အနေနဲ့ ရွှေငွေကို ကိုယ်တိုင်လည်း အလှူမခံရဘူး၊ မိမိအတွက် သူတစ်ပါးအားလည်း အလှူခံမခိုင်းရဘူး။ အလှူရှင်က အပ်စပ်အောင် လျှောက်ထားလှူဒါန်းခြင်း သို့မဟုတ် ကပ္ပိကာရကထံ အပ်အပ်စပ်စပ်အပ်နှံ လှူတန်းထားတဲ့ အပ်စပ်သော ပစ္စည်းကိုသာ သာယာသုံးစွဲခွင့် ပြုထားပါတယ်။
စကားချပ်- စလေဦးပုညရဲ့ ”သတ်သူရှိရင် စားသူရှိ၏၊ စားသူရှိ၍ သတ်သူလည်း ရှိရ၏” ဟုဆိုသည့်တိုင်း ဒကာ ဒကာမတို့ အနေနှင့် မိမိတို့ ကြည်ညိုလေးစား ထောက်ပံ့ချီးမြှောက်နေသော ရဟန်းသံဃာတော် ကိုရင်ငယ်လေးများပါမကျန် သီလစင်စင်ကြယ်ကြယ်ဖြင့် သာသနာတော် အကျိုးကို ဆောင်ရွက်စေလိုလျှင် မိမိတို့ ဘက်ကလည်း အပ်အပ်စပ်စပ် လှူဒါန်းတတ်ရန်၊ ရဟန်း သာမဏေတို့ ဘက်ကလည်း အပ်အပ်စပ်စပ် အလှူခံတတ်ဖို့ လိုအပ်ပါတယ်။
ရဟန်းသာမဏေတို့ ဘက်က အပ်စပ်အောင် အလှူမခံ ဒကာတွေကို သင်မပေးတော့ အလှူရှင်ဘက်မှ အပ်စပ်အောင် မလှူတတ်၊ တတ်သိနားလည်သော အလှူရှင်ကလည်း အပ်စပ်အောင်မလှူတော့ ရဟန်းတော်တို့ သီလပျက်စီးသလို၊ ကပ္ပိယကာရက ကလည်း ရဟန်းတို့ ယုံကြည်စိတ်ချရအောင်နေတတ်ဖိ
"ဖားအောက်တောရဆရာတော် "
Bhikkhu's Dhamma
https://www.facebook.com/
http://
No comments:
Post a Comment