သုရာမေရယကံ
••••••••••••••
သုရာမေရယကံ မူးယစ်ဆေးဝါပဲနော်၊ ဒီမူးယစ်ဆေးဝါးကို ဘာကြောင့်မှီဝဲသလဲဆိုရင် ရာဂ, ဒေါသ, မောဟ, မာန်မာန, ဣဿာ, မစ္ဆရိယ တွေကြောင့်ပါပဲ။
သုရာမေရယကံကို ပြုစုပျိုးထောင်ခြင်းရဲ့အစက ရာဂ ဒေါသ မေဟ စတဲ့ အကုသိုလ်အညစ်အကြေးတွေကြောင့် ပဲ။ ရာဂ - ဒီမူးယစ်ဆေးဝါးအပေါ်မှာ သိပ်ပြီးစွဲတယ်၊ ဒေါသ - လင်မယားခြင်းရန်ဖြစ်လို့ ဒေါသဖြစ်တာနဲ့ တစ်ချို့အရက်မသောက်ဘူးလား?၊ သောက်ကြတယ်။ ဒကာကြီးတွေကော သောက်ဖူးမလားမသိဘူး၊ ဒေါသဖြစ်တာနဲ့ အရက်သွားသောက်တယ်။
မာန်မာန, ဣဿာ, မစ္ဆရိယတွေကြောင့် ဒီိသေရည် သေရက်သောက်တဲ့ သုရာပါဏကံတွေ = သေရည် သေရက် မူးယစ်ဆေးဝါးသောက်စား လွန်ကျူးတဲ့ ကံလည်းရှိတယ်။ ဒီတော့ အကြောင်းအရင်းဖြစ်တဲ့ ရာဂ, ဒေါသ, မောဟ, မာန်မာန, ဣဿာ, မစ္ဆရိယ တွေက အကြောင်းအရင်း ဖြစ်တယ်။ ဒီအကုသိုလ်တရားတွေက အပါယ်ကိုပြစ်ချနိုင်တဲ့ စွမ်းအားရှိကြတယ်။
ငရဲကိုလည်းရောက်အောင် ပို့ပေးတယ်။ တိရစ္ဆာန်ဘုံဘဝ ရောက်အောင်ပို့ပေးတယ်။ ပြိတ္တာ အသူရကာယ်ဘုံဘဝကိုလည်း ရောက်အောင်ပို့ပေးနိုင် ပါတယ်။ ဘာဖြစ်လို့လဲ?၊ ထမင်းတို့ ဟင်းတို့စွဲလမ်းမိတဲ့အပေါ်ထက် ဒီမူးယစ်ဆေးဝါးကို စွဲလမ်းမိတာက ပိုပြီးပြင်းထန်တယ်။
ဒီမူးယစ်ဆေးဝါးမမှီဝဲရရင် မနေနိုင်အောင် ပြင်းထန်တယ်၊ လက်တွေခြေတွေ တုန်လာတယ်၊ ဘယ်လိုမှဖြေလို့မရနိုင်ဘူး။ နည်းနည်းပါပါး စွဲတဲ့ပုဂ္ဂိုလ်တောင် အနည်းဆုံး ခုနှစ်ရက်လောက်တိုက်ခန်းထဲမှာ လှောင်ပြီးထားရတယ်။ မူးယစ်ဆေးဖြတ်တဲ့ ဒီခုနှစ်ရက်အတွင်း ပြင်းပြင်းထန်ထန်ခံရတယ်။ တစ်ချို့ သေတောင်သေသွားတယ်။ ဒါ မူးယစ်ဆေးဝါးကို စွဲတဲ့ရာဂ၊ ဒီလောက်ပြင်းထန်တဲ့ ရာဂက ငရဲကိုပြစ်ချနိုင်တဲ့ စွမ်းအားဘာဖြစ်လို့ မရှိရမှလဲတဲ့။
ဘုရားရှင်က ဒီလိုဟောပေမယ့် တစ်ချို့ကသိပ်ပြီး လက်မခံချင်ကြဘူး။ ကိုယ်နှစ်ခြိုက်တဲ့ ပစ္စည်းတစ်ခုကို သုံးစွဲတာပဲ ဘာအပြစ်ရှိရမလဲလို့ ဒီလိုအကြောင်းပြကြတယ်။ ကိုယ်ကြိုက်လို့ ကိုယ်ပိုက်ဆံနဲ့ကို သောက်တာပဲ အပြစ်မရှိဘူးလို့ ထင်ကြတယ်။ အဘိဓမ္မာရဲ့ သဘောက သူ့ပစ္စည်း ကိုယ့်ပစ္စည်းလို့ တစ်ချို့ဟာ မခွဲပါဘူး။
ဆိုကြပါစို့.... အဆင်း, အသံ, အနံ့, အရသာ, အတွေ့ အထိ ဘယ်အာရုံပဲဖြစ်ဖြစ် စွဲလမ်းမှုရှိတယ်။ မိမိပိုင်တဲ့ အာရုံပဲဖြစ်ဖြစ် မပိုင်တဲ့အာရုံပဲဖြစ်ဖြစ်ပါ ၊ လောကဝေါဟာရအားဖြစ် မိမိပိုင်တာ မပိုင်တာရှိပေမယ့်။ အဘိဓမ္မာ သဘောအရ မိမိပိုင်တဲ့ အာရုံရှိနိုင်မလား?၊ မရှိပါဘူး။ အားလုံးအနိစ္စတရား, ဒုက္ခတရား, အနတ္တတရားတွေပဲ။
ဒီတော့ ဒီအာရုံတွေအပေါ် ဘာလို့စွဲလမ်းသလဲဆိုတော့ ဒီအာရုံ(၆)ပါးနဲ့ တွေ့ထိတဲ့နေရာမှာ ပရမတ်သဘောတရားတွေဖြစ်တဲ့ အဆင်း, အသံ စသည်တို့ကို နှလုံးမသွင်းဘူး။ ဘယ်လိုနှလုံးသွင်းလိုက်သလဲ? ၊ ယောကျာ်း မိန်းမ ပုဂ္ဂိုလ်သတ္တဝါလို့ သွားပြီး နှလုံးသွင်းလိုက်တယ်။ နောက်တစ်ခုက မျက်လုံးပဲ၊ လက်ပဲ, ခြေပဲ စသည်ဖြင့် အသေးစိတ်ကိုယ်အင်္ဂါတွေကို သွားပြီးစွဲယူလိုက်တယ်။
အဲ့ဒီတော့ ဒီလိုအာရုံတွေနဲ့ ကြုံတွေ့လာချိန် ရုပ်တရားအစုံအပုံ နာမ်တရားအစုအပုံ အကြောင်းတရား အကျိုးတရားအစုအပုံလို့ နှလုံးမသွင်းပဲ။ အနိစ္စ, ဒုက္ခ, အနတ္တ တရားအစုအပုံတွေပဲလို့ နှလုံးမသွင်းပဲ ယောကျာ်း မိန်းမ ပုဂ္ဂိုလ်သတ္တဝါ ဝတ္ထုအာရုံတွေ အနေနဲ့ သွားနှလုံးသွင်းလိုက်တယ်။ ယောကျာ်း မိန်းမ လှ မလှ၊ မျက်လုံးမျက်ခုံး လှ မလှ လို့ သွားယူပြီး နှစ်သက်နေလိုက်မယ်ဆိုရင် ဒီစိတ်အစဉ်တွေက နောင်တစ်ဖန် ဘဝတစ်ခုကို ဖြစ်စေနိုင်တဲ့ ကာမဝိညာဉ်ကို ဖြစ်စေပါတယ်။
ဒီလို ယောကျာ်း မိန်းမ ဝတ္ထုအာရုံ ကာမဂုဏ်တွေကို နှစ်သက်ရောင့်ရဲတဲ့ စိတ်နဲ့သေသွားခဲ့ရင် ငရဲနှင့် တိရစ္ဆာန်တစ်မျိုးမျိုးသော ဘုံဘဝကို ရစေလိမ့်မယ်တဲ့။
ကဲ.. သုရာပါဏကံကြောင့် အပေါ့ဆုံးရနိုင်တဲ့ အပြစ်တစ်ခုကို ပြောပြပါဆိုရင်- လူဖြစ်တဲ့အခါမှာ လူရူးပဲဖြစ်တယ်။ နွားဖြစ်ရင် နွားရူး၊ ခွေးဖြစ်ရင် ခွေးရူး၊ ဝက်ဖြစ်ရင် ဝက်ရူးပဲတဲ့။ ဘဝတစ်ခု စဉ်းစားကြည့်စမ်း၊ ဒကာကြီးတွေ ဟိုတလောတုန်းက ဒီနား ဇရပ်မှာ လာနေတဲ့ လောက ဝေါဟာရအားဖြင့်သတ်မှတ်ခံနေရ တဲ့ အရူးတစ်ယောက်ဆိုကြစို့။ သူ့ဘဝကို စဉ်းစားကြည့်စမ်း ဤကကုသိုလ် ဤကအကုသိုလ် ခွဲခြားသိနိုင်တဲ့ စွမ်းအားရှိသလား?၊ မရှိဘူး။
ဒီလိုလို ကုသိုလ် အကုသိုလ်မှန်း ခွဲခြားသိနိုင်တဲ့ စွမ်းအားမရှိတဲ့ ဘဝတစ်ခု ရခဲ့ရင်၊ အကုသိုလ်ကို ရှောင်ကြဉ်ပြီး ကုသိုလ်တရားတွေကို ဆည်းပူးကြိုးစား အားထုတ်မယ်ဆိုတဲ့ ဒီစိတ်ထားကော ဖြစ်နိုင်မလား?။ အကုသိုလ်ကိုလည်း ကုသိုလ်ထင်ပြီး သူကြိုးပမ်းချင် ကြိုးပမ်းမယ်။ ကုသိုလ်ကို အကုသိုလ်ထင်ပြီး သူကြိုပမ်းချင် ကြိုပမ်းမယ်။ သူနှစ်ခြိုက်ပျော်မွေ့တဲ့ လုပ်ငန်းတစ်ခုရှိရင် ဒီလုပ်ငန်းရပ်မျိုးကို သူပြုကျင့်တော့မယ်။
ဒီတော့ စဉ်းစားကြည့်စမ်း ဘဝတစ်ခု ဘယ်လောက်ဆုံးရှုံးသွားသလဲ?။ လူ့ဘဝတစ်ခု ရရှိပါလျှက် လူ့ဘဝမှာ ရသင့်ရထိုက်တဲ့ အထက်တန်းကျတဲ့ အဆင့်မြင့်နေတဲ့ စိတ်နေစိတ်ထားလေးရအောင် သူကြိုးပမ်းနိုင်တဲ့ စွမ်းအားမရှိဘူး။ အဆင့်မြင့်တဲ့ သံသရာဝဋ်ဆင်းရဲ ဒုက္ခမှ ထုတ်ဆောင်ကယ်တင်ပေးနိုင်တဲ့ စွမ်းအားအပြည့်အဝရှိတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတွေကို စနစ်တကျ ကျင့်နိုင်တဲ့ စွမ်းအားမရှိဘူး။
လူ့ဘဝတစ်ခု ရသော်လည်း ရှုံးမသွားဘူးလား? ၊ ရှုံးသွားတယ်။ ဒီပုဂ္ဂိုလ်တစ်ယောက်ရဲ့ လားရာဂတိကို ပြန်ကြည့်လိုက်ရင် ကောင်းတဲ့ဂတိရောက်ဖို့ ဆိုတာ မျော်မှန်းလို့ ရနိုင်သေးလား?၊ မရနိုင်တော့ဘူး။ ဒီအရူးဘဝမှာ သူလုပ်ချင်ရာတွေလုပ်တော့ သေတော့ ငရဲကြီး၊ ငရဲကြီးကလွတ်တော့ ငရဲလေး၊ ငရဲလေးကလွတ်တော့ တိရစ္ဆာန် ဒီလိုနဲ့ အပါယ်လေးဘုံမှာ ကျင်လည်ရဖို့က များပါတယ်။ အပါယ်လေးဘုံက ကျွတ်ဖို့ လွတ်ဖို့ဆို အလွန်ဝေးကွာနေပါတယ်။
ဒါကြောင့် ဒီလို သုရာပါဏကံကို သတ္တဝါတစ်ဦးကို အပါယ်သံသရာမှ ထွက်ပေါ်ခွင့် မပေးပဲ မြုပ်အောင် ဆွဲပြီးနှစ်ပေးနေတဲ့ စွမ်းအားအပြည့်အဝ ရှိနေပါတယ်။ ဒီလို ကံတွေကို ရှောင်ရှားသင့်ပါတယ်။
"ဖားအောက်တောရဆရာတော်"
Bhikkhu's Dhamma
https://www.facebook.com/ Bhikkhu.BuddhaDhamma/
http:// bhikkhudhamma.blogspot.com/
••••••••••••••
သုရာမေရယကံ မူးယစ်ဆေးဝါပဲနော်၊ ဒီမူးယစ်ဆေးဝါးကို ဘာကြောင့်မှီဝဲသလဲဆိုရင် ရာဂ, ဒေါသ, မောဟ, မာန်မာန, ဣဿာ, မစ္ဆရိယ တွေကြောင့်ပါပဲ။
သုရာမေရယကံကို ပြုစုပျိုးထောင်ခြင်းရဲ့အစက
မာန်မာန, ဣဿာ, မစ္ဆရိယတွေကြောင့် ဒီိသေရည် သေရက်သောက်တဲ့ သုရာပါဏကံတွေ = သေရည် သေရက် မူးယစ်ဆေးဝါးသောက်စား လွန်ကျူးတဲ့ ကံလည်းရှိတယ်။ ဒီတော့ အကြောင်းအရင်းဖြစ်တဲ့ ရာဂ, ဒေါသ, မောဟ, မာန်မာန, ဣဿာ, မစ္ဆရိယ တွေက အကြောင်းအရင်း ဖြစ်တယ်။ ဒီအကုသိုလ်တရားတွေက အပါယ်ကိုပြစ်ချနိုင်တဲ့ စွမ်းအားရှိကြတယ်။
ငရဲကိုလည်းရောက်အောင် ပို့ပေးတယ်။ တိရစ္ဆာန်ဘုံဘဝ ရောက်အောင်ပို့ပေးတယ်။ ပြိတ္တာ အသူရကာယ်ဘုံဘဝကိုလည်း ရောက်အောင်ပို့ပေးနိုင် ပါတယ်။ ဘာဖြစ်လို့လဲ?၊ ထမင်းတို့ ဟင်းတို့စွဲလမ်းမိတဲ့အပေါ်ထက
ဒီမူးယစ်ဆေးဝါးမမှီဝဲရရင် မနေနိုင်အောင် ပြင်းထန်တယ်၊ လက်တွေခြေတွေ တုန်လာတယ်၊ ဘယ်လိုမှဖြေလို့မရနိုင်ဘူး။
ဘုရားရှင်က ဒီလိုဟောပေမယ့် တစ်ချို့ကသိပ်ပြီး လက်မခံချင်ကြဘူး။ ကိုယ်နှစ်ခြိုက်တဲ့ ပစ္စည်းတစ်ခုကို သုံးစွဲတာပဲ ဘာအပြစ်ရှိရမလဲလို့ ဒီလိုအကြောင်းပြကြတယ်။ ကိုယ်ကြိုက်လို့ ကိုယ်ပိုက်ဆံနဲ့ကို သောက်တာပဲ အပြစ်မရှိဘူးလို့ ထင်ကြတယ်။ အဘိဓမ္မာရဲ့ သဘောက သူ့ပစ္စည်း ကိုယ့်ပစ္စည်းလို့ တစ်ချို့ဟာ မခွဲပါဘူး။
ဆိုကြပါစို့.... အဆင်း, အသံ, အနံ့, အရသာ, အတွေ့ အထိ ဘယ်အာရုံပဲဖြစ်ဖြစ် စွဲလမ်းမှုရှိတယ်။ မိမိပိုင်တဲ့ အာရုံပဲဖြစ်ဖြစ် မပိုင်တဲ့အာရုံပဲဖြစ်ဖြစ်ပါ
ဒီတော့ ဒီအာရုံတွေအပေါ် ဘာလို့စွဲလမ်းသလဲဆိုတော့ ဒီအာရုံ(၆)ပါးနဲ့ တွေ့ထိတဲ့နေရာမှာ ပရမတ်သဘောတရားတွေဖြစ်တဲ့ အဆင်း, အသံ စသည်တို့ကို နှလုံးမသွင်းဘူး။ ဘယ်လိုနှလုံးသွင်းလိုက်သလဲ?
အဲ့ဒီတော့ ဒီလိုအာရုံတွေနဲ့ ကြုံတွေ့လာချိန် ရုပ်တရားအစုံအပုံ နာမ်တရားအစုအပုံ အကြောင်းတရား အကျိုးတရားအစုအပုံလို့ နှလုံးမသွင်းပဲ။ အနိစ္စ, ဒုက္ခ, အနတ္တ တရားအစုအပုံတွေပဲလို့ နှလုံးမသွင်းပဲ ယောကျာ်း မိန်းမ ပုဂ္ဂိုလ်သတ္တဝါ ဝတ္ထုအာရုံတွေ အနေနဲ့ သွားနှလုံးသွင်းလိုက်တယ်။ ယောကျာ်း မိန်းမ လှ မလှ၊ မျက်လုံးမျက်ခုံး လှ မလှ လို့ သွားယူပြီး နှစ်သက်နေလိုက်မယ်ဆိုရင် ဒီစိတ်အစဉ်တွေက နောင်တစ်ဖန် ဘဝတစ်ခုကို ဖြစ်စေနိုင်တဲ့ ကာမဝိညာဉ်ကို ဖြစ်စေပါတယ်။
ဒီလို ယောကျာ်း မိန်းမ ဝတ္ထုအာရုံ ကာမဂုဏ်တွေကို နှစ်သက်ရောင့်ရဲတဲ့ စိတ်နဲ့သေသွားခဲ့ရင် ငရဲနှင့် တိရစ္ဆာန်တစ်မျိုးမျိုးသော ဘုံဘဝကို ရစေလိမ့်မယ်တဲ့။
ကဲ.. သုရာပါဏကံကြောင့် အပေါ့ဆုံးရနိုင်တဲ့ အပြစ်တစ်ခုကို ပြောပြပါဆိုရင်- လူဖြစ်တဲ့အခါမှာ လူရူးပဲဖြစ်တယ်။ နွားဖြစ်ရင် နွားရူး၊ ခွေးဖြစ်ရင် ခွေးရူး၊ ဝက်ဖြစ်ရင် ဝက်ရူးပဲတဲ့။ ဘဝတစ်ခု စဉ်းစားကြည့်စမ်း၊ ဒကာကြီးတွေ ဟိုတလောတုန်းက ဒီနား ဇရပ်မှာ လာနေတဲ့ လောက ဝေါဟာရအားဖြင့်သတ်မှတ်ခံနေရ
ဒီလိုလို ကုသိုလ် အကုသိုလ်မှန်း ခွဲခြားသိနိုင်တဲ့ စွမ်းအားမရှိတဲ့ ဘဝတစ်ခု ရခဲ့ရင်၊ အကုသိုလ်ကို ရှောင်ကြဉ်ပြီး ကုသိုလ်တရားတွေကို ဆည်းပူးကြိုးစား အားထုတ်မယ်ဆိုတဲ့ ဒီစိတ်ထားကော ဖြစ်နိုင်မလား?။ အကုသိုလ်ကိုလည်း ကုသိုလ်ထင်ပြီး သူကြိုးပမ်းချင် ကြိုးပမ်းမယ်။ ကုသိုလ်ကို အကုသိုလ်ထင်ပြီး သူကြိုပမ်းချင် ကြိုပမ်းမယ်။ သူနှစ်ခြိုက်ပျော်မွေ့တဲ့ လုပ်ငန်းတစ်ခုရှိရင် ဒီလုပ်ငန်းရပ်မျိုးကို သူပြုကျင့်တော့မယ်။
ဒီတော့ စဉ်းစားကြည့်စမ်း ဘဝတစ်ခု ဘယ်လောက်ဆုံးရှုံးသွားသလဲ?။
လူ့ဘဝတစ်ခု ရသော်လည်း ရှုံးမသွားဘူးလား? ၊ ရှုံးသွားတယ်။ ဒီပုဂ္ဂိုလ်တစ်ယောက်ရဲ့ လားရာဂတိကို ပြန်ကြည့်လိုက်ရင် ကောင်းတဲ့ဂတိရောက်ဖို့ ဆိုတာ မျော်မှန်းလို့ ရနိုင်သေးလား?၊ မရနိုင်တော့ဘူး။ ဒီအရူးဘဝမှာ သူလုပ်ချင်ရာတွေလုပ်တော့ သေတော့ ငရဲကြီး၊ ငရဲကြီးကလွတ်တော့ ငရဲလေး၊ ငရဲလေးကလွတ်တော့ တိရစ္ဆာန် ဒီလိုနဲ့ အပါယ်လေးဘုံမှာ ကျင်လည်ရဖို့က များပါတယ်။ အပါယ်လေးဘုံက ကျွတ်ဖို့ လွတ်ဖို့ဆို အလွန်ဝေးကွာနေပါတယ်။
ဒါကြောင့် ဒီလို သုရာပါဏကံကို သတ္တဝါတစ်ဦးကို အပါယ်သံသရာမှ ထွက်ပေါ်ခွင့် မပေးပဲ မြုပ်အောင် ဆွဲပြီးနှစ်ပေးနေတဲ့ စွမ်းအားအပြည့်အဝ ရှိနေပါတယ်။ ဒီလို ကံတွေကို ရှောင်ရှားသင့်ပါတယ်။
"ဖားအောက်တောရဆရာတော်"
Bhikkhu's Dhamma
https://www.facebook.com/
http://
No comments:
Post a Comment