အတုအယောင် သဒ္ဓမ္မပ္ပဋိရူပက ကျင့်စဉ်
•••••••••••••••••••••••••• •••••••••
ချစ်သား ကဿပ ... အောက်အဖို့သို့ သက်ရောက်စေတတ်ကုန်သော ဤတရားငါးမျိုးတို့သည် သူတော်ကောင်း တရား မှေးမှိန်ခြင်းငှာ ကွယ်ပျောက်ခြင်းငှာ ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ ----
ချစ်သား ကဿပ ... ဤသာသနာတော်၌ ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသိကာမိန်းမတို့သည် ..
၁။ မြတ်စွာဘုရား၌ မရိုသေ,မတုပ်ဝပ်ကုန်သည်ဖြစ် ၍ နေကုန်၏၊
၂။ တရားတော်၌ မရိုသေ,မတုပ်ဝပ်ကုန်သည်ဖြစ် ၍ နေကုန်၏၊
၃။ သံဃာတော်၌ မရိုသေ,မတုပ်ဝပ်ကုန်သည်ဖြစ် ၍ နေကုန်၏၊
၎။ သီလကျင့်စဉ် သမာဓိကျင့်စဉ် ၀ိပဿနာပညာကျင့်စဉ်ဟူသည့် သိက္ခာသုံးရပ် အကျင့်မြတ်၌ မရိုသေ,မတုပ်ဝပ် ကုန်သည်ဖြစ်၍ နေကုန်၏၊
၅။ ဈာန်သမာပတ် ရှစ်ပါးတည်းဟူသော သမာဓိတရားတော်၌ မရိုသေ,မတုပ်ဝပ်ကုန်သည်ဖြစ် ၍ နေကုန်၏။
ချစ်သား ကဿပ ... အောက်အဖို့သို့ သက်ရောက်စေတတ်ကုန်သော ဤတရားငါးမျိုးတို့သည် သူတော်ကောင်း တရား မှေးမှိန်ခြင်းငှာ ကွယ်ပျောက်ခြင်းငှာ ဖြစ်ကုန်၏။
ချစ်သား ကဿပ ... ဤတရား ငါးမျိုးတို့သည် မှန်ကန်သော သူတော်ကောင်းတရား၏ တည်တံ့ခြင်းငှာ မမှေးမှိန်ခြင်းငှာ မကွယ်ပျောက်ခြင်းငှာ ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ ---- ချစ်သား ကဿပ ... ဤသာသနာတော်၌ ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသိကာမိန်းမတို့သည် ..
၁။ မြတ်စွာဘုရား၌ ရိုသေတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏၊
၂။ တရားတော်၌ ရိုသေတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏၊
၃။ သံဃာတော်၌ ရိုသေတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏၊
၎။ သီလကျင့်စဉ် သမာဓိကျင့်စဉ် ၀ိပဿနာပညာကျင့်စဉ်ဟူသည့် သိက္ခာသုံးရပ် အကျင့်မြတ်၌ ရိုသေတုပ်ဝပ် ကုန်သည်ဖြစ်၍ နေကုန်၏ (အရိုအသေ ဖြည့်ကျင့်လျက် နေထိုင်ကုန်၏)၊
၅။ ဈာန်သမာပတ် ရှစ်ပါးတည်းဟူသော သမာဓိတရားတော်၌ ရိုသေတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏ (အရိုအသေ ဖြည့်ကျင့်လျက် နေထိုင်ကုန်၏)။
ချစ်သား ကဿပ ... ဤတရား ငါးမျိုးတို့သည် မှန်ကန်သော သူတော်ကောင်းတရား၏ တည်တံ့ခြင်းငှာ မမှေးမှိန်ခြင်းငှာ မကွယ်ပျောက်ခြင်းငှာ ဖြစ်ကုန်၏ဟု ဟောကြားတော်မူ၏။
ဤအရာတွင် သဒ္ဓမ္မ သုံးဖြာ သာသနာတော်နှင့် သဒ္ဓမ္မပ္ပဋိရူပက = သူတော်ကောင်းတရားအတုအယောင် သုံးမျိုးတို့ကို ယင်းသုတ္တန်အဋ္ဌကထာက ရှင်းလင်းဖွင့်ဆိုထားပါသည်။
၁။ အဓိဂမသဒ္ဓမ္မ = အရိယမဂ်ဉာဏ် (၄)ပါး,အရိယဖိုလ် ဉာဏ် (၄)ပါး, ပဋိသမ္ဘိဒါဉာဏ် (၄)ပါး, အဘိညာဏ် (၆)ပါး, ဈာန်သမာပတ် (၈)ပါး၊
၂။ ပဋိပတ္တိသဒ္ဓမ္မ = အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် ပဋိသမ္ဘိဒါဉာဏ် အစရှိသည့် အဓိဂမသဒ္ဓမ္မတရားတော်ကို ရရှိရေးအတွက် ကျင့်ရမည့် သီလကျင့်စဉ် သမာဓိကျင့်စဉ် ၀ိပဿနာပညာကျင့်စဉ်ဟူသည့် သိက္ခာသုံးရပ် အကျင့်မြတ်၊
၃။ ပရိယတ္တိသဒ္ဓမ္မ = ယင်းသိက္ခာသုံးရပ် အကျင့်မြတ်ကို မှန်မှန်ကန်ကန် တိတိကျကျ ဖော်ပြထားသည့် ဘုရားရှင်၏ ပရိယတ်တရားတော် ---ဤသို့လျှင် သဒ္ဓမ္မ သုံးဖြာ လာရှိပေသည်။
ယင်းသဒ္ဓမ္မ သုံးဖြာကို ကွယ်ပျောက်စေတတ်သည့် သဒ္ဓမ္မပ္ပဋိရူပက = သူတော်ကောင်းတရားအတုအယောင် သုံးမျိုးလည်း လာရှိပေသည်။
၁။ အဓိဂမသဒ္ဓမ္မပ္ပဋိရူပက = မဂ်ဉာဏ်အတု ဖိုလ်ဉာဏ်အတု စသည့် အတုအယောင်များ = သြဘာသ စသည့် ဥပက္ကိလေသတရား (၁၀)ပါးကို အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် အစစ်အဖြစ် အယူအဆ မှားယွင်းမှု၊ (ဥပက္ကိလေသ တရား (၁၀)ပါးအကြောင်းကို ၀ိပဿနာပိုင်းတွင် ကြည့်ပါ။)
၂။ ပဋိပတ္တိသဒ္ဓမ္မပ္ပဋိရူပက = ဘုရားရှင်၏ တရားတော်နှင့် ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်သည့် မမှန်ကန်သည့် သီလကျင့်စဉ်, မမှန်ကန်သည့် သမာဓိကျင့်စဉ်,မမှန်ကန်သည့် ၀ိပဿနာပညာကျင့်စဉ်၊
၃။ ပရိယတ္တိသဒ္ဓမ္မပ္ပဋိရူပက = မမှန်ကန်သည့် သီလကျင့်စဉ်, မမှန်ကန်သည့်သမာဓိကျင့်စဉ်, မမှန်ကန်သည့် ၀ိပဿနာ ပညာကျင့်စဉ်တို့ကို ညွှန်ကြားပြသနေသည့်၊ ဘုရားရှင်၏ မှန်ကန်သည့် ပရိယတ်တရားတော်နှင့် ထိပ်တိုက် ဆန့်ကျင်ဘက်ဖြစ်နေသည့် အတုအယောင် သီလကျင့်စဉ်, အတုအယောင် သမာဓိကျင့်စဉ်, အတုအယောင် ၀ိပဿနာပညာကျင့်စဉ်တရားများ ---ဤသို့လျှင် မှန်ကန်သည့် သဒ္ဓမ္မကျင့်စဉ် သုံးမျိုးရှိသကဲ့သို့ မမှန်ကန်သည့် သူတော်ကောင်းတရားအတုအယောင် သဒ္ဓမ္မပ္ပဋိရူပက ကျင့်စဉ်သုံးရပ်လည်း ရှိနေပေသည်။
ဤအတုအယောင် သဒ္ဓမ္မပ္ပဋိရူပက ကျင့်စဉ်များ လွှမ်းမိုးဖိစီးလာသော အခါ မှန်ကန်သည့် သဒ္ဓမ္မ သုံးဖြာ သာသနာတော်ကြီးသည်လည်း တဖြည်းဖြည်း ကွယ်ပျောက်သွားနိုင်မည် ဖြစ်ပေသည်။
"ဖားအောက်တောရဆရာတော် "
Bhikkhu's Dhamma
https://www.facebook.com/ Bhikkhu.BuddhaDhamma/
http:// bhikkhudhamma.blogspot.com/
••••••••••••••••••••••••••
ချစ်သား ကဿပ ... အောက်အဖို့သို့ သက်ရောက်စေတတ်ကုန်သော ဤတရားငါးမျိုးတို့သည် သူတော်ကောင်း တရား မှေးမှိန်ခြင်းငှာ ကွယ်ပျောက်ခြင်းငှာ ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ ----
ချစ်သား ကဿပ ... ဤသာသနာတော်၌ ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသိကာမိန်းမတို့သည် ..
၁။ မြတ်စွာဘုရား၌ မရိုသေ,မတုပ်ဝပ်ကုန်သည်ဖြစ်
၂။ တရားတော်၌ မရိုသေ,မတုပ်ဝပ်ကုန်သည်ဖြစ်
၃။ သံဃာတော်၌ မရိုသေ,မတုပ်ဝပ်ကုန်သည်ဖြစ်
၎။ သီလကျင့်စဉ် သမာဓိကျင့်စဉ် ၀ိပဿနာပညာကျင့်စဉ်ဟူသည့် သိက္ခာသုံးရပ် အကျင့်မြတ်၌ မရိုသေ,မတုပ်ဝပ် ကုန်သည်ဖြစ်၍ နေကုန်၏၊
၅။ ဈာန်သမာပတ် ရှစ်ပါးတည်းဟူသော သမာဓိတရားတော်၌ မရိုသေ,မတုပ်ဝပ်ကုန်သည်ဖြစ်
ချစ်သား ကဿပ ... အောက်အဖို့သို့ သက်ရောက်စေတတ်ကုန်သော ဤတရားငါးမျိုးတို့သည် သူတော်ကောင်း တရား မှေးမှိန်ခြင်းငှာ ကွယ်ပျောက်ခြင်းငှာ ဖြစ်ကုန်၏။
ချစ်သား ကဿပ ... ဤတရား ငါးမျိုးတို့သည် မှန်ကန်သော သူတော်ကောင်းတရား၏ တည်တံ့ခြင်းငှာ မမှေးမှိန်ခြင်းငှာ မကွယ်ပျောက်ခြင်းငှာ ဖြစ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ ---- ချစ်သား ကဿပ ... ဤသာသနာတော်၌ ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသိကာမိန်းမတို့သည် ..
၁။ မြတ်စွာဘုရား၌ ရိုသေတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏၊
၂။ တရားတော်၌ ရိုသေတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏၊
၃။ သံဃာတော်၌ ရိုသေတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏၊
၎။ သီလကျင့်စဉ် သမာဓိကျင့်စဉ် ၀ိပဿနာပညာကျင့်စဉ်ဟူသည့် သိက္ခာသုံးရပ် အကျင့်မြတ်၌ ရိုသေတုပ်ဝပ် ကုန်သည်ဖြစ်၍ နေကုန်၏ (အရိုအသေ ဖြည့်ကျင့်လျက် နေထိုင်ကုန်၏)၊
၅။ ဈာန်သမာပတ် ရှစ်ပါးတည်းဟူသော သမာဓိတရားတော်၌ ရိုသေတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏ (အရိုအသေ ဖြည့်ကျင့်လျက် နေထိုင်ကုန်၏)။
ချစ်သား ကဿပ ... ဤတရား ငါးမျိုးတို့သည် မှန်ကန်သော သူတော်ကောင်းတရား၏ တည်တံ့ခြင်းငှာ မမှေးမှိန်ခြင်းငှာ မကွယ်ပျောက်ခြင်းငှာ ဖြစ်ကုန်၏ဟု ဟောကြားတော်မူ၏။
ဤအရာတွင် သဒ္ဓမ္မ သုံးဖြာ သာသနာတော်နှင့် သဒ္ဓမ္မပ္ပဋိရူပက = သူတော်ကောင်းတရားအတုအယောင် သုံးမျိုးတို့ကို ယင်းသုတ္တန်အဋ္ဌကထာက ရှင်းလင်းဖွင့်ဆိုထားပါသည်။
၁။ အဓိဂမသဒ္ဓမ္မ = အရိယမဂ်ဉာဏ် (၄)ပါး,အရိယဖိုလ် ဉာဏ် (၄)ပါး, ပဋိသမ္ဘိဒါဉာဏ် (၄)ပါး, အဘိညာဏ် (၆)ပါး, ဈာန်သမာပတ် (၈)ပါး၊
၂။ ပဋိပတ္တိသဒ္ဓမ္မ = အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် ပဋိသမ္ဘိဒါဉာဏ် အစရှိသည့် အဓိဂမသဒ္ဓမ္မတရားတော်ကို ရရှိရေးအတွက် ကျင့်ရမည့် သီလကျင့်စဉ် သမာဓိကျင့်စဉ် ၀ိပဿနာပညာကျင့်စဉ်ဟူသည့် သိက္ခာသုံးရပ် အကျင့်မြတ်၊
၃။ ပရိယတ္တိသဒ္ဓမ္မ = ယင်းသိက္ခာသုံးရပ် အကျင့်မြတ်ကို မှန်မှန်ကန်ကန် တိတိကျကျ ဖော်ပြထားသည့် ဘုရားရှင်၏ ပရိယတ်တရားတော် ---ဤသို့လျှင် သဒ္ဓမ္မ သုံးဖြာ လာရှိပေသည်။
ယင်းသဒ္ဓမ္မ သုံးဖြာကို ကွယ်ပျောက်စေတတ်သည့် သဒ္ဓမ္မပ္ပဋိရူပက = သူတော်ကောင်းတရားအတုအယောင် သုံးမျိုးလည်း လာရှိပေသည်။
၁။ အဓိဂမသဒ္ဓမ္မပ္ပဋိရူပက = မဂ်ဉာဏ်အတု ဖိုလ်ဉာဏ်အတု စသည့် အတုအယောင်များ = သြဘာသ စသည့် ဥပက္ကိလေသတရား (၁၀)ပါးကို အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် အစစ်အဖြစ် အယူအဆ မှားယွင်းမှု၊ (ဥပက္ကိလေသ တရား (၁၀)ပါးအကြောင်းကို ၀ိပဿနာပိုင်းတွင် ကြည့်ပါ။)
၂။ ပဋိပတ္တိသဒ္ဓမ္မပ္ပဋိရူပက = ဘုရားရှင်၏ တရားတော်နှင့် ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်သည့် မမှန်ကန်သည့် သီလကျင့်စဉ်, မမှန်ကန်သည့် သမာဓိကျင့်စဉ်,မမှန်ကန်သည့်
၃။ ပရိယတ္တိသဒ္ဓမ္မပ္ပဋိရူပက = မမှန်ကန်သည့် သီလကျင့်စဉ်, မမှန်ကန်သည့်သမာဓိကျင့်စဉ်,
ဤအတုအယောင် သဒ္ဓမ္မပ္ပဋိရူပက ကျင့်စဉ်များ လွှမ်းမိုးဖိစီးလာသော အခါ မှန်ကန်သည့် သဒ္ဓမ္မ သုံးဖြာ သာသနာတော်ကြီးသည်လည်း တဖြည်းဖြည်း ကွယ်ပျောက်သွားနိုင်မည် ဖြစ်ပေသည်။
"ဖားအောက်တောရဆရာတော် "
Bhikkhu's Dhamma
https://www.facebook.com/
http://
No comments:
Post a Comment